Myozaw Lynn's Podcast

Follow Myozaw Lynn's Podcast
Share on
Copy link to clipboard

ကဗျာရွတ် minthawsoe.blogspot.com

Myozaw Lynn


    • May 29, 2022 LATEST EPISODE
    • monthly NEW EPISODES
    • 4m AVG DURATION
    • 96 EPISODES


    Search for episodes from Myozaw Lynn's Podcast with a specific topic:

    Latest episodes from Myozaw Lynn's Podcast

    လင်းနီညို - မိုး

    Play Episode Listen Later May 29, 2022 22:27


    ကဗျာဆရာ လင်းနီညိုရဲ့ မိုး --- Send in a voice message: https://anchor.fm/papaya13/message

    ဆူးနွယ် - ဒီတပုဒ်က ဖတ်ပြဖို့

    Play Episode Listen Later Apr 15, 2022 2:43


    ကဗျာဆရာမ ဆူးနွယ်ရဲ့ "ဒီတပုဒ်က ဖတ်ပြဖို့" --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆပ်ရိပ် - Conversation E

    Play Episode Listen Later Mar 1, 2022 7:34


    ဆပ်ရိပ်ရဲ့ Conversation E --- Send in a voice message: https://anchor.fm/myozawlynn/message

    မိုးရဲ - ကိုယ်တို့မှာ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်တော့လောက်အောင် အဆိုးမြင်စိတ်တွ

    Play Episode Listen Later Feb 28, 2022 3:33


    ကဗျာဆရာ မိုးရဲ၏ "ကိုယ်တို့မှာ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်မပေးနိုင်တော့လောက်အောင် အဆိုးမြင်စိတ်တွေ များနေခဲ့မယ်ဆိုရင်" ကဗျာ --- Send in a voice message: https://anchor.fm/myozawlynn/message

    ဟံလင်း - ပက်လက်ကုလားထိုင်

    Play Episode Listen Later Feb 11, 2022 3:27


    ကဗျာဆရာ ဟံလင်း၏ "ပက်လက်ကုလားထိုင်" --- Send in a voice message: https://anchor.fm/myozawlynn/message

    မိုးဝေး - ဆံနွယ်တခု၏အလျား

    Play Episode Listen Later Feb 11, 2022 6:03


    ကဗျာဆရာ မိုးဝေး၏ "ဆံနွယ်တခု၏အလျား" --- Send in a voice message: https://anchor.fm/myozawlynn/message

    ကိုအောင် - သိဖို့မလိုတဲ့ကိစ္စ

    Play Episode Listen Later Feb 4, 2022 2:12


    ကဗျာဆရာ ကိုအောင်ရဲ့ "သိဖို့မလိုတဲ့ကိစ္စ" --- Send in a voice message: https://anchor.fm/myozawlynn/message

    မိုးဝေး - ဘဝထဲ ဆောင်းရောက်လာပုံညများ ပြောပါတယ်

    Play Episode Listen Later Jan 28, 2022 1:32


    ကဗျာဆရာ မိုးဝေး၏ "ဘဝထဲ ဆောင်းရောက်လာပုံညများ ပြောပါတယ်" --- Send in a voice message: https://anchor.fm/myozawlynn/message

    သူရိန်လူလေး - ကျောက်တော်ကြီးက မောင်သိပ်ချစ်တဲ့မမ

    Play Episode Listen Later Jan 10, 2022 4:52


    ကဗျာဆရာ သူရိန်လူလေး၏ ကျောက်တော်ကြီးက မောင်သိပ်ချစ်တဲ့မမ --- Send in a voice message: https://anchor.fm/myozawlynn/message

    ဟံလင်း - လက်သည်းလေးများ

    Play Episode Listen Later Jan 10, 2022 8:57


    ကဗျာဆရာ ဟံလင်း၏ လက်သည်းလေးများ --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆူးနွယ် - Anti Gravity မှ ငှက်လူတို့၏ လွှမ်းမိုးမှုများ

    Play Episode Listen Later Dec 30, 2021 3:30


    ကဗျာဆရာမ ဆူးနွယ်၏ "Anti Gravity မှ ငှက်လူတို့၏ လွှမ်းမိုးမှုများ" --- Send in a voice message: https://anchor.fm/myozawlynn/message

    နေမျိုးဆက်လူ - ငါပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်

    Play Episode Listen Later Dec 30, 2021 2:34


    ကဗျာဆရာ နေမျိုးဆက်လူ၏ *ငါပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်" --- Send in a voice message: https://anchor.fm/myozawlynn/message

    ကိုအောင် - ငါ့အတွင်းက သူရဲကောင်းမိန်းမအတွက် ဆင်ခြေ

    Play Episode Listen Later Dec 20, 2021 4:01


    ငါ့အတွင်းမှာ မိန်းမတစ်ယောက်ရှိတယ်။ အဲ့ဒီမိန်းမ ခိုင်းစေတာမှန်သမျှ ငါအကုန်လုပ်တယ်။ စစ်အတွင်းကခရီးသည်စာအုပ်ကို ငါမရေးခဲ့ပေမဲ့ ထိုင်းကျောင်းသားတွေဘက်က နေခဲ့တယ်။ စစ်ပွဲကို ငါတစ်ယောက်တည်းနဲ့ နိုင်အောင်မတိုက်နိုင်ပေမဲ့ မြဝတီသတင်းကိုတော့ ရီမုတ်လိုက်ရှာပြီး ပိတ်ပစ်လိုက်နိုင်တယ်။ ဘယ်သူလက်ဆော့ထားမှန်းမသိတဲ့ ရီမုတ်ဓါတ်ခဲတွေကို ငါပြန်ထည့်ရချိန်တိုင်း စိတ်ပျက်ပေမဲ့လည်းပေါ့။ သစ်ပင်ထိပ်ဖျားကို ငါတက်ကြည့်တဲ့အခါ စစ်သားခေါင်းတွေ အနာဂတ်မြင်ကွင်းရှေ့ ပိတ်ကွယ်နေခဲ့။ ဒါပေမဲ့ လူအုပ်ကြီးနောက်လိုက်တဲ့အခါ ကျင်ငယ်စွန့်ချင်တဲ့ ငါ့ဝေဒနာကို အဓိကထားမိတာ။ မင်းအတွက်တော့ ဘာအရေးလဲ၊ ဆန္ဒပြပွဲတွေနောက်ခံထားပြီး မင်းငါ့ကိုချွတ်နေခဲ့တာ။ အဲ့ဒီလို စိမ်းစိမ်းကြီး မကြည့်နဲ့ကွာလို့ ငါတားပေမဲ့ မင်းမရတော့ဘူး။ အိမ်တံခါးကို အင်တာနက်ဖြတ်ထားတဲ့ ညအချိန်မတော် လာလာဆောင့်ကန်နေတဲ့ စစ်ခြေထောက်တွေလို ကုတင်ပေါ် မင်းအားကုန်ကြုံး၊ ငါ့မှာ ကြောက်စိတ်နဲ့ အိမ်ထဲမှာလူမရှိသလို ပုန်းနေခဲ့။ နောက်မှ သတိရပြီး ငါရှက်ရ။ မင်းနှုတ်ခမ်းက စူးစူးဝါးဝါးအော်ဟစ်ပုံ။ တိုက်အောက်ကစစ်သားတွေ ကြားသွားမလား ငါအလန့်တကြား ပါးစပ်ပြေးပိတ်ထား၊ အော်ဂစ်ဆန်ရပြီးတာနဲ့ မင်းထွက်သွားတယ်။ ငါထပြေးပေမဲ့ စစ်ကားတွေ ငါတို့နှစ်ယောက်ကြား ရာစုနှစ်များစွာခြားနား။ ငါရုတ်တရက် လမ်းပေါ်က လူအုပ်ကြီးနောက်ပဲ ထလိုက်သွားရမလား၊ ငါတို့ချစ်တင်းနှောတာကအစ ချောင်းကြည့်နေမဲ့ ခေတ်တစ်ခေတ်စီ ပြန်လိုက်သွားရမလား။ မင်းဟာ ငါ့အမေဆိုတာ တကယ်ပဲလား။ စစ်အာဏာသိမ်းမှုတွေ ကိုယ့်ဘဝတစ်ခုထဲ မလွဲမသွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာ။ ငါတို့မပြောဘဲ သိနေခဲ့ကြတာက ငါ့အဖေက ဟေရာကလိုက်တပ်စ်ရဲ့ မြစ်မဟုတ်ခဲ့တာ။ မင်းပြောသလို နယူတန်ရဲ့ပန်းသီး မဟုတ်ခဲ့တာ။ ငါ့အမေ့ရဲ့ဆင်ဝင်အောက်က ဧည့်လာဂမုန်းက သူမဟုတ်ခဲ့တာ။ အမေဟာ ဝါးဆစ်ဘူးကို အပေါက်ဖောက်ပြီး ကြေးနန်းဆက်သွယ်ချက်တွေ ပေးပေမဲ့ သူမကြားခဲ့တာ၊ အခုမင်းနဲ့ငါ့လို၊ ဆာဘီနာ့ဦးထုပ်ရဲ့အဓိပ္ပါယ်လို။ အမေချက်တဲ့ ငါးဟင်းကို သူမကြိုက်ခဲ့တာ။ အဲ့ဒီအစား သူက ဒါဝင်ရဲ့မျောက်တစ်ကောင်ဖြစ်ခဲ့တာ။ ပြီးတော့ သူက မဆလခေတ်ကြီးမှာ ရေဆင်းငုပ်ရင်း ကြယ်နှစ်ပွင့်အဆင့် ငါးမန်းကြီးနဲ့ တိုးခဲ့တာ။ အယူအဆအရ အကြေးခွံချင်း လဲလှယ်ခံခဲ့ရတာ။ ဒီလိုပုံပြင်တွေကနေ ငါတို့အားလုံးကို ဖယောင်းရုပ်လုံးသွင်းပစ်ခဲ့တာ။ အဲ့ဒီတော့ အမေဟာ လူကြားသူကြား ဖိနပ်ကို အခါခါမှား၊ ငါအခါခါ ဘယ်တော့မှမပြောခဲ့တာ။ ငါတို့ပြောခဲ့တာက ငါတို့တိုင်းပြည် နောက်ထပ်တစ်ကြိမ် စစ်အာဏာသိမ်းခံလိုက်ရတယ်၊ လူတိုင်းအတူတူပဲဆိုတဲ့ အဲ့ဒါတွေ။ အမေဟာ စစ်ကားတွေကို အကြာကြီးငေးမောခဲ့တာတွေ။ ငါတို့ရင်ထဲမှာ အဖေ့ရဲ့စစ်အုပ်ချုပ်ရေးအကြောင်း ကိုယ်စီတွေးမိကြတာတွေ။ ငါတို့ဆက်ဆံရေးမှာ အီးဒီးပတ်စ်ကို ငါသတိရလာတာတွေ။ ဒါပေမဲ့ ငါအတွင်းက မိန်းမက အသက်ကြီးလာခဲ့ပါပြီ။ သူမဟာ မင်းလည်းဖြစ်နိုင်သလို အခြားမိန်းမတစ်ယောက်လည်း ဖြစ်နိုင်သေး။ ငါက ကားမောင်းရင်း ဘီယာလား၊ ဝီစကီလား။ အယ်ကိုဟော၅%လောက်ပဲပါတဲ့ ဘီယာရွေးလိုက်မယ်လေလို့ ပြောတဲ့အခါ ကော်ဖီပဲလုပ်ပါလို့ ဗုဒ္ဓရဲ့အလယ်အလတ်လမ်းစဥ်ကို သူမရွေးခဲ့တာ။ အခုလူအုပ်ကြီးနောက် ငါလျှောက်လိုက်တော့ ကျင်ငယ်စွန့်ချင်တဲ့အခါ ဘယ်လိုလုပ်ရပါ့လို့ ငါတွေးမိနေခဲ့။ ဒီတော့ စစ်သားတွေရှေ့မှာ နို့လှန်ပြနေတာ ဘယ်သူလဲပေါ့။ ငါဟာ ကြောင်စုန်းလို အဓိပ္ပါယ်မဲ့စိတ်ကူးအတွက် တိုင်းပြည်ကို အမှောင်ထဲဆွဲခေါ်ပစ်ချင်ခဲ့တာလားပေါ့။ တကယ်လည်း ဘုရားအသစ်ပွင့်သလို မီးကိုစားပြီး နတ်ဆိုးတွေနိုးခဲ့။ တစ်ကြိမ်တစ်ခါတော့ လူအုပ်ထဲ သေနတ်ကျည်တွေ ပစ်သွင်းနေတဲ့ စစ်သားတွေရှေ့တည့်တည့် ငါရင်ကော့ပြေးဝင်လိုက်ချင်ရဲ့။ ငါ့အတွင်းကမိန်းမသာ သိခဲ့မယ်ဆိုရင်ပေါ့။ Koaung 12.2.2021 --- Send in a voice message: https://anchor.fm/myozawlynn/message

    စစ်မင်းခ - ကမ္ဘာပျက်အခြေအနေအရ စာမတတ်ပေမတတ် အဇာတသတ်မြေကြွက်

    Play Episode Listen Later Dec 12, 2021 2:48


    ကဗျာဆရာ စစ်မင်းခ၏ "ကမ္ဘာပျက်အခြေအနေအရ စာမတတ်ပေမတတ် အဇာတသတ်မြေကြွက်" ကဗျာ --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆူးနွယ် - ထွက်ခွာခြင်း / ရေခဲမုန့်စားခြင်း / ဖေဖေ့ကို အိပ်မက်မက်တယ် (special episode)

    Play Episode Listen Later Nov 29, 2021 6:33


    ကဗျာဆရာမ ဆူးနွယ်ရဲ့ ကဗျာသုံးပုဒ်ကို ရွတ်ထားပါတယ် နားဆင်ကြည့်ကြပါဦး ... --- Send in a voice message: https://anchor.fm/myozawlynn/message

    ဝေးခေါင် - မြစ်

    Play Episode Listen Later Nov 25, 2021 5:42


    ကဗျာဆရာ ဝေးခေါင်၏ "မြစ်" ကဗျာ --- Send in a voice message: https://anchor.fm/myozawlynn/message

    သက်ငြိမ်သစ် - ရိုးရိုးက အေးအေးကို

    Play Episode Listen Later Nov 25, 2021 1:57


    ကဗျာဆရာ သက်ငြိမ်သစ်၏ "ရိုးရိုးက အေးအေးကို" ကဗျာ --- Send in a voice message: https://anchor.fm/myozawlynn/message

    ဟံလင်း - ခေါင်းမပါဘူးလား ခေါင်းသုံး

    Play Episode Listen Later Nov 19, 2021 2:08


    ကဗျာဆရာ ဟံလင်း၏ "ခေါင်းမပါဘူးလား ခေါင်းသုံး" ကဗျာ --- Send in a voice message: https://anchor.fm/myozawlynn/message

    ကေဇဝင်း - သင်တို့ဘုရား ငါမဖူး

    Play Episode Listen Later Oct 18, 2021 2:37


    ကဗျာဆရာ ကေဇဝင်း၏ "သင်တို့ဘုရား ငါမဖူး" --- Send in a voice message: https://anchor.fm/myozawlynn/message

    မိုးရဲ - ရက်စက်မှုအပေါင်းတွေ ကိုယ်သတိရနေ

    Play Episode Listen Later Oct 18, 2021 3:10


    ကဗျာဆရာ မိုးရဲ၏ ရက်စက်မှုအပေါင်းတွေ ကိုယ်မေ့နေ --- Send in a voice message: https://anchor.fm/myozawlynn/message

    ကိုအောင် - ရက်စက်မှုအပေါင်းတွေ ကိုယ်မေ့နေ

    Play Episode Listen Later Oct 1, 2021 2:55


    ကဗျာဆရာ ကိုအောင်၏ ရက်စက်မှုအပေါင်းတွေ ကိုယ်မေ့နေ --- Send in a voice message: https://anchor.fm/myozawlynn/message

    ညီပု - မင်းမကျေနပ်ဘူးဆိုရင်ငါ့နှုတ်ခမ်းတွေကိုဖိကိုက်ပစ်လိုက်လို့ရပါတယ်

    Play Episode Listen Later Sep 30, 2021 1:28


    ကဗျာဆရာ ညီပု၏ မင်းမကျေနပ်ဘူးဆိုရင်ငါ့နှုတ်ခမ်းတွေကိုဖိကိုက်ပစ်လိုက်လို့ရပါတယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    အောင်ခင်မြင့် - အချစ် ကိုယ် မင်းဆီလာနေပြီ

    Play Episode Listen Later Sep 27, 2021 3:25


    ကဗျာဆရာ အောင်ခင်မြင့်၏ အချစ် ကိုယ် မင်းဆီလာနေပြီ ကဗျာကို ရွတ်ထားခြင်းဖြစ်ပါသည် - --- Send in a voice message: https://anchor.fm/myozawlynn/message

    ထက်လင်းထွန်း - သောကြာနေ့၏ ဖြစ်နိုင်ချေများ

    Play Episode Listen Later Sep 27, 2021 4:05


    ကဗျာဆရာ ထက်လင်းထွန်း၏ သောကြာနေ့၏ ဖြစ်နိုင်ချေများ ကဗျာကို ရွတ်ထားပါတယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ယုပိုင် - မိုးရွာသောနေ့တနေ့

    Play Episode Listen Later Sep 25, 2021 11:35


    ကိုယုပိုင်ကို ဒီရက်ပိုင်းတွေမှာ ပိုသတိရမိလို့ မှတ်မှတ်ရရဖြစ်ရတဲ့ သူ့ရဲ့အက်ဆေးကို ရွတ်ထားပါတယ် ကိုယုပိုင်လည်း အမြန်ဆုံးလွတ်မြောက်ပါစေ အခုတော့ ကျနော်ရွတ်ထားတဲ့ သူ့ရဲ့အက်ဆေးကို နားဆင်ကြည့်ကြပါဦး မိတ်ဆွေများ ခင်ဗျား ... --- Send in a voice message: https://anchor.fm/myozawlynn/message

    ဒီဝသုန်ခက် - ဝေးခဲ့ပြီ မခင်သစ်ပင်

    Play Episode Listen Later Sep 20, 2021 8:16


    ကဗျာဆရာ ဒီဝသုန်ခက်၏ "ဝေးခဲ့ပြီ မခင်သစ်ပင်" ကဗျာကို ရွတ်ထားပါတယ် နားဆင်ကြည့်ကြပါဦး --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆပ်ရိပ် - Conversation D

    Play Episode Listen Later Sep 12, 2021 6:15


    Conversation by Sak Yeik --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆပ်ရိပ် - Conversation C

    Play Episode Listen Later Sep 12, 2021 7:42


    Conversation by Sak Yeik --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆပ်ရိပ် - Conversation B

    Play Episode Listen Later Sep 12, 2021 4:30


    Conversation by Sak Yeik --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆပ်ရိပ် - Conversation A

    Play Episode Listen Later Sep 6, 2021 5:05


    Conversation By Sak Yeik --- Send in a voice message: https://anchor.fm/myozawlynn/message

    လှသန်း - ငါ့ဆီကနေငါထွက်ပြေးတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူး

    Play Episode Listen Later Sep 4, 2021 1:35


    I try to run away from me ... --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ချောနွယ် - ဂျုံးနီ

    Play Episode Listen Later Sep 2, 2021 3:20


    ဂျုံးနီ ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊ လူတွေဟာ သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊ လူတွေဟာ သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊ အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။ ဂျုံးနီ ငါ စိတ်အခန့်မသင့်ရင်လေ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်နေကျ၊ ငါ့ဒေါသက ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်နေကျ၊ နာလွန်းလို့ မင်းအော်လိုက်ရင်တောင် မင်း ငါ့ခြေထောက်တွေကို အားနာနေကျ။ ဂျုံးနီ မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေး၀င်လာ အမြဲတမ်း ငါ့ကိုကြိုတာ တာ၀န်အရလို့ မင်းစိတ်မှာ မထားရှိတာ ငါမြင်ရ ငါရခဲ့တယ်။ ဂျုံးနီ ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး တစ်ခါတစ်ရံတော့ ငါ့စိတ်ကောင်း၀င်နေမှုဟာ ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။ ဂျုံးနီ ငါမှတ်မိတယ် မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့ ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။ ဂျုံးနီ လေတဟူးဟူး ထန်နေတုန်းက မင့်နှုတ်သီးကို ရှေ့ပစ်ပြီး တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ ငါတုတ်နဲ့ လိုက်ရိုက်တော့ မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ ဂျုံးနီ မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့ ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင် မင်းလိုက်လိုက် ဟီဟီနေကျ၊ ငါက မာန်မဲလိုက်တဲ့အခါ မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ် ငါက လိုလားတဲ့အခါ မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။ ဂျုံးနီ ငါ အခုခါ အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။ ဂျုံးနီ မင်းမျက်လုံးမှာ ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင် ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။ ဂျုံးနီ မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။ ဂျုံံးနီ ငါ ဘယ်လောက်ရက်စက်သလဲကွာ မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင် မုန့်ကလေး မင်းကို မြှောက်ပြ ပြီး … ဖုန်ထဲပစ်ချလိုက်တာ ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို မင်း စိတ်မာနမထားဘဲ မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ (တကယ်တော့ မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့ ငါ မသိလိုက်ခဲ့ဘူးကွယ်)။ ဂျုံးနီ မင်း နေကောင်းရဲ့လားကွယ်။ ဂျုံးနီ အိပ်ရာပေါ်မှာ ဘာမှမလှုပ်နိုင်တဲ့ မင်းသခင် နောက်ဆုံးထွက်သက်နဲ့ပေါ့ မင်းကို နှုတ်ဆက်ချင်ရဲ့ ငါ့နောက်ဆုံးထွက်သက်နဲ့ပါ ဂျုံးနီရယ် ။ ။ - မောင်ချောနွယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    ရင်ခွင်ရှိန်း - တစ်ယောက်ကို တစ်ယောက်က

    Play Episode Listen Later Sep 2, 2021 2:41


    တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့ ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့ မြင်ကွင်းထဲ တစ်ကောင်ထဲ လွင့်ပျံလာတဲ့ ငှက်ကလေးကအစ အရာရာဟာ တိုက်ဆိုင်စွာ ကျကွဲရတာပေါ့ တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘယ်သူက ပန်းပွင့်ဖြစ်ပြီး ဘယ်သူက လိပ်ပြာဖြစ်တယ် ဆိုတာမျိုးမဟုတ်ဘူးကွဲ့ ဒဏ်ရာက အရမ်းနာနေလား လို့ သူကမေးတဲ့အချိန်မှာ ကိုယ့်ဘက်က အဲ့ဒါ ပန်းချီကား ပါလို့ ပြောရတာမျိုးပေါ့ တစ်ယောက်ကို တစ်ယောက် အနစ်နာခံတယ်ဆိုတာ တစ်ယောက်မသိအောင် တစ်ယောက်က အနာတရတွေအကုန်လုံးကို တစ်ယောက်တည်း သိုဝှက်ထားခြင်းဖြစ်ပြီး ထိုသို့ သိုဝှက်မှုကိုလည်း ကိုယ့်ကိုကိုယ် အသိမပေးခြင်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေချင်တယ်ဆိုရင် တစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောမှုကြောင့်သာ ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိလာတယ်လို့ ခံစားကြည့်ရမှာဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က လိုအပ်တယ်ဆိုတာကို နှစ်ယောက်လုံးက သိရှိထားကြရမှာလည်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က သစ္စာရှိတယ်ဆိုတာ အချိန်ကာလ နေရာဒေသအပိုင်းအခြားတွေမရှိသလို ကိုယ့်ကိုကိုယ် ထပ်ဆင့်ပြီးတည်ဆောက်ယူရတဲ့ တန်ဖိုးတစ်ခုလည်းဖြစ်သေးတယ် တစ်ယောက်ကို တစ်ယောက်က ထွေးဖက်ထားတဲ့အခါ နှစ်ယောက်လုံးက နွေးထွေးတာမျိုးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတဲ့အခါမှာတော့ နှစ်ယောက်လုံးက ချမ်းအေးနေတယ်လို့ ခံစားရမှာဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က မျှော်လင့်စောင့်စားရတယ်ဆိုတာ ကမ္ဘာ့အခက်ခဲဆုံး ဆန်းသပ်မှု တစ်ခုကို ဖြေဆိုရသလိုမျိုးဖြစ်ပြီး အများဆုံး ပြင်ဆင်ထားရတဲ့ အရာတစ်ခုလည်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က ချစ်ပြီး တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ ချစ်တဲ့သူဘက်က ကိုယ့်ကိုမချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်ပြီး မချစ်တဲ့သူဘက်က ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်တယ် တစ်ယောက်ကို တစ်ယောက်က ယုံကြည်ခြင်းဆိုတာ နှစ်ယောက်လုံးအတွက် စွမ်းအင်တစ်မျိုးဖြစ်ပြီး တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဖောက်ဖျက်တယ်ဆိုတာ ထိုစွမ်းအင်ကို အလွဲသုံးစား ပြုလုပ်ခြင်းပဲဖြစ်တယ် တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်လျက်နဲ့ ဝေးသွားရတဲ့အခါ အလင်းဟာ နာကျင်စရာအဖြစ် ကမ္ဘာဆီလာလိမ့်မယ် စိတ်အတွင်းသားတွေ အကြိမ်ကြိမ်သေဆုံးကြလိမ့်မယ် ပြီးတော့ ... ပန်းပွင့်တွေ လေပြေလေညှင်းတွေ ကမ္ဘာပေါ်က အချစ်သီချင်းလေးတွေ က အစ ကြေကွဲစွာ ငိုနေလိမ့်မယ် ။ - ရင်ခွင်ရှိန်း --- Send in a voice message: https://anchor.fm/myozawlynn/message

    စိုင်းဝင်းမြင့် - ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်"

    Play Episode Listen Later Aug 30, 2021 3:43


    အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    စိုင်းဝင်းမြင့် - အရိုးစုဟာ သူ့အကြောင်းကိုပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ

    Play Episode Listen Later Aug 30, 2021 4:24


    အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ဒေး - ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ်

    Play Episode Listen Later Aug 29, 2021 1:53


    ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ် သူဟာ အဖြူရောင် မြင်းပါ၊ ဂြိုဟ်ငယ် တစ်ခုပါ၊ အဝတ်ဗီရိုကြီးကို ငုံထားတဲ့ နွယ်ပင်ပါ မှိတ်ထားတဲ့ သူ့မျက်လုံးတွေဟာ ငါရဲ့ မျက်လုံးတွေပေါ့ ထတော့ နွယ် တို့တစ်တွေ တောင်တွေကို ရွှေ့ရမယ် ယုန်သေတွေ လိုက်ကောက် ရမယ် ပြတင်းပေါက်တွေဟာ ဖြာကျနေတဲ့ နေခြည်ဆီ ပိတ်နေပါတယ် ဒီနေ့တော့ အလုပ်များမယ် အင်းလျားကန်ထဲ ရေဖြည့်ရမယ် ငန်းတွေကိုလည်း ကန်ပေါင်ပေါ်မှာ ချက်ချင်းမွေးပြီး ကန်ထဲထည့်ပေးရမယ် လုံခြုံရေးတွေရဲ့ အလစ်မှာ ထိုင်ခုံရဲ့ အင်္ဂတေကို လွှတ်ခနဲနေအောင် တစ်ချက် နမ်းရမယ် နွယ်ဟာ သူ့ကိုယ်သူ စိုးပိုင်တဲ့ မိန်းကလေးပဲ ဒီအမှားကို သူ မလုပ်ခင်မှာ ဒီအမှားကို သူ ကြိုတင်လုပ်ခဲ့ပြီးသားပဲ ဘယ်သူ့ဆီကိုမှ သူ သတင်းပို့စရာ မလိုဘူး ပန်းတွေဟာ လှပခြင်းအတွက် အခွန်ပေးဆောင်ရတယ် မျှတခြင်းမရှိတဲ့ သီးနှံတွေဟာ လက်လက်ထနေတဲ့ မြေမှာ သီးပွင့်နေကြတယ် နွယ်ဟာ ကလေးဘဝမှာကတည်းက နောင် ကြုံလာရမယ့် လူ့အဖွဲ့အစည်းကို တစ်ရှူးစတွေနဲ့ မံနေခဲ့တာဖြစ်တယ် အဲဒီလူ့အဖွဲ့ အစည်းဟာ တိုက်နေတဲ့ လေကို ဟိုက်ဒရိုဂျင် အပြည့်အဝနဲ့ [ ဆန်တက်နေခဲ့တာပေါ့ ] နွယ် အိပ်ပျော်နေတုန်း သူ့ရဲ့ ခရမ်းရောင်ပါးပြင်ကို ငါ နမ်းတယ် ဝါစိမ်းနီပြာ၊ နွယ့်ရဲ့ အရေပြားဟာ အကွက်အပြောက်တွေနဲ့ လှနေတယ် နီပြာဝါစိမ်း၊ နွယ့်ရဲ့ မျက်လုံး သို့မဟုတ် ငါရဲ့ မျက်လုံးတွေဟာ လူ့အဖွဲ့အစည်း အတွက်ပဲ ဖြစ်တယ် နွယ့်ကို ငါ နှိုးတယ် -- ထတော့နွယ် ပြတင်းပေါက်တွေကို ငါတို့တွေ တစ်ရှူးစတွေနဲ့ သုတ်ရမယ် -- ယုန်သေတွေ လိုက်ကောက်ရမယ် - မောင်ဒေး --- Send in a voice message: https://anchor.fm/myozawlynn/message

    ဟံလင်း - သို့ / Dr. ဖြိုးဝေလင်း

    Play Episode Listen Later Aug 29, 2021 3:17


    I read this poem for losing my identity especially in this period. --- Send in a voice message: https://anchor.fm/myozawlynn/message

    မောနွေ - ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်

    Play Episode Listen Later Aug 28, 2021 3:53


    ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ် တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့်မျိုးမှာ အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရရန်ကုန်နဲ့မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့ ခုတ်မောင်းဆန့်ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး သတင်းစာနေ့စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့လား ကောင်းကောင်းနေပါရဲ့လား အကိုတို့ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့ သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့လွယ်အိတ်ထဲက ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့တိုးဝှေ့နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်၀င်ချင်နေတဲ့ ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ပါလား ဆေးလိပ်ကို လမ်းမပေါ် ပစ်ထည့်လိုက်တာ အဲဒီနေ့က အဲဒီနေ့က ညီမလေးကို လွမ်းလို့ပေါ့ကွာ ယနေ့ကျွန်တော်တို့ကမ္ဘာဟာ ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာ၀တီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့လည်း အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့်ခင်းထားတဲ့ သက်တန့်တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့ ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့်ကြီး ပြုတ်ကျတော့မယ် အိပ်စက်နေတဲ့ ငါ့ညီမလေး လန့်နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့ ကွင်းပြင်လို မနက်ခင်းမှာ အကို့ကို မလိုအပ်တော့လို့ ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ် ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက် ပြီးမှ ချစ်သောမျက်စိနဲ့ မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ် ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။ #မောနွေ --- Send in a voice message: https://anchor.fm/myozawlynn/message

    အောင်ခင်မြင့် - အချစ်အတွက် ကဗျာတပုဒ်

    Play Episode Listen Later Aug 22, 2021 1:35


    ဒီလိုမနက်ခင်းတွေမှာပေါ့ အချစ်ကို ရွှေနဲ့ဝယ်လို့မရမှန်း ငါသိလိုက်သလို အချစ်ကို ကမ်းခြေက သဲလက်တစ်ဆုပ်နဲ့ တကယ်ဝယ်လို့ရမှန်းလည်း ငါသိခဲ့တာပေါ့ ဆောရီးပါအချစ်ရေ မင်းကိုယ်က အိပ်မက်ရနံ့ရတဲ့ညမှာ ကိုယ်ဟာ အစောကြီး အိပ်ပျော်သွားခဲ့တယ် မင်းဆီက မင်းမဲ့စရိုက်ရဲ့ရေမွှေးနံ့ရတော့ တစ်ညလုံး ကိုယ့်စိတ်တွေ ထိန်းမရဖြစ်ပြန်ရော အားလုံးဟာ သမိုင်းချည်းပဲ ကိုယ်ဟာ အောင်ချိမ့်ရဲ့ကဗျာတွေ ဖတ်နေခဲ့ ကျောက်တုံးတွေက သိုးတွေလို နူးညံ့သွားခဲ့ ဥပဒေဦးထုပ်နဲ့ ရေဘဝဲတွေကို ကိုယ်တို့တွေ့ခဲ့ အဲဒီရေဘဝဲတွေကို ကိုယ်တို့ သုတ်စားပစ်ခဲ့ ကိုယ်မှားပါတယ် အချစ်ရေ မှန်ဟာ မီးလောင်နေတဲ့တောအုပ် လို့ မင်းပြောတုန်းက ကိုယ်မယုံကြည်ခဲ့ဘူး မှန်ထဲကနေ တိရစ္ဆာန်အားလုံး ခုန်ထွက်လာမှ ကိုယ်ဟာ မှန်ကိုရေတွေနဲ့ အမြန်ပက်ရတယ် အဲဒီလူကို မင်းဆုံဖူးလား အဲဒီလူရဲ့နှလုံးသားကို ဆေးအပြာသုတ်ထားတယ် နှလုံးသားကို မြင်မှမမြင်နိုင်ပဲ ဟုတ်လား အိုး သိပ်မြင်နိုင်တာပေါ့ လမ်းတွေရဲ့ထောင့်မှာ သူဟာ သူ့နှလုံးသားကို လက်ပေါ်မှာတင်လို့ လမ်းသွားလမ်းလာတိုင်းကို ရောင်းချနေတာ နားထောင်ပါ အချစ်ရေ ကိုယ်ဟာ မြည်းကို ဘားအပြင်မှာထားခဲ့မိတယ် အဲဒီအတွက် ကိုယ်တကယ်တောင်းပန်တယ် တချိန်က ရွှေကို ဆားနဲ့လဲခဲ့ရတဲ့အဖြစ်တွေရှိခဲ့ ကိုယ်တို့ဟာ နိုင်ငံရေးကြောင့် ပျက်စီးခဲ့တယ် အချစ်ရေ မင်း တစ်ကိုယ်လုံး ပြာကျသွားမှာစိုးလို့ ကိုယ့်အနမ်းကိုယ်မျိုချခဲ့ရတဲ့နှစ်တွေ ရှိခဲ့တာပေါ့ - အောင်ခင်မြင့် --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ဒေး - ဒီပရက်ရှင်

    Play Episode Listen Later Aug 21, 2021 2:15


    စံပယ်တွေဟာ သိပ်ကို စိတ်လှုပ်ရှားလွယ်ကြတယ် ဒါတောင် အင်္ဂတေနံရံကြီးကို ကွယ်ပြီး သူတို့ ပွင့်နေကြတာ ငါဟာ သင်ယူတဲ့ တိတ်ဆိတ်မှုပဲ၊ ငါ့ရဲ့ လက်တွေက ငါ့ရဲ့ ခုတင်ကို တိုးတိုးကလေး လိမ်ညာနေခဲ့တယ်၊ ငါဟာ ဘယ်သူမှမဟုတ်တဲ့ လူအားလုံးပဲ ပေါက်ကွဲမှုတွေနဲ့ ငါ့ရဲ့ ကြားမှာ ပတ်သက်မှုတစ်စုံတစ်ရာ မရှိပါဘူး ငါ့ရဲ့ နာမည်ကို အင်္ကျီတွေဆီ ပေးခဲ့ပြီး ငါ့ရဲ့ သမိုင်းကို လမ်းဘေးမှာ ပုံထားခဲ့မယ် တကယ်ဆို ငါဟာ မေ့ဆေးဆရာဝန်ပဲ၊ ငါ့ရဲ့ မျက်ခွံတွေက ပွင့်ဖတ်နှစ်ခုလို ခပ်ဟဟကလေး ဖြစ်နေဆဲဆိုရင်တော့ ငါဟာ နာကျင်ရတော့မှာ အသေအချာပဲ ဈေးလာဝယ်တဲ့ လူတွေက ငါရှေ့ကနေ ဖြတ်လျှောက်သွားကြတယ် သူတို့အတွက်တော့ ငါဟာ စွန်တစ်ကောင်ပဲ၊ လေထဲမှာ ကြိုးကြီးတန်းလန်းနဲ့ပေါ့ ခေါင်းအုံးအမည်းကြီးကို ငါ ဝယ်လာပြီး အိပ်မက်အမည်းတွေ မက်ပစ်လိုက်တယ် စံပယ်တွေဟာ လေထုကို သိပ်နာကျင်စေတာပဲ၊ ငါ့ အရေပြားပေါ်က သွေးဆို့နေတဲ့ သံချိတ်ကလေးတွေဟာ သူတို့ရဲ့ ရနံ့တွေပေါ့ ပြတင်းတံခါးတွေဟာ ငါ့ဆီကနေ ထွက်သွားကြမယ် ထင်ပါတယ် ငါ့ကိုငါ ရယ်စရာ အရုပ်တစ်ခုအဖြစ် အသွင်ယူပြီး လောင်မီးတိုက်လိုက်ချင်ရဲ့ ဆေလ်ဗီယာပလာ့သ်က စံပယ်တွေကို အောက်စီဂျင်ဆိုပြီး စားပြတယ် သူ့ခေါင်းမှာလည်း စံပယ်တွေ ဝေလို့ပေါ့လေ၊ ဆူဆိုက် ညနေခင်းဟာ အရောင်တွေ အလွန်အမင်း လှပနေတာပေါ့ နံရံတွေဟာ သူတို့ကိုယ်သူတို့ ဘယ်လို နွေးအောင် ထားရမယ်ဆိုတာ မသိဘူး စံပယ်တွေဟာ ငါတို့ရဲ့ စိတ်ကူးထဲက သတ္တဝါဆိုးကြီးရဲ့ အစွယ်တွေပါပဲ ငါဟာ ငါ့နှလုံးသားကို ပြန်မသိတော့ဘူး၊ ငါ့ရဲ့ နှလုံးသား ဆိုတာကလည်း အာဠာဝကရဲ့ ပါးစပ်ကြီးလို ဖွင့်လိုက်ပိတ်လိုက်ပါပဲ ငါ့ရဲ့ ပါးစပ်ထဲက ရေဟာ တမာလိုပဲ ခါးတယ်၊ စေးကပ်တယ် ပြီးတော့ အော်သံတစ်ခုလို ငါနဲ့အနီးဆုံး အရပ်ဒေသတစ်ခုကနေ လာပါတယ် - မောင်ဒေး --- Send in a voice message: https://anchor.fm/myozawlynn/message

    ထက်ဦးမောင် - အားလုံးအဆင်ပြေတဲ့ ဆံပင်ပုံစံ

    Play Episode Listen Later Aug 8, 2021 9:20


    ကျနော့်အဖေဆုံးပြီး နောက်တနေ့မှာ ဒီအက်ဆေးကို ရွတ်ပါတယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    ဆူးနွယ် - ဆယ်လ်မွန်မယောနိစ်ဆလပ်*

    Play Episode Listen Later Aug 3, 2021 2:12


    ကျွန်မညီမလေး အဖေ့ခေါင်းထဲက ဖောက်ထွက်လာတော့ ဟက်တက်ကွဲနေတဲ့ခေါင်းကို ကျွန်မပဲ ချုပ်ပေး၊ ပတ်တီးစည်းပေးခဲ့တာ။ အဖေ့မျက်လုံးတွေဟာ ပိုးစုန်းကြူးတွေပဲ။ ပြီးတော့ မီးခိုးရောင်၊ စကားပြောတတ်တဲ့ အရောင်တစ်မျိုးပဲလေ။ ထူးဆန်းတယ်လို့ စဉ်းစားမိပေမယ့် နောက်တော့ ကျွန်မ မီးခိုးရောင်ကို တွယ်တာလာမိပါတယ်။ ညီမလေးဟာ ဆယ်လ်မွန်ရေဆေးငါးကြီးမဖြစ်သေးခင်မှာပဲ အဖေ့အတွက် ကြောင်စာပေါ့။ အဖေဟာ ဓာတ်ပုံထဲမှာတော့ တိုက်ပုံအင်္ကျီနဲ့ အခန့်သားလို့ တွေးမိနေတာ။ တိုက်ပုံအင်္ကျီနဲ့ မြေစာပုံဟာ တသားတည်းဖြစ်နေရမယ်ဆိုပဲ။ ဒီတော့ မိုးတွေဆက်တိုက်သည်းနေတဲ့ အဖေ့တိုက်ပုံပေါ်မှာ ကျွန်မ တစ်ဘဝလုံး ငုံခဲထားရတဲ့ အသားတစ်တွေ အန်ချပစ်ခဲ့တယ်။ အထွေအထူးမဟုတ်ပါဘူး၊ ဒါတွေက သူ့ကြောင်လေးကို အဖေနယ်ကျွေးနေကျ ဆယ်လ်မွန်အသားမျှင်တွေပဲလေ။ ကျွန်မ ဟင်းချက်နေပြီဆို ကွတ်ကင်းဝိုင်တစ်ပုလင်းနဲ့ အဖေရောက်လာပြီ။ ဆီဦးထောပတ်ကို သူ့မျိုးပွားအင်္ဂါတွေအတွက် ဖယ်ထားပြီးမှ ကျွန်မကို မယောနိစ်ဆလပ်တွေ ကျွေးတာပါပဲ။ နောက်တော့ အဖေက ကျွန်မကို စိတ်မဝင်စားတော့ဘူး၊ သူ့ကြောင်လေးအတွက် ညီမလေး ရာသီမှန်မှန်လာပေးရဲ့လားဆိုတာပဲ စိတ်ရောက်နေတော့တယ်။ ကျွန်မဟာ သားပေါက်မလာတော့မယ့် ငှက်တစ်ကောင်ရဲ့ ဥပဲ။ အဖေမသေခင်မှာပဲ အဖေ့ရဲ့ မီးခိုးရောင်မျက်လုံးတွေ အမွေဆက်ခံလိုက်ရတယ်။ ညီမလေးမှာ အပိုပါလာတဲ့ မျက်လုံးတစ်လုံးဟာ အဖေ့မျက်လုံးပါလို့ ဆိုတော့ အဖေက ဇွတ်ငြင်းတာပဲ။ ကျွန်မ ဘာပြန်ပြောရမလဲ မသိဘူး။ ကျွန်မသာ အဖေ့သမီးမဟုတ်ဘဲ အဖေ့ ဦးခေါင်းခွံထဲက ထွက်လာမယ့် မြက်တစ်ပင်ဆို ဘယ်လောက်ကောင်းမလဲ။ အခုတော့ အဖေဟာ အိမ်ပြန်မလာတော့ဘဲ မိန်းမတကာရဲ့ ခြံတံခါးဝမှာ သူ့ကြောင်လေးကို မွေးစားပေးဖို့ လိုက်ပြောနေပြီ။ ကျွန်မပေါင်မုန့်တွေဟာ အေးစက်စက်၊ မယောနိစ်ဆလပ်ဟာ နွမ်းဖတ်ဖတ်နဲ့ပေါ့။ ညညဆိုရင် ပိုသည်းလာတတ်တဲ့ မိုးရေတွေကြောင့် မြေစာပုံဟာ နဂိုထက် ပိုကျစ်လာတာမို့ ကျွန်မတော့ဖြင့် အဲ့ဒီမြေစာပုံပေါ်မှာ မြက်ပင်တစ်ပင် အမြန်ထွက်လာမယ့်အချိန်ပဲ စောင့်ဆိုင်းနေရတော့တယ်။ *salmon mayonnaise salad ဆူးနွယ် --- Send in a voice message: https://anchor.fm/myozawlynn/message

    ဇော်ဇော်အောင် - ဟေမာနေဝင်း အချစ်ကဗျာ

    Play Episode Listen Later Jul 21, 2021 10:55


    ဆရာ ဇော်ဇော်အောင်၏ ဟေမာနေဝင်း အချစ်ကဗျာ ကို ရွတ်ဆိုထားခြင်း ဖြစ်ပါသည် --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ယုပိုင် - ဒရာမာ

    Play Episode Listen Later Jul 19, 2021 15:46


    ကဗျာဆရာ မောင်ယုပိုင်၏ ဒရာမာ ကဗျာများကို ရွတ်ဆိုထားခြင်း ဖြစ်ပါသည် --- Send in a voice message: https://anchor.fm/myozawlynn/message

    သစ္စာနီ - ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိတုန်းက

    Play Episode Listen Later Jul 7, 2021 7:25


    ကဗျာဆရာ သစ္စာနီ၏ ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိတုန်းက ဝတ္ထုတိုကို ရွတ်ထားခြင်းဖြစ်သည် --- Send in a voice message: https://anchor.fm/myozawlynn/message

    အောင်ခင်မြင့် - ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ်

    Play Episode Listen Later Jul 5, 2021 2:15


    အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။ သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။ ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့ ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။ သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့ ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။ ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။ အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။ ရုပ်ထုတွေရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေပေါ်ကို အပ်ချွန်တွေလို မိုးစက်တွေတပေါက်ပေါက်ကျနေတယ်။ အလင်းဟာ ကမ္ဘာနဲ့ မထိုက်တန်သလို ရုတ်သိမ်းခံရ အိန်ဂျယ်တွေရဲ့ တောင်ပံတွေမှာ ဖားဥတွေစွဲကုန်တယ်။ ပြည်သူလူထုရဲ့ ဟနေတဲ့ ပါးစပ်ပေါက်တွေထဲ နောက်ဖေးလမ်းကြားက ချီးရေတွေ တရဟောဝင်ခဲ့ပေါ့။ လူတွေရဲ့ဒွါရတွေထဲ လိင်မှုပြုဖို့ ရေဆိုးတွေ စီးဝင်လာခဲ့ပေါ့။ အချစ်ရေ အပြင်မှာ မိုးတွေသည်းနေတယ်။ ကိုယ်တို့အတွင်းက သံနဲ့လုပ်ထားတဲ့ အမုန်းတရားတွေ တဖြည်းဖြည်း အရည်ပျော်တဲ့အထိ မိုးတွေရွာနေတယ်။ ဆင်းရဲမှုဟာ တလိပ်လိပ်တက်လာတဲ့ တိမ်မည်းတွေ သေပွဲဝင်သူများလို ကလေးတွေ မိုးရေထဲ ပြေးထွက်လာခဲ့။ မိုးရေအောက်မှာ ဆောက်လက်စကွန်ဒိုတိုက်ကြီးတွေ မိုးကြိုးပစ်ခံရတဲ့ ဒိုင်နိုဆောတွေလို နာကျင်အော်ဟစ်လို့။ အချစ်ရေ မျက်စိတွေကိုမှိတ်ထားပါ မိုးသံကို ခံစားပါ စိုစွတ်တဲ့ ကိုယ့်အနမ်းတွေကို နုံးခွေသွားတဲ့အထိ ခံယူပါ။ ကိုယ်တို့မျက်ခွံပေါ် အမြုံကာလရဲ့သွေးတွေ ရွာကျနေခဲ့ပေါ့။ မာကွန်ဒိုမှာ ရွာတဲ့မိုးလို အုတ်ဂူထဲက မြည်နေတဲ့ဖုန်းလို ကျည်ဆန်တွေနဲ့ ရေးတဲ့ကျမ်းစာလို မြေအောက်ခန်းရဲ့တေးလို ဌက်သေရဲ့ အတောင်တဖျပ်ဖျပ်လို ဖာသည်မရဲ့ ညည်းသံလို သူတော်စင်တစ်ပါး ခေါင်းခါသလို အမှောင်စိတ်ရဲ့ကဗျာလို ရန်ကုန်မှာ မိုးတွေ သည်းသည်းမဲမဲ ရွာနေပြီ အချစ်။ အောင်ခင်မြင့် --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ဒေး - အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်

    Play Episode Listen Later Jun 20, 2021 1:55


    **အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ** ရခိုင်ကမ်းရိုးတန်း အဖျားက ကျောက်ဂူတစ်လုံးရဲ့အထဲမှာ အမြဲလင်းနေတဲ့မီးဆိုင်းကြီးတစ်ခုရှိပါတယ် နံရံပေါ်မှာ ပြေးလွှားနေတဲ့ အလင်းဝါဝါ အကွက်ငယ်လေးတွေဟာ တို့နှစ်ယောက်ရဲ့ နှမ်းစေ့ငယ်တွေ ပုစွန်ဆိတ်ကလေးတွေနဲ့ ရေညှိတွေအကြောင်းကို ၎င်းတို့ရဲ့အထဲမှာ မှတ်တမ်းတင်ထားကြတယ် ကမ်းရိုးတန်းတစ်နေရာက ဟိုတယ်ကိုရောက်တော့ မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့ တံကောက်ခွက်ထဲ ထည့်ကြည့်တယ် ငါက မင်းကိုကိန်းဂဏန်းတွေ ပေါင်းပြတယ် ကမ္ဘာပျက်မယ့် ရက်ကို တွက်ပြတယ် အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုး​ပြီး ကြိုးစား တည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ မင်းတွယ်တာချင်တွယ်တာ ဒါမှမဟုတ် မင်းရဲ့တံကောက်ခွက်ပိုင်ရှင်ကို ငါတွယ်တာရမှာပေါ့ ရွေးချယ်စရာ နည်းပါးလိုက်ပုံများ ငါ့ရဲ့ ခြေထောက်နှစ်ဖက်က မင်းရဲ့ခါးကို ညှပ်ပြီး သိုင်းထားတယ်ဆိုတာက အဲဒီခြေထောက်တွေအနေနဲ့ အဲဒီနေရာမှာ ရှိကိုရှိနေရမှာမို့ပါပဲ ရှုခင်းသာဆိုပြီး အမည်ပေး သတ်မှတ်ထားတဲ့ နေရာတွေက တစ်ကွေ့ ကွေ့လိုက်တိုင်း ပေါ်ထွက်လာကြတယ် ကားလမ်းရဲ့ အထက်တည့်တည့်မှာ ငါတို့ဝါးဖောင်စီးပြီး မျောကြတယ် အချိုမှုန့်တွေ အသားကုန် သုံးတဲ့ စားသောက်ဆိုင်တွေ ဘာအကြောင်းတွေးလဲ နယ်စပ်ကိုနေ့စဥ် ဖြတ်ကူးနေတဲ့ မော်တော်ကားတွေ ဘာအကြောင်းတွေးလဲ မင်းအကြောင်းပဲပေါ့ မင်းအကြောင်းကို တွေးဖို့ သူတို့တွေးတာပေါ့ ကြက်သွန်ဥကြီးတစ်လုံးနဲ့ တူတဲ့ခေတ်ကြီးရဲ့ အလွှာတွေထဲမှာ ငါ့ရဲ့တင်ပါးအထက်က ချိုင့်ခွက်ကလေးထဲမင်းကို ပေးဝင်မှာပေါ့ ကမ်းရိုးတန်းကြီးကို တို့ ဘယ်နားမှာထားခဲ့မလဲ -မောင်ဒေး- --- Send in a voice message: https://anchor.fm/myozawlynn/message

    သကောင့်သား - ဒေါ်လီ ဆိုတဲ့ကဗျာ ဖတ်ပြီးပြီလား

    Play Episode Listen Later Jun 16, 2021 3:05


    ဒေါ်လီ ဆိုတဲ့ ကဗျာ ဖတ်ပြီးပြီလား ======================= အဲဒီ ကဗျာဖတ်ပြီးပြီလား တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကဗျာပဲ ကလေးမလေး ၁ ယောက်နဲ့ သူ့အရုပ်မလေးအကြောင်းရေးထားတာလေ ကလေးမလေး မှာ ကင်ဆာရောဂါရှိသတဲ့ အဲဒါကို အရုပ်မက ပြောပြတာတဲ့ အရုပ်မ စကားမပြောတဲ့နေ့တွေဆို ကလေးမလေးက အရုပ်မ ရဲ့ မျက်လုံးကို အပ် နဲ့ထိုးတာတဲ့ ကလေးမလေး ရဲ့ အမေကလဲ ကင်ဆာနဲ့ပဲ ဆုံးတာတဲ့ မဆုံးခင်မှာလဲ ဆံပင်တွေ အရမ်း ကျွတ်တာပဲတဲ့ ကျွတ်တဲ့ဆံပင်တွေကို ကလေးမလေးက လုံးထွေးပြီး အရုပ်မရဲ့ ခေါင်းပေါ်မှာ ကပ်ပေးထားတာတဲ့ ကလေးမလေးက တခြားကလေးတွေလို အရုပ်နဲ့ ဖက် မအိပ်ဘူးတဲ့ သူ့အမေ မသေခင် ချိတ်ပေးသွားတဲ့ dream catcher ကတန်းလန်းကျနေတဲ့ ကြိုးနဲ့ အရုပ်မ ရဲ့ လည်ပင်းကို ချည်ပေးပြီးမှ တွဲလောင်းကျနေတဲ့ အရုပ်မကို ဘယ်ညာ လွှဲပြီးမှသိပ်တာတဲ့ ကလေးမလေး ရဲ့ အဖေကလဲ မရှိတော့ဘူးတဲ့ အမေလုပ်သူ ဆုံးပြီး သိပ်မကြာတဲ့ ည ၁ ညမှာပဲ မူးမူးနဲ့ ကလေးမလေး ရဲ့အရုပ်ကို သူ့အိပ်ခန်းထဲ ယူသွားတဲ့ အချိန်ကစပြီး ပျောက်သွားတော့တာလို့ပြောတယ် ပြန်ရောက်လာတဲ့အရုပ်မ ကတော့ တစ်ကိုယ်လုံး ဘာတွေမှန်းမသိ ပေလို့ ကျံလို့တဲ့ ပေကျံနေတဲ့ သူ့အရုပ်မကို မြင်တော့ ကလေးမလေး က အရုပ်မ တစ်ကိုယ်လုံးကို လျှာ နဲ့ လျက်ပြီး သန့်စင်ပေးသတဲ့ ကလေးမလေး မှာ စာအုပ် ၁ အုပ် ရှိပြီးသူ နဲ့ သူ့အရုပ်မ က တစ်ယောက် တစ်လှည့် ဆွဲကြ ရေးကြသတဲ့ ကလေးမလေး မွေးနေ့ဖယောင်းတိုင် မှုတ်ရင်း ဆံပင်မီးစွဲ သွားလို့ တစ်ကိုယ်လုံးမီးလောင်သွားတဲ့ပုံကို အရုပ်မကဆွဲသတဲ့ သစ်ပင်ကြီး တစ်ပင်မှာ အရုပ်မရဲ့ ခေါင်း ကိုယ်လုံး ခြေတွေ လက်တွေ တစဆီ သံနဲ့ ရိုက်ပြီး ကပ်ထားတဲ့ ပုံကို ကလေးမလေး ကဆွဲသတဲ့ ပျောက်သွားတဲ့အဖေရယ်/ဆံပင်တွေမရှိတော့တဲ့ သေသွားတဲ့ အမေရယ်/ကင်ဆာရောဂါသယ် ကလေးမလေးရယ်/ သေသွားတဲ့ အမေရဲ့ ဆံပင်တွေနဲ့ လှချင်တိုင်းလှနေတဲ့ အရုပ်မရယ် လက်တွေကို ပျော်ပျော်ပါးပါး တွဲလို့ ချောက်ထဲ ခုန်ချ သွားတဲ့ ပုံ ကိုတော့ ဘယ်သူ ဆွဲသွားမှန်းမသိရဘူး ပုံအောက်မှာရေးထားတာတော့ ဒေါ်လီဆိုတဲ့ကဗျာ ဖတ်အပြီးတွင် တဲ့ #သကောင့်သား [ ကဗျာရေးတဲ့ ခုနှစ်က ၂၀၁၄၊ ၁၅ ဝန်းကျင်လို့ ခန့်မှန်းရ။ အခုချိန်မှာ ကဗျာဆရာ သကောင့်သားနဲ့ နိုင်ငံတစ်ဝှမ်းက တခြား ကဗျာဆရာ၊ ဆရာမ အချို့ဟာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထားခြင်း ခံနေရဆဲ ဖြစ်ပါတယ်] --- Send in a voice message: https://anchor.fm/myozawlynn/message

    အေးချမ်း၊ရင်ခွင်ရှိန်း - ကိုယ်ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား

    Play Episode Listen Later Jun 15, 2021 8:40


    အခုတလော ဒီလိုကာလကြီးထဲမှာ ကျနော်ရွေးပြီး အထပ်ထပ်ဖတ်ဖြစ်တဲ့ထဲက ကြိုက်မိတဲ့ ကဗျာတွေထဲက တပုဒ်ပါ ကျနော် ရောက်ရာအရပ်ကနေ အဆင်ပြေအောင် အတတ်နိုင်ဆုံး အသံသွင်းထားပါတယ် နောက်ထပ်ရွတ်ဖြစ်မယ့် ကဗျာတွေလည်း ရှိပါသေးတယ် အခုတော့ နားဆင်ကြည့်ကြပါဦး .. --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ဒေး - ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ်

    Play Episode Listen Later May 23, 2021 1:42


    ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ်သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ်တစ်ချို့မိန်းမတွေက ယောက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့စိတ်မချမ်းမသာဖြစ်ကြရတယ်စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ် ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ် လိပ်တွေမှာအခွံတွေ ရှိနေသေး လို့ပျော်ရတယ် စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ ဖြေသာရတယ် ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီး ကျေနပ်ရတယ် ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ် ဝယ်ထားတဲ့ ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ် ငါလေးဟာ ငါလေး ဖြစ်နေသေးလို့တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ် – အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆ (အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။) --- Send in a voice message: https://anchor.fm/myozawlynn/message

    မောင်ဒေး - ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါ

    Play Episode Listen Later May 23, 2021 1:56


    ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါလေ ဒီမောင်ဟာ ချစ်သူနှစ်ယောက် အိပ်စက်နေတဲ့ ခုတင်အောက်က ကြောင်လိမ်လှေကားအတိုင်း ဆင်းခဲ့ပြီး မင်းရဲ့ဝမ်းထဲမှာ ပြန်ဝင်စားခဲ့တာပါ အချစ်ဟာ အဲ့ဒီအရိုးပေါ့ ဒီမောင် တဒေါက်ဒေါက် ခေါက်နေတဲ့ ဦးခေါင်းခွံပေါ့ အချစ်နဲ့ပြည့်နေတဲ့ ဦးခေါင်းခွံတွေဟာ ဝေဟင်ထဲ သူ့ချည်းသက်သက် တွဲလောင်း ချိတ်နေခဲ့ကြတာပေါ့ I love you, ladybug ဒီမောင်ဟာ ဒီစကားကို ဖန်ချက်စက်ရုံကြီးကိုထမ်းပြီး ပြောခဲ့တာပါ ငှက်တိုင်း ခြင်္သေ့တိုင်း သားပိုက်ကောင်တိုင်း ပြန်လည်မွေးဖွားခဲ့ပါတယ် ဒီမောင်ဟာ ညကြီးမင်းကြီး အပြင်ထွက်ခဲ့ပြီး I love you, ladybug ဆိုတာကို တိုက်နံရံပေါ်မှာ တယ်လီနောကြော်ငြာကိုအုပ်ပြီး စပရေးနဲ့ရေးခဲ့တယ် နောက်ရက်မှာ အိတ်ကလေးလွယ်ပြီး စက်ဘီးစီး- ရုံးတက်ခဲ့တယ် ဒါပေမဲ့ နောက်တော့ မင်းလည်း အချစ်ကိုတွေ့လာမယ် မင်း သွားရာလမ်းမှာ သူရူးတွေ၊ ကားမှတ်တိုင်တွေ၊ စကားချိုချို ဆိုတတ်သူတွေနဲ့ ချစ်ကြိုက်မယ် ဒီမောင်ဟာ ကဗျာဆရာတွေ မပေါ်ပေါက်ခင်ကတည်းက ဖူးငုံပွင့်သစ်ကဏ္ဍမှာ ကလောင်ဝှက်နဲ့ အချစ်ကဗျာတွေရေးနေခဲ့တာပဲ စစ်မတိုင်ခင်က လူတွေ ချစ်နိုင်ခဲ့သလိုမျိုး ဒီမောင် ဆက်ချစ်မှာပဲ အရေပြားပေါ် ရွေ့လျားနေတဲ့ တီကောင်ဆီ မင်း မျက်လုံးကိုပိတ်ထားပါလေ ယားကျိကျိပွတ်သပ်မှုကိုသာလျှင် အာရုံစိုက်ပါ နာကျင် ဟုအော်ပြီး အန္တရာယ် ဟုမည်ပြီး ဒီမောင်ဟာ ဒီစကားလုံးတွေကို ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းတွေကို ရွတ်ပြနေတာပဲ ကနုတ်ပန်း အခွေအလိပ်တွေဟာ ဒီမောင်ရဲ့ နံရိုးအတွင်းဘက်မှာ ဝရုန်းသုန်းကားပေါ့ ဒီမောင်ဟာ ဒီစကားလုံးတွေအပေါ် ရှက်ရွံ့စိတ်နဲ့ ရုံးဆင်းရုံးတက်ဆိုပါတော့ ။ - မောင်ဒေး --- Send in a voice message: https://anchor.fm/myozawlynn/message

    Claim Myozaw Lynn's Podcast

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel