The Irrawaddy Broadcasting သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက် Opinion & Analysis များ၊ တွေ့ဆုံမေးမြန်းခန်း Interview များနှင့် သတင်းဆောင်းပါး Feature များကိ

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒရုန်းစစ်ဆင်ရေးနဲ့ ချေမှုန်းခံနေရတဲ့ စစ်တပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စကားဝိုင်းမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးအကျဉ်းသားများအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်ခဲ့လို့ အာရှရဲ့ နိုဘယ်ဆုလို့ တင်စားကြတဲ့ ရေမွန်မက်ဆေးဆေးဆုကို ဒီနှစ်အတွက် ချီးမြှင့်ခံရသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးဘိုကြည် ပါဝင်ဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ပျက်နေတဲ့မြန်မာ့စတန်းဒတ်အာမီ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

တချိန်က သဘာဝတောတောင်တွေနဲ့ စိမ်းစိုနေတဲ့ အမျိုးသားသစ်တောကြိုးဝိုင်းတွေ၊ ရှားပါးသားရိုင်းတိရိစ္ဆာန်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တနင်္သာရီတိုင်းဟာ အခုအခါမှာတော့ တရားမဝင် သတ္တုမိုင်းတွေ ပွထပြီး အလှပျက်လို့ နေပါပြီ။ သဘာဝပတ်ဝန်းကျင်သာမက ဒေသခံတွေရဲ့ လူမှုဘဝတွေလည်း ပျက်စီးလာနေပါပြီ။ဒီလုပ်ငန်းတွေ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလဲ၊ ဘယ်သူတွေ ဒီလုပ်ငန်းကနေ အမြတ်ထွက်နေလဲ။ ဒီအကြောင်းကို စုံစမ်းရေးသားထုတ်ဖော်ထားတဲ့ Dawei Watch သတင်းဌာနဟာ အာရှသတင်းစာထုတ်ဝေသူများအသင်းရဲ့ ၂၀၂၆ ခုနှစ် ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။တနင်္သာရီတိုင်းအတွင်း ဆိုးဆိုးဝါးဝါး ပျံ့နှံ့နေတဲ့ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေအကြောင်း Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဆန်းမင်းနဲ့ ဧရာဝတီ အမှုဆောင်အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။#မြန်မာ #ဧရာဝတီ #တနင်္သာရီ #သတ္တုမိုင်း #သစ်တောကြိုးဝိုင်း #ရှားပါးသားရိုင်း #တိရိစ္ဆာန် #သဘာဝပတ်ဝန်းကျင် #DaweiWatch #ဦးကျော်ဆန်းမင်း #WhatsHappeningInMyanmar

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အမေရိကန်ရဲ့ Economic D-Day ကို အီရန်ဘယ်လိုတုန့်ပြန်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ရေဒီယို သတင်းစာဆရာ အယ်ဒီတာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

ပိုမိုကြံ့ခိုင်ကောင်းမွန်တဲ့ မြန်မာ့ကျန်းမာရေးစနစ် ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးကျောင်းရဲ့ ပူးတွဲဒါရိုက်တာ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာမြတ်ထူးရာဇတ်က ဆွေးနွေးတင်ပြထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်၏မော်စကိုသွားတောလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ထိုင်းခရီးစဉ်အပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံက တောင်းဆိုထားတဲ့ အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကို ပယ်ချလိုက်ရုံတင်မက မြန်မာ့အရေး အထူးကိုယ်စားလှယ်တောင် ခန့်စရာ မလိုဘူးလို့ ထုတ်ပြန်ခဲ့တာဟာ အာဆီယံအသင်းကနေ မြန်မာနိုင်ငံ ထွက်သွားဖို့ စစ်အုပ်စုက ဦးတည်လိုက်တာလားလို့ မေးစရာဖြစ်လာပါတယ်။အာဆီယံကိစ္စအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ လတ်တလော ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့အပေါ် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နဲ့ ဧရာဝတီရဲ့ အမှုဆောင်အယ်ဒီတာ ကိုရဲနည်တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင် ပြန်တော့ ထိုင်းမှာ ဘာကျန်ခဲ့လဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်အဖြေကို ရှာဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးစကားပြောမှ ရမယ်လို့ သတင်းစာဆောင်းပါးရှင် ကိုနေသွင်ညိဏ်းက ဧရာဝတီရဲ့ ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပြောဆိုဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့ဘန်ကောက်ခရီးကဘယ်သူတွေဘာအမြတ်ထွက်လဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ကူညီဖို့ ခြေလှမ်းလှမ်းလာခဲ့တဲ့အပေါ် ပအိုဝ်းတိုင်းရင်းသား ဝါရင့် နိုင်ငံရေးသမား ဦးခွန်မြင့်ထွန်းက စနေသတင်းစကားဝိုင်းမှာ နေပြည်တော်စစ်အုပ်စုနဲ့ စကားပြောဆိုရေးထက် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာဖို့က ပိုအရေးကြီးတယ်လို့ ပြောပြီး ထိုင်းနိုင်ငံအနေနဲ့ အားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "DKBA ၊ KNA နဲ့ BGF ခေါင်းဆောင်တွေကျားဖြန့်နဲ့ဖမ်းခံရနိုင်လား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လေဥဥနေသောမင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်း မှာ အမျိုးသမီးသတင်းထောက်တွေ ကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုအပါအဝင် လုပ်ငန်းခွင်ထဲက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း လွတ်လပ်သော သတင်းမီဒီယာကောင်စီ မြန်မာနိုင်ငံရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဒေါ်စုမြတ်နဲ့ ဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အာဆီယံရေးရာ ကျွမ်းကျင်သူ ကိုဝင်းမင်းနဲ့ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ဖတ်တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေအကြောင်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းကဆန္ဒပြပွဲနဲ့မြန်မာနိုင်ငံကစီးဆင်းလာတဲ့အဆိပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ရေးအခြေခံ မြန်မာ့စီးပွားရေးအပေါ် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နှင့် သုံးသပ်ဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ကြီးတရုတ်ကိုပေးလိုက်ရတော့မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ပွဲကြားက ရခိုင်ပြည်နယ်မှာ လူထုတွေ ဘယ်လို စားသောက်နေထိုင်နေကြသလဲ၊ ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရက သတင်းသမားတွေကို ဘယ်လို ဆက်ဆံသလဲ၊ မွတ်ဆလင် ရိုဟင်ဂျာတွေကို တော်လှန်ရေးအစိုးရက ဘယ်လိုကိုင်တွယ်နေလဲ စတဲ့ အကြောင်းအရာတွေအပေါ် ရခိုင်ပြည် အခြေစိုက် ဒီအမ်ဂျီသတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်မန်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထမနဲဂြိုဟ်တုနဲ့အာလူးဖုတ်သူများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ တရားဝင်အသိအမှတ်ပြုခံလိုက်ရတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစိုးရသစ်ဟာ အာဆီယံနဲ့ ကုလသမဂ္ဂတို့ဆီ နေရာပြန်ရယူရေး ခြေလှမ်းတွေ လှမ်းလာတာ၊ တဖက်မှာလည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စည်းလုံးညီညွတ်မှု မရှိသေးတာတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်ကအချက်ပေးခေါင်းလောင်းသံ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ) နဲ့ တရုတ်ပြည် ကူမင်းမြို့မှာ သူလျှိုမှုနဲ့ စွပ်စွဲပြီး အဖမ်းခံထားရတဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်နဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်အစိုးရက ISP-Myanmar အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကိုဘာကြောင့်ဖမ်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသမီးစာရေးဆရာတွေ ဖြစ်တဲ့ မသီတာ (စမ်းချောင်း) ၊ မွန်မွန်မြတ်တို့နဲ့ အမှတ်တရစကားဝိုင်း ဧရာဝတီက ဒီတပတ် တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ ပြောဆိုထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အိန္ဒိယကဈေးဦးဖောက်လိုက်တဲ့မင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ကွယ်လွန်သူဂီတအနုပညာရှင် ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင်နဲ့ အဖွဲ့က သီဆိုခဲ့တဲ့ အရေးကြီးပြီသီချင်းဟာ စစ်တပ်ပိုင် စစ်ချီသီချင်းဆိုပြီး စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံလိုင်းက လိမ်ညာထုတ်လွှင့်သွားတဲ့အပေါ် မြန်မာ့ခေတ်ပေါ်ဂီတကို လေ့လာသူတဦးဖြစ်သူ ကိုငြိမ်းချမ်းအေးနဲ့ ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာဟာဘယ်နိုင်ငံရဲ့ခြေကုပ်စခန်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ရေဒီယို သတင်းစာဆရာ အယ်ဒီတာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၇ နှစ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်း တည်ထောင်သူတဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက အသင်းဖွဲ့စည်းတည်ထောင်ဖြစ်ပုံ၊ အသင်းရဲ့ နှစ်စဉ်ဆု ရွေးချယ်ရေး စံနှုန်းတွေနဲ့ အသင်းရန်ပုံငွေအကြောင်းတွေကို ပြောပြထားပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာအာဆီယံကထွက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီအပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရပ်သားအသွင်ယူ သမ္မတ ဦးမင်းအောင်လှိုင် တကယ်အကောင်အထည်ဖော်နိုင်မလား ဆိုတဲ့အပေါ် စာရေးဆရာ၊ အယ်ဒီတာ တင်မောင်သန်း (သင့်ဘဝ) ရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထရမ့်နဲ့ရှီတို့ရဲ့ထိပ်သီးဆွေးနွေးပွဲမြန်မာအတွက်ဘာထူးသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဝင်လာတော့မှာဖြစ်ပြီး အဲဒီအကြို တရုတ်ဦးစီးတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှောင်လွှဲမရဘူးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ဒီတပတ်စနေသတင်းစကားဝိုင်းမှာ သတိပေးလိုက်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ကသူ့ကိုယ်သူယုံကြည်မှုမရှိဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ ရေဒီယို သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အညာစစ်မျက်နှာက အခုထိ လက်နက်ကိုင်နွေဦးတော်လှန်ရေးမှာ အရေးပါတုန်းလား၊ အာရက္ခတပ်တော်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီမှာ ဘာလို့ မပါလဲ၊ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ အာဏာရှင်လက်သစ် ဦးမင်းအောင်လှိုင် ဘာတွေတူလဲ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မှာလားစတဲ့အကြောင်းအရာတွေအပေါ် ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံရေးသုတေသီ ကိုရဲမျိုးဟိန်းရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဃာတနဲ့ဖိတ်ခေါ်တဲ့အာဏာသိမ်းသမ္မတရဲ့ရက်၁၀၀အစီအစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့် လွတ်လာအပြီး မြန်မာ့နိုင်ငံရေး ဘယ်ဆီဦးတည်နေလဲ၊ တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ စတဲ့အကြောင်းတွေ စာရေးဆရာတင်မောင်သန်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။#ဧရာဝတီ #စနေသတင်းစကားဝိုင်း #သမ္မတ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #တင်မောင်သန်း

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်ဘယ်တော့လွတ်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်သံစီးရီး၊ ထိုင်းနိုင်ငံရောက် သရုပ်ဆောင်ဘဝနဲ့ မြန်မာရုပ်ရှင်အပေါ် သူ့အမြင်တွေအကြောင်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လူထုထောက်ခံမှုမရှိတဲ့သမ္မတ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ အေအိုင်တို့ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ၊ ဒီနေ့ခေတ်လူငယ်တွေက လူကြီးတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးပြောဆိုထားကြတာ နားဆင်နိုင်ပါတယ်။

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နွေဦးတော်လှန်ရေးထဲ ထင်ရှားသူ ၂ ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ပူးတွဲတည်ထောင်ထားတဲ့ Our Trees Education Foundation တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်းအကြောင်း ဧရာဝတီကို ပြောပြထားတာ နားဆင်နိုင်ပါတယ်။ ပဋိပက္ခဒေသတွင်းက ပညာရှာလိုသူ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်တည်ထောင်ထားတာလို့ သူတို့က ပြောပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်သမ္မတဖြစ်တော့နိုင်ငံတကာကဘယ်လိုတုန့်ပြန်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းအစီအစဉ်မှာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ အင်္ဂလိပ်ဘာသာနဲ့ ထွက်လာတော့မယ့် Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်ကို ရေးသားသူ ဒေါ်မွန်မွန်မြတ်နဲ့ ဆွေးနွေးပြောဆိုထားတာ နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်ပဲဖြစ်ဖြစ်၊သမ္မတဖြစ်ဖြစ်အာဏာဆက်ယူထားမယ်ဆိုတာမြင်နေရပြီ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုမူတွေနဲ့ ငြိမ်းချမ်းရေးစကားပြောမလဲ ဆိုတာ စာရေးဆရာ တင်မောင်သန်း သင့်ဘဝရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။