အာရ်အက်ဖ်အေက နေ့စဉ် မနက်ပိုင်းနှင့် ညနေပိုင်းတွင် နာရီဝက်စီ ထုတ်လွှင့်နေသည့် ရေဒီယို အသံလွှင့် အစီအစဉ်များတွင် နောက်ဆုံးရသတင်းနှင့် ဆောင်းပါးများကို နားဆင်နိုင်ပါသည်။
- ပဇီကြီးရွာကို စစ်ကောင်စီ စွမ်းအားပြင်း မီးလောင်ဗုံးကြဲချခဲ့ဟု HRW ပြောကြား - ရေဦးမြို့နယ် အထက်တန်းကျောင်း ဗုံးကြဲဖျက်ဆီးခံရ - လေကြောင်းတိုက်မှုကြောင့် ၂ လအတွင်း ချင်းပြည်သူ ၂၄ ဦးသေဆုံးဟု CNF ပြောကြား - ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ - ထိုင်းနိုင်ငံံရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်း - ကရင်တိုင်းရင်းသားဘာသာအစီအစဉ် …စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- မြန်မာ့အရေး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အာဆီယံထိပ်သီးညီလာခံမှာ သတိပေး - စစ်ကောင်စီ ရာဇဝတ်မှုတွေကို ထိရောက်စွာ အရေးယူဖို့ ကုလ နဲ့ နိုင်ငံတကာကို CRPH တောင်းဆို - အာဆီယံသံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှု နိုင်ငံတကာ ပြင်းပြင်းထန်ထန် ရှုတ်ချ - မြန်မာနိုင်ငံတဝန်း အပူချိန်မြင့်တက်မှုဒဏ် ဆိုးဆိုးရွားရွား ခံနေရ - ဖားကန့်မှာ လေးလအတွင်း အရပ်သား ၇ဝဝ ကျော် ဖမ်းဆီးခံရ - လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အတင်းကျပ်ဆုံး ဖိနှိပ်ခံနေရ ....စတာတွေ နဲ့ အတူ နောက်ဆုံးရသတင်းများ
- အာဆီယံ သံတမန်ယာဉ်တန်းကို PNLO ကမတိုက်ခိုက်၊ - အကြမ်းဖက်မှုရပ်ဆိုင်းဖို့ အင်ဒိုသမ္မတ တိုက်တွန်း၊ - မြန်မာနဲ့ ပတ်သက်နေတဲ့ အင်တာနက်မသမာမှု ကမ္ဘာမှာ ပျံ့၊ - ကရင်နီ တိုင်းရင်းသားဘာသာ အစီအစဉ်၊ …စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဆီဆိုင်မြို့နယ်မှာ အာဆီယံသံအရာရှိတွေပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရ၊ - မိုချာဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကိုဝင်ရောက်နိုင်၊ - အာဏာသိမ်းပြီးနောက် ရှမ်း-ကယားဒေသမှာ အရပ်သား ၄၅၂ ဦးသေဆုံး၊ - ကျောက်ထုအမြောက်တပ်ကာကွယ်ရေးကြောင့် အရပ်သားတွေသေဆုံး ဒဏ်ရာရနေ၊ ……… စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာ့အရေး အဓိက ဆွေးနွေးမည်၊ - ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်လို့ ကြိုတင်ပြင်ဆင်ထားသင့်၊ - ချားလ်စ်ဘုရင်ဆီရှောင်တာနဲလ် မြန်မာ့အရေးတင်ပြခဲ့၊ - မြင်းမူ၊လက်ထုတ္တောရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံရ၊ - ဆားလင်းကြီးမှာတရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြ၊ - ချောင်းဦးမှာကာကွယ်ရေးအဖွဲ့ဝင်ခုနစ်ဦးနဲ့ ဒေသခံသုံးဦး သတ်ဖြတ်ခံရ၊ - စိုပြေမပြောချင်ဘူးအစီအစဉ်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး အိမ် ၃၃ လုံးပျက်စီးတဲ့သတင်း။ - စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ချမ်းသာရွာ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်တဲ့ သတင်း။ - မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာနေရသူဦးရေ ၂ သန်းနီးပါးရှိနေပြီလို့ UNOCHA က ထုတ်ပြန်တဲ့သတင်း၊ - အာဆီယံက မြန်မာနိုင်ငံသားတွေကို ကူညီဖို့ စာရင်းပြုစုနေတဲ့ သတင်းတွေနဲ့အတူ - စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းခန့်ကို ခြေမှုန်းနိုင်ခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်တဲ့သတင်းဆောင်းပါး၊ ဘိန်းဘုရင်မ အော်လစ်ယန်း အကြောင်း နဲ့ - ဧရာဝတီမြစ်ပျက်စီးယိုယွင်းမှုဆိုင်ရာ ဆောင်းပါးတွေနဲ့ - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် အပါအဝင် နောက်ဆုံးရသတင်းများ။
- နိုင်ငံသားအခွင့်အရေး မရရင် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေပြော - အရာတော်မှာ စစ်ကြောင်းထိုးလို့ ရွာခြောက်ရွာက ဒေသခံခြောက်ထောင်ကျော် ထွက်ပြေးရ - ထီးချိုင့်မှာ စစ်ကြောင်းထိုးလို့ ဒေသခံနှစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးရ - အာဏာရှင်စနစ်ကို ဆက်လက်တိုက်ဖျက်ဖို့ KNU ထပ်ပြီးအတည်ပြု - ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းနှစ်လောင်းထပ်တွေ့ - အာဏာသိမ်းစစ်တပ်ထောက်ခံတဲ့ တရုတ်နိုင်ငံ ရဲ့ အန္တရာယ်အကြောင်း စကားဝိုင်း။
- NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အင်ဒိုနီးရှားအစိုးရတို့ကြား ၂ဝ၂၁ ခုနှစ်ကစပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း - ကိုဗစ်ရောဂါ အရေးပေါ်အခြေအနေသတ်မှတ်မှုကို WHO ကရုပ်သိမ်းလိုက်တဲ့ သတင်း - ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီက ရွာသား ၁ ဦး ကိုသတ်ဖြတ်ပြီး တချို့ကို ဆိုးဝါးစွာ နှိပ်စက်ညှင်းပမ်းခဲ့တဲ့သတင်း - ချင်းပြည်နယ် ဟားခါးမြို့မှာ ခရစ်ယန်ဘုရားကျောင်းနဲ့ နေအိမ်တွေ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့သတင်း - အမျိုးသမီးတော်လှန်ရေးသမားတဦး ခဲယဉ်းပင်ပမ်းလှတဲ့ စစ်ပညာလေ့ကျင့်မှုအောင်ပွဲ ဆောင်းပါးနဲ့အတူ - မွန်တိုင်းရင်းသားဘာသာအစီအစဉ် အပါအဝင် နောက်ဆုံးရသတင်းများ။
- ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ ပထမဆုံးအကြိမ် မောင်တောမြို့နယ်ကို လာရောက်ကြည့်ရှ - မြန်မာ့အရေးပြေလည်ဖို့ တိတ်တဆိတ်ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှားပြော - လေးလအတွင်း စစ်ကောင်စီတပ်ဌာနချုပ်နဲ့ စခန်းတွေကို အကြိမ် ရ၀ တိုက်ခိုက်ခဲ့ - ကန့်ဘလူမှာ ရွာငါးရွာက နေအိမ် ၈၀ ကျော် မီးရှို့ခံရ - ဟားခါး ဗန်တလန်းရွာ လေကြောင်းနဲ့ဗုံးကြဲခံရ - အပူရှိန်ကြောင့် ရန်ကုန်တိုင်း ဒလမြို့နယ်ရေခန်းခြောက်မှုပိုဆိုးလာ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဧပြီတစ်လအတွင်း အဆောက်အအုံ ၄၀၀၀ ကျော် မီးရှို့ခံရ၊ - စစ်ကောင်စီကျင်းပမယ့် အကယ်ဒမီပွဲ ဆန့်ကျင်ရေး ဆန္ဒပြ၊ - စစ်ကောင်စီကို ဂျပန်က အရေးယူနိုင်ဖွယ်မရှိ၊ - သောတရှင်တွေ ရင်ဖွင့်လာတဲ့ RFA ပေးစာပြန်စာ - ရှမ်းတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ
- နေပြည်တော်က လုံခြုံရေးကင်းဂိတ် ဗုံးနဲ့တိုက်ခိုက်ခံရ၊ - ချောင်းဦးမြို့နယ် ဥပဒေမဲ့သတ်ဖြတ်မှု အရေးယူမယ်လို့ NUG ထုတ်ပြန်၊ - ၂၀၂၃ မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပိုများလာ၊ - CDM ဝင်တဲ့ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခံရတယ်လို့ တပ်တွင်း ဝါဒဖြန့်ထား၊ - လေးလအတွင်း စစ်ဘေးဒုက္ခသည် စံချိန်တင်တိုးလာ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- နယ်စပ်ကငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း၊ - လားရှိုးက ဒုစရိုက်သမားတွေကို ကိုးကန့်တပ်ဖွဲ့ သေဒဏ်စီရင်၊ - တော်လှန်ရေးအင်အားစု စစ်သည်ဦးရေ စစ်ကောင်စီထက်များကြောင်း NUG ပြောကြား၊ - တူမီးနဲ့စခဲ့တဲ့ ချင်းတောင်ကတော်လှန်တိုက်ပွဲ၊ - ချင်းတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ
- ၅၀၅-က ပြစ်ဒဏ်ကျ အကျဉ်းသား ၂၁၅၃ ဦး လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာ - သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကို သေဒဏ်က လွတ်ငြိမ်းခွင့်ပေး - ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန် အယူခံ ပယ်ချခံရ - ဧပြီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၅ ဦးသေဆုံးခဲ့ - မြန်မာသတင်းမီဒီယာတွေ ဆက်လက်ဖိနှိပ်ခံနေရ ...စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။
- မြန်မာစစ်ခေါင်းဆောင်ကို ဗြိတိန် ချားလ်ဘုရင်နန်းတက်ပွဲ မဖိတ်ကြားတဲ့သတင်း - အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားတဲ့သတင်း - KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌသစ်အဖြစ် ပဒို စောကွယ်ထူးဝင်းကို ရွေးချယ်လိုက်တဲ့သတင်း - ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတဲ့အကြောင်း ဆောင်းပါးနဲအတူ - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။
- တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ၊ - မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်၊ - မြန်မာပြည်သူ ၁၇ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ၊ - အာဏာသိမ်းနှစ်နှစ်အတွင်း ကလေးသူငယ်လေးရာနီးပါးအသက်ဆုံးရှုံးရ၊ - ရိက္ခာသယ်ယူမှု ကန့်သတ်ခံရလို့ ကရင်နီဒုက္ခသည်တွေ အခက်အခဲတွေ့နေ၊ - စစ်ကောင်စီကိုထောက်ပံ့နေတဲ့ ဘီယာကုမ္ပဏီတွေပြန်ထွက်ဖို့ တောင်းဆိုနေ၊ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- မြန်မာ့အရေး အမြန်ဖြေရှင်းလို့ မရနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား၊ - စစ်အာဏာသိမ်းချိန်ကစ KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင် ငါးသိန်းကျော်ရှိ၊ - စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းရောက် မြန်မာတွေ ရန်ပုံငွေရှာ၊ - နေစရာဤမြေကမ္ဘာ ကဏ္ဍ၊ - ကရင်နီ တိုင်းရင်းသားဘာသာ အစီအစဉ်၊ …စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။
- အလုပ်သမားတွေ ပုံသဏ္ဌာန်မျိုးစုံနဲ့အခွင့်အရေးချိုးဖောက်ခံနေရ၊ - ဘန်ကောက်ကမြန်မာအလုပ်သမားတွေ စစ်ပြေးဒုက္ခသည်တွေအတွက်ရန်ပုံငွေရှာ၊ - ကန့်ဘလူမြို့နယ်မှာ အိမ် ၂၀၀ ကျော်မီးရှို့ခံရပြီး တစ်ဦးအသတ်ခံရ၊ - ခင်ဦးမြို့နယ် မြို့သစ်ရွာမှာ အိမ် ၄၀၀ ကျော်မီးရှို့ခံရ၊ - နှစ်နှစ်ကျော်အတွင်း ကယားနဲ့ရှမ်းပြည်တောင်ပိုင်းမှာ အရပ်သား ၄၅၂ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် ၂၅၉ ဦးသေဆုံးခဲ့၊ - နိုင်ငံတစ်ဝန်းမှာ လေးလအတွင်း PDF တပ်ဖွဲ့ဝင် ၁၈၀ နီးပါးသေဆုံးခဲ့၊ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဧရာဝတီ မြစ်ဆုံရေနောက်ကျိလို့ လာရောက်သူမရှိသလောက် ရှားပါး၊ - စစ်ကောင်စီကို G-7 ညီလာခံက အရေးယူဖို့ ကုလအထူးသံတိုက်တွန်း၊ - အာရှက အန္တရာယ်အရှိဆုံးနိုင်ငံမှာ မြန်မာပါဝင်၊ - ပြည်ပ သတင်းမီဒီယာတွေက ပြောတဲ့ မြန်မာပြည်၊ - ကချင် တိုင်းရင်းသားဘာသာ အစီအစဉ်၊ …စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဘန်ကီမွန်းနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး မြန်မာ့အရေးဆွေးနွေး၊ - စစ်ကြောင်းထိုးလာလို့ ခင်ဦးနဲ့ကန့်ဘလူအစပ်က ဒေသခံငါးထောင်ခန့် ထွက်ပြေးရ၊ - မူဆယ်နယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ယာယီပိတ်၊ - နိုင်ငံ့အရေး ကျရာနေရာကပါဝင်ပေးနေတဲ့ ပြည်ပရောက် မြန်မာလူငယ်များ၊ - “ဟ ဟ ပါပဲ” အစီအစဥ်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဗိုလ်မှူးဟောင်းတစ်ဦး ရန်ကုန်မြို့မှာ သတ်ဖြတ်ခံရတဲ့ သတင်း - ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုသတင်းပေး ၄ ဦးကို NUG အစိုးရက ဖမ်းဆီးလိုက်တဲ့သတင်း - ဒီမောဆိုမြို့နယ်လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံ ၂ ဦး ဒဏ်ရာရတဲ့ သတင်း - စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတဲ့ သတင်းဆောင်းပါး - အမေရိကန်အစိုးရရဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။
- ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရမှု ဒေသခံ ၂၀ ကျော်ဖမ်းဆီးခံထားရ - ပဇီကြီးရွာတိုက်ခိုက်ခံရမှု သတင်းပေးဆိုသူလေးယောက်ကို NUG ဖမ်းမိ - ရေးမြို့အဝင်လုံခြုံရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက် - RFA စကားဝိုင်း … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ထောင်ဒဏ်တစ်သက်ချခံထားရတဲ့ ဗကသကျောင်းသားကို စစ်ကောင်စီ သေဒဏ်အမိန့်ထပ်ချ၊ - KIA လွှတ်တဲ့ PDF တပ်ရင်းမှူးသတ်ဖြတ်ခံရ၊ - နယူးဒေလီဆွေးနွေးပွဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်ဟု အမေရိကန်ပါမောက္ခပြော၊ - လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရန်ကုန်မြို့လူထု၊ - မွန်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။
- စစ်ကောင်စီကိုဖိအားပေးဖို့ ကုလအထူးကိုယ်စားလှယ် ဂျပန်ကိုတိုက်တွန်း - မြန်မာ့အရေးမှာ တရုတ် ဝင်ရောက်စွက်ဖက်မှု ပိုထင်ရှားလာ - မဆွပ်ယန်မှာ လူတစ်ရာလောက်အဖမ်းခံရ - ဝက်လက်မှာလေကြောင်းကနေအတိုက်ခံရလို့ အိမ် ၂၀၀ လောက်ပျက်စီး - စစ်အာဏာသိမ်းမှုကြောင့် နှစ်ဖက်သတ်ဖြတ်ခံရသူ ရှစ်ထောင်ကျော်ရှိလာ - လူမရှိတော့တဲ့ ထယ်လှော်ရွာ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဖားကန့် မှော်ပုံရွာမှာ ဖမ်းဆီးခံထားရသူ ၂၀၀ နီးပါးထဲက ၅၀ ခန့် ပြန်လွတ် - ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ - ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းဗုံးကြောင့် ၁၉ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ - ထိုင်း ဒု-ဝန်ကြီးချုပ်ခရီးစဉ်အပြီး နယ်စပ် ဒီမိုကရေစီအင်အားစုတွေ ပိုခက်ခဲလာနိုင် - ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ ခက်ခဲတဲ့အိမ်ပြန်ခရီး ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ
- ဖားကန့် မှော်ပုံရွာမှာ ဖမ်းဆီးခံထားရသူ ၂၀၀ နီးပါးထဲက ၅၀ ခန့် ပြန်လွတ် - ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ - ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းဗုံးကြောင့် ၁၉ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ - ထိုင်း ဒု-ဝန်ကြီးချုပ်ခရီးစဉ်အပြီး နယ်စပ် ဒီမိုကရေစီအင်အားစုတွေ ပိုခက်ခဲလာနိုင် - ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ ခက်ခဲတဲ့အိမ်ပြန်ခရီး ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ
- မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်သား အနည်းဆုံး၂၀ သေဆုံး၊ - တော်လှန်ရေးမှာ အခက်အခဲနဲ့ အတူ လှူဒါန်းမှုလည်းများလာ၊ - ရွှေဝါရောင်တော်လှန်ရေးမှာ ဆုံးပါးရတဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာ၊ - The Elders အဖွဲ့ကြိုးပမ်းမှု အောင်မြင်နိုင်ပါ့မလား၊ - ချင်း တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။
- မြန်မာ့အရေးစေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းတဲ့ လျှို့ဝှက်အစည်းအဝေး အိန္ဒိယမှာပြုလုပ်ခဲ့ - မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန် - ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်း စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေ - နှစ်နှစ်ကျော်အတွင်း အိမ်ပေါင်း ရ၅၁ လုံး စစ်ကောင်စီချိတ်ပိတ်သိမ်းဆည်း - ကချင်ပြည်နယ်မှာ သယံဇာတတူးဖော်မှု ၁၀ ဆလောက်ပိုများလာ စတဲ့သတင်းနဲ့ဆောင်းပါးတွေတင်ပြမှာဖြစ်ပါတယ်။
- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံပွဲကို NUG သမ္မတ ရှုတ်ချတဲ့သတင်း - KNU ကွန်ဂရက်ကနေ ဗဟိုကော်မတီအပြောင်းအလဲဖြစ်ပေါ်နိုင်မယ့်အလားအလာ - ဖယ်ခုံမြို့နယ်က အရပ်သားဆေးခန်း လေကြောင်းတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရတဲ့သတင်း - ချင်းကာကွယ်ရေးတပ်ဖွဲ့ကို AA ဆက်လက်ကူညီမယ့်သတင်းနဲ့အတူ - စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံတကာသွားရောက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့သုံးသပ်ချက်၊ - အာဏာရှင်စနစ်မုချကျဆုံးတော့မယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြောကြားချက်နဲ့အတူ - ကရင်တိုင်းရင်းသားအစီအစဉ်အပါအဝင် နောက်ဆုံးရ မြန်မာနဲ့ အာရှတလွှားက သတင်းများ။
- အကြမ်းဖက်မှုချက်ချင်းရပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တောင်းဆို - ဖယ်ခုံနဲ့ ပင်လောင် းကြား တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ - မင်းတပ်မှာ နှစ်နှစ်အတွင်း တိုက်ပွဲ ၂၁၈ ကြိမ်ဖြစ်၊ ကာကွယ်ရေးတပ်ဖွဲ့၀င် ၅၅ ဦးသေဆုံး - ဖားကန့်မှာ စစ်ကောင်စီက ပြည်သူ ၂၀၀ ဝန်းကျင်ကို ဖမ်းဆီးထား - နှစ်နှစ်အတွင်း လွတ်ငြိမ်းခွင့်ရသူ ခုနစ်သောင်းမှာ နိုင်ငံရေးအကျဉ်းသား ၃ ရာခိုင်နှုန်းကျော်သာပါ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ
- ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံ - မစ္စတာ ဘန်ကီမွန်းခရီးစဉ်အပေါ် NUG နဲ့ ဆက်သွယ်မေးမြန်းချက် - မြန်မာ့မီးရထားဝန်ထမ်း ၂ဝဝ ကျော်ကို အမည်ပျက်စာရင်း NUG သွင်း - ခရမ်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော်ရောက်နေ၊ - ပဇီကြီးရွာနားမှာ စစ်ကောင်စီတပ်ကို လေကြောင်းကမှားယွင်းပစ်ခတ်ခဲ့၊ - နောင်ချိုတိုက်ပွဲမှာ အရပ်သားလေးဦးသေဆုံးပြီး ၆၀၀၀ ဝန်းကျင်ထွက်ပြေးနေရ၊ - ကျောက်ဖြူက မွတ်စလင်ဒုက္ခသည်စခန်း အပြီးရွှေ့ဖို့ဖိအားပေးခံထားရ၊ စတဲ့သတင်းနဲ့ဆောင်းပါးတွေထုတ်လွှင့်မှာဖြစ်ပါတယ်။
- ဖားကန့် KTV မှာ စစ်ကောင်စီ ဗိုလ်မှုးအပါအဝင် ငါးဦး အသတ်ခံရ၊ - PDF လူငယ်တွေကို TNLA စစ်သင်တန်းပို့ချ၊ - ရွှေဘိုဆိပ်ခွန်ထည် ရက်ကန်းစင်တွေကို စစ်ကောင်စီက မီးရှို့လို့ ဘဝထူထောင်ရေးခက်ခဲ၊ - ထူးခြားဖြစ်စဉ် အာရှတစ်ခွင်၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ဝက်လက်မြို့ အောင်ချမ်းသာရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော်ထွက်ပြေးရ၊ - ညောင်လေးပင်ခရိုင်က စစ်ကောင်စီတပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ကြောင်း KNU ပြော၊ - ကိုဗစ်ကူးစက်မှု ပြန်များလာ၊ ငါးရက်အတွင်း အတည်ပြုလူနာ ၁၄၀ နီးပါးရှိ၊ - ပူပြင်းတဲ့ရာသီဥတုနဲ့ မိုးသက်လေပြင်းကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရ၊ - “စိုပြေ မပြောချင်ဘူး” ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ဒုညွန်ချုပ်သတ်ဖြတ်ခံရမှု - စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီပြစ်ခတ်မှုကြောင့်ပြည်သူ ၂ ဦးအသက်ဆုံးမှု - စစ်ကောင်စီဥက္ကဌ နဲ့ ထိုင်း ဒုဝန်ကြီးချုပ်တွေ့ဆုံပွဲ - မြန်မာအာဏာရှင်ဟောင်းတွေကို တရုတ်ကွန်မြူနစ်ပါတီ အရာရှိလာရောက်တွေ့ဆုံမှု - အနုပညာသမားတချို့ လူထုကိုကျောခိုင်းပြီး ဘက်ပြောင်းမှု - မြန်မာပြည်က ကလေးများအစီအစဉ်နဲ့ - ရခိုင်တိုင်းရင်းသားအစီအစဉ် အပါအဝင် နောက်ဆုံးရသတင်းများ
- စစ်ကိုင်း အင်းစရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ - မြဝတီမြို့အနီးကို စစ်ကောင်စီတပ် လေကြောင်းရောမြေပြင်ကပါ ပစ်ခတ်ခဲ့ - ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ ရှုတ်ချ - လယ်ဝေးမှာ လေဆင်နှာမောင်းကြောင့် ရှစ်ဦးသေဆုံးပြီး နေအိမ် ၂၃၂ လုံးပျက်စီး - အာဏာသိမ်းမှုကြောင့် အနုပညာရှင်တွေ ပြည်ပကိုထွက်ခွာရတာ နိုင်ငံအတွက်ဘယ်လို နစ်နာစေသလဲ ....စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ။
-ပဇီကြီးကို ဘာကြောင့်ထပ်မံတိုက်ခိုက်သလဲ - မြဝတီတိုက်ပွဲ စစ်ကောင်စီ အထိနာ - တနင်္သာရီတိုင်းမှာ ဒုက္ခသည်တိုးပွား -မွတ်ဆလင်ဒုက္ခသည်တွေ ကျောက်ဖြူစခန်းက ပြောင်းရွှေ့ဖို့ ဖိအားပေးခံရ -အမျိုးသမီးကဏ္ဍနဲ့ မွန်တိုင်းရင်းသားဘာသာ အစီအစဉ် အပါအဝင် နောက်ဆုံးရသတင်းများ
- ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ - ရွှေကူမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးသတ်ဖြတ်ခံရပြီး အိမ်တစ်ထောင်နီးပါးမီးရှို့ခံရ - မြန်မာ့အရေးမှာ လုံခြုံရေးကောင်စီကိုစိတ်ပျက်နေကြ - အာဏာသိမ်းပြီးနောက် ပျော်ရွှင်စရာကင်းမဲ့သွားတဲ့သင်္ကြန် စတဲ့သတင်းနဲ့ဆောင်းပါးတွေတင်ပြမှာဖြစ်ပါတယ်။
- ကော့ကရိတ် မြဝတီလမ်းပေါ်က တိုက်ပွဲတွေကြောင့် ဒုက္ခသည်ထောင်ချီများပြား - မြန်မာကို လေယာဉ်ဆီတင်ပို့ရာမှာ မကူညီဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို - စစ်ကောင်စီကို နိုင်ငံခြားအရက်ကုမ္ပဏီတချို့ ဒေါ်လာသန်းချီ အခွန်ပေးဆောင်နေ - သဲကုန်းမြို့နယ်က နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ အပါအဝင် သတင်းနဲ့ဆောင်းပါးတွေကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
- ပဇီကြီးရွာတစ်ဝိုက်လူငါးထောင်ကျော်ထွက်ပြေးရပြီး လေကြောင်းကနေထပ်တိုက်ခံရ - နောင်ချိုမှာ ဒေသခံ ၄၀၀၀ ကျော်ထွက်ပြေးနေရ - မြင်းခြံမှာ မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရတာ တနှစ်ခွဲကျော်ရှိနေ - မြိုင် မကြီးကန်ရွာဆေးရုံဖျက်ဆီးခံရပြီး ကလေးတစ်ဦးအသတ်ခံရ - ရန်ကုန်မှာ ဗုံးပေါက်ကွဲလို့ ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ စတဲ့သတင်းနဲ့ဆောင်းပါးတွေတင်ပြမှာဖြစ်ပါတယ်။
- နိုင်ငံတကာလှည့်စားရန် ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလက်ခံလို့ သုံးသပ်ကြ၊ - ပြည်သူ့ရင်ခွင့်အဖွဲ့ကို ဆက်သွယ်လာတဲ့ စစ်သား၊ ရဲနဲ့ ဝန်ထမ်းတွေများလာ၊ - စစ်ကိုင်းတိုင်၊ ခင်ဦးမြို့နယ်က ဒေသခံနှစ်သောင်းကျော် ထွက်ပြေးနေရ၊ - စစ်ကြောင်းဝင်သွားတဲ့ ရွှေကူမြို့နယ်၊ စီသာရွာက ဒေသခံ ၁၀ ဦးအသတ်ခံခဲ့ရ၊ - ချင်းတိုင်းရင်းသားဘာသာ အစီအစဉ်၊ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၃ ဧပြီ ၁၉ ရက် ညပိုင်း) - ကန့်ဘလူမြို့ ပဇီကြီးအပါအဝင် ရွာရှစ်ရွာက ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ - ခရမ်းမြို့မှာ လဝကရုံးတိုက်ခိုက်ခံရပြီး သံသယနဲ့ဖမ်းဆီးခံရသူ ၄၀ ကျော်လာ - မြိုင်မြို့ နယ် ရွာနှစ်ရွာက ဒေသခံ ၃ဝ ကို စစ်ကောင်စီတပ် ဖမ်းဆီးထား - နိုင်ငံရေးလှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရဆဲ - ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုပိုများလာ ...စတာတွေ နဲ့ အတူ နောက်ဆုံးရ သတင်းများ။
- ကပစ စက်ရုံတွေကို NUG ပစ်မှတ်ထားတိုက်ခိုက် - ပဇီကြီးရွာတိုက်ခိုက်မှု G7 ထိပ်သီးနိုင်ငံတွေ ရှုတ်ချ - သထုံမှာ ရဲစခန်းနဲ့ ခြေမြန်တပ်ရင်းကို PDF တိုက်ခိုက် - ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရ - ရွှေကူမှာ နေထိုင်တစ်ထောင်ခန့် မီးရှို့ခံရ … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- စစ်အာဏာရှင် အပြီးသတ်ချေမှုန်းရေး အရေးကြီးဆုံးလို့ အမေရိကန်စစ်တပ် အငြိမ်းစားဗိုလ်မှူးကြီး ပြော၊ - မြဝတီမြို့နယ် မဲကနယ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ၊ - မင်းတပ်မြို့ပန်းပါရွာ လေကြောင်းနဲ့အပစ်ခံရလို့ ကလေးငယ်အပါအဝင် သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ၊ - ဖားကန့်မှာ အသတ်ခံရတဲ့ ရွာသား ၉ ယောက် အမှုမှန် အမြန်ပေါ်ဖို့ မိသားစုတွေမျှော်လင့်၊ - မြန်မာဘက်မှာ နိုင်ငံသားသုံးဦးအသတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကို အိန္ဒိယပိတ်ထား၊ - မြန်မာ့အရေး အင်ဒိုနီးရှား အသံတိတ်နေမှုအပေါ် ဝေဖန်ခံနေရ၊ ....စတာတွေ နဲ့ အတူ နောက်ဆုံးရ သတင်းများ။
- စစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးသာပါဝင် - ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာဆမ်ဆွန်ကို လွှတ်ပေးဖို့ အမေရိကန်တောင်းဆို - မြန်မာ့အရေးဆွေးနွေးဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ဂျပန်သွားမည် - မြန်မာ့ပြည်သူတွေရဲ့ ှနစ်သစ်ကူးမျှော်လင့်ချက် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- မြန်မာပြည်ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီးဆုတောင်း၊ - အင်းစိန်ထောင်က ၂၃၀ ကျော်လွတ်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားမပါသေး၊ - ပဇီကြီးရွာသေဆုံးသူ ၂၀၀ ကျော်ရှိလာ၊ - ဂျပန်ရေနံနဲ့သဘာဝဓါတ်ငွေ့ကုမ္ပဏီလက်ခွဲတစ်ခု မြန်မာနိုင်ငံကထွက်တော့မယ့်သတင်း၊ - စစ်ကောင်စီက ရုရှားအကူအညီနဲ့ လေအားလျှပ်စစ်ထုတ်ဖို့ပြင်နေတဲ့အကြောင်းတွေ၊ အပါအဝင် ထူးခြားတဲ့သတင်းနဲ့ဆောင်းပါးတွေထုတ်လွှင့်မှာဖြစ်ပါတယ်။
- နှစ်ဆန်းတစ်ရက်နေ့မှာ မီးပိတ်သပိတ်မှောက်ကြဖို့တိုက်တွန်း - လုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီး အပြစ်တင်ဝေဖန် - စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ - မြန်မာပြည်သူတွေရဲ့ နှစ်သစ်မျှော်လင့်ချက် - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တရားမျှတမှုရရှိရေး NUG ကြိုးပမ်းမည်၊ - စစ်ကောင်စီကို လေယာဉ်ဆီနဲ့လက်နက်မရောင်းဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို၊ - တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်က ဒေသခံတစ်သောင်းနီးပါး နေရပ်မပြန်နိုင်သေး၊ - “ဟဟ ပါပဲ..” ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- လွိုင်ကော် ဗဟိုမဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်ကောင်စီကြေညာ၊ - ဘန်ကောက်သင်္ကြန်မှာ မြန်မာစစ်ခေါင်းဆောင်ကို လူငယ်တွေလှောင်ပြောင်ကြွေးကြော်၊ - စစ်ခေါင်းဆောင်ကို နာမည်ကျော် ၁ဝဝ စာရင်းမှာ TIME မဂ္ဂဇင်း ထည့်သွင်းဖော်ပြ၊ - မုံရွာက ဒေါင်းမျိုးဆက်သံချပ်၊ - ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- လူအစုအပြုံလိုက်သေဆုံးခဲ့တဲ့ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုကို KIO ပြင်းပြင်းထန်ထန်ရှုတ်ချ - နေပြည်တော် နိုင်ငံတော်ဧည့်ဂေဟာအနီးက ဓာတ်အားခွဲရုံ ဗုံးခွဲတိုက်ခိုက်ခံရ - ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး တိုက်ခိုက်ခံရ - သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုတွေ နဲ့ ထိခိုက်ဒဏ်ရာရမှုတွေ - လူအများဆုံး သေဆုံးရတဲ့ ပဇီကြီး ဗုံးကြဲတိုက်ခိုက်ခံရမှု ဆွေးနွေးပွဲ စကားဝိုင်း။
- မြန်မာ့အရေး တရုတ်နဲ့ပူးပေါင်းဖြေရှင်းလိုတယ်လို့ အမေရိကန်ပြော၊ - စစ်ကောင်စီနဲ့အထည်ချုပ်လုပ်ငန်းသစ် ရပ်ဆိုင်းဖို့ EU ကို တောင်းဆို၊ - အညာဒေသမီးလောင်ပြင်က သင်္ကြန်သံချပ်များ၊ - စစ်ကောင်စီကို ထပ်မံပိတ်ဆို့အရေးယူနိုင်ရေး ဇက်ခါရီ အဘူဇာ သုံးသပ်ချက်၊ - မွန်တိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။
- ပြည်သူတွေဘက်ကဆက်ထောက်ခံနေမယ်လို့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြေညာ - ကုလလုံခြုံရေးကောင်စီအစည်းအဝေးကိစ္စ သံအမတ်ဦးကျော်မိုးထွန်းနဲ့မေးမြန်းချက် - ကရင်နီဒုက္ခသည်စခန်းတွေမှာ လူ ၂၅၀ ခန့်ဝမ်းရောဂါဖြစ်နေ - စစ်ပွဲတွေခေတ္တရပ်နေတဲ့ရခိုင်ပြည်နယ်မှာ ရိုးရာသင်္ကြန်စည်ကား - သွေးသောက်အဖွဲ့လက်ချက်နဲ့သေဆုံးရတဲ့ပါတီဝင် ၅၈ ဦးရှိလာကြောင်း NLD ပြော စတဲ့သတင်းတွေနဲ့ ဆောင်းပါးတွေထုတ်လွှင့်မှာဖြစ်ပါတယ်။