Up-to-date news and current affairs in Burmese covering domestic and international news stories. Our coverage aims to reflect diverse opinions and offers in-depth analysis.
စက်တင်ဘာလ ၂ ရက်၊ စနေညချမ်း အတွက် လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ်တွေ -ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာ - ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ မြစ်ကြီးနားမှာ လက်နက်ကြီးသံတွေ ကြားနေခဲ့ရလို့ စစ်ဟာ ကချင်မြို့တော်ထိ ရောက်လာပြီလား စိုးရိမ်မှုတွေ ထွက်ပေါ် - စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်တွေထံက အခွန်ကောက်ဖို့ စစ်ကောင်စီ စိုင်းပြင်း -ထိုင်းအစိုးရသစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ လျာထားချက်ကို ထိုင်းဘုရင်က အတည်ပြု - နေကိုလေ့လာ စူးစမ်းသွားမဲ့ အိန္ဒိယရဲ့ အာကာသခြေလှမ်းသစ်၊ လမျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ အိန္ဒိယဟာ အခုလို အာကာသ စူးစမ်းလေ့လာရေး မစ်ရှင်ခရီးသစ်ကို ဆက်တိုက် လုပ်ဆောင်လာ - တရုတ်ပြည်မကြီးမှာ အိမ်ခြံမြေ စျေးကွက် အေးနေတဲ့ အတွက် အဲဒီနယ်ပယ်ထဲက လုပ်ငန်းကုမ္ပဏီတွေ အားလုံးပေါင်းလိုက်ရင် တင်နေတဲ့ ကြွေးမြီပေါင်း ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးထိအောင် ရှိနေ - အီတလီ အစိုးရက သူတို့ အနေနဲ့ တရုတ်အစိုးရရဲ့ ကမ္ဘာလွှမ်းခြုံ စီးပွားရေး မဟာဗျုဟာ စီမံကိန်း ဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းထဲက နုတ်ထွက်မယ့် အရိပ်အယောင်တွေ ထပ်ပြီး ပြသလာပြန် - ကမ္ဘာ့တင်းမာမှုတွေကို စစ်ရေးနည်းသုံး ဖြေရှင်းတာထက် ဆွေးနွေး အဖြေရှာတဲ့ နည်းကို အနာဂတ်မှာ ပိုသုံးလာကြမယ်ဆိုပြီး စစ်ဘုရင် ဂျင်ဂျစ်ခန် မွေးဖွားတဲ့ အနှစ် ၈၆၀ ပြည့် သရုပ်ပြပွဲ အူလန်ဘာတောမှာ တက်ရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား - အီရန်-အီရတ်ကြား ဆက်သွယ်မယ့် ရထားလမ်း စဖောက်တဲ့ ဖွင့်ပွဲကို အီရတ် ဝန်ကြီးချုပ်နဲ့ အီရန်ဒုသမ္မတ တက်ရောက် ..... စတဲ့ ထိပ်တန်း ပြည်တွင်းပြည်ပ သတင်းတွေ တင်ဆက်ထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
- တရားမဝင် ငွေလွှဲဟွန်တီသမားတွေကို ဖော်ထုတ် အရေးယူမယ်လို့ စစ်ခေါင်းဆောင် နေပြည်တော် အစည်းအဝေးမှာ ပြော - ဆန်ကို ပြည်ပပို့တာတွေ ဆိုင်းထားဖို့ ရှိနေ - အနမ်းခံရသူကို အရေးယူမယ်လို့ စပိန်ဘောလုံး အဖွဲ့ချုပ် ခြိမ်းခြောက် - ဗြိတိသျှပြတိုက်ကြီးရဲ့ ဒါရိုက်တာ ရာထူးကနုတ်ထွက်ပြီး၊ သူ့လက်ထောက် ရာထူးကနေ ဆိုင်းငံ့ - ဂျပန် နျူကလီယာစက်ရုံ ရေဆိုးစွန့်မှုကို တောင်ကိုရီးယားမှာ ဆက်လက် ဆန္ဒပြ - ယူကရိန်းကျေးရွာ ကဖေးဆိုင်ကို ရုရှားလက်နက်ကြီး ထိမှန်လို့ လူ ၂ ဦး သေဆုံး - အိန္ဒိယ၊ တမီလ်နာဒူးပြည်နယ်မှာ မီးရထားပေါ် မီးလောင်မှု ဖြစ်လို့ လူ အနည်းဆုံး ၉ ယောက် သေဆုံး - တရုတ် ဆောင်းရာသီ အိုလံပစ် အဖွဲ့ ခေါင်းဆောင် ဖမ်းဆီး စစ်ဆေးခံနေရ .... စတဲ့ ထိပ်တန်း ပြည်တွင်းပြည်ပ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3dhUMdA ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/2AjWc8C ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်
ယခုနှစ်အတွင်း ကချင် စစ်ရှောင် အိမ်ခြေ ၈၀၀လောက်ကို မူလနေရပ်ပြန်ပို့ပေး
ယူကရိန်းတောင်ပိုင်းက ခါဆွန်မြို့ကို ရုရှားတပ်တွေ ပြန်လည် သိမ်းယူဖို့ ကြိုးစား
တနင်္ဂနွေနေ့ မနက်ခင်း သတင်းများ ( ၂၉ ဇန်နဝါရီ၊ ၂၀၂၃) ရွှေဘိုမြို့နယ် မြင်းစီးရွာကို ပြည့်သူကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အခြေအနေဘယ်လိုရှိလဲ။ ကချင်ပြည်နယ်ထဲက မိုင်းနဲ့ လက်နက်ကြီး ထိမှန်တဲ့ခံရတဲ့ ဒေသခံတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ ချက်သမ္မတနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်ဟောင်း သမ္မတ ဖြစ်လာ။ ၂၀၂၄ ခုနှစ်မှာ ပြန်အရွေးခံဖို့ စည်းရုံးလှုပ်ရှားမှုတွေကို အမေရိကန် သမ္မတဟောင်း ထရမ့်စတင်။ အာဖဂန်နစ္စတန်မှာ အပူချိန်ကျဆင်းပြီး အအေးပိုလို့ သေဆုံးသူ ၁၆၀ကျော်ရှိ။ အက်ဖ်အေဖလားပြိုင်ပွဲရလဒ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
စနေနေ့ မနက်ခင်း သတင်းများ ( ၂၈ ဇန်နဝါရီ၊ ၂၀၂၃) နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်က ပါတီနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မလဲ။ ကရင်နီပြည်နယ်ကနေ ဆီဆိုင်ကို ရောက်လာတဲ့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။ ကြားနေမရှိဘူးဆိုတာ မြင်တွေ့ဖို့ ယူကရိန်း သမ္မတ ဇလန်စကီးက အိုလံပစ်ကော်မတီ အကြီးအကဲကို ရှေ့တန်းကို ဖိတ် နီပေါလက်ထောက်ဝန်ကြီးချုပ် နိုင်ငံသားမဖြစ်ဘူးဆိုပြီး ရာထူးကနေ ဗဟိုတရားရုံးက တားမြစ်။ ဘီဘီစီဖြစ်ရပ်မှန်ရုပ်သံကို ပြဖို့ ကြိုးစားတဲ့ အိန္ဒိယကျောင်းသားတွေကို ရဲကဖမ်းဆီး။ အက်ဖ်အေဖလား ပြိုင်ပွဲရလဒ်။ အလယ်တန်းလူ ခိုင်ဆဲလ်ဒိုကို အာဆင်နယ်က ပေါင် သန်း၆၀နဲ့ ခေါ်ဖို့ ကမ်းလှမ်းချက် ဘရိုက်တန် ပယ်ချ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သောကြာနေ့ မနက်ခင်း သတင်းများ (၂၇ ဇန်နဝါရီ၊ ၂၀၂၃) ခင်ဦးမြို့နယ်မှာ ဖွင့်လှစ်လိုက်တဲ့ အန်ယူဂျီ တရားရေးဝန်ကြီးဌာန တရားရေးအဖွဲ့ရုံးက ဘာတွေ လုပ်ဆောင်သွားမလဲ။ ဖားကန့်ကာမိုင်းနဲ့ မိုးကောင်းကြားက တိုက်ပွဲအခြေအနေ။ ရုရှားရဲ့ တရပ်စပ် ဒုံးနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ၁၁ဦးသေ၊ ၁၁ဦးဒဏ်ရာရ။ ထိုင်းမှာ အစာငတ်ဆန္ဒပြတဲ့သူတွေကို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ထောက်ခံကြောင်း ပြသ။ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ပြန်လုပ်နေပြီလို့ အိုင်စီစီပြော။ အာဖရိက ကျားသစ်တွေ အိန္ဒိယကို ပို့ပေးဖို့ တောင်အာဖရိက သဘောတူ။ ၂၀၂၂ ခုနှစ် ဘောလုံးကစားသမား အပြောင်းအရွှေ့ အင်္ဂလန် ကလပ်တွေက ပေါင် ၁.၇၈ ဘီလီယံသုံးတယ်လို့ ဖီဖာထုတ်ပြန်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
အမေရိကန်နိုင်ငံက သူ့ရဲ့ အေဘရမ် တင့်ကား ၃၁ စင်းကို ယူကရိန်း နိုင်ငံကို ပေးအပ်သွားမယ်
နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်ပြီး NLDပါတီ ဖျက်သိမ်းရေး စစ်ကောင်စီ လုပ်ဆောင်နေ
တင့်ကားတွေ ပံ့ပိုးပေးဖို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက တရားဝင် အကူအညီတောင်း
ပြင်သစ် နဲ့ ဂျာမနီနိုင်ငံက သမ္မတနဲ့ ဝန်ကြီးချုပ် တို့ တွေ့ဆုံ ခဲ့ကြပြီး ယူကရိန်း စစ်ပွဲ အရေးနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရ - ယူကရိန်း အစိုးရ အဖွဲ့ဝင် တစ်ယောက်ဒေါ်လာ လေသိန်း လက်ခံရယူ - ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီဌာနဆိုင်ရာတွေက လူဦးရေ စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းလုပ်သား အချို့ကတော့ စာရင်းပေးဖို့မဖြစ်နိုင်ဘူးလို့ ပြော - မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာဆေးရုံ တဝိုက်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့။ - စူပါ ဆန်းဒေး ပွဲမှာ အာဆင်နယ်တို့ မန်ယူကို အနိုင်ရ စတဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။
ဆိုမာလီထဲ အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ရှာဘတ် ၃၀ ဝန်းကျင်သေဆုံး - ဆိုမာလီထဲ အစ္စလာမ်မစ် လက်နက်ကိုင်တွေကို ပစ်မှတ်ထားပြီး အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ရှာဘတ် ၃၀ ဝန်းကျင်သေဆုံး - ဘရာဇီး သမ္မတ လူလာဒါဆေးလ်ဗားက စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးကို နေရာက ဖယ်ရှယ်ပြီး နောက်တစ်ယောက်နဲ့ အစားထိုး - တရားရေး အာဏာကို ကန့်သတ်ဖို့ ကြိုးစားတဲ့ အစ္စရေး လက်ျာစွန်းရောက် အစိုးရသစ်ကို အစ္စရေးပြည်သူတွေ အုံနဲ့ကျင်းနဲ့ ဆန္ဒပြ - ကန့်ဘလူ၊ အင်းမရွာထဲ စနေနေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီး မီးရှို့တယ်လို့ ဒေသခံတွေပြော - ကချင် စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီ လူဦးရေစာရင်း ကောက်ခံနေ - ဒီရာသီ ရလဒ်ကောင်းတွေနဲ့ ဝေးနေတဲ့ လစ်ဗာပူးလ်နဲ့ ချယ်ဆီး အသင်းကြီး နှစ်သင်း ဂိုးမရှိ သရေကျ၊ ထိပ်ဆုံး ၄ သင်းနဲ့ အလှမ်းကွာနေရ။ - အာဆင်နယ်နဲ့ မန်ယူနိုက်တက် ကန်မယ့် ပွဲကြီးပွဲကောင်း ဒီနေ့ရှိ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com
ဇန်နဝါရီ ၂၁ စနေမနက်ခင်း ဘီဘီစီ သတင်းများ - ယူကရိန်းကို တိုက်ခိုက်ရေးသံချပ်ကာကားတွေ ထောက်ပံ့ရေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့အစည်းအဝေးမှာ အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက် မရခဲ့ပါဘူး။ ဒါပေမဲ့ တခြားစစ်ရေးအကူအညီတွေ ပေးဖို့ ကတိပြုခဲ့ကြပါတယ်။ အမေရိကန်က ဒေါ်လာ သန်း ၂၅၀၀ တန် စစ်ရေးအကူအညီတွေ ပေးဖို့ရှိ။ - ရုရှားဟာ ပါကစ္စတန်နိုင်ငံကို ရေနံစိမ်းတွေ တင်ပို့မယ်လို့ ကြေညာ - ကားစီးစဥ် ခါးပတ် မပတ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒဏ်ငွေရိုက်ခံရ - အာဖဂန်နစ္စတန်နိုင်ငံမှာ အအေးလွန်ကဲမှုကြောင့် လူ ၇၈ ဦး သေဆုံး - စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက တောင်သူတွေရဲ့ အခက်အခဲ - ကချင် ဖားကန့်မြို့နယ်က လူဦးရေ စာရင်းကောက်ယူမှု အခြေအနေ - အာဆင်နယ်အသင်းဟာ ဘရိုက်တန်က လီယန်ဒရို ထရော့ဆပ်ကို ပေါင် ၂၁ သန်းနဲ့ ဝယ်ယူ - အင်္ဂလန် ပရီမီးယားလိဂ်ဘောလုံးပွဲစဥ်မှာ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ကစားမယ် မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း
- တရုတ်က ယုန်နှစ်ဖြစ်ပေမဲ့ ဗီယက်နမ်မှာတော့ ကြောင်နှစ်အဖြစ် နှစ်သစ်ကို ကြိုဆို - ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် အဲလက် ဘော့ဒ်ဝင်ကို မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်တင်မယ် - နိုင်ငံပေါင်း ၅၀ တွေ့ဆုံကြမယ့် ဂျာမနီက အစည်းအဝေးမှာ ယူကရိန်းကို စစ်လက်နက်ကူညီရေး ဆွေးနွေးမယ် - ကန့်ဘလူမြို့နယ် နဲ့ ကျွန်းလှ မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေက နွားတွေအပါအဝင် ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူနေတယ်လို့ ဒေသခံတွေပြော - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ရွာအနီးက ရွှေမှော်တွေဆီ သွားတဲ့ လမ်းကြောင်း ပိတ်ထားသလို စက်သုံးဆီ သယ်ယူတာတွေကို စစ်ဆေးနေ - ပရီးမီးယားလိဂ်ဘောလုံးပွဲစဥ်မှာ မန်စီးတီးက စပါးကို ၄ ဂိုး၂ ဂိုးနဲ့ နိုင် - မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ကြတဲ့ ဘောလုံးပွဲစဥ် မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း
- မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ဝန်ထမ်း တစ်သောင်း လျှော့ချ - ကာဘွန်ထုတ်လွှတ်မှုနည်းတဲ့ လေယာဥ်တည်ဆောက်ဖို့ နာဆာနဲ့ ဘိုးရင်းကုမ္ပဏီ ပူးတွဲလုပ်ဆောင် - ဂရင်းလန်း ရေခဲလွှမ်းဒေသမှာ ဒီရာစုနှစ်စမှာ အပူချိန်တိုးလာ - ဂျပန် ဖူကူရှီးမားနယျူကလီးယားစွမ်းအင်စက်ရုံထဲက စွန့်ပစ်အညစ်အကြေး ရေတွေကို သမုဒ္ဒရာထဲ မစွန့်ပစ်သေးဘဲ ဆိုင်းငံ့ထားဖို့ ပစိဖိတ်ကျွန်းနိုင်ငံတွေ တောင်းဆို - စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က စစ်ရှောင်တွေရဲ့ အခြေအနေ - စစ်ကိုင်းတိုင်းထဲက ရွာတွေ မီးလောင်နေလို့ တောင်သူတွေ စပါးကို ရတဲ့စျေးနဲ့ ရောင်းနေရ - ပရီမီးယားလိဂ် ပွဲစဥ်မှာ မန်ယူနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ တစ်ဂိုးစီ သရေကျ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com
မန္တလေးအိုးဘိုထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြော
အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ ၁.၁သန်းနီးပါးရှိလာ - တကျော့ပြန်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ တစ်သန်းနဲ့ ရှစ်သောင်းခြောက်ထောင် ဝန်းကျင်ထိအောင် ရှိလာပြီး၊ ပြည်တွင်း IDP အရေအတွက်လည်း တစ်သန်းခွဲအထက်ကို ရောက်သွားကြောင်း ကုလကိန်းဂဏန်းတွေကဆို - စစ်ကိုင်း၊ ပုလဲမြို့နယ်ထဲ ရဲစခန်းအတိုက်ခံရလို့ ဘေးဝန်းကျင်ရွာတွေကို လက်တုံ့ပြန် မီးရှို့နေတာ အနည်းဆုံး ၇ ရွာ အရှို့ခံထားရ - ယူကရိန်းအရှေ့ဘက်ခြမ်း တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် ဗာ့ဂနာရဲ့ တပ်မှူးတစ်ယောက် နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်တောင်း - လန်ဒန်မြို့တော်ရဲတပ်ဖွဲ့မှာ အမှုထမ်းနေတုန်း မုဒိန်းမှု နှစ်ဒါဇင် အပါအဝင် ကျူးလွန်မှုပေါင်း ၄၉ မှုအတွက် အပြစ်ရှိကြောင်း သေနတ်ကိုင် ရဲအမှုထမ်း ဒေးဗစ်ကဲရစ် ဖြောင့်ချက် ပေးပြီးတဲ့နောက်၊ ကျူးလွန်စော်ကားမှုတွေ ပြုလုပ်ထားလားဆိုပြီး စုံစမ်းစစ်ဆေး ခံနေရသူ ရဲအမှုထမ်း အယောက် ၈၀၀ ဝန်းကျင်ရှိတယ်လို့ ရဲကော်မရှင်နာမင်းကြီး ဝန်ခံပြောဆို - ဆိုမာလီယာမှာ အစ္စလမ်မစ်လက်နက်ကိုင် အယ်လ်ရှာဘတ်တွေ ဆယ်စုနှစ်နဲ့ချီ ထိန်းချုပ်ထားတဲ့ ဗျူဟာမြောက် ဆိပ်ကမ်းမြို့ကို အစိုးရတပ် ပြသိမ်း၊ အယ်လ်ရှာဘတ်တွေ အတွက် အဓိက ထောက်ပို့ရေးလမ်းကြောင်း ပြတ်သွားလို့ အတော်လေး အထိနာသွား ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com
နီပေါမှာ လေယာဥ်ပျက်ကျလို့ လူ၆၈ယောက်သေဆုံးခဲ့တဲ့အတွက် ဒီနေ့ကို၀မ်းနည်းခြင်းတရက်တာသတ်မှတ် - ပြင်သစ်မှာ ရေခဲတွေပြိုကျပိတ်မိရင်း သေဆုံးသွားတဲ့ဗြိတိန်ကအမျိုးသမီးနဲ့ပတ်သက်လို့ လူသေမှုနဲ့ အမှုဖွင့် - ရှန်ကာဒွန်းညက်အသင်းက ယူကရိန်း တိုက်စစ်မှူး ဘောလုံးသမားကို ချယ်လ်စီးက ပေါင် ၈၉ သန်းနဲ့ ခေါ်ယူလိုက်ပြီ - အာဆင်နယ် ၊ ချယ်လ်စီးနဲ့ နယူးကာဆယ် အသင်းတွေ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
- ယူကရိန်းမြို့ကြီးတွေကို ရုရှားကဒုံးကျည်နဲ့ပစ်လို့ နီပရိုမြို့မှာ လူ ၅ ယောက်သေဆုံး ၊ လျှပ်စစ်မီးပြတ်တောက် - ဘိုင်ဒန်ရဲ့ ရုံးဟောင်းနဲ့ ဂိုဒေါင်ထဲက ကားထဲမှာ နိုင်ငံတော်လျှို့၀ှက်စာရွက်စာတမ်းတွေ တွေ့တာနဲ့ပတ်သက်လို့ တရားရေးဌာန စီရင်တဲ့အတိုင်း လိုက်နာသွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ပြော - အစိုးရအဆောက်အအုံတွေ စီးနင်းခံခဲ့ရတဲ့ ဘရာစီးလျား မြို့တော်က လုံခြုံရေးအကြီးအကဲကို ဖမ်းဆီးလိုက်ပြီ - တမြို့တည်းသား နှစ်သင်းကန်ရာမှာ မန်ယူက အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
- မီးလောင်ပြီးနောက်ပြန်ဆောက်နေတဲ့ ရန်ကုန်ကမင်္ဂလာစျေး နှစ်ပေါင်းများစွာကြာသည့်တိုင်မပြီးလို့ စျေးသူ စျေးသားတွေ အခက်ကြုံနေရပုံကို ပြောပြထား - ထိုင်း၊ မြန်မာ၊လာအို နယ်စပ် ရွှေတြိဂံနားမှာ မူးယစ်ဆေးမှောင်ခိုသမားလို့ ယူဆရသူ ၅ ဦးကို ပစ်သတ်လိုက်တယ်လို့ ထိုင်းစစ်တပ်ကပြော - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဟောလိုး၀င်းပွဲတော်ညက လူရာချီသေဆုံးမှုဖြစ်ရပ်နဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်ပေါ်လာပြီး အရာရှိငယ်တွေကိုသာ အပြစ်ပုံချကာ အရာရှိကြီးတွေကတာ၀န်ခံမှုမရှိဘူးလို့ ပြောနေကြပြီ - ဘာစီလိုးနားကစားသမားဟောင်းလည်းဖြစ် ၊ ချစ်သူဟောင်းလဲဖြစ်တဲ့ ပီကေးရဲ့ ဖောက်ပြားမှုကို စပ်ဆိုထားတဲ့ ရှက်ကီရာ ရဲ့ သီချင်းဗီဒီယို ဟာ လူကြည့်အများဆုံး လက်တင်သီချင်း ဖြစ်သွားခဲ့ - လိဒ်ကို ဗီလာက အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် စနေမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
- စစ်ကောင်စီနဲ့ လက်မှတ်ထိုးခဲ့ကြတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ လာမယ့်ရွေးကောက်ပွဲ၀င်ဖို့ရှိလား မေးမြန်းတဲ့အခါ - အိန္ဒိယ ကလေးချောင်းဆိုးပျောက်ဆေးရည် နှစ်မျိုးကို သုံးစွဲခြင်းမပြုဖို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေးထား - တရုတ်နဲ့ အိန္ဒိယတို့အပေါ်တင်ရှိနေတဲ့ အကြွေးတွေလျှော့ချပေးဖို့ သီရိလင်္ကာ ဗဟိုဘဏ်က ပန်ကြား - တရုတ်မှာ လမ်းဘေးကလူတွေကို ကားနဲ့တိုက်ပြီး ငွေစက္ကူတွေကြဲချတဲ့ ၂၂နှစ်အရွယ်လူငယ်ကို ဖမ်းလိုက်ပြီ - ချယ်လ်စီးကို ဖူလမ်က အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် သောကြာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
ဘန်ကောက်စီးနင်းမှုနဲ့ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှု အထောက်အထား - ဘန်ကောက်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နှင်ရေး စီနင်းမှု တစ်ခု အတွင်း ပစ်မှတ်ထား ဖမ်းဆီးခံရသူ လက်ဝယ် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်မှု အထောက်အထားတွေ တပါတည်း တွေ့ရှိထားရတယ် ဆိုတဲ့ အချက် ထွက်ပေါ်လာ - ယူကရိန်းထဲ ရှုံးပွဲအလီလီ ကြုံနေတဲ့ ရုရှားတပ်တွေကို ကွပ်ကဲဖို့ ဗိုလ်ချုပ်ကြီး အသစ် တစ်ယောက် ပြောင်းလဲ ခန့်အပ်တာမျိုး ၃ လ မပြည့်ခင် မော်စကို အစိုးရ ထပ်မံ လုပ်ဆောင်လာပြန် - အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်ရဲ့ နိုင်ငံခြားရေးရုံး အပြင်ဘက် IS အဖွဲ့က အသေခံ ဗုံးခွဲ။ တာလီဘန် တာဝန်ရှိသူ တစ်ယောက်ရဲ့ အဆိုအရ သေဆုံးသူ အယောက် ၂၀ ဝန်းကျင်ထိ ရှိနိုင် - CDM လုပ်နေတဲ့ ဆေးကျောင်း၊ သွားဘက်ဆိုင်ရာနဲ့ ဆေးနှီးနွယ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ ကျောင်းပြန်တက်အောင် မိဘတွေကနေ တဆင့် ဖိအားတိုးမြှင့်ပေးနေ - ထိုင်းဘတ်ငွေ ကျပ်ငွေနဲ့ လဲလှယ်တဲ့အခါ တန်ဖိုး တက်နေလို့ မြန်မာ လက်လီလက္ကားကုန်သည်တွေ အခက်ကြုံ - နာမည်ကြီး မန်စီးတီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ဆောက်သမ်တန်ကို ၂ ဂိုးပြတ် ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ရ .... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း အပါအဝင် NLD ပါတီဝင်တွေ အကြမ်းဖက် ဖမ်းဆီးခံရမှု မျက်မြင်သက်သေ ပြောပြချက်
ဘရာဇီး သမ္မတဟောင်းထောက်ခံသူတွေ လွှတ်တော်တွင်း၀င်စီးနင်းမှု ဖြစ်ခဲ့ပြီးနောက်တစ်နေ့မှာ သမ္မတဟောင်း ဗိုက်နာလို့ ဆေးရုံတင်ထားရတယ်လို့ ဇနီးဖြစ်သူက အတည်ပြု ပြောဆို - အီရန်မှာ အစိုးရဆန့်ကျင်သူနောက်ထပ်နှစ်ယောက်ကို အာဏာပိုင်တွေက ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အကျဥ်းထောင်ရှေ့မှာ ဒါဇင်နဲ့ချီပြီးလူတွေ လာရောက်ဆန္ဒပြသူ - တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကိုဗစ်ကူးစက်ခံရသူ ၉၀ရာနှုန်းအထိ ရှိလာပြီး တတိယ ကူးစက်မှုအများဆုံး ပြည်နယ်လို့ အုပ်ချုပ်ရေးမှူးကပြောပေမယ့် ဗဟိုအစိုးရထုတ်ပြန်ချက်နဲ့ ကွဲလွဲနေ - အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ဆိုင်ကလုန်းမုန်တိုင်း၀င်မယ့် သတိပေးချက်ကြောင့် သဘာ၀ဘေး တားဖို့ ပြင်ဆင်နေ - အသက် ၃၃နှစ်အရွယ် ၀ေလဘောလုံးအသင်းခေါင်းဆောင် ဂဲရက်သ်ဘေးလ် ဘောလုံး အားကစားကနေ ချက်ချင်း အနားယူတော့မယ်လို့ လူမှုကွန်ယက်ပေါ်ကနေ ထုတ်ပြန်ကြေညာ - အာဆင်နယ်က အောက်စဖို့ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ FA ဘောလုံးပွဲ အကြောင်း အပါအ၀င် အင်္ဂါမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
တရုတ်သူကြွယ်ကြီး ဂျက်ခ်မား သူတည်ထောင်ထားတဲ့ ဘဏ္ဏာရေး ၀န်ဆောင်မှုကုမ္ပဏီ Ant Group အပေါ် ထိန်းချုပ်မှုတွေကို စွန့်လွှတ်ဖို့ရှိတာ ဘာကြောင့်လဲ - သဘာ၀ပတ်၀န်းကျင် ပျက်စီး ထိခိုက်စေတဲ့ တစ်ခါသုံးနဲ့ ပလက်စတစ် ဇွန်း၊ခက်ရင်း၊ခွက်ယောက်တွေကို သုံးစွဲမှု အင်္ဂလန်မှာ တားမြစ်တော့မယ် - ဂျပန်နိုင်ငံ တိုကျိုမြို့က ဘုရားကျောင်းမှာ နှစ်ဟောင်းအညစ်အကြေးစင်ကြယ်စေပြီး နှစ်သစ်မှာ ကျန်းမာအောင် ရေခဲရေကန်ထဲ ခုန်ချဆုတောင်းပွဲ ကျင်းပ - ချယ်လ်စီးကို မန်စီးတီးက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး စတီးဗင်းနေ့ချ်ကို အက်စတန်ဗီလာက ရှုံးနိမ့်ခဲ့တဲ့ FA ဘောလုံးပွဲ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
ပူတင်က တဖက်သက် အပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမယ့် ယူကရိန်းအရှေ့ဘက်မှာ ဆေးရုံတခုအပါအ၀င် လူနေ အဆောက်အအုံတွေ တိုက်ခိုက်ခံခဲ့ရ - အမေရိကန်အောက်လွှတ်တော် အကြီးအကဲရာထူး ရွေးချယ်ဖို့ အတွက် ၄ရက်ကြာ ၁၅ကြိမ်တိုင် မဲခွဲ ဆုံးဖြတ်ခဲ့ရပြီး အမတ်တွေ အချင်းချင်း ကိုယ်ထိလက်ရောက် တုန့်ပြန်မှုတွေ အထိ ရှိခဲ့ - တောင်ဆူဒန် က နိုင်ငံတော် အခမ်းအနားမှာ အမျိုးသားသီချင်းသီဆိုရင်း သမ္မတ ဆီးထွက်ကျတဲ့ပုံ ဖြန့်လို့ဆိုပြီး သတင်းသမားတွေ ဖမ်းဆီး ခံခဲ့ရ - Blackpink အဖွဲ့၀င် ထိုင်းနိုင်ငံဖွား ကေပေါ့ အဆိုတော် လီဆာရဲ့ ဖျော်ဖြေမှုကို ထိုင်းပြည်သူတွေအားပေးခွင့်ရခဲ့ - နာမယ်ကြီး လစ်ဗာပူး ၊ စပါးနဲ့ ဆောက်သမ်တမ် တို့ပါတဲ့ FA ဖလား တတိယအဆင့် ဘောလုံးပွဲ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
စနေနေ့ မနက်ခင်း သတင်းများ ( ၇ ဇန်နဝါရီ၊ ၂၀၂၃) ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီ ဘာကြောင့်တွေ့တာလဲ။ ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေး။ ရုရှားက တဖက်သတ် အပစ်ရပ်ပေမဲ့ ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးဖို့ ၁၃ကြိမ်မဲပေးခဲ့ပေမဲ့ မရွေးချယ်နိုင်သေး။ တာလီဘန် ၂၅ဦးကို သတ်တယ်ဆိုတဲ့ မင်းသားဟယ်ရီ စာအုပ်ပါအချက် တာလီဘန်တုံ့ပြန်။ အာရေဗီယံ ပင်လယ်ကွေ့ဖလားဘောလုံးပြိုင်ပွဲ ဆယ်စုနှစ် ၄ခုကျော်အတွင်း ပထမဆုံး အီရတ်လက်ခံကျင်းပ။ အက်ဖ်အေဖလားလိဂ်ပွဲရလဒ်။ ဆမ်ဒိုးနီးယား၊ ဂျူဗင်တပ်စ်၊ ချဲလ်ဆီးနဲ့ အီတလီ ကစားသမားဟောင်း ဂျန်လုကာ ဗီအဲလီကွယ်လွန်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သောကြာနေ့ မနက်ခင်း သတင်းများ ( ၆ ဇန်နဝါရီ၊ ၂၀၂၃) စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ကျွန်းတောကုန်းကျေးရွာနဲ့ ဒီပဲယင်းမြို့နယ်စိုင်ပြင်မြို့နဲ့ စျေးကို စစ်ကောင်စီတပ်တွေ မီးရှို့။ နွားထိုးကြီးမြို့နယ် မင်းရွာမှာ ဒေသခံသုံးဦးအသတ်ခံရပြီး အလောင်းစွန့်ပစ်။ အပစ်ရပ်ဖို့ ရုရှားသမ္မတ ပူတင်ရဲ့ ကြေညာချက် ဝါဒဖြန့်တာလို့ယူကရိန်းပြော။ ယူကရိန်းကို ဒေါ်လာ ၃ ဘီလီယံ စစ်ရေးအကူအညီ အမေရိကန် ပေးမယ်။ တရုတ်ခရီးသွားတွေကို ကိုဗစ်စစ်ဆေးတဲ့ စည်းမျဥ်း အီးယူနိုင်ငံတွေ ချမှတ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ ရီပတ်ဘလီကင်ခေါင်းဆောင် မအောင်မြင်သေး။ ပရီးမီးယားလိဂ်ပွဲရလဒ်။ ဒုတိယဂိုးနေရာအတွက် ခရစ္စတယ်ပဲလေ့စ်ဂိုး ဂျက်ဘတ်လန်နဲ့ မန်ယူမှာ ဆေးစစ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
ကြာသပတေးနေ့ မနက်ခင်း သတင်းများ ( ၅ ဇန်နဝါရီ၊ ၂၀၂၃) ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနဲ့ အစိုးရဝန်ကြီးဟောင်းတချို့ ပြစ်ဒဏ်လျော့။ ဒီဇင်ဘာနောက်ဆုံးပတ်ကစလို့ မြင့်တက်လာတဲ့ ရွှေစျေးတွေ ဆက်တက်ဖို့ရှိလား။ တနှစ်ကျော်အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ အင်တာနက်ပြန်ရ။ ကိုဗစ် ကူးစက်သေဆုံးသူနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ အချက်အလက်ထုတ်ပေးဖို့ တရုတ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တောင်းဆို။ ပြင်သစ်က ယူကရိန်းကို လက်နက်တပ်ဆင်ထားတဲ့ယာဥ်တွေ ပေးမယ်။ လွှတ်တော် ဥက္ကဋ္ဌမရွေးနိုင်သေးလို့ အမေရိကန် အထက်လွှတ်တော် မလည်ပတ်နိုင်သေး။ ပရီးမီးယားလိဂ်ပွဲရလဒ်။ စာချုပ်သစ် ချောချောမွေ့မွေ့ချုပ်ဆိုနိုင်ဖို့ မန်ယူဂိုးသမား ဒဟဲယား မျှော်လင့်။ ဒုတိယဂိုးနေရာအတွက် ခရစ္စတယ်ပဲလေ့စ်ဂိုး ဂျက်ဘတ်လန်နဲ့ မန်ယူဆွေးနွေး။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
ယူကရိန်းအရှေ့ပိုင်းမှာ နှစ်သစ်ကူးညက ဒုံးကျည်ထိမှန်လို့ ရုရှားစစ်သား အယောက် ၆၀ ကျော်သေဆုံးမှုနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံတွင်း ပြစ်တင်ပြောဆိုနေကြ - အိန္ဒိယမှာ အလုပ်ကအပြန် ဆိုင်ကယ်စီးရင်း ကားတိုက်ခံရပြီး ကားအောက်မှာ မိုင်တော်တော်များများ ဒရွတ်တိုက် ပါသွားခဲ့တဲ့ အသက်၂၀ အရွယ် အမျိုးသမီးငယ်အကြောင်း - တရုတ်နိုင်ငံကလာသူတွေကို ကိုဗစ်စစ်ဆေးပြီးမှ ပြည်၀င်ခွင့်ပေးတာဟာ နိုင်ငံရေးပရောဂဘဲလို့ တရုတ်အစိုးရဆိုပြီး ဒီကိစ္စကို ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ပြော - တောင်တရုတ်ပင်လယ်ပြင် အပါအ၀င် တခြားကိစ္စရပ်တွေဆွေးနွေးဖို့ ဖိလစ်ပိုင်သမ္မတ တရုတ်ကို ၃ရက်ခရီး ထွက်ခွာ - မန်ယူက ဘိုးမောက်ကို နိုင်ပေမယ့် အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲမှာ သရေကျတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် ဗုဒ္ဓဟူး မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
- လာဘ်စားမှုအရှုတ်တော်ပုံရင်ဆိုင်နေရတဲ့ ဥရောပပါလီမန်မှာ အရာရှိတွေ ဥပဒေကင်းလွတ်ခွင့်ရနေတာကို ကြားနာစစ်ဆေးတော့မယ် - သြစတြေးလျ ၀ေဟင်မှာ ပျံတက်မယ့်ရဟတ်ယာဥ်နဲ့ ပျံဆင်းတဲ့ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ လူ၄ယောက်သေဆုံး - နှစ်သစ်ကူးပါတီအတွင်းသေနတ်ပစ်ဖောက်ရာ နံဘေးကလူထိမှန်သေဆုံးပြီး သေနတ်ကိုင်တဲ့ပါတီကျင်းပသူ အိမ်ရှင်လည်း နှလုံးဖောက်ပြီးသေဆုံးး - ဖြတ်သန်းသွားလာခွင့် မျှောစာရပေမယ့် စစ်ကောင်စီတပ်က ခွင့်မပြုရင် ပလက်၀နယ်ထဲ သွားလာခွင့်မရသေး - နာမယ်ကြီး လစ်ဗာပူးကို ဘရန့်ဖို့ဒ်က အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် အင်္ဂါမနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
- လှိုင်သာယာမှာ ဧည့်စာရင်းစာအုပ်ခ ကျပ်၅၀၀ ကနေ ၁၀၀၀ ပေးနေရသလို ရက်ကျော်သွားရင်လည်း ကျပ်၅၀၀၀ ပေးနေရတယ်လို့ မြို့ခံတွေက ပြော - ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အဘောင်သား ကျေးရွာသားတွေကို စစ်ကောင်စီကနေ နေရပ်ပြန်ပို့တဲ့အတွက်ဘာတွေ အခက်ကြုံနေရလဲ - ဇိမ်ခံသင်္ဘောကိုယ်ထယ်ပေါ် မှိုတွေ့လို့ ရေပြင်ဇီ၀အဆိပ်သင့်နိုင်တယ်ဆိုပြီး ကမ်းကပ်ခွင့်မပေးဘဲသန့်ရှင်းရေးလုပ်ခိုင်း - စပါးနဲ့ ဗီလာ ၊ ချယ်လ်စီးနဲ့ နော်တမ်ဖောရက်စ် တို့ကန်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င်တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
- မြောက်ကိုရီးယားဘက်က ဒရုန်းတွေလွှတ်ပြီးငါးရက်အတွင်း ဒုံးကျည်၃စင်းနဲ့ ကိုးရီးယားကျွန်းဆွယ်ထဲကို ပစ်ချတယ်လို့ တောင်ကိုရီးယားပြော - ဖားကန့်က ဆန်ခါရွာမှာ နှစ်ချင်းမူကြိုကျောင်းထဲ စစ်ကောင်စီရဲ့လက်နက်ကြီးကျလို့ အရပ်သား တစ်ယောက်သေဆုံးပြီး ငါးနှစ်သားကလေးအပါအဝင် ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြော ၊ စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာမရှိသေး။ - အာဆင်နယ် ၊ မန်ယူ ၊ မန်စီးတီး စတဲ့အသင်းတွေ အနိုင်ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
စနေနေ့ မနက်ခင်း သတင်းများ ( ၃၁ ဒီဇင်ဘာ၊ ၂၀၂၂) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှု အမေရိကန်နဲ့ အီးယူ ကန့်ကွက် ရှုတ်ချ။ မန္တလေးမှာ ကျူးကျော်နေအိမ်ဆိုပြီး နေအိမ်တွေ ဖျက်ခံရတဲ့သူတွေ ဘယ်လို နေထိုင်နေရလဲ။ မြိုင်မြို့နယ်က အိုးဘိုရွာ နှစ်ကြိမ် မီးရှို့ခံရ။ သမ္မတဟောင်းထရမ့် အခွန်ဆောင်ထားတဲ့ အထောက်အထား အမေရိကန် ကွန်ဂရက် ထုတ်ပြန်။ တရုတ်နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရုရှားသမ္မတပူတင်ပြော။ တရုတ်ရှန်ဟိုင်းက ဆေးရုံနှစ်ခုမှာ ကိုဗစ်လူနာအများစုပါဝင်တဲ့ လူနာနှစ်ဆ မြင့်တက်နေ။ တရုတ်ခရီးသွားတွေ ကိုဗစ်မရှိကြောင်းပြသဖို့ လိုတယ်လို့ ဗြိတိန်နဲ့ ပြင်သစ် သတ်မှတ်။ ပရီးမီးယားလိဂ်ပွဲရလဒ်။ ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ်ဘောလုံးလိဂ်တွေ ကွယ်လွန်သွားတဲ့ ဘရာဇီးလ် ဂန္တဝင်ကစားသမား ပီလီကို ဂုဏ်ပြုမယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သောကြာနေ့ မနက်ခင်း သတင်းများ ( ၃၀ ဒီဇင်ဘာ၊ ၂၀၂၂) အသက် ၈၂ နှစ် ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမား ပီလီကွယ်လွန်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး ဘာသဘောတူညီမှုရလဲ။ စစ်တပ်နဲ့ တရုတ်အကြားက ဆက်ဆံရေး ဘယ်လို ပြောင်းလဲမှုတွေရှိနေလဲ။ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းတချို့ ပုံမှန်ပြန်လည် မပတ်နိုင် သေး။ အစ္စရေးသမိုင်းမှာ လက်ယာစွန်းအရောက်ဆုံး အစိုးရ ကျမ်းသစ္စာ ကျိန်ဆို။ ယူကရိန်း တိုက်လေယာဥ်ဖျက်ဒုံး ဘီလာရုစ်ထဲ ကျ။ သီရိလင်္ကာမှာ နိုင်ငံတကာ လေယာဥ်တွေပြန်လည်ပြေးဆွဲ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
အရှေ့အလယ်ပိုင်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအရေး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးနေ
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ကော့ကရိတ်တိုက်ပွဲ အခြေအနေနဲ့ ကုန်စည်ပို့ဆောင်ရေး
- ရခိုင်မှာစစ်ကောင်စီနဲ့ AA တို့အလွတ်သဘောအပစ်ရပ်ပြီးနောက်ပိုင်း ကုန်းလမ်းရေလမ်းဖွင့်ပေးလိုက်လို့ ဖြစ်ပေါ်လာတဲ့ ကုန်စည်စီးဆင်းမှု အခြေအနေ - မြောက်ကိုရီးယားဘက်က ဒရုန်းတွေ နှစ်နိုင်ငံကြားစစ်မဲ့ဇုန်ထဲ တစ်ရက်အတွင်း ငါးစင်းပျံသန်းရောက်လာတယ်လို့ တောင်ကိုရီးယားပြော - ဘူတာကြီးမှာ ရထားအ၀င်အထွက်စာရင်းကောက်တဲ့အလုပ်ပေးမယ်ဆိုပြီး ငွေကောက်ခံတဲ့ လူလိမ်တွေ အမှု စုံစမ်းဖော်ထုတ်မယ်လို့ အိန္ဒိယရဲပြော - အာဆင်နယ် လစ်ဗာပူးလ် စတဲ့အသင်းတွေ အနိုင်ရပေမယ့် စပါးက ဘရန့်ဖို့နဲ့ သရေကျတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
နေအိမ်ခြံ၀န်းထဲ ပေါက်ကွဲသံကြောင့် NLDပါတီနဲ့ ဆက်နွယ်မှုရှိတဲ့ အမျိုးသားကိုရှာမတွေ့လို့ ဇနီးနဲ့သားကို လွန်ခဲ့တဲ့၇လက ဖမ်းသွားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်၇နှစ်ချ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ် မှာ စစ်ကောင်စီတပ်နဲ့မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူတွေတိုးလာ - ပင်လယ်ထဲ တစ်လလောက်မျောနေတဲ့ ရိုဟင်ဂျာစစ်ရှောင် ၆၀နီးပါးပါတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားက အာချေးဆိပ်ကမ်းကို ဆိုက်ကပ် - ပရီးမီးယားလိဂ် ပွဲစဥ်၇ခု ကန်ဖို့ ရှိတဲ့ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
မြန်မာ့အရေးအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုန့်ပြန်မှုဟာ သူတို့က လူဆိုးမဟုတ်ဘဲ NUG နဲ့ PDF တွေကသာ အကြမ်းဖက်သမားဖြစ်တဲ့ ပုံစံမျိုးလုပ်ထားတာသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူပြော - အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ NGO အရပ်ဖက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့် တာလီဘန်ပိတ်ပင် - အမျိုးသမီးတွေတက္ကသိုလ်တတ်ခွင့်မရှိဆိုတဲ့တားမြစ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြသူတွေ မီးသတ်ပိုက်နဲ့ လူစုခွဲခံရ - နယူးယောက်ပြည်နယ်မှာ ခရစ်စမတ်ကာလ နှင်းကျ ၊ လေထန် ၊ ရေကြီးလို့ အိမ်ပြင်မထွက်ဖို့ ဆော်သြထား - ဂျပန်က ခရစ်စမတ်ဖိုးဖိုးရဲ့ အကြိုက်ဆုံးကား ကာဒီလက်နဲ့ ကလေးတွေအတွက် လက်ဆောင်လိုက်၀ေတဲ့ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
စနေနေ့ မနက်ခင်း သတင်းများ (၂၄ ဒီဇင်ဘာ၊ ၂၀၂၂) အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုး ကယားပြည်နယ် ဖရူဆိုမှာစစ်ရှောင် ၃၅ဦး အသတ်ခံရတာ တနှစ်ပြည့်ချိန်မှာ အမှုမှန်ပေါ်ပေါက်ရေး ဘာတွေ လုပ်ဆောင်နေလဲ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက် ပြောင်းလာလား။ တလကြာစက်လှေနဲ့ မျှောနေတဲ့ ရိုဟင်ဂျာနှစ်ရာကို ကူဖို့ပျက်ကွက်ခဲ့တဲ့ ကပ္ပလီပင်လယ်နဲ့ဆက်စပ်နေတဲ့ တောင်အာရှနိုင်ငံတွေကို ကုလဝေဖန်။ ပြင်သစ် ပဲရစ်မြို့မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၃ဦးသေ။ ဆောင်းမုန်တိုင်းကြောင့် အမေရိကန်မှာ အိမ်နဲ့ စီးပွားရေးလုပ်ငန်း တသန်းကျော် မီးမရ။ အက်ဖ်ဘီဘိုင် အလိုချင်ဆုံး ဆယ်ဦးထဲက တဦးကို စပိန်မှာ ဖမ်းမိ။ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး စကားပြောဖို့ သူ့ကလပ် ဗီလာ နည်းပြစီစဥ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သောကြာနေ့ မနက်ခင်း သတင်းများ (၂၃ ဒီဇင်ဘာ၊ ၂၀၂၂) လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေ ဘာကြောင့် ဝေဖန်နေကြတာလဲ။ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် မူလ လစာမဟုတ်ဘဲ လျော့ပေးထားတဲ့လစာနဲ့ အလုပ်ရပ်တဲ့အခါ လျှော်ကြေးပေးလို့ အလုပ်သမားတွေ ဘယ်လိုနစ်နာလဲ။ အမေရိကန်အပြန် ပိုလန်မှာ တထောက်နားခဲ့တဲ့ ယူကရိန်းသမ္မတ ဇလန်စကီး။ နိုင်ငံတကာလေဆိပ်ရောက် ခရီးသွားတွေကို အလျင်းသင့်သလို အိန္ဒိယက ကိုဗစ်စစ်။ အမျိုးသမီးတွေတက္ကသိုလ်တက်ခွင့် တာလီဘန်တွေ ရပ်လိုက်တဲ့အပေါ် မွတ်စလင်နိုင်ငံအများစု ကန့်ကွက်။ လိင်ပြောင်း အခွင့်အရေး ဥပဒေ စပိန်အောက်လွှတ်တော် အတည်ပြု။ အမေရိကန်နဲ့ ကနေဒါနိုင်ငံက တချို့နေရာတွေမှာ ဆောင်းမုန်တိုင်း တိုက်ခတ်တာကြောင့် လေယာဥ်ခရီးစဥ် ၁၅၀၀ကျော် ဖျက်သိမ်း။ ကာရာဘောင်ခေါ် အီးအက်ဖ်အယ်လ် ဖလားပြိုင်ပွဲရလဒ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
ကြာသပတေးနေ့ မနက်ခင်း သတင်းများ (၂၂ ဒီဇင်ဘာ၊ ၂၀၂၂) မြန်မာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မူကြမ်း ကုလလုံခြုံရေးကောင်စီ အတည်ပြု။ ၂၀၂၃ ခုနှစ်မှာ စစ်ရေးနိုင်ငံရေး အချိုးအကွေ့ဖြစ်လာနိုင်တယ်ဆိုတဲ့ အန်ယူဂျီ ယာယီသမ္မတ ပြောဆိုချက် ဘာအဓိပ္ပာယ်ကို ဆောင်ပါသလဲ။ တန့်ဆည်မြိုနယ်ထဲက ရွှေလံနဲ့ ငတန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့လို့ ဒေသခံတွေပြော။ မန္တလေးတိုင်းဝန်ကြီးချုပ်အမှုတွေကို လိုက်ပေးတဲ့ ရှေ့နေ ဦးတင်ဝင်းအောင်ကို ထောင် ၁၀နှစ် အမိန့်ချ။ ရခိုင်ပြည်နယ်ဘူးသီးတောင်မှာ ဆင်နင်းလို့ လူနှစ်ဦးသေ။ ယူကရိန်းသမ္မတ ဇလန်စကီး အမေရိကန်ရောက်။ စစ်အသုံးစရိတ်နဲ့ပတ်သက်ပြီး အကန့်အသတ်မရှိဘူးလို့ ရုရှားသမ္မတပြော။ တရုတ်ကိုဗစ် ကူးစက်မှုစိုးရိမ်တယ်လို့ WHO ပြော။ မလေးရှားမှာ ရေကြီးလို့ လူ ခုနှစ်သောင်းကျော်ပြောင်းရွှေ့ရ။ ချန်ပီယံလိဂ်ဖလားမရရင် ကလပ်အသင်းမှာရှိတဲ့အချိန်တွေ ပြီးပြည့်စုံမှုမရှိဘူးလို့ မန်စီးတီး နည်းပြပြော။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
- ယူကရိန်းသမ္မတက ရှေ့တန်းစစ်မျက်နှာသွားပြီး တပ်ဖွဲ့၀င်တွေကို ဂုဏ်ပြုဆုချီးမြှင့် စိတ်ဓါတ်မြှင့်တင် ပေးခဲ့သလို ရုရှားသမ္မတ ပူတင်ကလည်း ရုရှားဘက်ယိမ်းတဲ့ ဒေသန္တခေါင်းဆောင်တွေကို ရုရှားအစိုးရပေးတဲ့ဘွဲ့တံဆိပ်ချီးမြှင့် - နိုင်ဂျီးရီးယားမှာ လိင်တူချစ်သူမင်္ဂလာပွဲကို ရဲက ၀င်ရောက်စီးနင်းပြီးပွဲလာသူတွေကိုဖမ်း ၊ မင်္ဂလာစုံတွဲ ကတော့ ထွက်ပြေးလွတ်မြောက် - ပါကစ္စတန်တာလီဘန်တွေ စီးနင်းပြီး ဓါးစာတွေခံဖမ်းသွားတဲ့ ရဲစခန်းကို စစ်တပ်ကပြန်သိမ်းပြီး ဓါးစာခံဖမ်းတဲ့ စစ်သွေးကြွ ၃၃လုံးကို ပစ်သတ် - အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ တက္ကသိုလ် တက်ခွင့်မရှိဘူးလို့ တာလီဘန် ပညာရေး၀န်ကြီး ထုတ်ပြန်ကြေညာတဲ့ အကြောင်း အပါအ၀င် ဗုဒ္ဓဟူး မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese #ဘီဘီစီမြန်မာပိုင်း #တရုတ်-မြန်မာ ဆက်ဆံရေး #ရုရှား-မြန်မာ #စစ်ကောင်စီ #လုံခြုံရေးကောင်စီ
- ပခုက္ကူမှာလူငယ်တွေဖမ်းဆီးခံရမှုဆက်တိုက်ရှိလာပြီး အမျိုးသမီးတွေ၀တ်စားဆင်ယဥ်မှုကအစ သနပ်ခါး ပါးကွက်တာ အထိ စစ်ဆေးအရေးယူကာ ရဲစခန်းထဲ ထိုင်ထလုပ်ခိုင်းတာမျိုးတွေရှိလာ - တွတ်တာပိုင်ရှင် အီလွန်မာ့စခ် ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အဖြစ်ကနုတ်ထွက်သင့်သလား ဆိုတဲ့ စစ်တမ်းကောက်ယူရမှာ တွတ်တာသုံးစွဲသူ ထက်၀င်ကျော်က အဆိုကို ထောက်ခံခဲ့ကြတဲ့ အကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
-ဒီပဲယင်းဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာ မတိုင်ခင်အထိ မီးရှို့ခံခဲ့ရတဲ့ နေအိမ်အရေအတွက်ထက် ခုဒီဇင်ဘာလဆန်း သီတင်း၂ပတ်အတွင်း မီးရှို့ခံရတဲ့ အိမ်အရေအတွက်က ပိုများနေ - ကယားမှာ WFPက၀ေတဲ့ဆန်တွေကို စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ရတာကြောင့် စျေးကွက် ထဲ ပြန်ရောင်းတာ ၊ စစ်တပ်နဲ့ပတ်သက်သူတွေလက်ထဲရောက်တာတွေ ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ပြော - တောင်အာဖရိကမှာ လာဘ်စားမှုကြောင့် ရာထူးက ဆင်းပေးခဲ့ရတဲ့ ကျန်းမာရေး၀န်ကြီးဟောင်း နဲ့ နေအိမ်ဆိုဖာ အောက်မှာ ဒေါ်လာသန်းချီဖွက်ထားတဲ့ လက်ရှိသမ္မတတို့ ANC ပါတီခေါင်းဆောင်နေရာအပြိုင်ရွေးခံမယ် - ကမ္ဘာဖလားမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာ သာမန်အရပ်သားတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
- အီရန်မှာ ဆန္ဒပြသူကိုကြိုးပေးကွပ်မျက်တဲ့အပေါ်ဆန့်ကျင်ကြောင်း အွန်လိုင်းပို့စ်တင်ပြီးနောက် နာမယ်အကြီးဆုံး မင်းသမီး ဖမ်းဆီးထိန်းသိမ်းခံရ - ပီရူး လက်ရှိ သမ္မတ က သူရာထူးက နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး ဒီလိုနုတ်ထွက်ပေးရုံနဲ့ အရင် သမ္မတကို ရာထူးကဖယ်ရှားမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးအကြပ်အတည်း ပြေလည်သွားမှာ မဟုတ်ဘူးလို့ပြော - ဂျာမနီက ငါးပြတိုက်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သံသယရှိသူကို ရှာဖွေတာမျိုး မရှိဘူးလို့ဘာလင်ရဲပြော - သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့မှာ တမြို့ထဲသား နှစ်သင်းကန်ရာမှာ ပရိတ်သက်က ကွင်းထဲ၀င် အန္တရာယ်ပြုလို့ အရေးယူပေးဖို့ ပြောပြီ - ကာတာကမ္ဘာဖလားပွဲမှာ ခရိုအေးရှားက မော်ရိုကိုကို ၂ဂိုး၁ဂိုးနဲ့နိုင်ပြီးတတိယနေရာရခဲ့တဲ့ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese
စနေနေ့ မနက်ခင်း သတင်းများ (၁၇ ဒီဇင်ဘာ၊ ၂၀၂၂) လေယာဥ်သစ်တွေ ထုတ်ပြလာတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်း စစ်ဆင်ရေး အခြေအနေဘယ်လိုရှိလဲ။ ခင်ဦးမြို့နယ်ယာတော်ရွာခံတွေ ဘာကြောင့် မူးဝေ့အော့အန်ကြတာလဲ။ ကရင်နီပြည်နယ်ဘက်က တိုက်ပွဲအခြေအနေ။ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် လျှပ်စစ်မီးနဲ့ ရေပေးဝေတာ ပျက်စီးလို့ ယူကရိန်း ထုတ်ပြန်။ အီလွန်မတ်စ်အကြောင်းရေးသားတဲ့ သတင်းထောက် တွေရဲ့ တွစ်တာ အကောင့်တွေကို ပိတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂဝေဖန်။ ကမ္ဘာမျက်နှာပြင်မှာရှိတဲ့ ရေတွေကို အာကာသထဲကနေ လေ့လာ ဆန်းစစ်ိဖု့ ကမ္ဘာဖလားဗိုလ်လုပွဲကစားမယ့် ပြင်သစ်အသင်းက ကစားသမားတချို့ ဖျားနာ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သောကြာနေ့ မနက်ခင်း သတင်းများ (၁၆ ဒီဇင်ဘာ၊ ၂၀၂၂) ကလေးငယ်တွေ ဘာကြောင့် ပျောက်ဆုံးတာ များလာတာလဲ။ မတ်ပဲစျေးကွက်အခြေအနေဘယ်လိုရှိပါသလဲ။ စီးပွားရေး ဆက်လည်ပတ်ဖို့ လုပ်ဆောင်မယ်လို့ သမ္မတ ပူတင် ကတိပေး။ အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဂမ်ဘီယာမှာ ကလေး ၇၀ နီးပါး သေဆုံးခဲ့တဲ့အတွက် ချောင်းဆိုးပျောက်ဆေးကို စစ်ဆေးရာမှာ အဆိပ်အတောက် မရှိလို့ အိန္ဒိယထုတ်ပြန်။ လုပ်ကြံခံရတဲ့ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီနဲ့ ပတ်သက်တဲ့ အထောက်အထားသောင်းကျော် ပထမဆုံးအကြိမ် ထုတ်ပြန်။ အသက် ၁၆ နှစ်နဲ့ အထက် မိန်းကလေးတွေ ကိုယ်ဝန်ဖျက်ချခွင့်ရှိတဲ့ ဥပဒေကို စပိန်ပါလီမန် အတည်ပြု။ ရှေ့တန်းတိုက်စစ်မှူး အဲဗရက်ဇ်က သူမတူထူးချွန်တဲ့ ကစားသမားလို့ မက်ဆီ ချီးကျူး။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
သံအမတ်ကြီး ဦးကျော်မင်းထွန်းကို ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိမှု စစ်ကောင်စီ ပြင်းပြင်းထန်ထန် ဝေဖန်