လောကမှာ နေထá€á€¯á€„်အသက်ရှင်á€á€²á€·á€œá€°á€žá€¬á€¸á€á€½á€± နေ့ရက်စဉ်á€á€á€¯á€„်း ရင်ဆá€á€¯á€„်á€á€½á€±á€·á€€á€¼á€¯á€¶á€”ေရá€á€²á€·á€…á€á€á€ºá€–á€á€…ီးမှုአá€á€¼á€á€™á€ºá€¸á€á€¼á€±á€¬á€€á€ºá€™á€¾á€¯áŠ á€˜á€á€›á€²á€·á€…á€á€”်á€á€±á€«á€ºá€žá€¶á€€á€¼á€¬á€¸á€€ ကြောက်ရွံ့မှုá€á€½á€±á€”ှင့် စá€á€¯á€¸á€›á€á€™á€ºá€•ူပန်မှုá€á€½á€±á€‘ဲက အá€á€¼á€±á€”ေအမျá€á€¯á€¸á€™á€»á€á€¯á€¸á€€á€á€¯ ရင်ဆá€á€¯á€„်ဖြá€á€ºá€€á€»á€±á€¬á€ºá€”á€á€¯á€„့်ဖá€á€¯á€·áŠ á€˜á€á€€á€•ေးá€á€²á€·á€á€«á€¸á€žá€®á€¸á€™á€¾á€¯á€á€½á€±á€€á€á€¯ á€á€»á€á€¯á€™á€¼á€á€”်á€á€²á€·á€›á€œá€’်á€á€½á€±á€–ြစ်လာအောင် အကောင်းဆုံးပြန်လည်á€á€¯á€¶á€·á€•ြန်နá€á€¯á€„်ဖá€á€¯á€·áŠ á€”á€¾á€¯á€á€ºá€€á€•á€á€ºá€á€±á€¬á€ºá€€á€•ေးá€á€²á€·á€œá€™á€ºá€¸á€…ဉ်အá€á€á€¯á€„်း ဘေးဘယ်ညာမလွှဲá€á€¼á€±á€œá€¾á€™á€ºá€¸á€”á€á€¯á€„်ဖá€á€¯á€·á€¡á€á€½á€€á€ºá€”ှင့် လá€á€¯á€¡á€•်á€á€²á€·á€á€½á€”်အားá€á€½á€±á€€á€á€¯á€›á€›á€¾á€á€”á€á€¯á€„်ဖá€á€¯á€·á€¡á€á€½á€€á€º ဒီအထူးအစီစဉ်မှ ကြá€á€¯á€†á€á€¯á€œá€á€¯á€€á€ºá€•ါá€á€šá€ºá‹
ဘယ်လိုတည်ဆောက်မလဲ? (အဆက်) ၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။ ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။ ဟေရှာယအနာဂတ္တိကျမ်း 66:1-2 ဓမ္မရာဇဝင် တတိယစောင် 8:27-29 ဒါဝိဒ်၊ ရှောလမုန်အားဖြင့် ဗိမာန်တော် - ဘုရားဘုန်းတော်တည်သောအရပ် (၂ ရာ ၇း၁-၂) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ ရာ ၂၂း၁၂) - ပေးလှူခြင်း (၁ ရာ ၂၉း၁-၁၀) __________________________________ ဓမ္မဟောင်းကျမ်းမှာဝှက်ထားတဲ့အရာတွေကို ဓမ္မသစ်ကျမ်းမှာဖွင့်ပြတယ်။ ဟေဗြဲ ၁း၁ (မိမိသားတော်အားဖြင့်ဗျာဒိတ်) ဓမ္မဟောင်းကျမ်းကပုံရိပ်ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းကအစစ်ဖြစ်တယ်။ ကော ၂း၁၇ (အရိပ်၊ ကိုယ်မူကားခရစ်တော်) __________________________________ ယေရှုခရစ်တော်အားဖြင့် အသင်းတော် (တပည့်တော်၊ လူသား) - ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ (ယောဟန် ၁း၅၁) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ ရှင်လုကာ ၂း၅၁) - ပေးလှူခြင်း (ရှင်လုကာ ၈း၃) တပည့်တော်များအားဖြင့် အသင်းတော် (ယုံကြည်သူများ) - ဘုရားသခင်၏ထူးဆန်းသောပညာတော်ထင်ရှားသောနေရာ (ဧဖက် ၃း၁၀-၁၁) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ တမန် ၆း၃) - ပေးလှူခြင်း (တမန် ၂း၄၀-၄၇၊ ၄း၃၂-၃၇) စိတ်နှလုံးသားကိုကြည့်သောဘုရားဖြစ်တယ်။ - ဖြူစင်တဲ့နှလုံးနှင့် အသင်းတော်ကိုတည်ဆောက်ပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဘယ်လိုတည်ဆောက်မလဲ? ၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။ ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။ - ဟေရှာယအနာဂတ္တိကျမ်း 66:1-2 - ဓမ္မရာဇဝင် တတိယစောင် 8:27-29 အိမ်ကိုအမှန်တည်ဆောက်သောသူက ဘုရားသခင်ဖြစ်တယ်။ - ဆာလံကျမ်း 127:1 - ဟေဗြဲဩဝါဒစာ 3:4 ဘုရားသခင်က ပညာတော်ဖြင့် အိမ်တော်တည်ဆောက်တယ်။ - သုတ္တံကျမ်း 24 3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။ - ရှင်မဿဲခရစ်ဝင် 7:24-25 - ကြားတဲ့စကားကို လက်တွေ့အသုံးချတာ ‘ပညာရှိသူ' ဖြစ်တယ်။ - ထွက်မြောက်ရာကျမ်း 31:1-6 အိမ်တော်နှင့်ပေးလှူခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းဟာ ဆက်စပ်မှုအမြဲရှိတယ်။ - အာဗြဟံ ဆယ်ဖို့တစ်ဖို့အလှူပေးသောသူ၊ မေလခိဇေဒက်။ - ယာကုပ် ဆယ်ဖို့တစ်ဖို့အလှူပေးဖို့ကတိသစ္စာဆိုသောနေရာ၊ ဗေသလအရပ်။ ပေးလှူခြင်းဖြင့် အိမ်တော်တည်ဆောက်ခြင်း အာဒံ အတွက် ဧဒင်ဥယျာဉ် - ဘုရားနှင့်လူသား၊ ကောင်းကင်နှင့်မြေကြီးဆုံမှတ် - ဘုရားသခင်ကိုယ်တိုင် ဧဒင်ဥယျာဉ်ကိုစိုက်ပျိုး၊ လူကိုနေရာချပေးခဲ့တယ်။ ယာကုပ်အိပ်မက် ဘုရားအိမ်တော် - ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ - ဆယ်ဖို့တစ်ဖို့ပေးခြင်း မောရှေအားဖြင့် တဲတော် - ဘုရားဘုန်းတော်တည်သောနေရာ (ထွက် ၄၀:၃၄-၃၅) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (ထွက် ၃၁း၁-၆၊ ၃၅း၃၀-၃၅) - ပေးလှူခြင်း (ထွက် ၃၆း၁-၇) --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
အိမ်တော်ဆိုတာ ဘာလဲ? ၁။ ဧဒင်ဥယျာဉ် - ကောင်းကင်နှင့်မြေကြီးတထပ်တည်းကျတဲ့နေရာဖြစ်တယ်။ ဝိညာဉ်နယ်ပယ်နှင့် ရုပ်လောကထိတွေ့တဲ့နေရာ။ - နေရာလို့ပြောတာ၊ ဒေသမဟုတ်ဘူး။ လူသွားရာ အရပ်ခပ်သိမ်းကိုဆိုလိုတယ်။ ဒီအကြံအစည်တော်ဟာ အပြစ်တရားကြောင့်ပျက်စီးသွားခဲ့တယ်။ ပျက်စီးသွားခဲ့ပေမဲ့ ပျောက်ကွယ်မသွားဘူး၊ ဘုရားသခင်ပြန်လည်အကောင်အထည်ဖော်မယ်။ ၂။ ထာဝရဘုရား၏အိမ်တော် - (Concept) သဘောတရား။ BETHEL - (The House of God) ဘုရားသခင်အိမ်တော်။ ကမ္ဘာ ၂၈း၁၂-၂၂ အိမ်တော်ဆိုတာ ကောင်းကင်နှင့်မြေကြီးထိတွေ့တဲ့ ဆုံမှတ်ဖြစ်တယ်။ ၃။ တဲတော် - (Eden Model) ဧဒင်ပုံစံ၊ သရုပ်ပြရန် ပုံစံ။ (နှစ်ပေါင်း ၄၀၀ကျော်အသုံးပြုခဲ့) တဲတော်ကို တည်ဆောက်ပြီးစီးခြင်း - ထွက် ၄၀:၁၇-၃၃(၃၃-၃၈) ဗိမာန်တော် (နှစ်ပေါင်း၄၀၀ကျော်) - ဒါဝိဒ်မင်းကြီးအကြံ၊ သားတော်ရှောလမုန်မင်းကြီး (၇)နှစ် တည်ဆောက်ပြီးစီး၊ ၉၆၀ BC - ဘုရားသခင်ဘုန်းတော်နှင့်ပြည့်တယ်။ ၁ရာ ၇း၁ - ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုလောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။ တမန်တော် ၇း၄၄-၅၂ (သက်တေဖန်၏တရားဟောချက်) ၄။ ခရစ်တော် - ဗိမာန်တော် (အသင်းတော်၊ ထာဝရတည်မြဲတဲ့နိုင်ငံ) ကောင်းကင်နှင့်မြေကြီးဆက်သွယ်ပေးသော ယာကုပ်လှေကား၊ ကမ္ဘာ ၂၈း၁၂ အသင်းတော် ခရစ်တော်၏ကိုယ်၊ ယုံကြည်သူများ အိမ်တော်ဆိုတာ ဘုရားနှင့်လူသားအတူပေါင်းသင်းသောနေရာ - ကောင်းကင်ရဲ့အရသာကိုမွေ့လျော်ခံစားရသောနေရာ ဘုရားနှင့်လူသားအတူလုပ်ဆောင်သောနေရာ - ကောင်းကင်ရဲ့အခွင့်အာဏာကို အသုံးပြုလို့ရတဲ့နေရာ အသင်းတော်ဆိုတာ - ခရစ်တော်၌ရှိသော သင်နှင့်ကျွန်ုပ်အားဖြင့် မြေကြီးအပေါ်မှာ ကောင်းကင်နိုင်ငံကိုတည်ထောင်ခြင်းဖြစ်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဟဂ္ဂဲ ၁း၁-၉ အခန်းငယ် ၄၊ အိမ်တော်ပျက်လျက်နေရမည်လော့။ အခန်းငယ်၈၊ အိမ်တော်ကိုဆောက်ကြလော့။ အိမ်တော်ကိုတည်ဆောက်ဖို့ဆိုတာ အသက်တာကိုပြုပြင်ဖို့ဆိုလိုတယ်။ ၁။ ကြိုမြင်နိုင်တဲ့ဘုရားက ကြိုတင်ပြင်ဆင်ပေးတယ်။ - လူတွေတည်ထောင်ထားတဲ့အင်ပါယာတွေပျောက်ကွယ်သွားမယ်။ - ခရစ်တော်တည်ထောင်တဲ့နိုင်ငံက ထာဝရတည်မယ်။ - ယေရမိ ၂၉း၁၁၊ ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအမှီပြုပြီး ဘဝကိုခြေလှမ်းရင်တော့၊ ရှေ့ကိုကြိုသိမြင်တဲ့ဘုရားက ကျွန်တော်တို့ဆုံးရှုံးပျက်စီးဖို့ ခွင့်ပြုမှာတော့ မဟုတ်ဘူး။ ၂။ ဇာတ်သိမ်းမှာ ဘယ်သူနိုင်သလဲ။ - ဒံယေလ ၂း၃၄-၃၅၊ ၂း၄၄-၄၅ - အချိန်ကာလရဲ့အဆုံးမှာတော့ ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်က တည်ထောင်မှာဖြစ်တယ်။ ၃။ အဆုံးသတ်ကိုကြည့်ပြီးခြေလှမ်းစတင်ပါ။ - ဖန်ဆင်းခြင်းအစမှာ ဘုရားသခင်က၊ … - …လူတစ်ဦးတည်းနှင့်အစပြုတဲ့အတိုင်းပဲ၊ အချိန်ကာလရဲ့အဆုံးမှာ လူတစ်ဦးတည်းနှင့်ပဲအဆုံးသတ်မှာဖြစ်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
အသက်ပင်အကြောင်းကိုဖော်ပြတဲ့နေရာတိုင်းမှာ လိုက်လျှောက်စရာဘုရားစကား(ပညတ်တော်)ရှိတယ်။ ယုံကြည်သူဟာ အသက်ပင်ရဲ့အကျိုးကိုခံစားရမယ့်သူဖြစ်တယ်။ 3. သည်းခံပြီးမှအလိုပြည့်စုံလာသောအခါ အသက်ပင်ဖြစ်တယ်။ - ကိုယ့်စိတ်ထင်နှင့်လုပ်သောသူနှင့် ဘုရားစကားအပေါ်မှာ ရပ်တည်သောသူရဲ့ကွာဟမှု - ဘုရားစကားကိုနားထောင်ရင် အဆုံးသတ်အမြဲလှတယ်။ - သည်းခံခြင်းရဲ့အကျိုး၊ အလိုပြည့်စုံလာတဲ့အခါ ရတဲ့စိတ်ခံစားမှုက အသက်ပင်ဖြစ်တယ်။ 4. ဖြည်းညင်းသောလျှာသည် အသက်ပင်ဖြစ်၏။ - ဖြည်းညင်းစွာစကားပြောဆိုခြင်းဟာ အသက်ဖြစ်တယ်။ - တင်ဆက်ပုံဟာလည်း အရေးကြီးပါတယ်။ - လောကသည် ဘုရားကိုမသိသောကြောင့် သင့်ကိုကြည့်နေတယ်။ အသက်ပင်က အသီးကိုစားပြီး ဘဝတွေချိုမြိန်နိုင်ပါစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
“အသက်ပင်”ကိုသမ္မာကျမ်းစာအုပ်ရဲ့ပထမစာအုပ် ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတာတွေ့ရတယ်။ ကမ္ဘာဦး ၂း၉၊ ဧဒင်ဥယျာဉ်အလယ်မှာ အသက်ပင်နှင့်၊ ကောင်းမကောင်းသိကျွမ်းရာအပင်ရှိတယ်။ ဧဒင်ဥယျာဉ်ထဲမှာရှိတဲ့အသီးရှိသမျှလွှတ်လပ်စွာစားခွင့်ရှိပေမဲ့၊ ဥယျာဉ်အလယ်က ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုတော့ စားခွင့်မရှိဘူး။ ဒါပေမဲ့လူက မစားရတဲ့အသီးကိုစားပြီး၊ စားရမယ့်အသီးကိုမစားတဲ့အတွက် အပြစ်တရားဝင်လာတယ်။ “အသက်ပင်”ကို သမ္မာကျမ်းစာအုပ်ရဲ့နောက်ဆုံးဗျာဒိတ်ကျမ်း ၂၂း၂၊ ၁၄၊ ၁၉ မှာ တွေ့ရတယ်။ အသက်ပင်ရဲ့အကျိုးကိုခံစားရဖို့ ပညတ်တော်ကိုကျင့်သောသူဟာ မင်္ဂလာရှိတယ်။ ကမ္ဘာဦးကျမ်းမှာတွေ့ရတဲ့ အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင်လိုပဲ၊ ဗျာဒိတ်ကျမ်းမှာ အသက်ပင်နှင့် ပညတ်တော်နာခံခြင်းကို ပြန်လည်မြင်တွေ့ရတယ်။ အသက်ပင်နှင့်ဆိုင်ဖို့ရန် ပညတ်တော်ကိုလိုက်လျှောက်ခြင်းဟာ အသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေအတွက်ဖြစ်တယ်(ဗျာ၂း၇)။ နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သူဟာ အသက်ပင်ကိုဆက်ဆံခွင့်ရှိတယ်။ အသက်ပင်ဆိုတာဘာလဲ? အသက်ပင်နှင့်ပတ်သက်တဲ့ဖော်ပြချက်(၄)ခုကို သုတ္တံကျမ်းထဲမှာတွေ့ရတယ်။ (ဒီမှာတော့ (၂)ချက်ပဲဖော်ပြပါမယ်။) 1. ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ သုတ္တံကျမ်း ၃း၁၅-၁၈ - ပညာထဲမှာ ဘာရှိသလဲ? - ပညာထဲမှာရှိတဲ့အရာသည် အသက်ပင်ရဲ့အကျိုးဖြစ်တယ်။ 2. ဖြောင့်မတ်သောသူသည် အသက်ပင်အသီးကို သီးတတ်တယ်။ သုတ္တံကျမ်း ၁၁း၂၈-၃၁ - ဘေးပတ်ဝန်းကျင်တွေမှာ ပြသနာဝိုင်းထားတဲ့အချိန်မှာ ဖြောင့်မတ်သူ၌ဘာဖြစ်သလဲ? - ဖြောင့်မတ်ခြင်းကို ယေရှုအားဖြင့်သာ ရနိုင်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ထူးခြားသောအသက်ရှင်မှုဆိုတာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းဖြစ်တယ်။ - လောကီလူတွေလိုမြင်မယ်၊ ခံစားမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ရွေးနှုတ်ခြင်းက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ - လောကီလူတွေနှင့် တူနေလို့ရမှာ မဟုတ်ပါဘူး။ 1. ဒေသနာကျမ်း ၁၁း၉၊ ၁တိ ၄း၁၂ - စိတ်ကြိုက်အသက်ရှင်လို့ရတဲ့အချိန်ရှိတယ်၊ ဒါပေမယ့် အကျိုးဆက်ခံစားရတဲံအချိန်လည်းရောက်လာမယ်။ - အရည်အချင်းရှိပေမဲ့ လူတွေလေးစားတာက မိမိအသက်ရှင်မှုပုံစံအားဖြင့် ဖြစ်တယ်။ 2. ဒေသနာကျမ်း ၁၂း၁ - ဒုက္ခမရောက်ခင်မှာ မိမိကိုဖန်ဆင်းတဲ့အရှင်၊ မိမိကိုအသိဆုံးသောသူနှင့် သိထားဖို့လိုတယ်။ - ကြိုတင်သတိပေးတဲ့အခါ သတိပြုပါ။ 3. တရားဟော ၄း၆၊ ဒေသနာကျမ်း ၁၂း၁၃ - ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းဟာ၊ သူတပါးအမြင်မှာ ပညာရှိခြင်းအဖြစ်ထင်ရှားတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ရှင်ယောဟန်ခရစ်ဝင် 12 24 ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။- - သမ္မာတရားဟာ ဝိညာဉ်ကယ်တင်ခြင်းအတွက်သာမဟုတ်ဘဲ၊ - ရှင်သန်မှုမှာ အကျိုးဖြစ်ထွန်းနိုင်ဖို့လမ်းညွှန်ဖြစ်တယ်။ - ကမ္ဘာဦး 1:27-28 ကျဆင်းတဲ့လူသားအတွက် ရှေ့ဆက်ဘာလုပ်ရမလဲ? သုတ္တံကျမ်း 19 21 လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။ ဘုရားသခင်ဘယ်လိုကြံစည်ထားသလဲ? ၁။ သင့်ကိုယ်သင်သေဖို့ခွင့်ပြုသလား? - ဒုတိယမွေးခြင်းဆိုတာ ပထမမွေးခြင်းကိုသေစေခြင်းဖြစ်တယ်။ ဂလာတိဩဝါဒစာ 2:20 ၂။ လက်ဝါးကပ်တိုင်ရဲ့သဘောတရား - ပထမမွေးဖွားခြင်းဟာ သင့်ရွေးချယ်မှုမပါဝင်ဘူး၊ သို့သော် ဒုတိယမွေးခြင်းဟာ သင်ရွေးချယ်ဆုံးဖြတ်ရမယ်။ - ဒီဆုံးဖြတ်ချက်ဟာ ဘဝတစ်ခုလုံးမှာဘယ်အရာရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာ ပြညွှန်ပေးတယ်။ ရှင်မဿဲခရစ်ဝင် 16:24-26 ၃။ များစွာသောအသီးကို သီးခြင်း - ပင်စည်နှင့်ဆက်နွယ်ရင် အသီးသီးလာမယ်။ ရှင်ယောဟန်ခရစ်ဝင် 15:5 များစွာသောအသီးတွေမြင်တွေ့နိုင်ဖို့ ဝိညာဉ်တော်ဘုရားအစဉ်မစပါစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ကိုဗစ်နိုင်တင်း စဖြစ်တဲ့အချိန် ၂၀၂၀၊ ဖေဖဝါရီလဆန်းမှာ ဘုရားပေးတဲ့သတင်းစကားဖြစ်တယ်။ ကိုဗစ်နိုင်တင်းပိုးဟာ ကိုယ်ခန္ဓာရဲ့ခုခံအားနဲတဲ့သူတွေမှာ ဖြစ်နိုင်ချေပိုများတယ်လို့ပြောကြတယ်။ သုတ္တံကျမ်း 17 22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။ စိတ်ရွှင်လန်းခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးက စိတ်ပျက်ခြင်းဖြစ်သော်လည်း ကျန်းမာခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးနေရာမှာ အနာရောဂါကိုမသုံးနှုန်းဘဲ၊ “အရိုးတို့ကိုသွေ့ခြောက်စေတတ်၏”လို့သုံးထားတယ်။ အရိုးတို့ကိုသွေ့ခြောက်စေတတ်တာ ဘာထူးဆန်းလို့လဲ? - အရိုးထဲမှာ ခြင်ဆီရှိပါတယ်။ - ရိုးတွင်းခြင်ဆီတွေခြောက်သွေ့သွားရင် စိုးရိမ်စရာကောင်းပါတယ်။ ဒီအကြောင်းပိုပြီးရှင်းသွားအောင် ကိုယ်ခန္ဓာမှာ အသွေးကဘယ်လောက်ရေးပါကြောင်းနားလည်ဖို့လိုပါတယ်။ - အသွေး၌ အသက်တည်တယ်လို့ပြောပါတယ်။ ဝတ်ပြုရာကျမ်း 17 11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ ဘဝဟာ အမြဲတမ်းပျော်စရာတွေချည်းကြုံရတာမဟုတ်တော့ ဘာလုပ်ရမလဲ? ဖိလိပ္ပိဩဝါဒစာ 4 4 သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။- ရိုးတွင်းခြင်ဆီကိုအားသန်စေတဲ့ဝမ်းမြောက်ခြင်းအရင်းအမြစ်(၃)ခု သုတ္တံကျမ်း 3 1. 5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ 2. 6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ 7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ 3. ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ 8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ ကောင်းသောသတင်းစကားအားဖြင့် အရိုးတို့ကိုခြင်ဆီနဲ့ပြည့်စေသောသူ၊ ယေရှုခရစ်တော်အားဖြင့်ရရှိတဲ့ စိတ်ရွှင်လန်းခြင်းအားဖြင့် ကျန်းမာခြင်းရရှိနိုင်ပါစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
အသီးသီးပြီးရင် အရသာပေးဖို့ဖြစ်တယ်။ အသစ်သောစပျစ်ရည်ကို စပျစ်သီးကရနိုင်တယ်။ အသီးသီးပြီးရင် အသီးထဲကအရသာရှိတဲ့အရည်ကို ရယူနိုင်တယ်။ - ရှင်ယောဟန် ၂း၇-၉၊ သခင်ယေရှုက သူ့ရဲ့ဘုရားဇာတိအားဖြင့်နိမိတ်လက္ခဏာကိုဖြစ်စေတယ်။ ရေကနေ စပျစ်ရည်ကိုဖြစ်စေခဲ့တယ်။ - ဒါပေမဲ့အပြစ်သားကိုကယ်တင်တဲ့အခါ၊ အသစ်သောပဋိညာဉ်တရားနှင့်ဆိုင်သောအသွေးတော်ကိုပုံဆောင်သော စပျစ်ရည်ကို နိမိတ်လက္ခဏာပြုသလိုမလုပ်ဘဲ မိမိကိုယ်တိုင်ဇာတိဖြစ်စဉ်အတိုင်းဖြတ်လျှောက်ခဲ့တယ်။ ရှင်မဿဲ ၂၆း၁၇-၂၉ နောက်တဆင့်ဖြစ်တဲ့ အသစ်သောစပျစ်ရည်ရဖို့ အဆင့်(၃)ခုရှိပါတယ်။ 1. ဖိညှစ်နင်းခြေသော၊ ဖျက်ဆီးခြင်းအဆင့် 2. အမှောင်ထဲမှာသိုသိပ်ထားသော၊ ပုံသွင်းခြင်းအဆင့် 3. အချိန်တန်တဲ့အခါထွက်လာသော၊ ပုံစံသစ်အဆင့် ကယ်တင်ခြင်းရဖို့ဘာမှလုပ်စရာမလိုဘူး၊ ချွေးတစ်စက်မှကျစရာမလိုသော်လည်း၊ ယုံကြည်သူအသက်တာဟာ ယေရှုဖြတ်လျှောက်ခဲ့တဲ့ လက်ဝါးကပ်တိုင်လမ်းကိုဖြတ်သန်းရပါတယ်။ ဘာကြောင့် သခင်ယေရှုကဲ့သို့မိမိလက်ဝါးကပ်တိုင်ကိုနေ့တိုင်းထမ်းစရာလိုအပ်သလဲ? - ဟေဗြဲ ၂း၁၈၊ ၄း၁၄-၁၆ - ဆင်းရဲဒုက္ခခံရတဲ့သူတွေကို ကြင်နာသနားတတ်ဖို့နှင့် ကူညီမစနိုင်ဖို့ဖြစ်တယ်။ နောက်တဆင့်ကိုတက်ပြီး အသစ်သောစပျစ်ရည်ကိုပေးနိုင်သောအသက်သို့ ဝိညာဉ်တော်ဘုရားပို့ဆောင်မစပါစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ကမ္ဘာလောကကြီးကို သင်ဘယ်လိုမြင်သလဲ? သင့်အမြင်ရှိတဲ့အတိုင်း ဆုံးဖြတ်ချက်ကလိုက်လာမယ်။ သဘာဝအလင်းရောင် ဘုရားသခင်ကပထမနေ့မှာဖန်ဆင်းတာ၊ “အလင်း” ဖြစ်တယ်။ - အလင်းအားဖြင့် အပင်နှင့်သတ္တဝါတွေအသက်ရှင်လာတယ်။ - အလင်းအားဖြင့် သက်ရှိတွေလှုပ်ရှားတယ်။ - အလင်းအားဖြင့် အရောင်တွေထွက်ပေါ်လာတယ်၊ လှပမှုကိုဖန်တီးတယ်။ အရောင်တွေကိုဘယ်လိုမြင်နိုင်သလဲ? နေရောင်ခြည်ကထွက်ပေါ်လာတဲ့အလင်းက အဖြူရောင်ဖြစ်တယ်၊ ဒါပေမဲ့ Isaac Newton တွေ့ရှိခဲ့တာက နေရောင်ခြည်ထဲမှာ သက်တန့်ရောင်(၇)မျိုးကိုတွေ့ရှိခဲ့တယ်။ ပန်းသီးဟာသဘာဝအားဖြင့် အနီရောင်လို့မြင်ရတာ ဘာကြောင့်လဲဆိုတော့၊ နေရောင်ခြည်ကရတဲ့အရောင်(၇)မျိုးထဲမှာ အနီရောင်ကလွှဲရင်ကျန်တဲ့အရောင်အားလုံးကို သူ့အထဲဆုပ်ယူတဲ့အတွက်၊ ပန်းသီးဆုပ်ယူလို့မရတဲ့အရောင် “အနီ”ကိုရောင်ပြန်ဟပ်တဲ့အတွက် မျက်စိက ပန်းသီးဟာ အနီရောင်ပါလို့ မြင်နိုင်တာ ဖြစ်တယ်။ ဒါဟာ သဘာဝအားဖြင့်ဖြစ်ပေါ်လာတဲ့ အရောင်ဖြစ်တယ်။ နောက်တခုစဉ်းစားစရာက၊ လူ့မျက်စိကအရောင်ကို ဘယ်လိုမြင်သလဲ? လူ့မျက်စိရဲ့အမြင်က တခါတလေသူ့အဖြစ်အတိုင်းမမြင်ဘဲ၊ ထင်မြင်တဲ့အတိုင်းမြင်တတ်တယ်။ လူ့မျက်စိက အရောင်(၃)မျိုးပဲ မြင်နိုင်တယ်၊ အနီ၊ အစိမ်းနှင့်အပြာရောင်တွေ ဖြစ်တယ်။ ဒီအရောင်(၃)မျိုးကနေထွက်ပေါ်လာတဲ့ ရောထွေးတဲ့အရောင်ကိုမျက်စိကမြင်လာတယ်။ မျက်စိကမြင်တဲ့အရောင်ဟာ သူ့သဘာဝအရောင်အတိုင်းမမြင်ဘူး၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးတဲ့အရောင်ပေါ်မှာမူတည်ပြီး ထွက်ပေါ်လာတဲ့အရောင်ကိုပဲ မျက်စိကမြင်ရတာဖြစ်တယ်။ ယေရှုလောကအလင်းဖြစ်တယ်။ ယောဟန် ၁း၄-၅၊ ၈-၉ C S Lewis: “I believe in Christianity as I believe that the sun has risen: not only because I see it, but because by it I see everything else.” နေမင်းထွက်လာတာယုံကြည်သလိုပဲခရစ်ယာန်အယူကို ငါယုံကြည်တယ်၊ နေထွက်တာကိုငါမြင်လို့သာမဟုတ်ဘဲ အဲဒီနေရောင်ခြည်အားဖြင့်အရာအားလုံးကိုငါမြင်လို့ ဖြစ်တယ်။ အသက်ရှင်မှုပုံစံ (၃)မျိုး 1. ကိုယ်ကြိုက်နှစ်သက်သလို အသက်ရှင်တဲ့သူရှိတယ် - ငါ့အတွက်ငါမှန်တယ်ထင်ရင် ငါလုပ်မယ်၊ ငါစိတ်ကျေနပ်ဖို့ဆို ငါလုပ်မယ်။ 2. မိမိအသက်ရှင်မှုပုံစံထဲကို နှုတ်ကပတ်တော်စွဲထည့်တဲ့သူရှိတယ် - ငါလည်းကျေနပ်မယ်၊ ဘုရားလည်းပါဝင်မယ်။ 3. နှုတ်ကပတ်တော်အတိုင်း အသက်ရှင်တဲ့သူရှိတယ် - ဘုရားအလိုတော်အတိုင်းပဲ ဝန်ခံအပ်နှံမယ်။ မြင်သမျှအရာအားလုံးကို ယေရှုအလင်းတော်အားဖြင့်ကြည့်မြင်ပြီး ဘုရားဘုန်းတော်ကိုထင်ရှားစေပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
လူတိုင်းက နိမိတ်လက္ခဏာ မြင်ချင်ကြတယ်၊ လိုချင်ကြတယ်။ ဘုရားသခင်အလုပ်လုပ်မှဖြစ်မယ်၊ ကိုယ်တော်ကယ်မှဖြစ်မယ်လို့ ဆုတောင်းကြတယ်။ - စာတန်က သင်ဆုတောင်းတာမကြောက်ဘူး၊ ဒါပေမဲ့ သင်ဆုတောင်းတဲ့အရာကို သင်ယုံကြည်လာတဲ့အခါမှာ စာတန်နိုင်ငံတုန်လှုပ်လာပြီး ဘုရားသခင်စတင်လှုပ်ရှားလာတယ်။ ယုံကြည်ခြင်းရှိတဲ့သူတွေဟာ လက်ပိုက်ထိုင်ကြည့်နေတဲ့သူတွေမဟုတ်ဘူး၊ ခြေလှမ်းသောသူဖြစ်တယ်။ သင့်အပေါ်မှာ ဘုရားနိမိတ်လက္ခဏာမြင်ရဖို့ နားထောင်ဖို့လိုတယ်။ လှုပ်ရှားမှုမရှိရင် ဘာမှမြင်ရမှာမဟုတ်ဘူး။ - နားထောင်ခြင်းဟာ ကြောက်ရွံ့မှုရလဒ်မဟုတ်ဘဲ၊ ယုံကြည်ခြင်းရဲ့အသီးဖြစ်ဖို့တော့လိုတယ်။ ရှင်မာကုခရစ်ဝင် ၆း၃၄-၄၄၊ “ယေရှုခရစ်တော်က နိမိတ်လက္ခဏာကို တပည့်တော်တွေရဲ့လက်ထဲမှာ ဖြစ်စေခဲ့တယ်။” နိမိတ်လက္ခဏာမြင်ရဖို့ ဘာလိုသလဲ? ခြေလှမ်း(၃)ခုရှိတယ်။ 1. သင့်မှာဘာရှိသလဲ? မာကု ၆း၃၈ - အနဲ/အများ၊ အကြီး/အသေး ကိစ္စမရှိပါဘူး။ - ဘာရှိသလဲဆိုတာပဲ သိဖို့လိုတယ်။ 2. ဘုရားလက်တော်ထဲကိုအပ်နှံပါ။ မာကု ၆း၄၁(က) - ဘာလေးပဲဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ၊ ဘုရားလက်ထဲအပ်နှံပါ။ - သင့်မှာရှိတဲ့အရာကို ဘုရားထံအပ်နှံပါ။ ဘုရားသခင်ဟာ တိုးပွါးခြင်းအရှင်ဖြစ်တယ်။ 3. လူတွေကိုမျှဝေပါ။ မာကု ၆း၄၁(ခ) - လူတွေကိုပြန်လည်မျှဝေပါ၊ သင်ရှိတဲ့အရာနဲ့ လူတွေကို အစေခံပါ။ - ဘုရားကိုအပ်နှံတဲ့အရာဆိုရင် လူတွေကိုအစေခံခြင်းမှာ အသုံးချခံဖို့လိုတယ်။ - လူတွေကိုမျှဝေခြင်းဟာ လက်တွေ့သက်သေပြခြင်းဖြစ်ပါတယ်။ မာကု ၆း၄၃-၄၄၊ တနေ့၊ သင့်လုပ်ခဲ့သမျှကို ပြန်လှည့်ကြည့်တဲ့အခါ၊ နိမိတ်လက္ခဏာကို သင်မြင်ရလိမ့်မယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
နာမည်ဘယ်လောက်အရေးပါသလဲ? နာမည်ခေါ်ခြင်းအားဖြင့် ရိုးရိုးအသံကြားခြင်းနှင့်မတူတဲ့ထူးခြားတဲ့တုံ့ပြန်မှုကိုတွေ့ရတယ်။ ဘုရားသခင်က သူဖန်ဆင်းသမျှသတ္တဝါအားလုံးကို လူအာဒံဆီခေါ်လာပြီး နာမည်ပေးဖို့ပြောတယ်။ - နာမည်ပေးခြင်းက၊ သူ့အကျင့်အမူကိုပါထည့်ပေးလိုက်ခြင်းဖြစ်တယ်။ - နာမည်အထဲမှာ သူ့ဖြစ်တည်ခြင်း၊ စိတ်ခံစားမှု၊ စဉ်းစားတွေးခေါ်မှုတွေပါ ပါဝင်ပြီးသားဖြစ်တယ်။ ဘုရားသခင်ကလူကိုကောင်းချီးပေးရင် နာမည်ပြောင်းပေးတယ်။ - ယာကုပ်ဟာ လှည့်စားတဲ့သူ၊ ဒါကြောင့် ကြောက်ရွံ့တဲ့သူဖြစ်လာတယ်။ - သူ့အမည်သစ် ဣသရေလက ရဲရင့်တဲ့သူဖြစ်တယ်။ ယေရှုခရစ်တော်၌ရှိသမျှ၊ လူသစ်ဖြစ်တယ်၊ နာမည်သစ်ပြောင်းခြင်းခံရသောသူဖြစ်တယ်။ - ဘုရားသခင်က အာဗြံ(အဖအရာ)ကို ကတိပေးခဲ့တယ်။ - အာဗြဟံ(လူမျိုးများရဲ့ဖခင်)က ကတိတော်ပြည့်စုံခြင်းမြင်ခွင့်ရတယ်။ - နာမည်သစ်ပြောင်းခြင်းက သူ့စိတ်နှလုံးထဲမှာ ကတိတော်ပြည့်စုံလာဖို့နေရာပြင်ဆင်ပေးထားတယ်။ ကျွန်တော်တို့လည်း ခရစ်တော်နှင့်မစပ်ဆိုင်ခင်က လူဟောင်းသဘောကိုပဲကြည့်မနေတော့ဘဲနဲ့ ခရစ်တော်အထဲက လူသစ်ရဲ့သဘောကိုပဲ စွဲလန်းခြင်းရှိဖို့အရေးကြီးတယ်။ မဖြစ်နိုင်တော့ဘူးလို့မြင်ခဲ့သမျှကို၊ အခုတော့ ဘုရားတန်ခိုးတော်အားဖြင့် ဖြစ်နိုင်တယ်၊ ဖြစ်နေပြီလို့ နာမည်အသစ်ပြန်ပေးဖို့ ဖြစ်တယ်။ - ငါဟာဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်။ - ငါဟာ ဘုရားသခင်ရဲ့မျက်နှာသာရသောသူဖြစ်တယ်။ - ငါဟာ ဘုရားသခင်ရဲ့ မေတ္တာရသောသူဖြစ်တယ်။ - ငါဟာ ယေရှုကြောင့်အောင်မြင်သောသူဖြစ်တယ်။ - ငါဟာ ယေရှုကြောင့်ကျန်းမာသောသူဖြစ်တယ်။ - ငါဟာ ယေရှုကြောင့်တတ်နိုင်သောသူဖြစ်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဘုရားသခင်ဟာ ကောင်းမြတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်၊ ဘုရားပြုသမျှအရာအားလုံးသည်လည်း ကောင်းသောအရာပဲဖြစ်လာတယ်။ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့၊ ကောင်းမှန်းသိအောင်မြည်းစမ်းစေတယ်။ လူတွေကမေးတတ်တယ်၊ ဘုရားသခင်ကကောင်းမြတ်တယ်ဆိုရင် ဘာကြောင့်မကောင်းတဲ့အရာတွေဖြစ်ပျက်နေသလဲ? နှုတ်ကပတ်တော်က ဘယ်လိုပြောထားသလဲ? ဖန်ဆင်းခြင်းမှာ၊ အရာခပ်သိမ်းကိုဖန်ဆင်းပြီး “ကောင်းတယ်”လို့ဘုရားက အတည်ပြုခဲ့တယ်။ ကောင်းမွန်ပြည်စုံတဲ့ကမ္ဘာလောကကို ဘုရားသခင်ပြင်ဆင်ပေးခဲ့တယ်။ ဧဒင်ဥယျာဉ်ထဲကအပင်ရဲ့အသီးတွေကိုလွပ်လပ်စွာစားခွင့်ရှိပေမဲ့၊ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုစားဖို့ ဘုရားသခင်ပညတ်ထားခဲ့တယ်။ လူကဘုရားစကားနားမထောင်တဲ့အတွက်ကြောင့်၊ အသီးကိုစားတဲ့နေ့ကစပြီး “ကောင်းတဲ့”မြေကြီးက “ကောင်းမကောင်း”အခြေနေထဲရောက်လာတယ်။ ကမ္ဘာလောကကြီးက ဖြစ်သမျှအားလုံးက အဆိုးအကောင်းနှစ်မျိုးဒွန်တွဲလာတယ်။ လူတွေလုပ်သမျှအရာအားလုံးရဲ့ရလဒ်က ဘေးထွက်ဆိုးကျိုးတွေရှိလာတယ်။ ဥပမာ — ဆေးဝါး၊ နည်းပညာ စတဲ့အရာများ။ ယေရှုခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာ(အဆိုးအကောင်း)တွေက ယုံကြည်သူတွေရဲ့အကျိုးအတွက်ပြုစုပေးတယ်။ ကောင်းမြတ်ခြင်းကို ဘုရားဘယ်လိုမြင်သလဲ? ဘဝမုန်တိုင်းတွေဟာ လူကိုပိုပြီးခိုင်ခံ့စေတယ်။ ယုံကြည်သူဟာ အဆိုးအားဖြင့်အရှုံးမခံပဲ၊ အကောင်းအားဖြင့် အဆိုးကိုနိုင်သောသူဖြစ်တယ်။ ဘုရားလုပ်ပေးတာ အကောင်း၊ လူလက်ထဲမှာ ကောင်းမကောင်းဖြစ်လာတယ်။ ဒါကိုဘုရားသခင်က ကောင်းတဲ့အကျိုးအဖြစ် ပြန်လည်ပြောင်းလဲပေးတယ်။ …စိတ်နှလုံးပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။ ယောဘလည်း ကောင်းတဲ့အခြေအနေရှိခဲ့တယ်။ မကောင်းတဲ့အခြေအနေထဲရောက်တဲ့အချိန်ကိုတွေ့ကြုံရပေမဲ့လည်း ဘုရားကိုမပြစ်မှားဘူး။ ဘုရားကောင်းမြတ်ခြင်းကို ဘဝအတွေ့ကြုံတွေမှာ ယုံကြည်စိတ်ချပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
အမြင်နဲ့ပဲအသက်ရှင်တဲ့လောကလူတွေထဲမှာ ကြားတတ်သောနားရှိဖို့လိုတယ်။ ယုံကြည်သူတွေက မျက်မှောက်အမြင်နှင့်သွားလာသောသူမဟုတ်ဘူး၊ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်သောသူဖြစ်တယ်။ ယုံကြည်အားဖြင့်သာ ဘုရားသခင်ရဲ့စိတ်တော်ကိုထိတွေ့နိုင်တယ်။ ယုံကြည်ခြင်းရဖို့ ဘုရားစကားတော်ကိုကြားနာတတ်ဖို့လိုတယ်။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။ အာရုံ(၅)ပါးအထဲမှာ၊ အကြားအာရုံက ယုံကြည်ခြင်းရဖို့အလွယ်ကူဆုံးလမ်းကြောင်းဖြစ်တယ်။ ဖန်ဆင်းခြင်းမှာ၊ ဘာမှမရှိတဲ့အမှောင်ထဲမှာ ဘုရားသခင်က “အလင်းဖြစ်စေ”လို့ပြောမှ အလင်းရောက်လာတယ်။ ဣသရေလလူမျိုးတွေကို ဘုရားသခင်ကပညတ်တော်ပေးတဲ့အခါမှာ ဘာသဏ္ဌာန်ကိုမှမမြင်စေဘဲ အသံတော်အားဖြင့်သာစကားပြောခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ရုပ်တုဆင်းတုထုလုပ်ပြီးဘုရားနေရာမှာ ကိုးကွယ်လာမှာစိုးလို့ဖြစ်တယ်။ တရားဇရပ်မှူး ယာဣရုက “ကိုယ်တော်ကိုမြင်”အခါမှာ ချည်းကပ်ပြီး သူ့တဦးတည်းသောသမီးအပေါ်မှာ ကိုယ်တော်လက်တင်ပေးပြီးကယ်တင်ပေးပါလို့ဆုတောင်းခဲ့တယ်။ ယေရှုက သူ့ကိုကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့၊ သူတို့သွားတဲ့လမ်းမှာ ၁၂ နှစ်လုံးလုံးသွေးသွန်နာစွဲတဲ့အမျိုးသမီးက “ယေရှုအကြောင်းကိုကြား”ပြီးတော့၊ သူ့ကိုသွားထိတယ်ဆိုရင် ငါ့အနာပျောက်မယ်ဆိုတာကို သူမယုံကြည်လာတယ်။ မြင်မှယုံကြည်တတ်တယ်ဆိုရင်လောကလူတွေနဲ့ထူးခြားမှုရှိမှာမဟုတ်ဘူး။ ယုံကြည်သူတွေက လောကလူတွေရှေ့မှာ ခြေတစ်လှမ်းအသာနဲ့ဘုရားသခင်ဆီခေါ်ဆောင်တတ်ဖို့၊ ကြားတဲ့အတိုင်းယုံကြည်ခြင်းနှင့်လက်တွေ့ကျင့်သုံးတတ်သောသူဖြစ်ဖို့လိုတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
‘မန္န'မုန့်ရပ်သင့်ပြီ ၁။ မန္နပြတ်သွားခြင်း ဘာကြောင့် မန္နမုန့်ရပ်သင့်သလဲ၊ ဘုရားသခင်ပေးတဲ့ကတိတော်ပြည် ခါနန်ပြည်ရဲ့အစာကိုစားရသောကြောင့်ဖြစ်တယ်။ ‘မန္န'ဆိုတာ ‘ဘာလဲ'ဖြစ်တယ်, တောမှာအနှစ်(၄၀)ပတ်လုံးစားတဲ့အစာဖြစ်တယ်။ ခါနန်နယ်နိိမိတ်ထဲရောက်လာတဲ့အခါမှာ မန္နပြတ်တယ်။ ကတိတော်နယ်မြေကိုအမွေခံရပေမဲ့ ပြုစုစောင့်ရှောက်ဖို့လိုတယ်။ - အာဒံအတွက်ဧဒင်ကိုပေးပြီး ပြုစုစောင့်ရှောက်စေသလို၊ သဘောတရားအတူတူ ဖြစ်တယ်။ - ဣသရေလလူမျိုးတွေရဲ့စိတ်နှလုံးကို ပြုစုစောင့်ရှောက်ဖို့မှာထားတယ်။ ၂။ ယေရှုခရစ်တော်နှင့်ရင်းနှီးကျွမ်းဝင်မှု ယုံကြည်သူအသက်တာလည်းဒီအတိုင်းပဲ၊ - ယေရှုကိုသိတဲ့အဆင့်မှာပဲနေရင် တောထဲမှာပဲလည်ပတ်နေတဲ့မူကြိုကလေးလိုဖြစ်တယ်။ - ယေရှုအကြောင်းသိတာကောင်းပါတယ်၊ ယေရှုနှင့်ရင်းနှီးကျွမ်းဝင်မှုက ပိုပြီးကောင်းတယ်။ - ယေရှုခရစ်တော်နှင့်ရင်းနှီးခြင်းဖြင့် သဏ္ဌာန်တူလာဖို့ဖြစ်တယ်။ ၃။ ယုံကြည်ခြင်းနှင့်ခါနန်ပြည်ကိုဝင်ရမယ်။ ဒုတိယမျိုးဆက်ပဲ ခါနန်ပြည်ကိုဝင်စားခွင့်ရတယ်။ ပထမမျိုးဆက်က ကြောက်လို့ပြန်လှည့်လာခဲ့တယ်။ - ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ချမ်းသာထဲကိုဝင်လို့မရဘူး။ - ယုံကြည်ခြင်းသက်သေပြဖို့လိုတယ်။ မန္နမုန့်ပဲမစားနဲ့တော့၊ ခါနန်ပြည်ရဲ့အစာကိုလည်းကိုယ်တိုင်စားကြည့်ပါဦးလို့ ဖိတ်ခေါ်ပါရစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဘာကြောင့် ဆယ်ဖို့တစ်ဖို့ပေးရသလဲ၊ ဆယ်ဖို့တစ်ဖို့ပေးမယ်ဆိုရင် ဘယ်မှာပေးရမလဲ - ဒီမေးခွန်းက သတိထားဖို့လိုတဲ့အရေးကြီးတဲ့မေးခွန်းဖြစ်တယ်၊ ယုံကြည်သူတွေ ကောင်းချီးမင်္ဂလာခံစားရတဲ့အခါမှာ အိတ်ပေါက်နဲ့ဖားကောက်မဖြစ်ရလေအောင်၊ ငွေကြေးဆိုင်ရာမှာ လုံခြုံမှုရအောင်ဘုရားသခင်ပေးတဲ့နိယာမဖြစ်တယ်။ ဆယ်ဖို့တစ်ဖို့ပေးခြင်းကို အစပြုခဲ့တဲ့အာဗြဟံက ဘာ့ကြောင့်ပေးသလဲ၊ သူဘယ်မှာပေးခဲ့သလဲဆိုတာ သမ္မာကျမ်းစာကဘယ်လိုပြောထားသလဲ၊ အတူလေ့လာကြရအောင်။ ၁။ ဘုရားသခင်တောင်းလို့ပေးတာမဟုတ်ဘူး။ ဘုရားသခင်လိုချင်တာ စိတ်နှလုံးဖြစ်တယ်။ - စိတ်နှလုံးကောင်းစားမှ အရာရာမှာကောင်းစားလာမှာ၊ ကျန်းမာလာမှာ ဖြစ်တယ်၊ ၃ယော၂။ ၂။ ဘာကြောင့်ပေးသလဲ၊ ပညတ်တရားကြောင့်မဟုတ်ဘူး။ - ဝမ်းမြောက်ခြင်းအထဲက ဖြစ်ပေါ်လာတဲ့လုပ်ဆောင်မှုဖြစ်တယ်။ - ရက်ရောစွာပေးလှူခြင်းဖြစ်တယ်။ ၃။ ဘယ်မှာပေးခဲ့သလဲ၊ မေလခိဇေဒက် - ယေရှုခရစ်တော် - ယေရှုခရစ်တော် - အသင်းတော် ကိုပေးခဲ့တာဖြစ်တယ်။ - ယေရှုခရစ်တော် (အသင်းတော်ဦးခေါင်း၊ အသင်းတော်လည်း ခရစ်တော်၏ကိုယ်ဖြစ်တယ်) --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဆာလံ ၁၃၉း၁၄ လူဟာ ကြောက်မက်ဖွယ်၊ ထူးဆန်းသောလက္ခဏာတို့နှင့်ဖန်ဆင်းထားတယ်။ လွှမ်းမိုးထိတွေ့နိုင်သူဖြစ်လာဖို့ စောင့်ကြည့်ရမယ့်အရာ(၃)ခု ၁။ ဘုရားသခင်ကိုဆာငတ်ခြင်းရှိပါ။ ဆာလံ ၄၂း၁-၃ - ဖန်ဆင်းရှင်ဘုရားကို မိမိစိတ်နှလုံးထဲမှာ နေရာပေးပါ။ - တွေ့နိုင်သည့်ကာလ၊ နီးတော်မူသည့်ကာလမှာ တခြားအရာတွေထက် ဘုရားကိုသာနေရာပေးပါ။ ၂။ စိတ်နှလုံးနှိမ့်ချခြင်းရှိပါ။ သုတ္တံ ၁၈း၁၂ - အချိန်တန်မှ ဘုရားသခင်ချီးမြောက်လို့ရအောင် စိတ်နှိမ့်ပါ။ - အချိန်တန်ခြင်းဆိုတာ အသွန်သင်ခံသူရဲ့စိတ်နှလုံးအပေါ်မှာ မူတည်တယ်။ - လူလူချင်းလက်တွဲလုပ်ဆောင်မှုမှာမြဲမြံဖို့ စိတ်နှိမ့်ချခြင်းသည် သော့ချက်ဖြစ်သည်။ ၃။ တစ်စုံတစ်ယောက်ကိုအစေခံပါ။ ရှင်မာကု ၁၀:၄၃ - ဘုရားသခင်နိုင်ငံတော်မှာကြီးမြတ်သောဖြစ်ချင်ရင်၊ အားလုံးရဲ့အစေခံဖြစ်ရမယ်။ - သူ့အတွက်ဆုတောင်းပေးခြင်းအားဖြင့် အစေခံပါ။ - သူ့အကြောင်းကိုသိဖို့ကြိုးစားပါ။ ကူညီပေးဖို့ သင်မြင်လာလိမ့်မယ်။ - သူ့အတွက်အချိန်ပေးပါ၊ အားပေးစကားပြောပါ။ - အစေခံခြင်းဟာ သူ့စိတ်နှလုံးထဲမှာနေရာယူခြင်းဖြစ်တယ်။ သင့်အားဖြင့်ဘုရားဘုန်းတော်သာ၍ထင်ရှားဖို့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ဘဝထဲမှာလွှမ်းမိုးထိတွေ့သောသူဖြစ်ပါစေ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ဦးနှောက်မှတ်ဥာဏ်ရဲ့အသိတရားထဲမှာနေရင် ပိုပြီးလုံခြုံတဲ့ဘဝရမယ်လို့ စဉ်းစားထင်မြင်တာ လူ့သဘာဝဖြစ်တယ်။ ဒါကြောင့် လူဟာအသိတရားထဲမှာပဲသွားလာလှုပ်ရှားချင်ကြတယ်၊ - ထားတဲ့နေရာမှာပဲနေ၊ ပြောတဲ့အတိုင်းပဲလုပ်၊ စည်းကမ်းလိုက်နာ၊...ဒါဆိုရင်လုံခြုံမယ်။ တကယ်ပျင်းစရာကောင်းတဲ့ဘဝဖြစ်တယ်။ ယုံကြည်သူတွေအတွက်ဆိုရင် ယုံကြည်ခြင်းနဲ့လျှောက်လှမ်းရတာ တကယ်တော့စွန့်စားရတဲ့ဘဝဖြစ်တယ်။ ဒီလိုစွန့်စားရတဲ့ဘဝမှာ စစ်မှန်တဲ့လုံခြုံမှုကို ဘယ်လိုရနိုင်မလဲ? Think Outside the Box (The 9 Dots Puzzle) စဉ်းစားတွေးခေါ်မှုကိုဆွဲဆန့်စေတဲ့ ပဟေဠိပုစ္ဆာဖြစ်တယ်။ ရှင်မဿဲ ၁၄း၂၈-၂၉ မှာတွေ့ရတဲ့လှေအပြင်ဖက် ရေပေါ်မှာလှမ်းသွားတဲ့ပေတရု။ ကမ္ဘာ့ဆွဲငင်အားက ဆွဲချလို့မရတဲ့အရာ။ ရေပေါ်မှာသွားရင်နှစ်မြုပ်သွားမယ်၊ နှုတ်ကပတ်တော်အပေါ်မှာသွားရင်မနှစ်ဘူး။ လူ့အမြင်နှင့်သဘာဝကျတဲ့အခြေအနေမှာ ရုန်းကန်မလား၊ ယုံကြည်ခြင်းနဲ့စွန့်စားမလား? နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းက တန်ခိုးကိုပေးတယ်။ လှေအပြင်ကိုထွက်တာ ဘုရားကတိတော်ကိုယုံကြည်ခြင်းကြောင့်ဖြစ်တယ်၊ ဘုရားသခင်ရဲ့ပဋိညာဉ်တရားကိုနားလည်ခြင်းကြောင့်ဖြစ်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
သင်ရှိတဲ့နေရာ၊ သင့်ရပ်တည်မှုက အနာဂါတ်ပန်းတိုင်ဆီသွားဖို့ အရေးကြီးတဲ့အစပြုတဲ့နေရာဖြစ်တယ်။ ဘုရားသခင်ဖွင့်ပြလိုသောအရာများကို ဘုရားအတူရှိတဲ့နေရာကနေပဲ မြင်နိုင်တယ်။ ခရစ်တော်ထဲမှာကျွန်ုပ်တို့ရပ်တည်မှုနေရာသည် “သား”ဖြစ်သည်။ ယေရှုခရစ်တော်အားဖြင့် ဘုရားသားဖြစ်ခွင့်ရပြီ။ သန့်ရှင်းသောဝိညာဉ်တော်ဆုံးမပဲ့ပင်သမျှသည် ဘုရားသားဖြစ်သည်။ ကြောက်တတ်တဲ့ကျွန်ရဲ့စိတ်သဘောမပေးဘူး၊ ရဲရင့်တဲ့သားစိတ်သဘောကိုပေးတယ်။ သားမှန်ရင် အမွေခံဖြစ်တယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
“အမှုပြီးပြီ”လို့လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုကြွေးကြော်ခဲ့တာ ဘာအတွက်လဲ? သင်နှင့်ကျွန်ုပ်အတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ? - လက်မှတ်ရေးထိုးခြင်း၊ တရားဝင်ကြေငြာခြင်း - Tetelestai ပေးချေပြီးကြောင်းတံဆိပ်ခတ်ခြင်း - work done definition၊ ရွေ့ပြောင်းခြင်း ရောမ ၆း၁၇-၁၈ - ကတိတော်ပြီးပြည့်စုံခြင်း၊ ကမ္ဘာဦး ၃း၁၅ - ယုံကြည်ခြင်း၏အကျိုး၊ သုတ္တံကျမ်း ၂၃း၇၊ ယောဟန် ၃း၁၈ - ဖြောင့်မတ်ခြင်း(အာဒံသစ်နှင့်ဧဒင်သစ်) ရောမ ၅း၁၇ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
၂၀၂၀ တုန်းက ကမ္ဘာ့ကပ်ရောဂါစဖြစ်တဲ့အချိန်(US)မှာ Center for Disease Control (CDC)က ဒီရောဂါကိုအတတ်နိုင်ဆုံးကာကွယ်ဖို့ လမ်းညွှန်ချက်တွေ(Guideline)ပေးခဲ့တယ်။ တဖက်မှာလည်း social mediaတွေက သူတို့လုပ်နေကျအတိုင်းပြည်သူတွေကို ဖြစ်ပျက်နေတဲ့သတင်းတွေကို အဆက်မပြတ်တင်ဆက်ပေးနေတယ်၊ ဘယ်နှယောက်ကူးဆက်ပြီး ဘယ်နှယောက်သေပြီ၊ ဘယ်လောက်ကြောက်စရာကောင်းတာဆိုတဲ့ သတင်းခေါင်းစည်း(Headline)ကြီးနဲ့ အသိပေးနေတယ်။ သတင်းက ဗဟုသုတရယူဖို့ကောင်းပေမဲ့ နားထောင်တာများလာတော့ လူ့စိတ်ကိုလွှမ်းမိုးလာပြီးကြောက်စိတ်၊ စိုးရိမ်စိတ်တွေဖြစ်စေတယ်။ သတင်းHeadlineက လူကိုဘယ်လိုစိုးရိမ်ပါလို့ပြောပေးပါလိမ့်မယ်၊ သို့သော် Guidelineက သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကိုဘယ်လိုအောင်မြင်နိုင်မလဲဆိုတာ ဖေးမကူညီပေးပါလိမ့်မယ်။ Headlineက သင့်စိတ်ကိုအနှောင့်အယှက်ပေးနေတဲ့အချိန်မှာ Guidelineက သင့်ခြေလှမ်းကိုပဲ့ပင်ပေးပါလိမ့်မယ်။ ဘုရားအသံတော်ကြောင့်သာ ငြိမ်သက်ခြင်းကို ရနိုင်တာပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
ကုန်လွန်ခဲ့သောနေ့ရက်အချိန်တွေမှာ အဆိုးကြီးပဲမကြုံရသလို၊ အကောင်းကြီးပဲပေးမတွေ့ပါဘူး၊ ဘုရားသခင်က ကျွန်တော်တို့ကြီးထွားရင့်ကျက်ခြင်းအတွက် အဆိုးအကောင်း နှစ်ခုလုံးကိုပေးတွေ့ပါတယ်။ ရောမ ၈း၂၈။ ၂၀၂၂ မှာလည်း အခြေအနေတွေဟာ ပြောင်းလဲနေပါလိမ့်မယ်၊ သို့သော် ဘုရားအကြံစည်တော် တည်မြဲတဲ့အတွက် ငြိမ်ဝပ်စွာကိုးစားလျက်နေပါ။ ယေရမိ ၂၉း၁၁။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message
JS Guideline podcasting program မှ ကြိုဆိုပါတယ်။ ဒီအစီစဉ်ကို “ကံကြမ္မာဆိုးနှင့် ပြန်လည်သင့်မြတ်ခြင်း”ဆိုတဲ့ အကြောင်းဝေငှရင်းနဲ့ အစပြုချင်ပါတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/joseph-siang/message