Touttyay Podcast

Follow Touttyay Podcast
Share on
Copy link to clipboard

good friends, good conversations

Touttyay


    • Jan 29, 2021 LATEST EPISODE
    • monthly NEW EPISODES
    • 1h 17m AVG DURATION
    • 11 EPISODES


    Search for episodes from Touttyay Podcast with a specific topic:

    Latest episodes from Touttyay Podcast

    Episode 11 | Aung Khant

    Play Episode Listen Later Jan 29, 2021 64:39


    စကားဝိုင်း (၁၁) မှာပါဝင်ထားတဲ့ အောင်ခန့် သည် ၂၀၁၉ ရန်ကုန်မြို.စည်ပင်သာယာ ကော်မတီရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်မြေ (၃) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ပါသည်။ မြို.ပြကြီးကြပ်ရေး နှင့် အုပ်ချုပ်ရေး မဟာသိပ္ပံဘွဲ. (M.Sc. Urban Planning and Public Policy) နှင့် နိုင်ငံရေးသိပ္ပံဘွဲ. (B.A. Political Science) တို.ကို ပါရီမြို.ရှိ Sciences Po နိုင်ငံရေးတက္ကသိုလ် မှရရှိခဲ့ပြီး ကိုအောင်ခန့်သည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ ဗဟိုသုတေသန ကော်မတီတွင် တာဝန်များထမ်းဆောင်နေသော UEHRD အဖွဲ.ဝင်တစ်ဦးဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အနေဖြင့်လည်း မြို.ပြ နှင့် ဒေသတွင်းဆိုင်ရာ စီမံကိန်းများအတွက် think-tank ဖြစ်သော Urbanize ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ အနေဖြင့်လုပ်ကိုင်နေသောသူတစ်ယောက်လည်းဖြစ်ပါသည်။

    Episode 10 | su_su

    Play Episode Listen Later Jan 24, 2021 81:41


    စကားဝိုင်း (၁၀) မှာပါဝင်ထားတဲ့ ဧည့်သည်တော်ကတော့ ခေတ်သစ် DJ အနုပညာရှင် su_su ပဲဖြစ်ပါတယ်။ ပြင်သစ် အင်းသားလူမျိုးဖြစ်တဲ့ ဆုဆု (Sullivan Borit) ဟာ European Techno နဲ့ သူချစ်တဲ့ မြန်မာ့ရိုးရာ ဂီတတူရိယာ များကို ပေါင်းစပ်ပြီး ထူးခြားသော သံစဉ်အသစ် တွေကို ဖန်တီးတည်းဖြတ် နေပါတယ်။ ဒီစကားဝိုင်းမှာဆို su_su ရဲ့ပရိသတ်တွေမသိသေးတဲ့ ငယ်ဘဝအတွေ့အကြုံလေးတွေကိုလည်း အားရပါးရပြောပြခဲ့ပါတယ်။

    Episode 9 | Thanda Ko Gyi

    Play Episode Listen Later Jan 16, 2021 72:05


    အပိုင်း (၉) မှာပါဝင်ထားတဲ့ guest ကတော့ သောက်ရေတို့ အားကြရတဲ့ မသန္တာကိုကြီး ပဲဖြစ်ပါတယ်။ မသန္တာ ဦးဆောင်တဲ့ Myanmar Ocean Project ဟာဆိုရင် မြန်မာ့ သမုဒ္ဒရာ ကျန်းမာရေး အတွက် လှုပ်ရှားနေတဲ့ NGO တစ်ခုပဲဖြစ်ပါတယ်။ လက်တလော မှာ Myanmar Ocean Project ရဲ့ အဓိကလှုပ်ရှားမှု အနေ နဲ့ ghost gear လို့ခေါ်တဲ့ ပျက်စီးကျန်ရစ်ခဲ့သော ငါးဖမ်းပိုက်ဟောင်းတွေကို သမုဒ္ဒရာ အတွင်းမှ ဖယ်ရှားရှင်းလင်း နေပါတယ်။

    Episode 8 | Richie Nath

    Play Episode Listen Later Jan 9, 2021 67:35


    စကားဝိုင်း (၈) မှာ ပါဝင်ထားတဲ့ အနုပညာရှင်ကတော့ Richie Nath ပဲဖြစ်ပါတယ်။ “Frontline of Myanmar LGBT Art” လို့တင်စားခံရတဲ့ Richie ကတော့ London College of Fashion မှာ Fashion Illustration ဖြင့်ဘွဲ့ရခဲ့ပြီး အရှေ့တောင်အာရှတွင်း ပန်းချီပြပွဲများစွာ တွင်လည်း ပါဝင်ထားသော အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

    Episode 7 | Zeyar Myo Tin

    Play Episode Listen Later Dec 26, 2020 100:55


    စကားဝိုင်း (၇) ရဲ့အထူးဧည့်သည်တော်ကတော့ ပရိသတ်တွေအများကြီးရဲ့ ချစ်ခင်လေးစားမှုကိုရရှိထားတဲ့ Zeyar Vlogs မှ ကိုဇေယျာမျိုးတင် ပဲဖြစ်ပါတယ်။ ကိုဇေယျာ က UK နိုင်ငံရှိ Glasgow မြို့တွင် junior doctor ဆရာဝန် တစ်ယောက်အနေဖြင့် တာဝန်ယူလုပ်ဆောင်နေပါတယ်။ နောက်ပြီး Facebook နှင့် YouTube ပေါ်တွင်လည်း ‘Zeyar Vlogs’ အမည်ဖြင့် စိတ်ဝင်စားဖို့လည်းကောင်း၊ ဗဟုသုတ လည်းရစေတဲ့ ဗီဒီရိုတွေကိုလည်း တင်ဆက်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သောက်ရေတို့ ကလည်း ကိုဇေယျာ့ videos တွေရဲ့ ပရိသတ်တွေ ဖြစ်တာကြောင့် သုံးယောက်သား ကြုံတုန်း အားရပါးရ စကားတွေပြောခဲ့ပါတယ်။

    Episode 6 | Shwe Yee Moe Tha (Trish)

    Play Episode Listen Later Dec 19, 2020 63:46


    Chef Trish လို့ လေးစားစွာအများကခေါ်တဲ့ မရွှေရီမိုးသာ ကတော့ Poe Ferments နဲ့ Poe Kitchen ရဲ့ Co-Founder/Producer ဖြစ်ပါတယ်။ ဟင်းချက်တဲ့အနုပညာကို Le Cordon Bleu Dusit Culinary School မှာ သင်ယူလာခဲ့တဲ့ Chef Trish ဟာ Michelin Star စာသောက်ဆိုင် တစ်ခုဖြစ်တဲ့ Upstairs Mikkeller Bangkok ရဲ့ Former Sous Chef တစ်ဦး ဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အထင်ကရ ပြင်သစ်စားသောက်ဆိုင်ဖြစ်တဲ့ Le Planteur Restaurant တွင်လည်း Former Chef De Partie (CDP) အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ Chef Trish ဦးဆောင်တဲ့ Poe Ferments ဟာဆို Ethical Sourcing ဆိုတဲ့ ပြည်တွင်းဖြစ်၊ ရာသီပေါ် စားသောက်ကုန်(ingredients) တွေကို တောင်သူလယ်သမားတွေဆီမှ မှာယူ သုံးစွဲပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကိုကျင့်သုံးသောကြောင့် ပလပ်စတစ် လုံးဝ မသုံးသော brand တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Chef Trish ကိုယ်တိုင်တီထွင်ထားတဲ့ menu ကို online မှတဆင့် မှာယူနိုင်သည့် Poe Kitchen ကိုလည်း Facebook ပေါ်တွင် စတင်ခဲ့ပါတယ် ❤️ သောက်ရေတို့ကိုယ်တိုင် Poe Kitchen နဲ့ Poe Ferments ရဲ့ အမာခံ ပရိသတ်တွေဖြစ်တာကြောင့် အားလုံးကိုလည်း recommend ပေးခြင်ပါတယ်။

    Episode 5 | Nandar

    Play Episode Listen Later Dec 16, 2020 74:27


    စကားဝိုင်း(၅)မှာပါဝင်ထားတဲ့ guest ကတော့ သောက်ရေတို့ချစ်ခင်လေးစားရတဲ့ 2020 BBC 100 Women စာရင်းဝင်သူ မနန္ဒာ ပဲဖြစ်ပါတယ်။ Feminist Advocate တစ်ယောက်ဖြစ်တဲ့ မနန္ဒာ က အမျိုးသမီးအမျိုးသား တန်းတူအခွင့်ရေးရယူရန် တက်ကြွလှုပ်ရှားနေသူ activist တစ်ယောက်ပါ။ Purple Feminists Group ရဲ့ director ဖြစ်တဲ့ မနန္ဒာက Feminist Talks with Nandar နှင့် G-Taw Zagar Wyne Podcast တို့မှာ ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

    Episode 4 | Nida Soe and Ali Drummond

    Play Episode Listen Later Dec 16, 2020 111:03


    စကားဝိုင်း(၄) မှာပါဝင်ထားတဲ့ guests နှစ်ယောက်ကတော့ စကိတ်ပညာရှင် အယ်လီဒရူမွန် (Ali Drummond) နှင့် မြန်မာ့ ပင်လယ်လှိုင်းစီးအဖွဲ့ လက်ရွေးစင် နိုင်ဒါစိုး (Nida Soe) တို့ပဲဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံမှာကြီးပြင်းပြီး မြန်မာလိုကျွမ်းကျင်စွာပြောနိုင်တဲ့ Ali ကတော့ SOAS University of London မှာမြန်မာစာနှင့် ဘွဲ့ရပြီး မြန်မာပြည်ကိုရောက်တာ၈နှစ်ရှိပါပြီ။ ရန်ကုန်တွင်းရိုက်ကူးရေးလုပ်ငန်းတွေလုပ်ရင်း documentaries များစွာကိုလည်း producer အနေဖြင့် ထုတ်လုပ်ထားပါတယ်။ Pushing Myanmar အမည်ဖြင့် စကိတ်အဖွဲ့စည်းကို နေရာအသီးသီးကနေ ပံ့ပိုးဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ Nida ကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ University of Southern California တက္ကသိုလ်မှGEO Design ဖြင့်ဘွဲ့ရပြီး သူမအလွန်နှစ်သက်သော ပင်လယ်လှိုင်းစီးအားကစား (surfing) ကို မြန်မာ့လက်ရွေးစင် တစ်ဦးအနေဖြင့် ၂၀၁၉ SEA Games မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ တယ်။ အခုဆို Nida က Surf Association Myanmar မှာ ဒုဥက္ကဌ အနေဖြင့်ဒီအားကစားကိုပိုမို ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေလျက်ရှိပါတယ်။

    Episode 3 | May Toe Khine and Mon Sai Aung

    Play Episode Listen Later Dec 16, 2020 95:35


    အားလုံးရင်းနှီးပြီးသားဖြစ်တဲ့မေတိုးခိုင်ကတော့နိုင်ငံကျော်Modelနှင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးကြောငြာအများအပါးနှင့်ရုပ်ရှင်ကားကြီးတွေမှာပါဝင်ထားပါတယ်။ ဒါ့အပြင်မေတိုးခိုင်က အမျိုးသမီးတန်းတူအခွင့်ရေး၊ လိင်စိတ်ခံယူမှုကွဲပြားသူများရဲ့အခွင့်အရေး နှင့် အထွေထွေရွေးကောက်ပွဲတွင်မဲပညာပေးတွေကိုသူ့ရဲ့platformမှတဆင့်အမြဲလိုလိုတက်ကြွစွာဖြင့်public awareness ကိုမြင့်တင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ချောလွန်းလို့ငယ်ငယ်တုံးကကြိတ်ကြွေခဲ့ဖူးတဲ့ကိုမွန်စိုင်းအောင်ကတော့ Baruch College မှဘွဲ့ရခဲ့ပြီး U Hton Goldsmith & Jewelryရဲ့ Branding နှင့် Art Direction ကိုတာဝန်ယူထားသူတစ်ဦးဖြစ်ပါတယ်။ မွန်ကတော့မြန်မာနိုင်ငံရှိ LGBTQ+ movementမှာအားတက်သရောပါဝင်ကူညီပေးသူတဦးဖြစ်ပြီးလိင်စိတ်ခံယူမှုကွဲပြားသူများရဲ့တန်းတူအခွင့်အရေးတွေကိုလိုလားအပ်သူတစ်ယောက်ဖြစ်ပါတယ်။

    Episode 2 | Gigi Han and May Myat Thu (Stella)

    Play Episode Listen Later Dec 16, 2020 68:42


    မမေမြတ်သူ (ခ) မစတယ်လာဟာဆိုရင်Yaung Ni Oo Medical Company မှာ Head of Branding & Marketing အနေဖြင့်လုပ်ကိုင်နေပြီး Yaung Ni Oo Servicesတွင် Marketing Executive အနေဖြင့်ဦးဆောင်နေပါတယ်။ University of Miami မှာ BA Business Administration ဖြစ် ၂၀၁၉ မှာ ဘွဲ့ယူခဲ့တဲ့ မစတယ်လာဟာလုပ်ငန်းအတွေကြုံများစွာကိုမြန်မာနိုင်ငံမှာပါမကအမေရိကန်နိုင်ငံမှာပါကြိုးစာသင်ယူခဲ့ပြီး၂၀၂၀မှာဆိုရင်Protechအမည်နှင့်ကိုယ်ပိုင်brandတခုကိုမြန်မာပြည်တွင်းဖြန့်ဖြူးနေပါပြီ။ မဂီဂီဟန်ကတော့အသက်ငယ်ရွယ်ပင်မဲ့မြန်မာနိုင်ငံတွင်းအကောင်းဆုံးဆေးရုံတွေထဲကတစ်ခုဖြစ်တဲ့အာရှတော်ဝင်(Asia Royal Hospital)မှာBusiness Development Managerဖြင့်ဆောင်ရွက်နေပါတယ်။၂၀၁၇မှာ၁၉နှစ်ပဲရှိသေးတဲ့မဂီဂီဟန်ကUniversity of Melbourne ကနေကျောင်းတက်နေစဉ်အားလုံးကြိုက်နှစ်သက်တဲ့Uncle Tetsu Cheesecake ကိုရန်ကုန်သို့ကိုယ်တိုင်ဦးဆောင်ပြီးfranchiseတင်သွင်းခဲ့ပါတယ်။

    Episode 1 | Wai Lin Aung and Hnin May Aung

    Play Episode Listen Later Dec 16, 2020 48:33


    ကိုဝေလင်းအောင်ဟာဆိုရင် Savannah College of Art and Design မှာ B.F.A Fashion ဖြင့်2020တွင်ဘွဲ့ယူခဲ့ပြီး မနှင်းမေအောင်ကတော့ California ပြည်နယ်ရှိ Menlo Collegeတွင်Communication Studies နှင့် Marketing ကိုသင်ယူနေပါတယ်။ စကားဝိုင်း(၁) မှာဆိုရင်တော့ကိုကိုဝေက Fashion Design ရဲ့ ကျယ်ပြန့်ပုံ နဲ့ Healthy Living ရဲ့ အရေးပါမှု ကို ရှင်းပြခဲ့ပြီး Feminist တစ်ယောက််ဖြစ်တဲ့ မမနှင်း ကတော့ အမျိုးသမီးတွေရဲ့တန်းတူအခွင့်အရေး တွေကို သေချာရှင်းပြခဲ့ပါတယ်။ We edited this episode not knowing the audio will later be published on podcast platforms. Some parts may feel out of context since we had to edit into video format with shorter duration. We apologize for the inconvenience! Thank you for listening and supporting

    Claim Touttyay Podcast

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel