The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်' ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။

ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။

တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။

အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။

လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ …ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။

ဦးမင်းအောင်လှိုင် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ TNLA နဲ့ MNDAA တို့ ပါဝင်စီးမျောမှာလားဆိုတာဟာ ဦးမင်းအောင်လှိုင်က ဒီတပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့ အာဏာစက်ကို ဘယ်လောက်အတိုင်းအတာအထိ တရားဝင်အသိအမှတ်ပြုနိုင်လဲ ဆိုတဲ့အပေါ်မှာ အဓိကမှီတည်နေသလို ဖြစ်နေပါပြီ။

ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။... ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။

ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။

တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။

ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။

အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရော လူထုကပါ အာဏာရှင်လက်က လွတ်မြောက်ရေးဆိုတဲ့ အချက်ကိုသာ အလေးပေးလာကြပြီး မြစ်ဆုံအရေးကို လျစ်လျူရှုရင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ်ကနေ တိတ်ဆိတ်နေရသူတွေ ဖြစ်လာသလို တချို့တွေကတော့ ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေ ဖြစ်လာကြပါတယ်။

ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။

ရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေ ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။

ပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ MEHL တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။

ဂျန်ဒါအရေးကိုယ်တိုင်က အလုပ်သမားအရေးလို အကျိုးစီးပွားအရေးထက် သရုပ်လက္ခဏာအရေး ပိုဆောင်တာကြောင့် နဂိုကပဲ မြေပြင်မှာ သရုပ်လက္ခဏာကို ကျော်လွန်ပြီး လူပေါင်းစုံပါဝင်တဲ့ စုစည်းမှုဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီကြားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက စံနှုန်းတန်းဖိုးတွေကိုပဲ pdf file ထုတ်ပြောနေတော့ မြေပြင်မှာ လှုပ်ရှားမှုတွေက ခြေကုပ်ရဖို့ ပိုခက်စေပါတယ်။

NLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်... ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ ... တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။

လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ အဖွဲ့အစည်းပေါင်းစုံ ရှုပ်ထွေးကွဲပြားနေတဲ့ ကရင်ပြည်နယ်မှာတော့ အာရှလမ်းမကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စိုးမိုးနိုင်ဖို့ စစ်ပွဲတွေ ဆင်နွှဲနေကြသလို၊ အစုငယ်လေးတွေအဖြစ် ဖြန့်ခွဲဝင်ရောက်လာတဲ့ ‘ကျားဖြန့်' ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် သယံဇာတတူးဖော်မှုတွေကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်ရေးအတွက် အဓိကထောက်တိုင်တွေ ဖြစ်လာပါတယ်။ဆယ်စုနှစ်ရှစ်ခုကြာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စတင်ခဲ့တဲ့ တော်လှန်ရေးဟာ အခုအခါမှာတော့ ပဋိပက္ခစီးပွားရေးရဲ့ ဝါးမျိုမှုကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေနဲ့ သံလွင်မြစ်ရေအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ဖျက်ဆီးနေသလို ဖြစ်လာပါတယ်။ လုံခြုံရေးနဲ့ စီးပွားရေး ဖိစီးမှုတွေအောက်မှာ လူသားစာနာအကူအညီတွေလည်း လျော့နည်းလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ ရှင်သန်နိုင်ရေးအတွက် တရားမဝင်လုပ်ငန်းတွေထဲ မလွှဲမရှောင်သာ ဝင်ရောက်လုပ်ကိုင်လာရတာတွေ ကြုံတွေ့နေရပါတယ်။ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေးကြီးအောက်မှာ ကရင်ပြည်နယ်က ပြည်သူတွေ ဘယ်လိုများ ရုန်းကန်ရင်ဆိုင် နေကြရသလဲဆိုတာကို မတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ISP နှင့်အတူ မိနစ် ၃၀ အစီအစဉ်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဆွေးနွေးချက်တွေကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ “မစုစည်းနိုင်သေးသည့် ဖားစည်မြေ”ရဲ့ အကျပ်အတည်းတွေကို “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။

“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမဲ့ ဒေသခံပြည်သူတွေကတော့ “ပဋိပက္ခစီးပွားရေး (Conflict Economy)” ရဲ့ ဆိုးကျိုးတွေကို အလူးအလဲ ခံစားနေကြရပါတယ်။ တရားမဝင် သယံဇာတတူးဖော်မှု၊ မူးယစ်ဆေး၊ ရွှေ့ပြောင်းလာတဲ့ ‘ကျားဖြန့်' ငွေလိမ်ဂိုဏ်းတွေက ပြည်တွင်းစစ်မီးကို လောင်စာကျွေးနေရုံသာမက သဘာဝပတ်ဝန်းကျင်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေကိုပါ ဝါးမျိုဖျက်ဆီးနေပါတယ်။ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေး၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး အသံမဲ့နေရတဲ့ အခြေအနေအောက်မှာ ပြည်သူတွေဟာ ရှင်သန်နိုင်ရေးအတွက် နေရပ်စွန့်ခွာရတာ၊ ဒါမှမဟုတ် မလွှဲမရှောင်သာ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်ပြီး ကြိတ်မှိတ်နေထိုင် လာကြရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ ရှမ်းမြောက်ဒေသခံတွေ မြေပြင်အကျပ်အတည်းကို “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတာကတော့ ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးကွန်ရက်တွေ၊ အမြတ်အစွန်းတွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင် ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေး၊ လူမှောင်ခိုအပါအဝင် အခြားသော မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလိုပဋိပက္ခစီးပွားရေးစနစ်က ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။

ဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရား တက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ' ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

အတိတ်က မစွမ်းနိုင်ဖြစ်ရတာ၊ ဂုဏ်သိက္ခာချို့ယွင်းတာ၊ ငွေကြေးချို့တဲ့တာ စတဲ့ဒဏ်တွေကို ခံစားရင်း ရလာခဲ့တဲ့ စိတ်ဒဏ်ရာ (trauma) တွေကို အာဏာရှိလာတဲ့အခါ ငွေကြေးအရ အမြတ်ထုတ်တာ၊ ဆင်းရဲဒဏ်ကြောင့်ဖြစ်တဲ့ လုံခြုံမှုကင်းမဲ့စိတ် (Insecurity) ကို ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ ဖာထေးတာတွေ လုပ်လာကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးနယ်ပယ်ထဲမှာ ပါဝင်နေသူတဦးဖြစ်တဲ့အလျောက် ဒီလိုကိစ္စတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။

မူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။

သူချစ်တဲ့ အာရက္ခဒေသဟာ အနောက်မှာ တရွေ့ရွေ့ ကျန်ခဲ့ပြီ။ စားဝတ်နေရေးအောက်မှာ ထက်သန်လွန်းတဲ့ မျိုးချစ်စိတ်နဲ့ ဇာတိမာန်တွေ တိုက်စားခံလိုက်ပြီလား။ ကိုယ်လွတ်ရုန်းခဲ့တဲ့သူ့ကို နောက်မျိုးဆက်တွေ ခွင့်လွှတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ပဲ အတားအဆီးတွေ၊ အဖမ်းအဆီးတွေကြားကနေ အာရက္ခကို သူစွန့်ခွာခဲ့ရပြီ….။

ISP Podcast ကနေ ကြိုဆိုပါတယ်။ ISP Podcast မှာ ISP-Myanmar က ထုတ်ဝေတဲ့ သုတေသနစာတမ်းတွေကို တင်ဆက်ပေးနေပါတယ်။ ISP Column ကဏ္ဍက ဆောင်းပါးတချို့ကိုလည်း Podcast အဖြစ် ရွေးချယ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီတခေါက်မှာတော့ စာမူရှင် ‘နိုင်မင်းခန့်' ရေးသားထားတဲ့ ‘စစ်ခေါင်းဆောင်နှင့် သမ္မတထက်ပိုသော ခြေလှမ်း' ဆိုတဲ့ ISP Column ဆောင်းပါးကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ‘၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ နားဆင်ပေးကြပါဦး ရှင်။ ဒါကတော့ စာမူရှင် ‘နိုင်မင်းခန့်'ရဲ့ ကော်လံဆောင်းပါးကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISP Column ကို စာမူတွေ ပေးပို့နိုင်ပါတယ်။ စာမူပေးပို့ရန် လမ်းညွှန်ချက်ကို https://ispmyanmar.com/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISP Podcast ကို နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး ရှမ်းမြောက်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာသွင်ပြင်က အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်း စစ်စီးပွားရေး(တနည်း) ပဋိပက္ခစီးပွားရေးက သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတဲ့သဘောက စီးပွားရေးလုပ်ဆောင်မှုတွေ ထိန်းသိမ်းထားဖို့နဲ့ အဲဒီစီးပွားရေးလုပ်ငန်းကွန်ရက်တွေနဲ့ အမြတ်အစွန်းတွေဟာ လောင်အားကောင်းနေတဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ ဒီနေရာမှာ အထူးတလည် ထိခိုက်နစ်နာရသူတွေကတော့ ဒေသခံတွေနဲ့ နိုင်ငံတခုလုံးက ပြည်သူလူထုတွေပါပဲ။ ဒီလို ဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ ဒီအယူအဆမှတ်စုမှာ နားဆင်နိုင်ပါတယ်။

တော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်' နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်' ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။

မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။

နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးသယောင်ယောင်နဲ့ တကယ်တမ်း နိုင်ငံခြားကျောင်းပြောင်းတော့မယ်ဆိုမှ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကမှ အသိအမှတ်ပြုမထားလို့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပုံလို့ပါပဲ။

“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲသွားသလို၊ တဖက်မှာလည်း ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့တွေအနေနဲ့ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမယ့် တရားမဝင် သယံဇာတတူးဖော်မှု၊ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဝင်ရောက်လာမှုနဲ့ မြေယာသိမ်းပိုက်မှုတွေ အပါအဝင် ပဋိပက္ခစီးပွားရေး ကွန်ရက်တွေက ပိုမိုနက်ရှိုင်းလာပါတယ်။ ဒီဆိုးကျိုးတွေကို အလူးအလဲ ခံစားရသူတွေကတော့ ဒေသခံ ပြည်သူလူထုတွေပါပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတွေအောက်မှာ ဒေသခံတွေဟာ ပြောရေးဆိုခွင့်မရှိဘဲ “အသံမဲ့” နေကြရပါတယ်။ ရှင်သန်ရပ်တည်ရေးအတွက် မလွှဲမရှောင်သာ နေရပ်စွန့်ခွာရတာ၊ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာရတာတွေနဲ့အတူ ဆိုးရွားတဲ့ အခြေအနေကို အသစ်သောပုံမှန်အခြေအနေ (New normal) အဖြစ် မျိုသိပ်လက်ခံနေကြရပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေပါ မှေးမှိန်လာနေပါတယ်။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာတော့ ရှမ်းမြောက်ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုတွေကို ISP-Myanmar က လူငယ်သုတေသီတွေက ဆွေးနွေးတင်ပြထားပါတယ်။

မြန်မာလူငယ်တွေနဲ့ နိုင်ငံတကာပညာရေးအကြားမှာ ငွေကြေးအခက်အခဲက အကြီးမားဆုံး အဟန့်အတား ဖြစ်နေပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်လုပ်ရင်း အချိန်ပေးနိုင်တဲ့ အခမဲ့ online platform တွေ (ဥပမာ- Coursera, EdX) ဒါမှမဟုတ် skills-based သင်တန်းတွေကို အသုံးချသင့်ပါတယ်။

တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။

စစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ တော်လှန်ရေးတပ်တွေအပေါ်မှာ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်တာအပြင်သူ နဲ့ဆက်စပ်တဲ့ ကျားဖြန့်တွေ၊ ငွေကြေးခဝါချတာတွေ၊ မူးယစ်ဆေးနဲ့ ပဋိပက္ခရဲ့ အတွဲအချိတ်က ပိုပြီးတော့မှ အားကောင်းလာပါတယ်။ ဘက်အသီးသီးကနေပြီးတော့မှ ဒါကိုအရင်းပြုပြီး နိုင်ငံရေး အကျိုးအမြတ် ရအောင် အမြတ်ထုတ်လာနိုင်ပါတယ်။ ဒါ့အပြင် အခြေခံ စားဝတ်နေရေးမှာ မပြေလည်ဘူးဆိုရင် အခုဖြစ်နေတဲ့ မူးယစ်ဆေးထုတ်တာတွေ ဘိန်းစိုက်တာတွေ ဒါတွေဟာဆိုရင် လျော့ပါးသွားဖို့အတွက် ခက်ပါလိမ့်မယ်။ မူးယစ်ဆေးက နိစ္စဓူဝသဘောဖြစ်လာကြတာကို ဘယ်လိုမျိုး တားဆီးကြမလဲ။ ဒီမူးယစ်ဆေးကနေတဆင့် ရလာမယ့် ဆိုးကျိုးဒဏ်တွေကို လူငယ်တွေကပဲ ခံရမှာဖြစ်ပါတယ်။ ဒီလူငယ်တွေ အနာဂတ် ပျက်သုဉ်းသွားတယ်ဆိုရင် တိုင်းပြည်အနာဂတ်လည်း ပျက်သုဉ်းမှာဖြစ်ပါတယ်။

မူးယစ်ဆေးထုတ်လုပ်မှုမှာ မြန်မာက ထိပ်တန်းမှာ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲနေမှုနဲ့ မြန်မာ့ပဋိပက္ခပြဿနာက အကျယ်အပြန့် ငြိတွယ်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလမှာ သီးနှံအထွက်ကျတာ၊ ဈေးကွက်မရှိတာ၊ ဖျက်ဆီးခံရတာတွေကြောင့် တောင်သူတွေဟာ ဘိန်းနဲ့ ဆေးခြောက် စိုက်ပျိုးမှုတွေဘက်ကို လှည့်လာခဲ့ကြရပါတယ်။ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)-ငွေကြေးခဝါချမှု-မူးယစ်ဆေး-ပဋိပက္ခ တွဲချိတ်ပေါင်းစည်းမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူငယ်တွေအပြင် လူကြီးတွေကြားထဲမှာပါ မူးယစ်ဆေးသုံးတာဟာ နိစ္စဓူဝ ဆောင်ရွက်ချက်တွေလို ကျင့်ဝတ်နိမ့်ပါး လက်ခံလာကြပါတယ်။ မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ပြည်တွင်းစစ်ကြီး ဆက်တောက်လောင်နိုင်ပြီး ပထဝီနိုင်ငံရေးအရ အားနည်းပျော့ကွက်တွေနဲ့ အညှီရှိရာ ယင်အုံဖို့ ဖြစ်စေပါဦးမယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ် ချည့်နဲ့သွားတာက မြန်မာအတွက်သာမက ဒေသတွင်းအတွက်ပါ ‘အားကြီးသူ မင်းမူနိုင်မယ့်'လမ်းကို ဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။ အခြားအစားထိုးစရာ နိုင်ငံတကာသဘောတူညီချက်တရပ်ရပ်ကို မဖော်ဆောင်နိုင်သေးတဲ့အချိန်မှာ အာဆီယံတူညီဆန္ဒကိုပဲ ချည်တိုင်အဖြစ် ဆက်ထောက်ခံပြီး နိုင်ငံရေးခေါင်းဆောင်အဆင့် တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေးကို အလေးပေးတွဲဖက် ကျင့်သုံးသင့်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ လေးရက်အလို (၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်) မှာ မူဝါဒအကြံပြုချက်တရပ် ထုတ်ဝေခဲ့ပါတယ်။

တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။ စာမူရှင် ဒေါက်တာစိုင်းလတ်ရေးသားထားတဲ့ “လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။ စာမူရှင် ဟိတေရေးသားထားတဲ့ “မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်ကယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။ ... အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်'တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “စစ်ခေါင်းဆောင်မဖွင့်ရဲသော တံခါးတစ်ချပ်” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

စစ်မှန်တဲ့ ရာမညရဲ့ အလှတရားက လောင်းကစားဝိုင်းတွေရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားရတော့မှာလား။ ဒါတွေက ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ဘယ်သူကမှ အရေးတယူ မပြုကြတော့ဘူးလား။ စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့...။

စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။

တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။

စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်'ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။

စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။

ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုကနေ ဖြစ်ပေါ်လာတဲ့ နယ်မြေမအေးချမ်းမှုတွေ၊ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ နောက်ဆုံး စစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်တွေကြောင့် လူငယ်အများစုဟာ မြန်မာပြည်ထဲကနေ ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။