လူငယ်á€á€½á€±á€¡á€á€½á€€á€º အကျá€á€¯á€¸á€›á€¾á€á€™á€šá€·á€º Podcast á€á€½á€±á€€á€á€¯á€¡á€•á€á€ºá€…ဉ် ထုá€á€ºá€œá€½á€¾á€„့်သွားပါမည်ዠSpring University Myanmar info@springuniversitymm.com Facebook - https://www.facebook.com/springuniversitymm Youtube - https://www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
မြန်မာဟာ ဒုတိယ သီရိလင်္ကာဖြစ်လာမှာလား? လူထုအုံကြွမှုတွေ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲာ? စတဲ့ တော်လှန်းရေးရာ အကြောင်းအရာတွေကို အခု podcast အတွင်း နားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
LGBTQ+ ကိုအတိတ်သမိုင်းကြောင်းအတွင်း ဘယ်လိုမျိုး ဖိနှိပ်မှုတွေရှိနေခဲ့သလဲ။ ဘယ်လို အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရသလဲ။ အဆိုပါသမိုင်းကြောင်းဖြစ်စဉ်ကို ယခု podcast အတွင်းနားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Xanax လို့လူသိများကြတဲ့ စိတ်ငြိမ်ဆေး အကြောင်းကို အခု podcast အတွင်း တွင်နားထောင်နိုင်မှာပဲဖြစ်ပါတယ်။ အဓိကအားဖြင့် အဆိုပါ Xanax ကို ဘယ်လိုမျိုးတွေ အသုံးပြုကြသလဲ။ ဘယ်လို အသုံးဝင်မှုတွေရှိမလဲ စတဲ့အကြောင်းအရာတွေကို နားထောင်နိုင်မှာဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Happy Water အာဏာသိမ်းကာလနောက်ပိုင်းတွင် တရားမဝင် ပျံ့နှံဝင်ရောက်လာခဲ့တဲ့ happy water ဆိုတဲ့ မူးယစ်ဆေးဝါးအကြောင်း ကို ယခု podcast တွင်နားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
E သည် ခေါင်းခါဆေး MDMA (သို့မဟုတ်) Ecsatasy(E) လို့ လူသိများသည့် သုံးစွဲမှု များတဲ့ မူးယစ်ဆေးဝါးအကြောင်းကို ယခု podcast အတွင်းတွင် နားထောင်နိုင်မှာပဲဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
K သည် လွင့်မြောခြင်း ယခု podcast အတွင်း တွင် မြို့ပြ Night Life အတွင်း သုံးစွဲမှု အများဆုံးတစ်ခုဖြစ်သည့် Katemine အကြောင်းကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဆေးဝါးအရ သုံးစွဲမှု အပြင် မူးယစ်ဆေးအဖြစ် ဘယ်လိုမျိုးသုံးစွဲလျက်ရှိသလဲဆိုတာကို အဓိက ဆွေးနွေးထားပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Hi Culture ဆိုတဲ့ အခု podcast မှာဆိုရင်တော့ Guest Speaker ဖြစ်တဲ့ Double u နှင့်ပူးပေါင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း Night Life အခြေအနေများ၊ မူးယစ်ဆေးရောင်းချမှုများနှင့် ဖျော်ဖြေရေး ကဏ္ဠအခြေအနေများအပြင် အခြားသော ဆွေးနွေးမှုများကို ယခု podcast အတွင်းနားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
လစ်ဗျားနိုင်ငံရဲ့ အာရပ်နွေဦးတော်လှန်ရေးဘယ်လိုစတင်သလဲ။ လစ်ဗျားနိုင်ငံအကြောင်းကို သိရှိစေရန်နှင့် အဆိုပါနိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေ၊ အာဏာသိမ်းမှုအကြောင်းတွေ အပြင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေအကြောင်း နှင့် လက်နိုင်ကိုင်ဆောင်တော်လှန်ရေးများအကြောင်းကို အခု podcast တွေနားထောင်နိူင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
ကမ္ဘာကို ကိုင်လှုပ်စေခဲ့သော အာရပ်ရဲ့ နွေဦးတော်လှုန်ရေးတူမီးရှားနိုင်ငံမှ 2010 ခုနှစ်အတွင်းစတင်ခဲ့တဲ့လှုပ်ရှားမှုဟာ အာရပ်နွေဦးတော်လှုန်ရေး၏ အစပဲဖြစ်ပါတယ်။ ယခု podcast အတွင်းမှာ အဆိုပါတော်လှုန်ရေး ဘယ်လိုစတင်ခဲ့သလဲ။ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ဆန္ဒပြလှုပ်ရှားတော်လှန်မှု အကြောင်းကို နားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
သွေးစွန်းခဲ့သော တရုတ်ပြည်က ဒီမိုကရေစီ အရေးတော်ပုံ 1989 ခုနှစ် ဧပြီလတွင် တရုတ်ပြည်အတွင်း ဒီမိုကရေစီအရေးတော်ပုံဖြစ်ပွါးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဦးဆောင်ပြီးစတင်ကျင်းပခဲ့တဲ့ အဆိုပါ အရေးတော်ပုံအကြောင်းကို ယခု podcast တွင်နားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
ယူကရိန်းရဲ့ ဂုဏ်သိက္ခာ တော်လှန်ရေး ဘာကြောင့်ဖြစ်ပွါးခဲ့ရသလဲ? တော်လှန်ရေးအတွင်း ဘယ်လိုတွေ ဖြစ်ပွါးခဲ့ရသလဲ အပြင် တော်လှန်ရေးဘယ်လိုမျိုး ဖြိုခွဲခံခဲ့ရသလဲဆိုတာကို အဓိကထား ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး ဘယ်လိုအဆုံးသတ်ပြီးဆုံးသွားသလဲဆိုတာကိုပါ ယခု podcast မှာ နားဆင်နိုင်မှာပဲဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
ကိုးရီးယား ဧပြီတော်လှန်ရေးဘာကြောင့်ဖြစ်ပွါးခဲ့တာလဲ? ကိုးရီးယားပြည်သူတွေကြုံတွေ့ခဲ့ရသော ကြမ်းတမ်းတဲ့ရင်ဆိုင်မှုတွေအပြင် တော်လှန်ရေးကာလအတွင်း ဖြစ်ပွါးခဲ့တဲ့လုပ်ရပ်များနှင့် တော်လှန်ရေး ဘယ်လို အဆုံးသတ်သွားလဲဆိုတာကို ယခု podcast မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Indonesia တွင် ဖြစ်ပေါ်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဘာကြောင့်ဖြစ်ပွါးခဲ့သလဲ? ထို ဖြစ်ရပ်အတွင်းမှာ ဘယ်သူတွေပစ်မှတ်ထားခြင်းခံခဲ့ရသလဲ။ ဒါ့အပြင် ပြည်သူတွေရဲ့ အမြင်နှင့်တကွ ဘယ်လိုမျိုးပြီးဆုံးသွားခဲ့သလဲဆိုတာကို ယခု podcast မှာ နားထောင်နိုင်မှာပဲဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Cambodia ပြည်သူများနှင့် ပိုပေါ့ ပိုပေါ့ကြောင့်ဖြစ်ပေါ်ခဲ့သော Cambodia Genocide (သို့မဟုတ်) Khemar Genocide အကြောင်း သိရှိလိုသူများအတွက် အခု podcast မှာတော့ အဆိုပါ Genocide ဘာကြောင့်ဖြစ်ပေါ်ခဲ့သလဲ? ဘယ်လိုမျိုးဖြစ်ပေါ်ခဲ့သလဲ? Cambodia ပြည်သူတွေအနေနှင့် ပိုပေါ့ ဦးဆောင်မှုအောက်မှာဘယ်လိူနေထိုင်ခဲ့ရသလဲ? Khemar Genocide ဘယ်လိုမျိုး ပြီးဆုံးခဲ့သလဲ? စတဲ့အကြောင်းအရာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Vietnam စစ်ပွဲ ဘယ်လိုစတင်ဖြစ်ပွါးခဲ့သလဲ။ ပြည်သူတွေအနေနှင့် အဆိုပါစစ်ပွဲအတွင်းပါဝင်မှုတွေ။ ဒုက္ခကြုံတွေ့ခဲ့ရမှုတွေ၊ ရင်ဆိုင်ခဲ့ရမှုတွေက အပြင် ပြည်သူများရဲ့ အမြင်တွေကို အခု podcast အတွင်းမှာ နားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
အခုလို အခက်အခဲများစွာနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ အဖက်ဖက်ကနေ ကြုံတွေ့နေကြတာအမှန်ပါပဲ။ အခု podcastမှာတော့Stress နဲ့ပတ်သတ်ပြီး အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာပြောပြပေးသွားမှာ ဖြစ်ပြီး ကြုံတွေ့နေရတာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို ဆွေးနွေးပေးထားပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
လူတိုင်း ဒေါသအနည်းနှင့်အများ ထွက်ဖူးကြမယ်ထင်ပါတယ်။ ယခု podcast မှာဆိုရင်တော့ အဆိုပါ Anger Outburst နှင့်ပတ်သတ်ပြီး Anger Outburst ဆိုတာဘာလဲ? ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်လဲ? နေ့စဉ်ဘဝမှာ ကြုံတွေ့လာရတဲ့အခါ ဘယ်လိုကျော်လွှားကြမလဲ? စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
တစ်ခါတစ်လေမှာ တစ်မှုထူးခြားတဲ့ ခံစားချက်အသစ်လေးတွေ ဖြစ်ပေါ်လာတာကိုခံစားမိကြမယ်ထင်ပါတယ်။ အဓိကအားဖြင့်ဆိုလျှင် တစ်ချိန်တစ်ခါက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို တိုက်ဆိုင်မှု တစ်ခုခုကြောင့် အမှတ်ရစရာများ ပေါ်ပေါက်လာတဲ့ ခံစားမှုကို Associative Memory လို့ မှတ်ယူနိုင်ပါတယ်။ Flashback Memory သည်လည်း စိတ်ထဲစွဲလမ်းနေတဲ့အရာ တစ်ခုခုကို လျှက်တပြတ်ပြန်လည်မြင်ယောင်တာမျိုးပဲဖြစ်ပါတယ်။ ယခု podcast မှာ ခံစားမှုနှစ်ခုရဲ့ အကြောင်းကို အသေးစိတ် အပြင်ကောင်းကျိုုး၊ ဆိုးကျိုးတွေကို Guest Speaker နှင့်အပြန်အလည်ဆွေးနွေးထားပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
Panic Attack ဆိုတာဘာလဲ? Panic Attack ဟာဆိုရင် မိမိရဲ့ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေကို ကြိုတင် သိရှိမှု မရှိပဲ ရုတ်တရတ် ကြုံတွေ့ရမှုကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့်ပြောပြရမယ်ဆိုလျှင် အိမ်မက်ဆိုးမက်ခြင်း ပဲဖြစ်ပါတယ်။ မိမိရဲ့ စိတ်ခံစားမှု ပြင်ဆင်ထားခြင်းမရှိပဲ ကြုံတွေ့ရခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းရှိပါတယ်။ အသေးစိတ်သိရှိစေဖို့ နှင့် အဆိုပါ Panic Attack ဖြစ်လာလျှင် ဘယ်လိုကျော်လွှားရမလဲဆိုတာကို ယခု podcast မှာ မျှဝေပေးလိုက်ပါတယ်။ Spring University Myanmarinfo@springuniversitymm.comFacebook - www.facebook.com/springuniversitymmYoutube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
လူငယ်တွေကြားထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဟာ ယခုနောက်ပိုင်းမှာပိုမို ကြုံတွေ့ခဲ့ကြရပါတယ်။ Anxiety Attack ဟာဆိုရင် အဆိုပါပြဿနာများထဲမှ တစ်ခုပဲဖြစ်ပါတယ်။ ကြောက်စိတ်တစ်ခုကို အခြေပြုပြီး အလိုအလျှောက် ပေါ်ပေါက်လာခဲ့သည့် စိုးရိမ်ကြောင့်ကြမှုတစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့တာအတွင်းမှာလည်း ဖိအားတွေ၊ ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေဖြစ်လာတဲ့အတွက်ကြောင့် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်မလဲ? ဘယ်လိုမျိုးတွေဖြေရှင်းကြမလဲဆိုတာကို ဒီ podcast လေးမှာ ပြောပြပေးလိုက်ရပါတယ်။ Spring University Myanmarinfo@springuniversitymm.comFacebook - www.facebook.com/springuniversitymmYoutube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
နေ့စဉ်စားသုံးနေတဲ့ အစားအစာ အကြောင်းကို သင့်အနေနဲ့ လေးလေးနက်နက် စဉ်းစားကြည့်ဖူးပါသလား? ကျွန်တော်တို့ မှီဝဲနေတဲ့ အစားအသောက်တွေကို ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်နိုင်ဖို့အတွက် “Food Science and Technology” လို့ခေါ်တဲ့ “အစားအသောက်ဆိုင်ရာ နည်းပညာ” ရဲ့အကူအညီကို ရယူရပါတယ်။ အစားအသောက် အရင်းအမြစ်ဟာ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် ဒီအကြောင်းအရာတွေကို ဗဟုသုတ အနေနဲ့ သိရှိထားသင့်ပါတယ်။ ယခု ထုတ်လွှင့်မယ့် နွေဦးတက္ကသိုလ်ရဲ့ Podcast လေးမှာတော့… “အစာအာဟာရဆိုင်ရာ နည်းပညာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာမှ ✅ “အစားအသောက်ဆိုင်ရာ နည်းပညာ” ဟာ လက်တွေ့ဘဝနှင့် ဘယ်လိုစပ်ဆက်နေလဲ? ✅ အစာ၊အာဟာရ အုပ်စုတွေထဲမှာ ဘာတွေ ပါဝင်တာလဲ? ✅ အစားအသောက်တွေ ထုတ်လုပ်တဲ့အခါ အာဟာရဓါတ်တွေ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ တာရှည်ခံ အောင်ဘယ်လိုထုတ်လုပ်ကြမလဲ? ✅ အစားအစာ ထုတ်လုပ်ရာမှာ တကိုယ်ရည် သန့်ရှင်းမှုက ဘယ်လောက်ထိ အရေးပါလဲ? ဆိုတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ Food Science & Technology ကိုလည်း နိုင်ငံတကာမှ တက္ကသိုလ်တွေမှာ အရေးကြီးတဲ့ ပညာရပ်တစ်ခုအနေနဲ့ သင်ယူလာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှ လူငယ်တွေအနေနဲ့ ဒီအကြောင်းအရာတွေကို အခြေခံအနေနဲ့ လေ့လာလိုပါက နွေဦးတက္ကသိုလ်ရဲ့ “ Introduction to Food Science & Food Technology” အတန်း ဖွင့်လှစ်ထားပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။ Link-https://www.facebook.com/102470788713285/posts/174858924807804/?d=n လက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက် ပြည့်တော့မှာဖြစ်လို့ Oct 29 နောက်ဆုံးထားပြီး Register ပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
သင်က IELTS ဖြေဆိုဖို့အတွက် ပြင်ဆင်နေတဲ့ သူတစ်ယောက်ဖြစ်ပါသလား ဒါဆိုရင်တော့ ယခု Analyzing IELTS Speaking Mock Test and Giving Feedback Podcast လေးက သင့်အတွက်ပါပဲ။ ဒီ podcast ထဲမှာဆိုရင်တော့ IELTS Speaking Test မှာ Band 9 ရထားတဲ့ ဖြေဆိုသူတစ်ဦးရဲ့ ဖြေဆိုမှုကို သေချာ ခွဲခြမ်းစိတ်ဖြားပြီး အမှတ်ပေးစည်းမျဉ်းနှင့်တကွ Feedback များကိုပါပေးထားတဲ့အတွက် နားထောင်သူတွေအနေနဲ့ IELTS Speaking Test ဖြေဆိုတဲ့အခါမှာ သိထားရမယ့် Tips and Tricks လေးတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် SUM Podcast Epi (11) လေးကို နားထောင်ပြီး သင့်ရဲ့ အချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းလိုက်ကြရအောင် Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
တန်းတူညီမျှမှုတွေကို မျက်ကွယ်ပြုမှုကြောင့် ယခုအချိန်ထိ မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံဟာ ဘယ်လို အုပ်ချုပ်ရေးယန္တယားမျိုးနှင့် သင့်တော်မှာလဲ? ဆန္ဒထုတ်ဖော်စဉ်က ကိုယ်တိုင်ရွတ်ဆိုခဲ့ကြတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ရဲ့ လမ်းစဉ်အတိုင်းလိုက်နာခြင်းက တိုင်းရင်းသားတွေ နဲ့ လူအနည်းစုတွေအပေါ် လျစ်လျှူရှုခဲ့တဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ် နိုင်မယ့် နည်းလမ်းများထဲက တစ်ခုပါ။ သို့သော်လည်း သမိုင်းအဆက်ဆက် အတ္တကြီးခဲ့ကြတဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ လူတစ်ချို့ဟာ ယခုလိုပြောင်းလဲလာမှာကို အလွယ်တကူ လက်မခံဘဲ အမျိုးမျိုးဟန့်တားနေမှုကြောင့် တော်လှန်ရေးဆိုတဲ့အရာဟာ ကျွန်တော်တို့ မျိုးဆက်အထိ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူမျိုးကြီးဝါဒကို အမြစ်ဖြတ်မယ့် သူတွေအနေနဲ့ သမိုင်းမမေ့အောင်၊ နိုင်ငံရေး ရေချိန်မနိမ့်ပါး အောင် လေ့လာမှုတွေ ပြုလုပ်ရပါမယ်။ လေ့လာသိရှိမှုတွေကိုလည်း လက်တွေ့ပြန်လည်အသုံးချပြီး ပြန်လည်မျှဝေပေးရမှာလည်းဖြစ်ပါတယ်။ ယနေ့ ညချမ်းအချိန်မှာတော့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုခဲ့ကြတဲ့ ဖက်ဒရယ်အရေးနဲ့ စပ်လျဉ်းတဲ့ “မြန်မာ့ဖက်ဒရယ် အကောင်အထည်ဖော်ဖို့ ဘာတွေ ခက်ခဲနေတာလဲ” ဆိုတဲ့ ခေါင်းစဉ်ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ယခု Podcast လေးကို နားထောင်လိုက်တဲ့အခါ သင့်ဆီမှာ မြန်မာ့ဖက်ဒရယ်အရေး နှင့် ပတ်သတ်ပြီး အတွေးအမြင်အသစ်တွေ ထွက်ပေါ်လာမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ လူငယ်တိုင်း နားထောင်သင့်ပါတယ်။ အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ မတူညီကွဲပြားမှုတွေကို ဘယ်လို စတင်လက်ခံကြမလဲ? စစ်ကောင်စီရဲ့ အာဏာသိမ်းမှု အခြေအနေကြောင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေအပေါ် နားမလည်ခဲ့တဲ့ မတူညီမှုတွေကို ဖြည်းဖြည်းချင်း သဘောပေါက် လာကြပါပြီ။ ကြားဖူးနေကြဖြစ်တဲ့ “Unity in Diversity” ဆိုတဲ့ ဆောင်ပုဒ်ကို အနာဂတ်ရဲ့ အမိမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ပါဝင် ဖန်တီးဖို့ လိုအပ်ပါတယ်။
သင်က နိုင်ငံခြားမှာပညာသင်ကြားပြီး မြန်မာနိုင်ငံကို ပြန်ပြီးအကျိုးပြုချင်သူလား သင်က အခုအချိန်မှာ University Admission လျှောက်ဖို့အတွက် English Proficiency Test တစ်ခုကိုပြင်ဆင်နေတဲ့သူလား သင်က English Proficiency Requirement အတွက် ဘယ် English Proficiency Test ကိုပြင်ဆင်ရမလဲဆိုတာ စဉ်းစားမရဖြစ်နေပါသလား အကယ်၍သင်က ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ SUM ရဲ့ Podcast Epi(8) ကသင့်အတွက်ပါပဲ။ ဒီနေ့မှာတော့ SUM Podcast ကနေပြီး University Admission လျှောက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် “ဘယ် English Proficiency Test ကိုပြင်ဆင်ရမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပြောကြားထားပါတယ်။ ဒါကြောင်မို့လို့ အခုပဲ နားထောင်ရင်း ကိုယ့်ရဲ့ ညနေခင်းလေးကို အကျိုးရှိရှိဖြတ်သန်းလိုက်ကြရအောင်။ ဒီ Podcast ကိုနားထောင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Test ကို တွေ့ရှိပြီးတဲ့အခါမှာ ကိုယ့်သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ပြောချင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
အနာဂတ်နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်များအတွက်။ "ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာရပ် ဆိုတာဒီမိုကရေစီနိုင်ငံတစ်ခုမှာ မှီတင်းနေထိုင်နေတဲ့ နိုင်ငံသားတိုင်း၊ လူမျိုးဘာသာမရွေး ဘာကြောင့် လေ့လာထားသင့်တာလဲ" ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာရပ် ဆိုတာဘာလဲ။ ဘယ်လိုကဏ္ဍတွေကို လေ့လာသွားရမလဲ။ ဒါ့အပြင် ဒီဘာသာရပ်နဲ့စပ်လျဉ်းလို့ မြန်မာနိုင်ငံရှိ လူငယ်တွေရဲ့ လွှဲမှားနေတဲ့ ယူဆချက်လေးတွေကို ဝေမျှပေးသွားတာမို့ အားလုံးတွက် တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ တော်လှန်ရေးတွက်လည်း ဒီလိုဘာသာရပ်တွေက ဘာကြောင့်အရေးပါသလဲ သိမြင်သွားပြီဆို သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
သင်ဟာ ၂၁ ရာစုရဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး Data အကြောင်း မသိရှိသေးဘူးလား? ဒေတာလို့ပြောလိုက်ရင် ကျွန်တော်တို့ပြေးမြင်ကြတာက ဇယားကွက်တွေ၊ ကိန်းဂဏန်းနှင့် အချက်အလက်တွေပဲ ဖြစ်ကြမှာပါ။ ဒါပေမယ့် အမှန်တစ်ကယ်တော့ ဒေတာက ကျွန်တော်တို့ ထင်ထားတာထက် နေ့စဉ်ဘဝမှာ အများကြီး ပိုပြီးရိုးရှင်းနေတတ်ပါတယ်။ Question 1- ဒါဆိုရင် နေ့စဉ်ဘဝမှာ ဒေတာက ဘယ်လိုပုံစံနဲ့ ပါဝင်ပတ်သတ်နေတာလဲ? Question 2- ဒါဆိုရင် ဒေတာက စီးပွါးရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအသုံးပြုကြတာလဲ? Question 3- ဒေတာကြောင့်ဖြစ်ပေါ်လာတဲ့ မတရားမှုကို ဒေတာကို အသုံးပြုပြီး ဘယ်လိုတော်လှန်ကြမလဲ? ဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ ဒီ Podcast ထဲမှာရှိပါတယ်။ နွေဦးတက္ကသိုလ်ရဲ့ အပတ်စဉ်ထုတ်လွှင့်နေကြ Podcast အစီအစဉ်ကို ဒီတစ်ခါမှာတော့ “ဒေတာနှင့်လူမှုဘဝ” ဆိုတဲ့ ခေါင်းစဉ်နှင့် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်လူငယ်တိုင်းသိသင့်တဲ့ ခေါင်းစဉ်ဖြစ်တဲ့အပြင် တော်လှန်ရေးမှာပါ အသုံးချနိုင်တဲ့အတွက် ကျွန်တော်တို့ အားလုံးအတူတူ နားထောင်ကြလိုက်ရအောင်။ အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube -www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
လူတိုင်းသတိထားသင့်တဲ့ COVID-19 နှင့် အမှိုက်အန္တရာယ် COVID-19 ကူးစက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်နှင့်အမျှ ကျွန်တော်တို့မှာ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အမှိုက်နှင့် အခြားအသုံးအဆောင်တွေ များပြားလာတာ အမှန်ပါပဲ။ ထိုအမှိုက်နှင့်ပစ္စည်းတွေကို ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့အခါ သေသေချာချာ ထုတ်ပိုးပြီး စနစ်တကျ လွှင့်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှ မပစ်ရင် စည်ပင်ဝန်ထမ်းများနှင့် အခြားသော တာဝန်ရှိအလုပ်သမားများအတွက် အန္တရာယ်ရှိစေနိုင်ပြီး COVID-19 ပိုးဟာ ပိုမိုပျံ့နှံ့လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်ရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းက COVID-19 ကို တစ်ဆင့်ခံအနေနဲ့ ဖြန့်သလို ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့်- COVID-19 ခံစားနေရတဲ့သူရဲ့ Mask , Test Kid အစရှိတာတွေကို ပိုးမသတ်ဘဲ ကြုံသလိုပစ်လိုက်တဲ့အခါ သိမ်းဆည်းရသူများထံ COVID-19 ရောက်ရှိသွားမှာ ကျိန်းသေပါပဲ။ ဒါ့ကြောင့် ကိုဗစ်ရောဂါပိုးရှိနိုင်တဲ့ အရာတွေကို ဘယ်လိုစနစ်တကျစွန့်ပြစ်မလဲဆိုတာကိုသိရှိဖို့အတွက် ဒီ SUM ရဲ့ COVID-19 နှင့် အမှိုက်အန္တရာယ် Podcast ကိုနားထောင်ပြီး Podcast ထဲမှာပြောပြထားတဲ့ နည်းလမ်းလေးတွေကို ကျင့်သုံးကြရအောင်။ ဆက်လက်ပြီး ကျွန်တော်တို့ရဲ့ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝမှာ COVID-19 ရောဂါကြောင့်သော်လည်းကောင်း၊အာဏာသိမ်းခြင်းကြောင့်သော်လည်းကောင်း အရေးပေါ်စီစဉ်လိုက်ရတဲ့ အခြေအနေတွေ မြောက်များစွာ ရှိပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကို လစ်လျှူရှုလိုက်ရင် နောင်တစ်ချိန်မှာ သဘာဝရဲ့ဘေးအန္တရာယ်ကို ပြင်းစွာခံစားရပါလိမ့်မယ်။ ထိုသို့ ဘဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ယခုကြုံတွေ့ရတာထက်ပိုပြီး တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့အားလုံး အမှိုက်ကိုဘယ်လို စနစ်တကျစွန့်ပစ်ရမလဲ? နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်ကို ဘယ်လိုတားဆီးမလဲ ဆိုတာ ယခု Podcast လေးမှာ အတူတူနားထောင်လိုက်ရအောင်။ အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
လူငယ်တွေဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘာလို့ထုတ်ဖော်ပြောဆိုခွင့် မရှိရမှာလဲ? စစ်ကောင်စီမှစတင် အာဏာသိမ်းတဲ့အချိန်မှစပြီး လူငယ်အများစုဟာ စိတ်ဓာတ်ကျခြင်းနှင့်အတူ မိမိတို့ မျှော်မှန်းထားတဲ့အနာဂါတ်များပျောက်ဆုံးသွားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တွေ့ကြုံလာရပါတယ်။ COVID-19 တတိယလှိုင်းရောက်ရှိလာတဲ့ အခါမှာတော့ စိတ်တင်းထားသမျှ အရည်ပျော်ကျသွားကြပါတော့တယ်။ မိမိတို့ မိသားစုရဲ့ကျန်းမာရေးကို တာဝန်ယူထားကြတဲ့ လူငယ်တွေရှိသလို စားဝတ်နေရေး၊ ငွေရေးကြေးရေးကိုပါ အဘက်ဘက်မှ စိတ်ပူပင်လာကြပါတယ်။ ယခုလို အားလုံးအတွက် လိုက်လံပူပင်နေရတာကြောင့် လူငယ်အများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ ကိုယ့်ခံစားချက် တွေကို အချိန်ပေးရမှာကို လျစ်လျူရှုလိုက် ကြပါတော့တယ်။ “ငယ်ရွယ်နုပျိုမှုတွေကို အကျပ်အတည်းထဲမှာပဲ ကုန်ဆုံးသွားတော့မှာလား” ဆိုတဲ့ အတွေးဟာ ခေါင်းထဲမှာ အပြည့်အဝ နေရာယူထားလျက် ရှိနေပါပြီ။ သို့သော် ဒါတွေဟာ သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ပါ။ ယခုလို ခက်ခဲနေချိန်မှာ အားလုံးနီးပါး ဖြစ်နေကြတာဖြစ်လို့ သင့်ခံစားချက်တွေကို လျစ်လျူရှုစရာ မလိုအပ်ပါဘူး။ ဒါဆိုရင် လူငယ်တွေ စိတ်ကျန်းမာရေး ပြန်ကောင်းဖို့
အတွေးအခေါ် ၊ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုတို့ ပေါင်းစပ်ထားတဲ့ အနုပညာအကြောင်းကို နွေဦးတက္ကသိုလ်ရဲ့ Podcast Episode-3 မှာ နားဆင်နိုင်ပါပြီ။ ငယ်ရွယ်နုပျိုမှုတွေနဲ့ အတူ သင်ယူလေ့လာနိုင်စွမ်းအပြည့်နဲ့ ရှင်သန်နေတဲ့ လူငယ်တွေဟာ အနုပညာပိုင်းမှာ စိတ်ဝင်စားလာကြတာဟာ ကောင်းတဲ့အရာ တစ်ခုပါ။ ဒါပေမယ့် အနုပညာ တစ်ခုကို ဖန်တီးတော့ မယ်ဆိုရင်လည်းသိထားရမယ့် အချက်တွေရှိပါတယ်။
IELTS ဆိုတာဘာလဲ။ ဘယ်လိုလူတွေ ဖြေဆိုသင့်သလဲ။ IELTS မှာ band score ကောင်းအောင် ဘယ်လိုလေ့ကျင့်မလဲ စတဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်ယူချင်တဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ အသိမဖြစ် သိရမယ့် IELTS အကြောင်းကို Spring University Myanmar ရဲ့ Centre For College Preparation က ဆရာတစ်ဦး က ရှင်းလင်းပြောကြားထားပေးတဲ့ နားထောင်သင့်တဲ့ Podcast လေးပဲဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook - www.facebook.com/springuniversitymm Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos
ဖက်ဒရယ်ရှုခင်း ဖက်ဒရယ်စိတ်ရင်း ဖက်ဒရယ်စနစ်ဆိုတာဘာလဲ။ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ဆောက်တဲ့အခါမှာ နိုင်ငံသားတိုင်းမဖြစ်မနေ သိထားရမယ့် ဖက်ဒရယ်စိတ်ဓာတ်တို့ကို Spring University Myanmar ရဲ့ School of Peace Studies and Federalism က ဆရာတစ်ဦးက ရှင်းလင်းသော ဥပမာများဖြင့် တင်ပြဆွေးနွေးထားတာဖြစ်တဲ့အတွက် ကျောင်းသား ပြည်သူတို့ နားထောင်သင့်တဲ့ Podcast တစ်ခုပဲဖြစ်ပါတယ်။ Spring University Myanmar info@springuniversitymm.com Facebook | Youtube