SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

Follow SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်
Share on
Copy link to clipboard

Listen to interviews, features and community stories from the SBS Radio Burmese program, including news from Australia and around the world. - SBS ရေဒီယို မြန်မာပိုင်း အစီအစဉ်က မေးမြန်းခန်းတွေ၊ သတင်္ငးဆောင်ပါးတွေ၊ လူမျိုးစု ဖြစ်စဉ်များကို နားဆင်ပါ၊ သြစတြေးလျနဲ့ ကမ္ဘာတစ်ဝန်းက သတင်းတွေ အပါဝင် ဖြစ်ပါတယ်။

SBS Burmese


    • Sep 30, 2026 LATEST EPISODE
    • daily NEW EPISODES
    • 11m AVG DURATION
    • 2,649 EPISODES


    Search for episodes from SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် with a specific topic:

    Latest episodes from SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

    SBS မြန်မာပိုင်း News Flash - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

    Play Episode Listen Later Sep 30, 2026 3:51


    သောတရှင်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

    ဩစတြေးလျရှိ ကျူရှင်ပေးခြင်း အချက်အလက်များ။

    Play Episode Listen Later Sep 29, 2026 16:58


    ရွှေ့ပြောင်းအခြေချ မိသားစုများသည် ကျူရှင်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲလေ့ ရှိကြသည်။

    သြစတြေးလျရှိ ဌာနေတိုင်းရင်းသားများ၏ ကာကွယ်ထိန်းသိမ်းထားသော နယ်မြေများဆိုသည်မှာ အဘယ်နည်း

    Play Episode Listen Later Sep 29, 2026 12:48


    ဩစတြေးလျရဲ့ သဘာဝအပင်တွေနဲ့ တိရစ္ဆာန်တွေရဲ့ အလှအပကို ခံစားဖို့ ခရီးစဉ်တစ်ခု သင် စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။

    ထားဝယ်မှာ ရေကြီးတောင်ပြိုမှုတွေကြောင့် ဒေသခံ ၁၃ဦးသေဆုံး။

    Play Episode Listen Later Sep 29, 2026 11:40


    တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တောင်ပြိုကျမှုများ ဖြစ်ပွားခဲ့ပါတယ်။

    You are already inside the system | How Australia Works - သင်ဟာစနစ်အတွင်းမှာ ရှိနေပါပြီ၊ ဩစတြေးလျ ဘယ်လို လည်ပတ်သလဲ။

    Play Episode Listen Later Sep 28, 2026 5:27


    How do Australia's governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - ဩစတြေးလျရဲ့ အစိုးရ၊ ဥပဒေတွေနဲ့ ဝန်ဆောင်မှုတင်မှုတွေက သင့်ရဲ့ နေ့စဥ်ဘဝကို ဘယ်လို သက်ရောက်နိုင်သလဲ။ ဥပဒကို ဘယ်လို ပြဋ္ဌာန်းသလဲ၊ ပြီးတော့ အဲဒီဥပဒေတွေကို ဘယ်လို ပြင်ဆင်ပြောင်းလဲသလဲ ဆိုတာကို သင် လေ့လာသိရှိရမှာပါ။ အဲဒီ ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သင် ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝန်ဆောင်မှုကို ရှာဖွေဖို့ ကြိုးစားခဲ့တဲ့လူ၊ ဆုံးဖြတ်ချက်တစ်ခုကို မေးခွန်းထုတ်ဖူးသူ၊ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ နားလည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေရဲ့ အဖြစ်မှန် ဇာတ်လမ်းတွေကို ကြားသိရပါမယ်။How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works ပေါ့ဒ်ကတ်စ် အစီအစဉ်ဟာ ဩစတြေးလျနိုင်ငံမှာ အစိုးရ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ဖြစ်ရပ်မှန် ဥပမာတွေနဲ့ ရှင်းပြထားတဲ့ အစီအစဥ်ဖြစ်ပါတယ်။ ဥပဒေကို ဘယ်သူတွေ ပြဌာန်းပြီး ဘယ်လို အပြောင်းအလဲ လုပ်နိုင်သလဲ၊ ဒီလို လုပ်ငန်းစဥ်မှာ သင့်အနေနဲ့ ဘယ်လို ပါဝင်နိုင်သလဲ ဆိုတဲ့အကြောင်းကို ဘာသာစကား ၆၀ နဲ့ လေလေ့လာနိုင်သလို How Australia Works ရဲ့ မူလစမျက်နှာမှာ လေ့လာနိုင်ပါတယ်။

    SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ တနင်္လာနေ့။

    Play Episode Listen Later Sep 28, 2026 3:59


    ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

    အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ အဘယ်နည်း၊ မည်သို့ အကူအညီရယူနိုင်မည်နည်း။

    Play Episode Listen Later Sep 24, 2026 18:52


    လူတစ်ဦးချင်းစီ သို့မဟုတ် နှစ်ဦးစလုံးက မိမိတို့သဘောဆန္ဒအလျောက် သဘောတူညီမှုမရှိဘဲ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်းမျိုးကို အတင်းအကျပ်ပြုလုပ်သော အိမ်ထောင်ရေး (forced marriage) ဟု ခေါ်ဆိုပါသည်။

    အင်အားထောင်ချီသုံးပြီး ရခိုင်ကို စစ်တပ်ထိုးစစ်ဆင်နေ

    Play Episode Listen Later Sep 24, 2026 8:49


    ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင် ပြည်နယ်တွင်းကို စစ်အာဏာရှင်က ပြန်လည်သိမ်းပိုက်ဖို့ အင်အားထောင်ချီအသုံးပြုကာ ထိုးစစ် ဆင်နေပါတယ်။

    SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၃ ရက် News Flash သတင်းများ။

    Play Episode Listen Later Sep 23, 2026 3:48


    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။

    သြစတြေးလျ၏ ကျေးလက်နှင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဘေးကင်း လုံခြုံစွာ ခရီးသွားလာခြင်း။

    Play Episode Listen Later Sep 22, 2026 14:30


    ဩစတြေးလျရဲ့ ကျေးလက်နဲ့ ‌ဝေးလံခေါင်သီတဲ့ ဒေသတွေကို ကားနဲ့ ခရီးထွက်တာဟာ ပုံမှန်အနေအထားမှာ သင် မရောက်ဖူးနိုင်တဲ့ နေရာတွေကို ရောက်ရှိသွားစေနိုင်ပါတယ်။

    ခင်ရီ USDP ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရ။

    Play Episode Listen Later Sep 22, 2026 11:09


    စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီညီလာခံအပြီး၊ ဦးခင်ရီကို ပါတီဥက္ကဌအဖြစ် ထပ်မံရွေးချယ်လိုက်ကြသလို ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

    SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် News Flash သတင်းများ။

    Play Episode Listen Later Sep 21, 2026 4:10


    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။

    အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း။

    Play Episode Listen Later Sep 17, 2026 10:22


    မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ဆယ်စုနှစ်များစွာကြာအောင် အမျိုးသမီးအလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အဓိကအရင်းအမြစ် ဖြစ်ခဲ့ပါတယ်။

    သြစတြေးလျ ယာဉ်မောင်းတိုင်း သိထားသင့်သည့်၊ လူသိနည်းသော ယာဉ်စည်းကမ်းများ။

    Play Episode Listen Later Sep 17, 2026 12:06


    Tasmania ပြည်နယ်မှာ ကားမောင်းနေစဉ် ဖုန်းထဲက GPS လမ်းညွှန်အက်ပ်တွေကို အသုံးပြုရင် ဒါမှမဟုတ် ကားပြတင်းပေါက်အပြင်ဘက်ကို လက်တင်ထားရင် ဒဏ်ငွေရိုက်ခံရနိုင်တယ်ဆိုတာကို သင်သိပါသလား။

    သြစတြေးလျတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ။

    Play Episode Listen Later Sep 17, 2026 12:41


    ၁၉၀၁ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဩစတြေးလျ၌ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်မူဝါဒ (secularism) ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။

    ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works

    Play Episode Listen Later Sep 16, 2026 9:25


    စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသလဲဆိုတာနဲ့ အကူအညီအတွက် ဘယ်သူ့ထံ ဆက်သွယ်ရမလဲဆိုတာကို ရှာဖွေလေ့လာလိုက်ပါ။"How Australia Works" ဆိုတာ ဩစတြေးလျမှာ အစိုးရ ဘယ်လိုလည်ပတ်သလဲ၊ ဥပဒေတွေကို ဘယ်လိုပြုလုပ်ပြီး ပြောင်းလဲသလဲ၊ ပြီးတော့ သင့်အနေနဲ့ ကိုယ့်သဘောထားဆန္ဒကို ဘယ်လိုထုတ်ဖော်နိုင်မလဲဆိုတာကို နားလည်အောင် ကူညီပေးဖို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို အသုံးပြုထားတဲ့ SBS ရဲ့ ပေါ့ဒ်ကတ်စ် (Podcast) တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နားဆင်ပါ၊ How Australia Works ရဲ့ မူလစာမျက်နှာမှာ ဘာသာစကား ၆၀ နဲ့ ထုတ်လွှင့်ထားတာကို ရှာဖွေနားဆင်နိုင်ပါတယ်။

    မြန်မာနိုင်ငံတွင် မတော်တဆမှုများနှင့် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်တက်လာနေပါသည်။

    Play Episode Listen Later Sep 15, 2026 8:58


    မြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။

    သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။

    Play Episode Listen Later Sep 15, 2026 9:11


    ပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။

    မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။

    Play Episode Listen Later Sep 14, 2026 11:21


    ဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

    ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။

    Play Episode Listen Later Sep 14, 2026 4:31


    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။

    One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ

    Play Episode Listen Later Sep 11, 2026 14:35


    ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။

    ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ

    Play Episode Listen Later Sep 11, 2026 19:32


    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။

    ရန်ကုန်မှာမတော်တဆမှုကြောင့် ကလေးငယ်တွေအသက်ဆုံးရှုံးရတာတွေ ပိုများလာ

    Play Episode Listen Later Sep 11, 2026 8:33


    မြန်မာနိုင်ငံမှာ မတော်တဆမှုတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုတွေ များလာနေပါတယ်။

    ရန်ကုန်နဲ့မန္တလေးမှာ အဓ္ဓမ စစ်မှုထမ်းစုဆောင်းခံရလို့ လူငယ်တွေ ထိတ်လန့်နေ

    Play Episode Listen Later Sep 9, 2026 10:24


    ရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။

    သင်နေထိုင်တဲ့ နေရာနဲ့ Motor Neurone ရောဂါ MND ဖြစ်နိုင်ခြေက ဩစီနိုင်ငံသားတွေ အံ့အားသင့်နိုင်

    Play Episode Listen Later Sep 9, 2026 12:00


    "မော်တာ ညူရွန် ရောဂါ" (Motor Neurone Disease - MND) နဲ့ ပတ်သက်တဲ့ သုတေသနတွေအရ ဩစတြေးလျမှာ ဒီရောဂါ ပိုအဖြစ်များတဲ့ နေရာတချို့ကို ဖော်ထုတ်နိုင်ခဲ့လို့၊ ပြည်နယ်တစ်ခုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အရေးယူဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်လိုက်တဲ့အကြောင်း တင်ပြထားတဲ့Camille Bianchi ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    motor neurone
    Together for Tomorrow ရံပုံငွေပွဲနဲ့ ဆက်စပ်ပြီး မင်းမော်ကွန်းကို မေးမြန်းထား

    Play Episode Listen Later Sep 8, 2026 8:41


    ပြီးခဲ့တဲ့ စနေည စက်တင်ဘာလ ရက်တုန်းက မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံ စစ်ဘေးရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် Together for Tomorrow ရံပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကို Support for Myanmar from Australia and Singapore နဲ့ မနက်ခင်းတို့ ဦးစီးကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး ရံပုံငွေပွဲအနေနဲ့ အဆိုတော် ယုဇနနဲ့ တေးရေးတေးဆို မောင်မောင်ဇော်လတ်အပြင် အထူးဧည့်သည်အနေနဲ့ မင်းမော်ကွန်းနဲ့ အဆိုတော် နောင်ရိုးတို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘာဖြစ်ဆက်ထားသင့်လဲ၊ မထားရင် ဘာဖြစ်နိုင်သလဲ။

    Play Episode Listen Later Sep 8, 2026 14:57


    ကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခင် မစတင်ခင်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆိုမှုတွေ စတင်နေကြပါတယ်။

    Prostate cancer in Australia: Testing, treatment and support - ဆီးကျိတ်ကင်ဆာ - စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကူညီပံ့ပိုးမှုများ

    Play Episode Listen Later Sep 8, 2026 14:37


    About one in five Australian men will be diagnosed with prostate cancer in their lifetime. Understanding the prostate, your risk and the options for testing can help with early detection and treatment. In this episode of Australia Explained, learn about prostate cancer, PSA testing, treatment and support. - ဩစတြေးလျ အမျိုးသား ငါးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သက်တမ်းအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိရနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒါကြောင့်မို့လို့ သင့်မှာ ရောဂါဖြစ်နိုင်ခြေ ရှိမရှိ သဘောပေါက်ဖို့အပြင်၊ ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်သင့်တယ်ဆိုတာနဲ့ သင့်ရဲ့ ရွေးချယ်စရာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိရေးနဲ့ ကုသထိန်းချုပ်ရေးအတွက် သင်သိထားသင့်တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    နွေဦးရာသီ တောမီးအန္တရာယ် ကြီးမားနိုင်ကြောင်း အာဏာပိုင်များ သတိပေး

    Play Episode Listen Later Sep 3, 2026 9:31


    ဩစတြေးလျနိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနိုင်ခြေ မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

    စက်တင်ဘာ ၃ ရက် သတင်းအတိုအထွာများ

    Play Episode Listen Later Sep 3, 2026 10:02


    ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ အတွက် သတင်းအတိုအထွာတွေ ဖြစ်ပါတယ်။

    အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေကြောင့် အမျိုးသမီးတွေ ပိုမိုထိခိုက်နေ

    Play Episode Listen Later Sep 1, 2026 15:40


    သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။

    How can my child learn about Indigenous Australia? - ကလေးကျောင်းပြင်ပမှာ ဩစီရဲ့ ဌာနေတိုင်းရင်းသားနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဘ

    Play Episode Listen Later Sep 1, 2026 12:10


    Supporting your child's connection with the world's oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you're new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ဩစတြေးလျမှာ နေထိုင်တဲ့လူတွေအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရင်း ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး တည်ရှိနေတဲ့ သက်ရှိယဉ်ကျေးမှုနဲ့ ကလေးတွေ ထိတွေ့ဆက်နွှယ်မှုရှိအောင် ကူညီပေးတာဟာ မိမိရဲ့ ကလေးကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်။

    နီပေါနိုင်ငံမှာ အခက်အခဲတွေကြားထဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြ

    Play Episode Listen Later Sep 1, 2026 11:26


    နီပေါနဲ့ တိဘက်နယ်စပ်မှာ ရွှံ့မြေပြိုမှုဖြစ်ပြီးနောက် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၀၀ နီးပါး ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရာသီဥတု ဆိုးရွားမှုတွေ၊ မြစ်ရေတက်လာတာနဲ့ နောက်ထပ် ရေကြီးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ အခက်အခဲရှိနေပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီရောက်ဖို့ အချိန်နဲ့အမျှ အပြိုင် ကြိုးစားနေကြပါတယ်။

    ကွာဟချက်ကို ပိတ်ခြင်း- ပညာရေးနှင့် ပြောင်းလဲမှုအပေါ် ဌာနေတိုင်းရင်းသားများ၏ အမြင်။

    Play Episode Listen Later Aug 27, 2026 14:37


    မကြာသေးမီနှစ်များအတွင်း ဩစတြေးလျနိုင်ငံ၌ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ရလဒ်များကို စောင့်ကြည့်လေ့လာခြင်းသည် ဌာနေတိုင်းရင်းသားရေးရာ မူဝါဒ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

    Wave Hill Walk-Off - ခေတ်သစ် Aboriginal မြေယာပိုင်ဆိုင်ခွင့် လှုပ်ရှားမှု၏ အစပျိုးခြင်း။

    Play Episode Listen Later Aug 27, 2026 12:26


    လွန်ခဲ့သော နှစ်ပေါင်း ၆၀ က Northern Territory ရှိ Wave Hill ကျွဲနွားမွေးမြူရေးခြံမှ အလုပ်သမားများသည် ခွဲခြားဆက်ဆံခံရမှုနှင့် အလုပ်လုပ်ကိုင်ရသည့် အခြေအနေဆိုးရွားမှုတို့ကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြသောအားဖြင့် အလုပ်ခွင်မှ ထွက်ခွာခဲ့ကြသည်။

    လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ ၉နှစ် ကြာလာပေမဲ့ တရားမျှတမှု မရသေး။

    Play Episode Listen Later Aug 27, 2026 10:54


    လွန်ခဲ့သော ကိုးနှစ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အမှက္ခရာ တင်ကျန်ရစ်ခဲ့သည့် အမှောင်မိုက်ဆုံး နေ့ရက်တစ်နေ့ ဖြစ်ခဲ့သည်။

    SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့။

    Play Episode Listen Later Aug 26, 2026 3:17


    သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

    သံလွင်မြစ်ရေထဲမှာ အာဆင်းနိတ်ပါဝင်မှု မြင့်တက်နေ

    Play Episode Listen Later Aug 25, 2026 28:56


    သံလွင်မြစ်ရေထဲ Arsenic ပါဝင်မှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်နေတဲ့ နယ်စပ်ဖြတ်ကျော် မြစ်များဆိုင်ရာ အလွတ်တန်းသုတေသီ ကို Nick နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

    ဩစတြေးလျရဲ့ ကလေးမွေးဖွားခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ စောင့်ရှောက်မှု

    Play Episode Listen Later Aug 25, 2026 15:35


    သင်ဟာ ဩစတြေးလျမှာ ပထမဆုံးအကြိမ် မိဘဖြစ်လာတော့မယ်ဆိုရင် ကလေးကို ဘယ်မှာမွေးမလဲနဲ့ ဘယ်လိုမွေးဖွားရမလဲဆိုတာကို ရွေးချယ်ရတာ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

    SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္လာနေ့။

    Play Episode Listen Later Aug 24, 2026 4:00


    သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

    Australia ၏ ရှေးဦးလူမျိုးများ။

    Play Episode Listen Later Aug 20, 2026 13:00


    သြစတြေးလျနိုင်ငံ၏ မူလပထမ လူမျိုးစုများတွင် Aborigina) နှင့် Torres Strait Islander လူ့အဖွဲ့အစည်းများ ပါဝင်ပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ၅၀,၀၀၀ ကျော်ကြာ သမိုင်းကြောင်းရှိကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ဆက်လက်ရှင်သန်နေသော ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလျက်ရှိပါသည်။

    Australia ၏ အွန်လိုင်းဖန်တီးရှင်များဆိုင်ရာ ကွဲပြားစုံလင်မှုကို ထိန်းသိမ်းထားရှိ။

    Play Episode Listen Later Aug 20, 2026 13:10


    အင်တာနက်ပေါ်တွင် တင်ထားသမျှသည် ထာဝရတည်ရှိနေသည်ဟု ဆိုကြသော်လည်း အွန်လိုင်း တွင် အကြောင်းအရာများစွာကို မျှဝေတင်ဆက်နေကြသည့်အတွက် အမျိုးသား ရုပ်ရှင်နှင့် အသံမှတ်တမ်းဌာန (National Film and Sound Archives) ၏ လုပ်ငန်းတာဝန်မှာ ပိုမိုခက်ခဲလာ ပါသည်။

    စားဝတ်နေရေးအတွက် မိမိတို့၏ ဆံပင်ကို ရောင်းချနေကြသော အမျိုးသမီးများ။

    Play Episode Listen Later Aug 20, 2026 8:48


    ရန်ကုန်မြို့ အင်းစိန်နဲ့ သာကေတအပါအဝင် ဆံပင်ဝယ်ယူတဲ့ နေရာတွေမှာ နေ့စဉ် အမျိုးသမီး အများအပြားဟာ သူတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ဆံပင်တွေကို ဖြတ်ရောင်းနေကြမှု တနေ့ထက် တနေ့များပြားလာတယ်လို့ဆံပင်ဝယ်ရောင်း လုပ်နေသူတွေ ဆီကသိရပါတယ်။

    သြစတြေးလျတွင် ဘုံဘိုင်မှ ရေကို သောက်သုံးခြင်း။

    Play Episode Listen Later Aug 19, 2026 15:14


    ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိနိုင်မှုသည် မရှိမဖြစ်လိုအပ်လှပြီး ဩစတြေးလျ၏ မကြာခဏဆိုသလို ကြမ်းတမ်းလေ့ရှိသော သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေအရင်းအမြစ်များသည် အထူးပင် တန်ဖိုးကြီးမားလှပါသည်။

    တစ်စုံတစ်ယောက်ရဲ့ ဥယျာဉ်ထဲက သစ်သီးတွေကို ခူးလို့ရပါသလား။

    Play Episode Listen Later Aug 18, 2026 12:18


    သြစတြေးလျမြို့ပြဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လမ်းလျှောက်သွားလာစဉ် အိမ်ရှေ့ဥယျာဉ်များ သို့မဟုတ် လမ်းဘေးမြက်ခင်းစပ်များ၌ စိုက်ပျိုးထားသော ဟင်းခတ်အရွက်များ (curry leaves) နှင့် သံပုရာသီးများမှစ၍ ခရမ်းချဉ်သီးများနှင့် ဟင်းခတ်အပင်များအထိ အမျိုးမျိုးသော အပင်များကို သင်တွေ့မြင်နိုင်ပါသည်။

    ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေ။

    Play Episode Listen Later Aug 18, 2026 13:32


    ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။

    ALC: SBS မြန်မာ ၂၀၂၆ ဇူလိုင် ၁၇ ရက် News Flash သတင်းများ။

    Play Episode Listen Later Aug 17, 2026 3:26


    သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

    Starlink ဝန်ဆောင်မှု ရပ်တန့်မှုများကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်။

    Play Episode Listen Later Aug 13, 2026 10:10


    စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အများအပြားတွင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သည်။

    ဆီစျေးနှုန်းအပေါ် အာရုံစိုက်ခြင်း

    Play Episode Listen Later Aug 13, 2026 9:28


    အမေရိကန်နဲ့ အီရန် စစ်ပွဲ အချိန်ကြာ လာတာနဲ့အမျှ သြစတြေးလျနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် စျေးနှုန်းတွေဟာ ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။

    သန့်စင်ထားသော မိလ္လာရေကို ကျွန်ုပ်တို့ သောက်သုံးသင့်ပါသလား။

    Play Episode Listen Later Aug 11, 2026 11:07


    ရာသီဥတုဖောက်ပြန်မှုနှင့် လူဦးရေ တိုးမြင့်လာမှုနှင့်အတူ ရေပေးမှု ဖိအားအောက် တွင် အနာဂတ် အတွက် သန့်စင်ထားသော မိလ္လာရေကို သောက်သုံးခြင်းက အဖြေ တစ်ခုဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများကဆိုသည်။

    စစ်ကိုင်းမှာ ဆည်ရေလွှတ်လို့ မြို့ နယ် ၁၀ ခုထက်မနည်းမှာ ရေကြီးရေလျှံနေ။

    Play Episode Listen Later Aug 11, 2026 11:17


    မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆည်ရေလွှတ်ချမှုတွေကြောင့် စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသတစ်ခုလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုနဲ့လူပျောက်မှုတွေပါ ဖြစ်ပွားနေပါတယ်။

    Claim SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel