WeCare - The Health@Home Podcast

Follow WeCare - The Health@Home Podcast
Share on
Copy link to clipboard

A weekly podcast by Health@Home by Mega Lifesciences that helps you to stay informed and healthy. Visit us at https://healthathome.digital/ . Health@Home providing people with the tools they need to take charge of their health. Developing digital solutions for preventive, promotive, and curative treatment as needed.Health@Home was created by a dedicated group of medics, engineers, and healthcare industry experts from Southeast Asia and Africa. While our experience allows us to grasp the domains, it is the human at the centre of our design that drives our emphasis. The types of solutions we work on are determined by our awareness of the specific difficulties and strengths of the people in our countries. We have you covered with our team of doctors, nurses, digital technology experts, pharmaceutical and healthcare veterans.

Health@Home


    • May 3, 2024 LATEST EPISODE
    • infrequent NEW EPISODES
    • 1m AVG DURATION
    • 101 EPISODES


    Search for episodes from WeCare - The Health@Home Podcast with a specific topic:

    Latest episodes from WeCare - The Health@Home Podcast

    သန္ဓေသားလေးရဲ့ လှုပ်ရှားမှုများနဲ့ ပတ်သတ်ပြီး သိမှတ်ဖွယ်ရာများ(Baby Movement-Part 2)

    Play Episode Listen Later May 3, 2024 3:58


    ကလေးလှုပ်တာကို ဘယ်ချိန်မှာ စသိမလဲ မိခင်လောင်းများဟာ ယေဘုယျအားဖြင့် ကလေးလှုပ်တာကို ကိုယ်ဝန် ၁၆ ပတ်ကနေ ၂၄ ပတ်အတွင်းမှာ စတင် ခံစားရပါတယ်။ ကလေးလှုပ်တာကို ခံစားရတာဟာ အချင်းရဲ့ အနေအထားပေါ် မမူတည်ပါဘူး။  ရင်သွေးငယ်ရဲ့ လှုပ်ရှားမှုများဟာ ကျန်းမာပြီး ကောင်းစွာကြီးထွားလာတယ်ဆိုတဲ့ သဘောကို ပြသပါတယ်။ ဒီအချိန်ကာလတွေ အထိ ကလေးမလှုပ်သေးဘူးဆိုရင် ဆရာဝန် အမြန် ပြဖို့ လိုပါတယ်။  ကလေးလှုပ်တာဟာ ဘယ်လို ခံစားရမလဲ ဗိုက်ထဲက ကလေးငယ်ရဲ့ လှုပ်ရှားမှုများ တစ်နည်းပြောရရင် ကလေးလေးက ကန်တဲ့ လှုပ်ရှားမှုများဟာ ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ပုံစံပြောင်းလဲတတ်ပါတယ်။  

    သန္ဓေသားလေးရဲ့ လှုပ်ရှားမှုများနဲ့ ပတ်သတ်ပြီး သိမှတ်ဖွယ်ရာများ( Baby Movement-Part 1)

    Play Episode Listen Later May 3, 2024 3:57


    Baby Movementကိုယ်ဝန်ဆောင်မိခင်နှင့် ဖခင်လောင်းတို့အတွက်  ဗိုက်ထဲက ရင်သွေးလေးရဲ့ လှုပ်ရှားမှုတွေကို ပထမဆုံး ထိတွေ့ခံစားရတာဟာ ဘဝမှာ အမှတ်အရဆုံး အချိန်များ ဖြစ်မှာပါ။ ရင်သွေးငယ်တစ်ဦး တစ်ယောက်စီ တိုင်းဟာ  ထူးခြားသလို သူတို့ရဲ့ လှုပ်ရှားမှုတွေဟာလည်း ပုံစံတကျ ရှိတတ်ကြပါတယ်။ ဒီလှုပ်ရှားမှု ပုံစံတွေကို မိခင်က သတိထားကြည့်ခြင်းဖြင့် ရင်သွေးငယ် ကောင်းစွာ ကြီးထွားဖွံဖြိုးလာခြင်း ရှိမရှိကို သိရှိနိုင်ပြီး လှုပ်ရှားမှု ပုံမမှန်တာ ကြုံရလျှင်လည်း ဆရာဝန်ကို အသိပေးနိုင်ပါတယ်။  

    မက်ဂနီဆီယမ်(Magnesium)

    Play Episode Listen Later Nov 20, 2023 1:26


    မက်ဂနီဆီယမ် သတ္တုဓာတ်ကို အစားအစာများမှာတွေ့ရရုံသာမက ဖြည့်စွက်ဆေးဝါးများအဖြစ်လည်းတွေ့ရပါတယ်။ ခန္ဓာကိုယ်ထဲမှာ မက်ဂနီဆီယမ်ဓာတ် လျော့နည်းနေခြင်းက သွေးချိုဆီးချို၊ နှလုံး၊ သွေးတိုး၊ အရိုးပွရောဂါ၊ သွေးလွှတ်ကြေများပိတ်ဆို့ခြင်း စတဲ့ ရောဂါများနဲ့ ဆက်စပ်လျက်ရှိပါတယ်။ အရိုးများ သန်စွမ်းကျန်းမာဖို့လည်း မက်ဂနီဆီယမ်ကို လိုအပ်ပါတယ်။ အစာအိမ်တွင်းရှိ အက်ဆစ်များကိုလည်း ဓာတ်ပြယ်စေပြီး ဝမ်းသွားရာမှာလည်း အထောက်အကူပြုပါတယ်။ မက်ဂနီဆီယမ်ဓာတ်ချို့တဲ့လျှင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့....နှလုံးခုန်မမှန်ခြင်းမောပန်းခြင်းကြွက်သားများအားနည်းခြင်းအရိုးပွခြင်းသွေးပေါင်ချိန်တက်ခြင်းပန်းနာရင်ကြပ် ဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

    သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အကြံပြုချက်များ( Tips to maintain oral health)

    Play Episode Listen Later Nov 6, 2023 1:17


    ဖလိုရွိုက်ပါသော သွားတိုက်ဆေး အသုံးပြုပါ။တစ်နေ့ကို သွားနှစ်ကြိမ် မှန်မှန်တိုက်ပါ။အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ။အရက်ဘီယာများ အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ပါ။သွေးချိုဆီးချိုရှိပါက သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်အောင် ကြိုးစားပါ။ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကြောင့် သွားဖုံးရောဂါများ ဖြစ်တတ်ပါသည်။သွားတုများ၊ အံကပ်များကို သန့်ရှင်းအောင်ထားပါ။ မှန်မှန်ဆေးကြောပါ။သွားကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ ၆လသို့မဟုတ် ၁နှစ်တစ်ကြိမ် ပြသစစ်ဆေးပါ။

    Infection( ပိုးဝင်ခြင်းအကြောင်း)

    Play Episode Listen Later Oct 23, 2023 1:57


    သွေးတွင်းအချိုဓာတ်မြင့်မားခြင်းကြောင့် သွေးချိုဆီးချိုသမားများတွင် ကိုယ်ခံအားနည်းတတ်ကာ အချို့သော ပိုးဝင်ခြင်းများဖြစ်လွယ်ပါသည်။ ပိုးဝင်ခြင်း၏ လက္ခဏာများတွေကတော့၁။ ကိုယ်အပူချိန် မြင့်တက်ခြင်း၂။ အသက်ရှုမဝခြင်း၃။ အနာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်ရှိ နေရာတစ်ခုခုတွင် နီမြန်းခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း ခံစားရခြင်း၄။ ချောင်းဆိုးခြင်း၅။ လည်ပင်းခိုင်ခြင်း၆။ လည်ချောင်းနာခြင်း၇။ နှာပိတ်ခြင်း၈။ ဆီးပူခြင်း သို့မဟုတ် ဆီးသွားရာတွင် နာကျင်ခြင်း၉။ အန်ခြင်း၁၀။ ဝမ်းပျက်ခြင်း၁၁။ ချွေးစေးထွက်ခြင်း၁၂။ ချမ်းတုန်ခြင်း၁၃။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များ ဆင်းခြင်း တို့ဘဲဖြစ်ပါတယ်ရှင်။

    လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံရဲ့ ကျန်းမာရေးဆိုးကျိုးများ( Risks of a sedentary lifestyle)

    Play Episode Listen Later Oct 17, 2023 1:33


    ဒီနေ့ခေတ်မှာ ကွန်ပျူတာ‌ရှေ့အလုပ်လုပ်သူ၊ ဂိမ်းကစားသူ၊ တီဗီစီးရီးတွေ အချိန်ကြာမြင့်စွာထိုင်ကြည့်သူတွေ သိသိသာသာများပြားလာပါတယ်။ အထပ်မြင့်များတက်ရာမှာလည်း လွယ်ကူတဲ့ ဓာတ်လှေကား၊ စက်လှေကားများ ရှိခြင်းကြောင့် လူတွေရဲ့ နေထိုင်မှုပုံစံက လှုပ်ရှားမှု အလွန်နည်းလာပါတယ်။ ဒီလို lifestyle ဟာ ကျန်းမာရေးဆိုးကျိုးတွေ အတော်များပါတယ်။ ဒီလိုအထိုင်များတဲ့ လူနေမှုပုံစံဟာ အချို့သောရောဂါများဖြစ်နိုင်ချေကိုမြင့်တက်စေပါတယ်။ ဘာတွေလဲဆိုတော့....... အမျိုးအစား ၂ သွေးချိုဆီးချို သွေးတိုးရောဂါ နှလုံးရောဂါ အဝလွန်ခြင်း အရိုးပွခြင်း လေဖြတ်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုးကျိုးတွေကကာကွယ်နိုင်ဖို့ တစ်နေ့ကို မိနစ်၃၀ ခန့်နှင့် တစ်ပတ်လျှင် အနည်းဆုံး၅ရက်ခန့် ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။

    သွေးချိုဆီးချိုရှိသူများနှင့်အသင့်စား စားသောက်ဆိုင်များ (fast food chains)

    Play Episode Listen Later Aug 11, 2023 1:45


     သွေးချိုဆီးချိုရှိသူများ အသင့်စားစားသောက်ဆိုင် များတွင် မဖြစ်မနေ ထိုင်စားရသည့်အခါ ၁)စားမည့်ပမာဏသတ်သတ်မှတ်မှတ်ရှိပါ။  ၂) Toppingများကို ချိစ်၊ အသားနဲ့ ပင်လယ်စာတွေအစား ချယ်ရီခရမ်းချဥ်သီး၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွနဲ့ ထောပတ်သီးလိုအသီးအရွက်များရွေးချယ်ပါ။ ၃)ကြော်ထားတဲ့ အသားလွှာထက် ကင်ထားတဲ့ အသားလွှာကိုရွေးပါ။ ၄)မရောနိစ် လိုခပ်ပျစ်ပျစ်ဆော့စ်တွေလုံးဝရှောင်ပါ။  ၅)cola, pepsi, fanta တို့လို အချိုရဉ်များအစားရေသန့်သာသောက်ပေးပါ။ အသင့်စား fast-foods တွေကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် စားရမယ့် အခြေအနေမျိုး ကြုံလာရင်တော့ အပေါ် က ပြောပြခဲ့တဲ့ အချက်လေးတွေကို သတိရပေးပါ။

    အင်ဆူလင် အာနိသင် ထိရောက်မှုအပေါ် လွှမ်းမိုးသော အချက်များ(Factors that affect insulin's effectiveness)

    Play Episode Listen Later Jun 13, 2023 2:18


     အင်ဆူလင် အာနိသင် ထိရောက်မှု အပေါ် လွှမ်းမိုးနေတဲ့ အချက်များ   ထိုးသည့် အင်ဆူလင်ပမာဏ ထိုးသည့်နေရာ နှင့် အချိန် စိတ်ဖိစီးမှုရှိနေခြင်း ရေဓာတ်ဆုံးရှုံးခြင်း ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ ကွတ်ကီး၊ အာလူးနဲ့ အသင့်သောက်အချိုရည်များကဲ့သို့ ကစီဓာတ်မြင့်မားသော အစားအစာများ

    အင်ဆူလင်(Insulin)

    Play Episode Listen Later Jun 13, 2023 1:49


    အင်ဆူလင်ဆိုသည်မှာ ကာဗွန်ဟိုက်ဒရစ် ချေဖျက်ဖို့အတွက် ခန္တာကိုယ်ထဲရှိ ပန်ကရိယလို့ခေါ် တဲ့ အစိတ်အပိုင်းကနေ ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္တာကိုယ်ထဲကနေ အင်ဆူလင် ကောင်းစွာ မထုတ်လွှတ်နိုင်သောအခါ သို့မဟုတ် အင်ဆူလင် ပြန်လည် အသုံးပြုမည့် ဆဲလ်များ ပျက်စီးသောအခါ အင်ဆူလင်ကို ထိုးဆေးအနေဖြင့် သုံးစွဲရတတ်ပါတယ်။ အများအားဖြင့် အမျိုးအစား ၁ ဆီးချို နှင့် အချို့ အမျိုးအစား ၂ ဆီးချို တွင် သုံးရတတ်ပါတယ်။ မည်သို့သော လူမျိုးမှာ သုံးရသည်ကို တသတ်မတ်တည်း သတ်မှတ်လို့ မရနိုင်ပါ။  မိမိ၏ ဆီးချိုအမျိုးအစားနှင့် ဖြစ်ရသည့် အကြောင်းအရင်းပေါ် မူတည်၍ ဆရာဝန်များက သုံးစွဲ သင့်မသင့် ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုများ အသုံးပြုရမည့် အင်ဆူလင် အမျိုးအစားဟာ ခန္တာကိုယ်ထဲတွင် အင်ဆူလင် ပြန်လည် အသုံးပြုသည့် ကြာချိန်ပေါ် မူတည်ပြီး အမျိုးအစားများစွာရှိပါတယ်။ ထိုနည်းတူ သုံးရသည့် ပုံစံမှာလည်း ဘောပင် ပုံစံကဲ့သို့ တခါတည်းနှိပ်ပြီး သုံးလို့ရသည့် ပုံစံမျိုးရှိသကဲ့သို့  ဆေးထိုးအပ်ထဲသို့ ဆေးစုပ်ပြီးမှ သုံးရသည့် ပုံစံလည်း ရှိပါတယ်။ မိမိနှင့် သင့်လျော်သည့် ဆရာဝန်ညွှန်ကြားထားသည့် အင်ဆူလင်ထိုးဆေးများကို အသုံးပြုလို့ရပါတယ်။

    နားအူခြင်း(Tinnitus)

    Play Episode Listen Later Jun 12, 2023 0:55


    နားမှ ပုံမှန်မဟုတ်သော လေတိုးသံကြားခြင်းသည် နားအူခြင်းလက္ခဏာပဲဖြစ်ပါတယ်။ နားထဲတွင်ရှိသော အရည်ဖိအားပုံမမှန်ဖြစ်ပြီး ခံစားရတာ ဖြစ်ပါတယ်။ နားအူခြင်းကို သွေးတိုးရောဂါခံစားနေရသူများနှင့် သွေးချိုဆီးချို သမားများတွင် တွေ့ရတတ်ပါတယ်။  သွေးချိုဆီးချိုသမားများတွင် နားအူခြင်းခံစားရခြင်းမှာ သွေးသကြားဓာတ်ပုံမှန်မထိန်းနိုင်သောကြောင့် နားထဲရှိ အာရုံကြောထိခိုက်ပျက်စီးခြင်းကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် သွေးသကြားဓာတ်ကို သတ်မှတ်ပမာဏအတွင်း ထိန်းဖို့ လိုအပ်သလို အကြားအာရုံစစ်ဆေးမှုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ သင်ကိုယ်တိုင် အကြားအာရုံ ပြဿနာရှိသည်ကို စတင် သတိပြုမိလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

    စိတ်ကျန်းမာပျော်ရွှင်အောင် နေထိုင်နည်းများ(Ways to Mental Wellbeing)

    Play Episode Listen Later Jun 12, 2023 1:43


    စိတ်ကျန်းမာပျော်ရွှင်အောင် နေထိုင်နည်းများ ၁။ လူများနှင့် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပါ။ အနည်းဆုံး သင်၏ တစ်နေ့တာအချိန်တွင် မိသားစုအချိန် ၁၅-၃၀ မိနစ် ရအောင်ဖန်တီးပါ။  ၂။ သူတစ်ပါးကို ပေးကမ်းတတ်အောင် ကြိုးစားပါ။ ပေးကမ်းခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေရုံသာမက လူချစ်လူခင်ပေါများပြီး ပျော်ရွှင်ခြင်းကို ခံစားရစေမှာ ဖြစ်ပါတယ်။  ၃။ ယခုတွေ့ကြုံနေရတဲ့ အခြေအနေ အချိန်အခါကိုသာ အာရုံစူးစိုက်ပါ။ ကြိုတင်စိုးရိမ်စိတ်လွန်ကဲခြင်းဟာ စိတ်ကျရောဂါကို စတင်ဖြစ်ပွားနိုင်သော အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄။ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ပါ။ အားကစားဟာ ကိုယ်ခန္တာကျန်းမာရုံသာမက စိတ်ကိုပါ ကျန်းမာရွှင်လန်းစေပါတယ်။ ၅။ စွမ်းရည်ပညာရပ်သစ်များကို လေ့လာသင်ယူပါ။ ဤသို့ သင်ယူခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်ချက် တိုးစေရုံသာမက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့်လာပါတယ်။  

    ဆီးချိုရောဂါနှင့်အတူကျန်းမာအောင်နေထိုင်မှု(Healthy living with diabetes)

    Play Episode Listen Later Jun 12, 2023 1:41


    ၁။  ဟင်သီးဟင်းရွက် အသုပ်စုံကို ဟင်းရံအဖြစ်ထည့်ပါ။ဂျုံ၊ ဆန်၊ အာလူး စတဲ့ ကစီ ဓာတ်များတဲ့ အစားအစာကို စားရင် ဟင်းသီးဟင်းရွက်ကို ဟင်းရံ အဖြစ်ထည့်စားပါ။ ၂။ ကိုယ်လက်လှုပ်ရှားပါ။အတော်အသင့် ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းက ခန္ဓာ ကိုယ်ရဲ့ သွေးချိုထိန်းချုပ်မှု ပို ကောင်းစေတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြတယ်။တစ်နေ့မှာ မိနစ် ၃ဝ မှ ၄၅ မိနစ်ထက်မနည်း တက်ကြွစွာ လှုပ်ရှားပါ။၃။ အပြည့်အဝအိပ်ပါ။ညအခါမှာ ခုနှစ်နာရီ သို့မဟုတ် ရှစ်နာရီကြာ မအိပ်ရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ဆိုးဝါးလာပြီး ၃၇ မှ ၈၈ ရာခိုင်နှုန်းအထိမြင့် တက်လာနိုင်ကြောင်း မကြာသေးမီ က ပြုလုပ်ခဲ့တဲ့လေ့လာရေးကဆို တယ်။ ၄။ အာလူးကိုစွန့်ပြီး အခွံမာသီးကို သုံးပါ။အာလူးဟာ သွေးချိုမြင့်တက် အောင်လုပ်ပြီး နှစ်ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်အောင် လုပ်နိုင်ဖွယ်ရှိတယ်လို့ မကြာသေးမီ က ရေရှည်လေ့လာရေးတစ်ခုမှာ ဖော်ပြတယ်။ အခွံမာသီးတွေဟာ ဆီများပေမဲ့ အာလူးကြော်အစား လက်တစ်ဆုပ်စာ အခွံမာသီးကို အဆာပြေအဖြစ်စားရင် ကီလိုလျော့ စေတယ်။ အစိမ်းရောင် အခွံမာသီး တစ်မျိုး၊ ဗာဒံစေ့နဲ့ မြေပဲတွေမှာ သွေးချိုတစ်ညီတည်းဖြစ်စေဖို့ အံ့ သြလောက်တဲ့ အစွမ်းတွေရှိ ပါတယ်။

    စတီးရွိုက်များနှင့် သွေးတွင်းသကြားဓာတ်(Steroids and blood sugar)

    Play Episode Listen Later Jun 12, 2023 2:03


    သွေးချိုဆီးချိုသမားများ သိထားသင့်သည်မှာ သွေးတွင်းအချိုဓာတ်နှင့် စတီးရွိုက်အကြား ဆက်စပ်မှုရှိပါသည်။ စတီးရွိုက်များ သုံးနေစဥ်တွင် အသည်းမှ သကြားဓာတ်ပိုမိုထုတ်လွှတ်ပါသည်။  ထိုသကြားများကို ခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ရာတွင် စတီးရွိုက်များကအဟန့်အတားဖြစ်စေပါသည်။ စတီးရွိုက်များ၏ သွေးတွင်းအချိုဓာတ်အပေါ် သက်ရောက်မှုသည် အောက်ပါအချက်များအပေါ် မူတည်ပါသေးသည်။ ၁. သောက်သုံးနေသော စတီးရွိုက် အမျိုးအစား ၂. သုံးစွဲနေခဲ့သည့် ကြာချိန် ၃. ဆေးပမာဏ ၄. သွေးချိုဆီးချိုအမျိုးအစား၅. စတီးရွိုက်သောက်သုံး/ထိုး သည့် အချိန်  လူကြီးမင်းသည် သွေးချိုဆီးချိုသမားဖြစ်ပြီး စတီးရွိုက်များလည်း သုံးနေရလျှင်သွေးတွင်းအချိုဓာတ်အဖြေများနှင့် သောက်သုံးသော စတီးရွိုက်များကို မှတ်တမ်းထားပါ။သွေးတွင်းအချိုဓာတ်သည် နှစ်ကြိမ်ထက်ပို၍ ၁၅ mmol ထက်များနေပါက ဆရာဝန်ထံ အကြောင်းကြားပါ။သွေးချိုဆီးချို၏ လက္ခဏာများဖြစ်သော ရေငတ်ခြင်း၊ ဗိုက်ဆာခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ မကြာခဏဆီးသွားခြင်း အစရှိသည်များ ခံစားရပါက ဆရာဝန်ကို အသိပေးပါ။

    အမျိုးအစား(၂) သွေးချိုဆီးချို ကာကွယ်ရန် နည်းလမ်းများ(Ways to prevent diabetes)

    Play Episode Listen Later Jun 12, 2023 2:59


    အမျိုးအစား(၂) သွေးချိုဆီးချို ကာကွယ်ရန် နည်းလမ်းများ  ၁။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း ၂။ ဆေးလိပ်ဖြတ်ခြင်း ၃။ အချိုနှင့် အသင့်စားအစားအစာများ လျှော့စားခြင်း ၄။ ကိုယ်အလေးချိန် ထိန်းခြင်း ၅။ အသင့်သောက်အချိုရည်များရှောင်ခြင်း ၆။ ရေလုံလောက်စွာသောက်ခြင်း ၇။ ဟင်းသီးဟင်းရွက် များများစားသုံးခြင်း

    ဗီတာမင် B1

    Play Episode Listen Later May 16, 2023 1:20


    ဗီတာမင် B1 သည်  ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်အမျိုးအစား ဖြစ်ပါတယ်။ ထို့ကြောင့် ချက်ပြုတ်ရာတွင် ရေနွေးထဲတွင် ပျော်ဝင်ပြီး ပါဝင်သွားပါတယ်။ B1 ကို ဆန်၊ ဂျုံ၊ ပဲ၊ ဟင်းသီးဟင်းရွက်များ နှင့် အသားများတွင် တွေ့ရတတ်ပါတယ်။ ပန်းဂေါ်ဖီ၊ ကညွတ်၊ ကိုက်လန်၊ အာလူး၊ ဥအမျိုးမျိုး၊ အမဲသား၊ ဝက်သား အစရှိသည်တို့တွင် ပါဝင်ပါတယ်။ B1 သည် ဂလူးကို့စ်လုပ်ဆောင်ခြေဖျက်မှုတွင် ပါဝင်ပြီး ခန္တာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ အာရုံကြော ကြွက်သားလုပ်ငန်း လုပ်ဆောင်ရာမှာလည်း B1 သည် အရေးကြီးပါတယ်။အကယ်၍ ဗီတာမင် B1 ဓာတ်လျော့နည်းပါက နှလုံးအားနည်းခြင်း သို့မဟုတ် အာရုံကြောလုပ်ငန်း ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အရက်ကို ကာလကြာရှည်စွာ သောက်သုံးနေသူများ၊ အချို မျိုးရိုးဗီဇယွင်းသော ရောဂါခံစားနေရသူများတွင် အများဆုံး ဗီတာမင်B1 မလုံလောက်ခြင်းကို တွေ့ရမှာ ဖြစ်ပါတယ်။

    သွေးချိုဆီးချိုနှင့် ကော်ဖီသောက်သုံးခြင်း(Ways to drink coffee for DM)

    Play Episode Listen Later May 12, 2023 1:57


    ဆီးချိုလည်း ရှိတယ်။ ကော်ဖီလည်း မပြတ်သေးဘူးဆိုရင် ၁.လျှော့သောက်ပါ။ပမာဏလည်း လျှော့သောက်ပါ။ ရက်လည်း လျှော့သောက်ပါ။တဖြည်းဖြည်းချင်း နည်းသွားအောင် ကြိုးစားပါ။ ၂.ရေတွေ အများကြီး မရောပါနဲ့။ အချိုပေါ့အောင်လို့ ရေတွေ အများကြီး မရောသင့်ပါဘူး။ ကော်ဖီတစ်ထုပ်ကို မက်ခွက်နဲ့ ဖျော်ဖျော်၊ ရေသန့်ဘူးနဲ့ပဲ ဖျော်ဖျော် အကုန်သောက်လိုက်တယ်ဆိုရင် ဒါကော်ဖီတစ်ထုပ်လုံးသောက်လိုက်တာနဲ့ တူတူပါပဲ။ သကြားပမာဏက တူတူပါပဲ။ ၃.ပြောင်းသောက်ပါ။လက်ရှိမှာ မဖြတ်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် ဖြတ်ကို မဖြတ်နိုင်တာ။ ဒါမသောက်ရလို့ မဖြစ်ပါဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တာကို ပြောင်းသောက်ပါ။ စျေးကွက်ထဲက ရောပြီးသား ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်တွေ ဆီးချိုလူနာနဲ့ လုံးဝမတည့်ပါ။ Diet ကော်ဖီဆိုတာလည်း ဆီးချိုသမားအတွက် ထုတ်ထားတာ မဟုတ်ပါ။ သောက်ချင်ရင် ကော်ဖီစေ့ကို ကြိတ်ထားတဲ့ ကော်ဖီမှုန့် အကြမ်းကို ဝယ်ပါ။ အဆီထုတ်နွားနို့ (မလိုင်ဖယ်ထားတဲ့ နွားနို့)၊ ဆီးချိုသကြားတို့နဲ့ သောက်ပါ။ ကိုယ့်ဆီးချိုနဲ့ ချင့်ချိန်ပြီး သောက်ပါ။ ဆီးချိုမထိန်းနိုင်တဲ့အချိန်ဆို ဒါတွေလည်း မသောက်ပါနဲ့။ နို့တွေ သကြားတွေက ဆီးချိုသမားအတွက် သီးသန့်လုပ်ထားတာပေမယ့် ကော်ဖီစေ့မှာပါတဲ့ ကဖင်းက ဆီးချိုထိန်းရခက်စေလို့ပါ။  

    ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(Benefits of physical activity)

    Play Episode Listen Later May 12, 2023 1:19


     ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရင် ရရှိမယ့် အကျိုးကျေးဇူးများ  ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းလာခြင်း ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း စိတ်ဖိစီးမှုလျော့နည်းစေခြင်း အရိုးနဲ့ ကြွက်သားများ သန်စွမ်းစေခြင်း အရိုးပွရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါများ ဖြစ်နိုင်ချကို လျှော့ချပေးခြင်း နှလုံးသွေးကြောရောဂါများဖြစ်နိုင်ချေ လျော့နည်းစေခြင်း သွေးတွင်းအဆီကျစေခြင်း အားအင်ပြည့်ဝနေစေခြင်း မိမိကိုယ်ကို ယုံကြည်ချက်တိုးစေခြင်း

    ဗီတာမင်စီ( Vitamin C)

    Play Episode Listen Later Apr 20, 2023 1:26


     Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်-စီ ဟာ လူ့ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမွန်စေခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း၊ မှတ်ဥာဏ်စွမ်းရည်ကောင်းမွန်စေခြင်း၊ အဆစ်အမြစ်နာကျင်ခြင်းများကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေခြင်း စတဲ့ ကောင်းကျိုးတွေများစွာရှိပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်နေ့တာမှာ ဗီတာမင်စီ ၆၅ မှ ၉၀ မီလီဂရမ်လိုအပ်ပါတယ်။ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်ထက်တောမကျော်သင့်ပါဘူး။ တန်ဆေးလွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ပမာဏများသွားရင် ရင်ပူခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဆိုးကျိုးတွေခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်တဲ့ အတွက် အစားအစာတွေမှတစ်ဆင့်သော်လည်းကောင်း၊ ဗီတာမင်စီ ဖြည့်စွက်ဆေးပြားများမှလည်းကောင်းသာ ဗီတာမင်စီကိုရရှိနိုင်ပါတယ်။ 

    ပူပြင်းလှတဲ့ နွေရာသီမှာ အဖြစ်များတဲ့ အပူဒဏ် (Heatstroke)

    Play Episode Listen Later Mar 21, 2023 1:54


     Heatstroke ဘာကြောင့်ဖြစ်တတ်သလဲ?ပူပြင်းလွန်းသော နေအပူအောက်တွင် အကြာကြီးနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာပြုလုပ်ခြင်းထူထဲလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းရေလုံလောက်စွာမသောက်ခြင်းအရက်သေစာသောက်ခြင်းအသက်အရွယ် ကြီးလွန်းခြင်း၊ ငယ်လွန်းခြင်း Heatstroke ရဲ့ လက္ခဏာများခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း (၄၀ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၄ဒီဂရီဖာရင်ဟိုက် ရှိခြင်း)ပျို့ခြင်း အန်ခြင်းအရေပြားနီမြန်းလာခြင်းအသက်ရှုမြန်၊ နှလုံးခုန်မြန်လာခြင်းတက်ခြင်း၊ ‌အာရုံဝေဝါးခြင်း၊ စကားပြော မူမမှန်တော့ခြင်းခေါင်းကိုက်ခြင်းမူးဝေခြင်း  ဘယ်လိုကာကွယ်ရမလဲ?ရေလုံလောက်စွာသောက်ပါလေဝင်လေထွက်ကောင်းပြီး ပွပွရွရွ အဝတ်အထည်များကိုဝတ်ဆင်ပါ။ အေးမြစေသော ပိတ်စ (ဥပမာ-ချည်သား) များကိုရွေးချယ်ဝတ်ဆင်ပါ။အလွန်ပူသော နေ့ရက်များတွင် ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်းမှ ရှောင်ကြဥ်ပါ။နေပူထဲထွက်လျှင် ဦးထုပ်၊ ထီး ဆောင်းပါ။ ဖြစ်နိုင်လျှင် နေရောင်ကာခရင်မ် လိမ်းပါ။ကားထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်လေးများကို အလုံပိတ်မထားခဲ့ပါနှင့်။

    သွေးတွင်းအချိုဓာတ် နည်းခြင်း(Hypoglycemia)

    Play Episode Listen Later Mar 10, 2023 1:48


    သွေးတွင်း အချိုဓာတ် ပုံမှန် ရအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အချိုဓာတ် ကို ပြန်လည် ရရှိနိုင်တဲ့ သကြားလုံး၊ အချိုရည်အစရှိတဲ့ အစားအစာများကို စားလို့ရပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ၁၅ ဂရမ် ပမာဏ‌လောက်သာ စားသင့်ပါတယ်။ (ဉပမာ -  သစ်သီးဖျော်ရည်  4oz သို့မဟုတ် နွားနို့ 8oz (ဖန်ခွက် တစ်ခွက်) ကို သောက်ပေးလို့ရပါတယ်။) ချောကလက်, မြေပဲ, cheese တို့ကို ‌စားခြင်းသည် အချိုဓာတ်ကို လျင်မြန်စွာ မရတဲ့အတွက် အကျိုးမရှိပါ။အစား မစားဘဲ လေ့ကျင့်ခန်း အပြင်းအထန် လုပ် ခြင်း၊ အင်ဆူလင်ထိုးနေသူများတွင် ဆေးထိုးသည့် ပမာဏ မမှန်ခြင်း၊  ဆေးကို အလွန်အကျွံ့  သောက်ခြင်း၊ အစားပုံ မှန် မစားခြင်း နှင့် အရက်သောက်သူများတွင် ဖြစ်တတ်ပါတယ်။သွေးချို ပမာဏကို အိမ်တွင် ပုံ မှန်စစ်ဆေးပါ၊ အစားကို ပုံမှန်စားပါ၊ ဆေးကိုလည်း အချိန်မှန်သောက်ပေးပါ။ အရက်ကို တတ်နိုင်သမျှ ‌ေရှာင်ပါ။   သွေးတွင်း အချိုဓာတ် ပမာဏ ကျဆင်းခြင်းဟာ အသက်အရွယ် ဆုံးပါးသည် အထိ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် မကြာခဏ သွေးအချိုဓာတ် ကျနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ဆီးချိုရောဂါနှင့်အစားအစာ (Diabetes and food)

    Play Episode Listen Later Mar 7, 2023 3:22


     ဆီးချို​ရောဂါသည် ​သွေးတွင်းအချိုဓါတ် လွန်ကဲခြင်း​​ကြောင့် ဖြစ်သည်။ ၎င်း​ရောဂါကို အစားအစာ၊ ကိုယ်လက်လှုပ်ရှား​လေ့ကျင့်ခြင်း၊ အချိုထိန်း​​သော ​ဆေးများ၊ အင်ဆူလင်ထိုး​ဆေး (insulin injections) များဖြင့် ကုသနိုင်သည်။(၁) လုံးဝ​ရှောင်ရမည့် အစားအစာတွေကတော့ သကြားနှင့် သကြားဓါတ်ပါဝင်​သော အစားအစာများအားလုံးကို လုံးဝ​​ရှောင်ရမည်။ဥပမာ - ဖရဲသီး၊ နာနတ်သီး၊ သရက်သီး၊ သကြား၊ နို့ဆီ၊ နို့မှုန့်၊ ​ကော်ဖီမစ်နှင့်​ဖျော်​သော ​ကော်ဖီ၊ လက်ဖက်ရည်( ၂) ကန့်သတ်ရန် မလို​​အပ်သော အစားအစာများကတော့  ဤအစားအ​သောက်များကို မိမိနှစ်သက်ပါက ဗိုက်ဝ​အောင် စား​သောက်နိုင်ပါသည်။ (က) စိမ်းစို​သော ဟင်းသီးဟင်းရွက်အမျိုးမျိုးဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဥ်​ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ မြင်းခွာရွက်၊ ​ဂေါ်ဖီထုပ်၊ ​ဂေါ်ဖီပွင့်၊ ပန်းမုံလာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။ (ခ) မချို​​သော အသီးအမြစ်များခရမ်းချဥ်သီး၊ သံပုရာသီး၊ ​ရှောက်သီး၊ ဇီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ ဘူးသီး၊ ​ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ ခဝဲသီး၊ ရုံးပတီသီး၊ ​​ဂွေးချိုသီး၊ သလဲသီး။(ဂ) သား/ငါးများကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။(ဃ) ​ကော်ဖီ/လက်ဖက်ရည် နွားနို့အစစ်နှင့်​ဖျော်၍ အချိုတုများနှင့် ​ဖျော်​သော​ကော်ဖီ၊ လက်ဖက်ရည်တို့ကို ​သောက်သုံးနိုင်ပါသည်။သကြား၊ နို့ဆီ၊ နို့မှုန့် လုံးဝမရပါ။ ***(၃) သင့်တင့်​သော အတိုင်းအတာထိသာ စားသင့်​သောအစားအစာများဤအစားအစာများသည် ကစီဓါတ် (Starch) ​ခေါ်  Carbohydrate အများဆုံးပါရှိသည့် မိမိနှင့် သင့်​တော်​သော တစ်​နေ့အတွက် ကစီဓါတ်ယူနစ် ပမာဏကို ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်ပါသည်။ (က) ဆန်နှင့်ပြုလုပ်​သော အစားအစာများထမင်း၊ ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ဆန်​ခေါက်ဆွဲ၊ ​ကောက်ညှင်း။ (ခ) ဂျုံနှင့်ပြု​လုပ်​သော အစားအစာများမချို​သော ​ပေါင်မုန့်နှင့် ဘီစကစ်၊ ​ခေါက်ဆွဲ၊ နံပြား၊ ဂျပါတီ၊ ပူရီ၊ အီကြာ​ကွေး၊ ထပ်တရာ၊ ပလာတာ။(ဂ) ကစီဓါတ်များ​သော အသီးနှင့်ဥများအာလူး၊ ​ရွှေဖရုံသီး၊ ပိန်းဥ၊ ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ မာလကာသီး၊ စိမ်းစားဥတို့ဘဲဖြစ်ပါတယ်ရှင်။မိမိပြနေကြဆရာဝန်နဲ့လဲတိုင်ပင်ပြီးစားသောက်နိုင်ပါတယ်ရှင်။ 

    Diabetes (Myth or Fact)

    Play Episode Listen Later Mar 6, 2023 2:44


    ၁. သွေးချိုဆီးချိုဟာ ကူးစက်တတ်တဲ့ရောဂါလား?     သွေးချိုဆီးချိုကို ကူးစက်တတ်တယ်လို့ ထင်ရင်တော့ ဒီအယူအဆဟာ လွဲမှားနေပါတယ်။ သွေးချိုဆီးချိုဟာ ကူးစက်ရောဂါ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ ၂. သွေးချိုဆီးချိုရောဂါဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုမဟုတ်ပါ    ဒီအယူအဆဟာ လွဲမှားကြောင်း England မှ ဆီးချိုအဖွဲ့အစည်းက ဆိုပါတယ်။ သွေးချိုဆီးချိုရှိလျက်နှင့် ပေါ့ပေါ့ ဆဆနေလျှင် နောက်ဆက်တွဲဖြစ်ပွားနိုင်သော သွေးချိုနှီးနွယ် ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အာရုံကြောရောဂါ၊ ခြေထောက်ပျက်စီးခြင်း စသည့် ရောဂါများသည် ရေရှည်တွင် လူနာ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သောကြောင့် သွေးချိုဆီးချိုရောဂါကို မပြင်းထန်ဘူးဟု မမှတ်ယူသင့်ပါ။ ၃. သွေးချိုဆီးချိုရှိသူ သကြားစားလို့မရပါ      မမှန်ပါ။ သွေးချိုဆီးချိုဖြစ်တာနဲ့ သကြားလုံးဝဖြတ်တောက်လိုက်ရန်မလိုပါ။ သကြားသင့်တင့်စွာ ချင့်ချိန်စားလို့ရပြီး အချိုဓာတ်လွန်ကဲလွန်းသော အစားအစာများကိုသာရှောင်ရှားသင့်ပါသည်။ ၄.သွေးချိုဆီးချိုရှိသူများသည် သာမာန်လူများထက် ဖျားနာလွယ်သည်။ ရာသီတုတ်ကွေးဖြစ်       လွယ်သည် ဒီအချက်သည် မမှန်ပါ။ သွေးချိုဆီးချိုသမားများ ဖျားနာလျှင် သွေးတွင်းသကြားဓာတ်ထိန်းရန်ခက်ခဲကာ အခြေအနေပိုမိုဆိုးရွားလာတတ်သောကြောင့် ဆရာဝန်များက မဖျားနိုင်အောင်နေထိုင်စေလိုခြင်းပဲဖြစ်ပါတယ်။ ၅.သွေးချိုဆီးချိုရောဂါသည် ကာကွယ်၍ရသည်     အမျိုးအစား (၁)သွေးချိုဆီးချိုအတွက် မှားသည်။ အမျိုးအစား (၂)သွေးချိုဆီးချို အတွက်မှန်သည်။၆.သွေးချိုဆီးချိုရောဂါ ကာကွယ်ဆေးရှိပါသလား?      ယနေ့တိုင် သွေးချိုဆီးချိုကာကွယ်ဆေးဟူ၍ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ အထက်ကပြောခဲ့သလို အမျိုးအစား(၂)သွေးချိုဆီးချိုကိုတော့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    သွေးချိုဆီးချိုရှိသူများဖျားနာရင်လုပ်ဆောင်ရန်အချက်များ

    Play Episode Listen Later Feb 27, 2023 1:37


    ဆီးချိုရှိတဲ့လူတစ်ယောက်ဖျားနာရင်လုပ်ဆောင်ရန်တွေကတော့(၁)ဆီးချိုဆေးတွေဆက်သောက်ရမယ်ဖျားနာချိန်မှာသွေးချိုကပုံမှန်ထက်မြင့်တက်နိုင်သောကြောင့်နေ့စဥ်သောက်သုံးနေရတဲ့ဆီးချိုဆေးတွေကိုဆက်လက်သောက်သုံးပေးရပါမယ်။(၂)သွေးတွင်းသကြားဓာတ်ကိုမကြာမကြာစစ်ဆေးပေးပါဖျားနေချိန်မှာသွေးတွင်းသကြားဓာတ်ကို၃နာရီခြားတစ်ခါ(သို့)၄နာရီခြားတစ်ခါသွေးချိုတိုင်းပေးပါ။(၃)ကိုယ်အလေးချိန် ချိန်ပေးပါ။အလေးချိန်ကျသွားမယ်ဆိုရင်ဒါကသွေးတွင်းသကြားဓာတ်မြင့်တက်နေတယ်ဆိုတဲ့လက္ခဏာပါ။(၄)အဖျားတိုင်းပါ။ကိုယ်တွင်းမှာအဖျားရှိနေတာကရောဂါတစ်ခုခုခံစားရတော့ မယ်ဆိုတာပြသနေတာဘဲဖြစ်ပါတယ်။(၅)ပြည့်ပြည့်ဝဝအနားယူရပါမယ်။(၆)အဖျားမဖြစ်အောင်ကာကွယ်ရပါမယ်။ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့    လက်ကိုသန့်စင်စွာဆေးကြောပါ။  အာဟာရပြည့်ဝအောင်စားသုံးပါ။  အိပ်ရေးဝဝအိပ်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။ ကာကွယ်ဆးထိုးပေးရပါမယ်ရှင်။

    HbA1c(၃လပျမ်းမျှဆီးချို)

    Play Episode Listen Later Feb 20, 2023 1:33


    HbA1c ကို glycated haemoglobin A1c လို့လည်းခေါ်ပါတယ်။ သွေးနီဥထဲရှိ အောက်စီဂျင်သယ်ဆောင်တဲ့ ဟေမိုဂလိုဘင် လေးတွေမှာ ‌glucose လို့ခေါ်တဲ့ သကြားဓာတ် ကပ်ညှိတာကို HbA1c လို့ခေါ်ပါတယ်။ သွေးချိုဆီးချိုရှိသူများအနေနဲ့ မိမိရဲ့ သွေးတွင်းသကြားဓာတ်ကို ဘယါလောက်ထိန်းညှိနိုင်လဲ သိဖို့ HbA1c ကို စစ်ဆေးပေးဖို့လိုပါတယ်။ HbA1c  နေ့စဥ်လက်ထိပ်ဖောက်စစ်တဲ့ သွေးတွင်းသကြားဓာတ်ပမာနဲ့ မတူပါဘူး။ လက်မောင်းကနေ သွေးနမူနာယူရလေ့ရှိပြီး ပြီးခဲ့တဲ့ ၂လ သို့မဟုတ် ၃လအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓာတ်ကို ဖော်ပြပေးတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အရ ၄၂ mmol/mol (၆%) အောက်ကို ပုံမှန်လို့သတ်မှတ်ပါတယ်။ ၄၂-၄၇ mmol/mol (၆%-၆.၄%) ကိုတော့ ကနဦးဆီးချိုလို့သတ်မှတ်ပါတယ်။ ၄၈ mmol/mol (၆.၅ %)နှင့် အထက်ကိုတော့ ‌သွေးချိုဆီးချိုလို့သတ်မှတ်ပါတယ်။

    ကနဦးဆီးချို (Prediabetes)

    Play Episode Listen Later Feb 14, 2023 2:09


     ဆီးချိုအကြိုရှိနေသူများ ခံစားရလေ့ရှိတဲ့ လက္ခဏာများကတော့ ရေမကြာခဏဆာခြင်း ဆီးမကြာခဏသွားခြင်း မောပန်းနွမ်းနယ်ခြင်း အမြင်အာရုံဝေဝါးခြင်း ဗိုက်မကြာခဏာဆာခြင်း တို့ပဲဖြစ်ပါတယ်။  ဆီးချိုအကြိုခံစားရနိုင်ချေရှိတဲ့လူအုပ်စုကတော့  အသက် ၄၅ နှစ်အထက်ရှိသူများ အထိုင်များသူများ ကိုယ်လက်လှုပ်ရှားမှုမရှိသူများ သ္ဂေးချိုဆီးချိုမျိုးရိုး ရှိသူများ အဝလွန်သူများနှင့် ခါးလုံးပတ်အရွယ်အစားများသူများ (အမျိုးသမီးများ ၃၅လက်မနှင့်အထက်၊ အမျိုးသားများ ၄၀လက်မနှင့်အထက်) အသင့်စားအစားအစာများနှင့် အချိုရည် သောက်သုံးမှုများသူများပဲဖြစ်ပါတယ်။

    အမျိုးအစား (၂) သွေးချိုဆီးချိုရှိသူများ သွေးချိုထိန်းရာတွင် ညီတူမျှတူအရေးပါတဲ့ အရာများ(The 4 pill

    Play Episode Listen Later Feb 6, 2023 1:47


    ၁။ စားသောက်မှုပုံစံ အမျိုးအစား (၂) သွေးချိုဆီးချိုရှိသူများအတွက် သွေးတွင်းသကြားဓာတ်ထိန်းရာတွင် စားသောက်မှုပုံစံက ၂၅% အရေးပါပါတယ်။  ၂။ ကိုယ်လက်လှုပ်ရှားမှု  အမျိုးအစား(၂) သွေးချိုဆီးချို ဖြစ်ပွားရခြင်းရဲ့ အကြောင်းတွေထဲမှာ အထိုင်များခြင်း၊ အဝလွန်ခြင်း စတဲ့ အချက်တွေလည်းပါဝင်ပါတယ်။၃။ ‌ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သွေးချိုဆီးချိုရှိသူများဟာ အချိန်နှင့်တစ်ပြေးညီ သောက်သုံးနေရသော ဆေးဝါးများကို ဆရာဝန်နှင့် တိုင်ပင်ကာ ထိန်းညှိရန်လိုအပ်သလိုဆီးချိုနှီးနွယ် နောက်ဆက်တွဲများကို အချိန်မှီသိရှိရန် ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်ရန်လိုပါတယ်။ ၄။ စိတ်ကျန်းမာရေး  သွေးချိုဆီးချိုဟာ တစ်ခဏအတွင်းကုသပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်ပဲ ရေရှည် ယှဥ်တွဲနေထိုင်ရမှာဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ခွန်အားများကလည်း တော်တော်လိုအပ်ပါတယ်။ 

    ဆီးချိုသွေးချိုရှိသူတွေနှင့် မူးဝေတတ်ခြင်း

    Play Episode Listen Later Jan 30, 2023 1:37


    ဆီးချိုရောဂါသည်တွေဘာလို့ မူးဝေတတ်ကြသလဲကြည့်ရမယ်ဆိုရင် ...( ၁)သွေးပေါင်ကျလို့ပါ။ရုတ်တရက်အထိုင်အထတွေမှာသွေးပေါင် မငြိမ်မသက်ဖြစ်သွားတဲ့အတွက်မူးဝေတာ ဖြစ်ပါတယ်။ (၂)ရေဓာတ်ချို့တဲ့လို့ပါ။ဆီးချိုသမားတွေမှာသွေးတွင်းအချိုဓာတ်များတဲ့အတွက်အလိုလိုနေရင်း ရေဓာတ် ခမ်းခြောက်တတ်ပါတယ်။ရေဓာတ်ခမ်းခြောက်တာကိုဦး နှောက်က ပြုပြင်ဖို့ကြိုးစားရင်းနဲ့မူးဝေလာတာ ဖြစ်ပါတယ်။ဆီးချို ထိုးကျတဲ့အခါလည်းမူးတတ်ပါတယ်။သွေးပေါင်ကျတာနဲ့ ဆီးချိုအတက်အကျဟာမူးဝေခြင်းဖြစ်စေနိုင်တဲ့အဓိက အကြောင်းအရင်းတွေဖြစ်တယ်လို့ အမေရိကန် ဆီးချိုသွေးချို သုတေသီတွေကထောက်ပြခဲ့ပါတယ်။ သင့်တော်လျောက်ပတ်စွာစားသောက်ခြင်းကျန်းမာရေးညီညွတ်စွာရွေးချယ်၍စားသောက်ခြင်းဟာလည်းအရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။သွေးပေါင်ပုံမှန်ချိန်ခြင်းဖြင့်သွေးပေါင်အတက်အကျကိုအစဉ်သတိထားရပါမယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ သွေးချိုဆီးချို(Diabetes and Urinary Tract Infection)

    Play Episode Listen Later Jan 23, 2023 1:12


    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာများကိုယ်အပူချိန်မြင့်တက်ခြင်း ဆီးမကြာခဏသွားခြင်း ဆီးသွားစဥ်ဗိုက်အောင့်ခြင်း ဆီးသွားစဥ်နာကျင်ခြင်း ဆီးပူခြင်း ဆီးအနံ့မကောင်းခြင်း   ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေလျော့နည်းအောင် ဘယ်လိုနေထိုင်မလဲ?သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏအတွင်းရှိအောင် ထိန်းသိမ်းနေထိုင်ပါ။  ရေဓာတ်ပြည့်ဝနေပါစေ။  ဆီးသွားချင်စိတ်ဖြစ်လာတဲ့အခါ မအောင့်ထားပါနဲ့။  လက်ကိုသေချာစွာ ဆေးပါ။  ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။ 

    သွေးချိုဆီးချိုရှိသူများ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း(Exercise with diabetes

    Play Episode Listen Later Jan 2, 2023 1:42


    ကိုယ်ဝန်ဆောင်များအတွက် အသင့်တော်ဆုံး ကိုယ်လက်လေ့ကျင့်ခန်း‌ကတော့ အေရိုးဗစ်အားကစားပါ။  လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ မပြင်းထန်တဲ့ အေရိုးဗစ်လှုပ်ရှားမှုလေးတွေပြုလုပ်ပေးပါ။  တစ်နေ့ကို ၁၅မိနစ်မှ မိနစ်၃၀၊ ၄၅ မိနစ်ထိ လုပ်နိုင်ပါတယ်။  တစ်ပတ်ကို ၃ရက်မှ၅ရက် ပြုလုပ်ပေးသင့်ပါတယ်။ သတိပြုသင့်သည်များမှာ... ကြွက်တက်ခြင်း၊ အ‌ကြောတင်းခြင်းများမှ ရှောင်ကြဥ်နိုင်ရန် အားကစားမပြုလုပ်မီ ၅မိနစ်ခန့် အကြော‌လျှော့ခြင်း နှင့် သွေးပူလေ့ကျင့်ခန်းပြုလုပ်ပေးပါ။  ပေါ့ပါးလွတ်လပ်၍ လေဝင်လေထွက်လေဝင်လေထွက်ကောင်းသော အဝတ်အစားများဝတ်ဆင်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဂလူးကိုစ့် ပမာဏတိုင်းရန်နှင့် အဆာပြေစာစားထားပါ။ အလေးမ အားကစားမျိုး  ရှောင်ပါ။  ချွေးထွက်လွန်စေသာ နေပူပူထဲတွင် လှုပ်ရှားခြင်းရှောင်ပါ။  မူးဝေခြင်း၊ ရင်တုန်ခြင်းများခံစားရပါက လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပါ။   ရေလုံလောက်စွာသောက်ပါ။ (ကော်ဖီ၊ လက်ဘက်ရည်များမပါဝင်ပါ) 

    သတ်သတ်လွတ်စားခြင်းနဲ့ သွေးချိုဆီးချိုအကြောင်း(Veganism and Diabetes)

    Play Episode Listen Later Nov 25, 2022 2:10


     သဘာဝကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံများကို အဓိကထား စားသုံးခြင်းဟာ နာတာရှည်ရောဂါများထဲက တစ်ခုဖြစ်တဲ့ သွေးချိုဆီးချို ထိန်းညှိရာမှာလည်း များစွာအထောက်အကူပြုပါတယ်။ အပင်ကရတဲ့ အစားအစာတွေဟာ ပြည့်ဝဆီနည်းခြင်း၊ အမျှင်ဓာတ်များခြင်း၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝခြင်းတို့ကြောင့် သွေးချိုဆီးချိုရှိသူများနဲ့ သင့်တော်ပါတယ်။ သို့သော်လည်း ချက်ပြုတ်စားသောက်ရာမှာ ဆား၊ သကြား၊ အဆီ စတာတွေ လွန်ကဲစွာထည့်မိရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးသာပိုများစေမှာပါ။ ဒီ့အပြင် သွေးချိုဆီးချိုရှိသူများဟာ မျှတတဲ့ စားသောက်မှုပုံစံ စားသောက်ဖို့ လိုအပ်တာကြောင့် သတ်သတ်လွတ်စားပေမယ့် အာဟာရစုံအောင် ရွေးချယ်စားပေးဖို့ အရေးကြီးပါတယ်။ အသားဓာတ်ရဖို့ ပဲအမျိုးမျိုး၊ ပဲနို့၊ အစေ့အဆံများ၊ ဗီတာမင်များပါဝင်သော ဟင်းသီးဟင်းရွက်များ၊ သံဓာတ်ပါဝင်သော အသီး‌ခြောက်၊ အစေ့အဆံ၊ ပေါင်မုန့်များ၊ ကယ်လ်ဆီယမ် ပါဝင်သော လိမ္မော်သီး၊ ကိုက်လံ၊ အယ်လ်မွန်စေ့များ စသည်ဖြင့် မျိုးစုံပါဝင်အောင် စားပေးရမှာပါ။ ဒါပေမယ့် သွေးချိုဆီးချိုရှိသူများအနေနဲ့ သတ်သတ်လွတ်စားသောက်မှုပုံစံမစားခင်မှာ ပြသနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ခွင့်ပြုမှသာ ‌စားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်မိခင်များ၏ မွေးကင်းစကလေးငယ်များတွင် တွေ့ရနိုင်သော ဆိုးကျိုးများ(Problems of infants born by diab

    Play Episode Listen Later Nov 25, 2022 1:12


                               ယခုအစီအစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားသော ကလေးငယ်များတွင် တွေ့ရနိုင်ချေရှိသော ပြဿနာများကို ပြောပြသွားမှာ ဖြစ်ပါတယ်။ထိုမွေးကင်းစကလေးငယ်များသည် အခြားပုံမှန်ကလေးငယ်များထက် ကိုယ်အလေးချိန် များပြီး ကြီးမာနေတတ်ပါတယ်။ အထူးသဖြင့် မေမေများ ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာ သွေးသကြားဓာတ်ပမာဏ မထိန်းနိုင်သောအခါမှာ ပိုတွေ့ရတတ်ပါတယ်။ ထိုအခါ မွေးလမ်းကြောင်း ခက်ခဲပြီး ခွဲ၍မွေးရနိုင်ချေရာခိုင်နှုန်းမြင့်တက်နိုင်ပါတယ်။ မွေးကင်းစကလေးငယ်များသည် မိခင်၏ ဗိုက်ထဲတွင် သွေးသကြားဓာတ်များ မိခင်ထံမှ လိုအပ်သည်ထက် ရသောကြောင့် အင်ဆူလင်ထုတ်လွှတ်မှု များပြားတတ်သောကြောင့် မွေးပြီးရက်အနည်းငယ်အတွင်း သွေးချိုပမာဏ ကျခြင်းကြုံတွေ့ရတတ်ပါတယ်။ ထို့ပြင် မွေးကင်းစအချိန်တွင် အသားဝါခြင်း၊ သွေးနီဥ များခြင်း၊ အဆုတ်အားနည်းခြင်း နှင့် နှလုံးနံရံထူခြင်းများလည်း ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များ သွေးချိုဆီးချို ထိန်းသိမ်းမှု မကောင်းမွန်ပါက ကလေးအသေမွေးခြင်း နှင့် ကိုယ်ဝန်ပျက်ကျခြင်းအထိပါ ဖြစ်ပွားနိုင်ပါတယ်။ 

    ကျန်းမာအောင် ဘယ်လို အလေ့အထဖြစ်အောင် ပြုလုပ်သင့်သလဲ?(How to make habits to keep fit)

    Play Episode Listen Later Nov 25, 2022 1:09


                                        လူတယောက်အတွက် ကျန်းမာရေးသည် အလွန်အရေးကြီးလှပါတယ်။ ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။  ခုအစီအစဉ်မှာ အလေ့အကျင့်ကောင်းများ မည်သို့ ဖန်တီးပြုမူသင့်လဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်းအချိန်ကို တသတ်မတ်တည်း ထားပါ။တစ်နေ့တာလုံး လေ့ကျင့်ခန်း ပြုလုပ်ချိန်အတွက် အနည်းဆုံး ၁၀ မိနစ်ကို သပ်သပ်ဖယ်ထား  ပေးပါ။စိတ်သက်တောင့်သက်သာရှိသော နေရာ ဖန်တီးပါ။မိမိနှင့် သက်တောင့်သက်သာရှိသော စိတ်ပျော်ရွှင်မှုရှိသော နေရာတွင် လေ့ကျင့်ခန်း လုပ်ပေးပါ။ ထိုမှသာ ကိုယ်ခန္တာ ကျန်းမာရုံသာမက စိတ်ဖိစီးမှု လျော့ကျမှာ ဖြစ်ပါတယ်။ မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ။မိမိ၏ ကိုယ်ခံအားနှင့် ကိုက်ညီသော အားကစားကိုသာ ပြုလုပ်သင့်ပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများသည် ကျန်းမာရေးကို ထိခိုက်နိုင်တတ်ပါတယ်။

    ကျန်းမာသော စားသောက်မှုပုံစံခွက်(Suggestions to prepare healthy meal plate)

    Play Episode Listen Later Nov 25, 2022 1:20


                                                 ကျန်းမာတဲ့ အစားအသောက် ပုံစံဖြစ်အောင် အစားအုပ်စု ၃ခုလုံး ညီညွတ်မျှတအောင် စားသုံးပေးရပါမယ်။ လူကြီးမင်းတို့ တနပ်စာ စားသောက်မှုပုံစံတွင် အရည်သောက် ဟင်းချိုတစ်ခွက်၊ အသားဟင်းတစ်ခွက် နှင့် အရွက်ကြော် သို့မဟုတ် အသုတ်တစ်ပွဲ ပါဝင်အောင် ပြင်ဆင်စားသုံးခြင်းသည် အာဟာရပြည့်ဝသော စားသောက်မှုပုံစံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အစားအစာ ပြင်ဆင်ချက်ပြုတ်ရာတွင်လည်း အငန်ဓာတ်များခြင်း၊ အရသာမှုန့်များခြင်းနှင့် အဆီများလွန်းခြင်းတို့ကို ရှောက်ကြဉ်ရပါမယ်။

    ဆီးချိုသမားများအသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ လုပ်သင့်တဲ့အဓိက အချက် (၉)ချက်(9 Lifestyle Changes to Cont

    Play Episode Listen Later Nov 25, 2022 2:14


    ဆီးချိုသမားများအသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ လုပ်သင့်တဲ့အဓိက အချက် (၉)ချက်(၁) ၀ိတ်လျှော့ပါ။(၂) သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။(၃) HbA1C ကိုစစ်ဆေးပါ။(၄) ထိန်းထိန်းသိမ်းသိမ်းစားသောက်ပါ။(၅) သွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓာတ်ကို ထိန်းသိမ်းပါ။(၆) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။(၇) အိပ်ရေးဝအောင် အိပ်စက်ပါ။(၈) စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ပါ။(၉) ဆရာဝန်နှင့်ပုံမှန်ပြသစစ်ဆေးပါ။

    အခွံမာသီးအမျိုးမျိုးမှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ(Health Benefits of Eating Different Nuts)

    Play Episode Listen Later Nov 25, 2022 1:43


    အခွံမာသီးအမျိုးမျိုးမှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူး၁။ ဗာဒံသီး– အဆာခံစေသည်။– ကိုယ်အလေးချိန်မတက်အောင် ထိန်းပေးသည်။၂။ သစ်ကြားသီး– အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်သည်။– နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်။၃။ သီဟိုဠ်စေ့– အစာချေဖျက်ရာတွင် ကူညီပေးသည်။– သည်းခြေအိတ်ကျောက်တည်ခြင်းကို လျော့ပါးစေသည်။၄။ အုန်းသီး– ကိုယ်အလေးချိန်ကို ကျစေသည်။– ဝက်ခြံနှင့်နှင်းခူများကို ကုသပေးသည်။– မှတ်ဉာဏ်လျော့ပါးမှုဖြစ်စဉ်ကို တားဆီးပေးသည်။၅။ သစ်ချသီး– သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။– အူလမ်းကြောင်းကို အထောက်အကူပြုသည်။– သွေးအားနည်းခြင်းကို ကုသပေးသည်။ 

    အာရုံကြောစနစ်အတွက် အထောက်အကူပြုတဲ့ အစားအစာ(Super foods for a healthy nervous system)

    Play Episode Listen Later Nov 25, 2022 1:54


     အာရုံကြောစနစ်အတွက် အထောက်အကူပြုသော အစားအစာများ ငါး Dark Chocolate ထောပတ်သီး သလဲသီး သံလွင်ဆီ၊ အုန်းဆီ ဟင်းနုနယ်၊ မုန်ညှင်း၊ ကန်စွန်း၊ ကိုက်လံ၊ ပန်းစိမ်းကဲ့သို့ အစိမ်းရောင်ရှိသောအရွက်များ

    ခေါင်းကိုက်ခြင်းဝေဒနာကို အလွယ်တကူ ကုသနိုင် သောနည်းလမ်းများ(Tips to cure headache)

    Play Episode Listen Later Nov 25, 2022 2:16


    ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားနေရပါက အောက်ပါနည်းလမ်းများ၊ ပစ္စည်းများကို အသုံးပြုပြီး အလွယ်တကူ ကုသနိုင်ပါသည်။၁။ ချင်း (ဂျင်း)ဂျင်းသည် သွေးကြောအတွင်း ရောင်ရမ်းစေသည့် ဓာတ်ပစ္စည်းများကို လျော့နည်းစေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်၂။ ရေခဲရေခဲသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သော ရောင်ရမ်းခြင်းကို နည်းပါးစေရန်ကူညီပေးပါသည်။ ထို့ပြင် နာကျင်မှုကို သက်သာစေနိုင်ပါသည်။ ၃။ အနှိပ်ကုထုံးလက်မနှင့် လက်ညှိုး ကြားရှိနေရာကို ဖြည်းညင်းစွာ နှိပ်ပေးခြင်းအားဖြင့် ခေါင်းကိုက်ဝေဒနာ သက်သာအောင် ပြုလုပ်၍ရပါသည်။ လက်တစ်ဖက်ချင်းစီကို တစ်မိနစ် နှစ်မိနစ်ခန့် နှိပ်နယ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ သို့သော် ကိုယ်ဝန်ရှိသော မိခင်များတွင် ဤနည်းစနစ်ကို မပြုလုပ်သင့်ပါ။ ၄။ သံပရာသီးသံပရာသီးတွင် လန်းဆန်းစေသော ဂုဏ်သတ္တိနှင့် တင်းအားများပြေလျော့စေသော ဂုဏ်သတ္တိများ ပါဝင်သဖြင့် ခေါင်းကိုက်ခြင်းကို ကုသရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြင့် အသုံးပြုကြပါသည်။ ၅။ ကွမ်းရွက်ကွမ်းရွက်တွင် နာကျင်မှုကို သက်သာစေသည့်ဂုဏ်သတ္တိအပြင် အေးမြစေသည့် ဂုဏ်သတ္တိနှင့် အကိုက်အခဲကို သက်သာစေသည့် ဂုဏ်သတ္တိများရှိခြင်းကြောင့် ကွမ်းရွက်ကို ခေါင်းကိုက်ပျောက်စေရန် မိရိုးဖလာသုံးစွဲခဲ့ကြပါသည်။   

    အသင့်ပြုလုပ်ထားသော အစားအစာများရဲ့ ဆိုးကျိုး( side effects of junk foods)

    Play Episode Listen Later Nov 25, 2022 1:45


    အသင့်စားအစားအစာများရဲ့ ကျန်းမာရေးဆိုးကျိုးများ ၁။ ကယ်လိုရီနှင့် အဆီပါဝင်မှုများ၍ အဝလွန်ခြင်းကို အားပေးခြင်း ၂။ သွေးတွင်းသကြားပမာဏ (blood glucose) ကို လျင်မြန်စွာတက်စေခြင်း ၃။ သွေးတိုးရောဂါ၊ အရိုးပွရောဂါများဖြစ်နိုင်ချေ မြင့်မားခြင်း ၄။ သွေးတွင်းမကောင်းတဲ့အဆီဓာတ်များတက်စေခြင်းသွေးချိုဆီးချိုရှိသူများအဖို့ အသင့်ပြုလုပ်ထားသော အစားအစာမှန်သမျှကို ရှောင်နိုင်လေကောင်းလေပါပဲ။ ဒီလိုအစာတွေ အစားများခြင်းဟာ အဝလွန်ခြင်းကိုလည်း အားပေးပါတယ်။ အဝလွန်ခြင်းဟာ အမျိုးအစား၂ သွေးချိုဆီးချိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ရပ်အဖြစ်ပါဝင်နေပါတယ်။ junk food တွေမှာ အငံဓာတ် (ဆိုဒီယမ်) တွေလည်းအများကြီးပါဝင်တာကြောင့် သွေးတိုးရောဂါများလည်းဖြစ်နိုင်ပါတယ်။ မိုနိုဆိုဒီယမ်ဂလူးတမိတ်လို့ခေါ်တဲ့ အချိုမှုန့်တွေလည်းလွန်ကဲတတ်တာကြောင့် အရိုးပွခြင်းများ ဖြစ်နိုင်ပါတယ်။ junk food တွေကိုပြုလုပ်ရာမှာ ပြည့်ဝဆီနဲ့ ပြန်ကြော်ဆီတွေကို အသုံးများတာကြောင့် သွေးတွင်း မကောင်းတဲ့ အဆီဓာတ်တွေလည်း တက်စေပါတယ်။ ခြုံပြောရရင် ‌လူတိုင်း ခုလို အသင့်ပြုလုပ်ထားသော အစားအစာများကို ရှောင်နိုင်သမျှရှောင်ကြဥ်သင့်ပါတယ်။ သွေးချိုဆီးချို သမားများကတော့ အထူးရှောင်ရှားသင့်ပါတယ်။

    ညဘက်အိပ်မပျော်ခြင်းကို ကျော်လွှားနိုင်မဲ့သဘာဝနည်းလမ်းများ( natural ways to beat insomina)

    Play Episode Listen Later Nov 25, 2022 1:19


     ညဘက်အိပ်မပျော်ခြင်းကို ကျော်လွှားနိုင်စေရန် အကြံပြုချက်များ  ၁။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။  ၂။ အစာစားပြီးပြီးချင်း မအိပ်ပါနဲ့။  ၃။ စိတ်ဖိစီးမှုကင်းဝေးအောင် ကြိုးစားနေထိုင်ပါ။  ၄။ ညဘက် အရက်၊ ဘီယာ၊ ကော်ဖီများ မသောက်သုံးပါနှင့်။  ၅။ နေ့ခင်းဘက်တစ်ရေးတစ်မော အိပ်ရာတွင် အကြာကြီးမအိပ်ပါနှင့်။  ၆။ အိပ်ယာထဲတွင် ဖုန်းအကြာကြီးသုံးခြင်းကိုရှောင်ကြဥ်ပါ။  ၇။ သာယာငြိမ့်ညောင်းသော ဂီတသံလေးများကိုနားထောင်ပါ။  ၈။ နွားနို့ပူပူလေးတစ်ခွက်သောက်သုံးပါ။  ၉။ အိပ်ယာထချိန်၊ အိပ်ယာဝင်ချိန်များကို တစ်သမတ်တည်း သတ်မှတ်ထားပေးပါ။  ၁၀။ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တွင် မီးရောင်မှိန်မှိန်များနဲ့ သို့မဟုတ် မီးပိတ်ပြီး အိပ်စက်ကြည့်ပါ။ 

    natural ways insomina
    အမျိုးသမီးတွေအတွက်အရေးပါတဲ့ ဗီတာမင် D(Vitamin D)

    Play Episode Listen Later Oct 4, 2022 2:30


    အမျိုးသမီးတို့အတွက် ဗီတာမင် D ကဒီလိုအထောက်အကူပြုပေးပါတယ်သန္ဓေအောင်နိုင်စွမ်းတိုးစေတယ်ရင်သားကင်ဆာ ကာကွယ်ပေးတယ်အရိုးတွေသန်မာစေနိုင်တယ်           ခန္ဓါကိုယ်မှာ ဗီတာမင် Dပြည့်ဝမှ အရိုးနဲ့သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင် အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်ပါမယ်။

    ဆားရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ(Salt And Health)

    Play Episode Listen Later Oct 4, 2022 1:08


     ဆားရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ သွေးပေါင်ကျဆင်းခြင်း (hypotension) ကိုကာကွယ်ပေးခြင်း ခန္ဓာကိုယ်အတွက်လိုအပ်သော ရေနဲ့ဓာတ်ဆားများကိုထိန်းညှိပေးခြင်း သိုင်းရွိုက်အကျိတ် လုပ်ငန်းဆောင်တာများကို အထောက်အကူပြုခြင်း အာရုံကြောစနစ်ကို ကျန်းမာစေခြင်း ကောင်းမွန်စွာအိပ်ပျော်စေခြင်း မှတ်ချက်။ သွေးချိုဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ စတာတွေရှိတဲ့သူဆိုရင် စားသုံးတဲ့ပမာဏကို ပုံမှန်လူထက်လျှော့စားသင့်ပါတယ်။ 

    ဗီတာမင်အေ (Vitamin A)

    Play Episode Listen Later Oct 4, 2022 1:17


     ဗီတာမင်အေ ချို့တဲ့ခြင်းရဲ့ လက္ခဏာများညဘက်အမြင်အာရုံပျောက်ဆုံးခြင်း အရေပြားခြောက်သွေ့ခြင်း မျက်လုံးများခြောက်သွေ့ခြင်း အနာကျက်နှေးခြင်း မျိုးမအောင်ခြင်း ဝက်ခြံများထွက်ခြင်း ပိုးဝင်လွယ်ခြင်း  ဗီတာမင်အေ ကြွယ်ဝသော အစားအစာဥပမာများ ကိုက်လံ၊ ပန်းငရုပ်ပွ၊ ပန်းစိမ်း၊ ဟင်းနုနွယ်၊ တရုတ်ဆီးသီး၊ သရက်သီး၊ လိမ္မော်သီး၊ သဘောသီးမှည့်၊ ခရမ်းချဥ်သီး၊ ဆလတ်ရွက်၊ မုန်လာဥနီ၊ ကြက်ဥ၊ တရုတ်နံနံ၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ အမဲအသည်း

    ခရမ်းချဉ်သီးတွင်ပါဝင် သောအကျိူးပြုတဲ့ဓာတ်များ(The nutrients that can be obtained from tomatoes)

    Play Episode Listen Later Oct 4, 2022 2:35


                    မပြုပြင်ရသေးသော ခရမ်းချဉ်သီးတွင် ဗီတာမင်စီ ၂၃ မီလီဂရမ် ပါဝင်ပြီး လိုက်ကိုပင်းမှာ ၄၆၃၁ မိုက်ခရိုဂရမ် ပါဝင်လေသည်။ ချက်ပြီးသောခရမ်းချဉ်သီးတွင် လိုက်ကိုပင်း ၇၂၉၈ မိုက်ခရိုဂရမ် ပါဝင်သည်။ခရမ်းချဉ်သီးအစိမ်းကို နေ့စဉ်စားပေးခြင်းဖြင့် ဆီးချိုတက်ခြင်းကိုထိန်းပေးပြီး အနာကိုလည်းကျက်စေပါသည်။                  ဆီးချိုကြောင့် ရေငတ်ခြင်းကိုလည်း ခရမ်းချဉ်သီးမှည့်စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။မျက်စိအားနည်းသူ၊ ကွန်ပျူတာအသုံးများသူ၊ ဖုန်းကြောင့် အာရုံကြောအားနည်းသူများ ခရမ်းချဉ်သီးစားသုံးရန် အထူးသင့်လျော်ပေသည်။ခရမ်းချဉ်သီးတွင်ပါသော လိုက်ကိုပင်းက ပန်ကရိယကင်ဆာဖြစ်ရန် ကြီးမားသော အဟန့်အတားဖြစ်သည်။                 သွေးထဲတွင် လိုက်ကိုပင်းနည်းပါးခြင်းသည် ပန်ကရိယကင်ဆာဖြစ်စေရန် နိမိတ်ပြသလိုဖြစ်နိုင်သည်။ ကင်ဆာလူနာများ၏ ထင်ရှားသောပြသချက်မှာ သွေးထဲ၌ လိုင်ကိုပင်းနိမ့်ကျခြင်းဖြစ်သည်။ သွေးထဲ၌ လိုင်ကိုပင်းပမာဏ အနည်းဆုံးရှိသူများသည်  လိုက်ကိုပင်းအများဆုံးရှိသူတွေထက် ပန်ကရိယကင်ဆာဖြစ်ဖို့ အန္တရာယ်ငါးဆကျော်ရှိနေသည်။ ထို့ကြောင့် ၂၁ ရာစုမှာ လိုက်ကိုပင်းပါဝင်နှုန်းကောင်းသော ခရမ်းချဉ်သီးကို စားဖို့လိုအပ်ပေသည်။ 

    အုန်းစိမ်းရည်ကကျန်းမာရေးအတွက်အထောက်အကူပေးပုံ(Fresh coconut juice help your health

    Play Episode Listen Later Oct 4, 2022 1:49


    အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။အုန်းစိမ်းရည်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများl ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်းl သွေးတိုးကျစေခြင်းl နှလုံးကျန်းမာစေခြင်းl အရက်နာကျတာကို သက်သာစေခြင်းl ကိုယ်အလေးချိန်ကျစေနိုင်ခြင်းအုန်းစိမ်းရည်ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓါတ်တွေပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။ဆီးချိုသမားတွေသောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။

    အသည်းကျန်းမာရေးအတွက် ကောင်းတဲ့ အမူအကျင့်(Healthy Habits For Your Liver)

    Play Episode Listen Later Oct 4, 2022 1:22


     အသည်းကျန်းမာရေးအတွက် ကောင်းသော အမူအကျင့်များ   ညီညွှတ်မျှတသော စားသောက်မှုပုံစံစားခြင်း ကိုယ်လက်လှုပ်ရှားမှု နေ့စဥ်မှန်မှန်ပြုလုပ်ခြင်း အရက်ဘီယာသောက်သုံးမှု ရှောင်ကြဥ်ခြင်း ကျန်းမာ‌သော ကိုယ်အလေးချိန်ရှိခြင်း ရေလုံလောက်စွာသောက်ခြင်း ပြည့်ဝဆီနဲ့ ပြန်ကြော်ဆီများ လျှော့စားခြင်း  သဘာဝကရသော အစားအစာများများစားသုံးခြင်း ညစဥ် ၇နာရီ မှ ၈နာရီကြာအောင် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း စိတ်ဖိစီးမှု ကင်းဝေးအောင်နေထိုင်ခြင်း အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးထိုးခြင်း ပိုးသတ်ဆေး ပေါင်းသတ်ဆေးများတွင် ပါဝင်သော ဓာတု အဆိပ်များနှင့် မထိတွေ့အောင် နေထိုင်ခြင်း မိမိ၏ တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော ဘရိတ်ဓား၊ လက်သည်းညှပ်၊ သွားတိုက်တံ စသည့် အသုံးအဆောင်များကို တစ်ပါးသူနဲ့ မျှဝေမသုံးစွဲခြင်း အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်း မသန့်စင်သော သုံးပြီးသား အပ်များကို မထိတွေ့ခြင်း

    ဆီးချိုသွေးချိုရောဂါနှင့်အသည်းအဆီဖုံးခြင်း(Diabetes and fatty liver)

    Play Episode Listen Later Sep 6, 2022 2:25


    ဆီးချိုသွေးချိုရောဂါရှိတဲ့သူတိုင်း အဝလွန်သူတိုင်းတွင် အသည်းအဆီဖုံးခြင်းရောဂါရှိ၊မရှိကို ရှာဖွေကြည့်သင့်သကဲ့သို့ ထိရောက်မှန်ကန်သော ကုထုံးများကိုလည်းခံယူသင့်ပါတယ်။အသည်းအဆီဖုံးရောဂါကို မည်သို့ကုသနိုင်ပါသလဲ                   အရေးကြီးဆုံးက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသပြီး စစ်ဆေးမှုပြုလုပ်ကာ ကုသမှုခံယူသင့်ပါတယ်။  တိကျစွာသုတေသနပြုကာ အာနိသင်အားစမ်းသပ်ခြင်းမရှိသော သစ်ရွက်သစ်ဖုများပြုတ်သောက်ခြင်း၊ ဆေးမြီးတိုများဖြင့် ကုသခြင်းများသည် ရေတိုကာလတွင် သက်သာတယ်လို့ထင်ရနိုင်သော်လည်းရေရှည်ကာလမှ အကျိုးအာနိသင်များကို များစွာစိုးရိမ်ဖွယ်၊ သံသယရှိဖွယ်ဖြစ်နိုင်ပါတယ်။  အသည်းအဆီဖုံးပြီး အဝလွန်နေသူများက ကိုယ်အလေးချိန်ကို လျော့ချရန်ကြိုးစားသင့်ပါတယ်။ 

    ကိုယ်ဝန်ဆောင်နှင့် သွေးချိုဆီးချိုရောဂါအကြောင်း သိကောင်းစရာ(Gestational Diabetes)

    Play Episode Listen Later Sep 6, 2022 2:43


     ဘယ်လို လူမျိူးများ ဖြစ်တတ်သလဲ။                အသက် ၃၅ ကျော်၊ BMI >30 ရှိသူများ၊ ဆေးလိပ်သောက်ခြင်၊ မိသားစု ထဲတွင် သွေးချိုဆီးချို‌ေရာဂါ ရှိခြင်း တွင် ပိုဖြစ်နိုင်ပါတယ်။ ကလေးနှင် မိခင်အပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိစေသလဲ။              မွေးဖွားရခက်ခဲခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ နာတာရှည် ဆီးချို‌ရောဂါ ဖြစ်နိုင်ခြင်း၊ ကလေး အသေမွေးခြင်း၊ စောမွေးခြင်း၊ မွေးကင်းကလေးတွင် သွေးတွင်း အချိုဓာတ်နည်းခြင်း၊ အသားဝါခြင်း၊ ကိုယ်လက်အဂ်ါမစုံခြင်း တို့ ခံစားရနိုင်ပါတယ် ဘယ်လို စစ်ဆေးမှုမျိုး လုပ်သင့်သလဲ။              အိမ်တွင် ဆီးချိုတိုင်းစက်ဖြင့် စစ်ဆေးခြင်း၊ ကိုယ်ဝန်စောင့်ရှောက်မှုခံယူစဉ် သွေးနှင့်ဆီး စစ်ဆေးမှုများ ပြုလုပ်နိုင်ပါတယ်။ ဘယ်လို ကုသမှု ခံယူသင့်သလဲ။               ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အစားအသောက် ထိန်းသိမ်းခြင်း၊ အင်ဆူလင် ထိုးဆေး၊ ဆီးချိုထိန်းဆေးများ မှီဝဲ ခြင်းအားဖြင့် ကုသလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်စဥ် ဖြစ်သော ဆီးချိုရောဂါဟာ တသက်လုံးဖြစ်နိုင်ပါသလား။                အများအားဖြင့် ကိုယ်ဝန်ဆောင်စဉ် အတွင်းသာ ဖြစ်လေ့ရှိပါတယ်။

    အမျိုးအစား (၂) သွေးချိုဆီးချိုကို ပျောက်ကင်း‌အောင်ကုသနိုင်သလား?(Can you reverse type 2 diabetes?)

    Play Episode Listen Later Sep 6, 2022 1:22


    သွေးချိုဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး အခုထိ မရှိသေးပါဘူး။ လေ့လာမှုတွေအရ အမျိုးအစား (၂) သွေးချိုဆီးချိုမှာတော့ ကိုယ်အလေးချိန်ထိန်းခြင်းနဲ့ စားသောက်မှုပုံစံပြုပြင်ပြောင်းလဲခြင်းတို့ဖြင့် သောက်ဆေးမလိုပဲ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းပြီး နေသွားနိုင်သူတွေ ရှိပါတယ်။ဆေးသုတေသနတွေနဲ့ လေ့လာမှုတွေအရ ဆေးသောက်စရာမလိုပဲ သွေးတွင်းဂလူးကိုစ့် ကိုပုံမှန်ထိန်းထားနိုင်တဲ့ နည်းလမ်းတွေကတော့ကယ်လိုရီနည်းသော စားသောက်မှုပုံစံကိုယ်လက်လေ့ကျင့်ခန်းအချိန်ပိုင်းခြား အစာဖြတ်ခြင်း (fasting) အထက်ပါ နည်းလမ်း၃ခုဟာ သုတေသနတွေမှာ ထိရောက်မှုရှိခဲ့တဲ့ နည်းလမ်းတွေပါ။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးရောဂါအခြေအနေ မတူတာကြောင့် မိမိဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ လိုက်နာနေထိုင်သင့်ပါတယ်။ 

    သွေးချိုဆီးချိုရောဂါကြောင့် စိုးရိမ်ပူပန်မှုကို ဘယ်လိုလျော့ချမလဲ(How to reduce anxiety caused by diabetes)

    Play Episode Listen Later Aug 1, 2022 1:32


     ၁။ သွေးချိုဆီးချိုဆိုတာကို သိအောင်ကြိုးစားပါ။      သွေးချိုဆီးချိုဆိုတာ ဘယ်လိုရောဂါမျိုးဖြစ်ပြီး မည်သို့ နေထိုင်လျှင် ရောဂါအခြေအနေကောင်းမွန်ပြီး              နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်မလဲဆိုတာကို နားလည်အောင် လေ့လာသင့်ပါတယ်။ ၂။ မကောင်းမြင်သော အတွေးများကို ဖယ်ရှားပါ။     သွေးချိုဆိးချိုနှင့် စပ်လျဉ်းသော မကောင်းသော အတွေးများကို ဖယ်ရှားပြီး ရောဂါနှင့် ကိုက်ညီသော               နေထိုင်မှုပုံစံရအောင် ကြိုးစားဖန်တီးရယူပါ။ ၃။ သွေးချိုဆီးချိုဆိုင်ရာ အကြံပေးအုပ်စုများနှင့် ဆက်သွယ်နိုင်ပါတယ်။       မိမိကဲ့သို့ သွေးချိုဆီးချိုရောဂါခံစားနေရသူများ စုဝေးရာ ကျန်းမာရေးအကြံပေးအုပ်စုများတွင် စိတ်ဖိစီ           မှုများ၊ ရောဂါအခြေအနေများကို အပြန်အလှန်ဖလှယ်ပြီး သွေးချိုဆီးချိုဆိုင်ရာ ကျန်းမာရေးနည်းပြ                 သို့မဟုတ် ဆရာဝန်များ၏ ညွှန်ကြားမှုများကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

    လူမျိုးစုနှင့်အမျိူးစား၂သွေးချိုဆီးချိုရောဂါ(Ethnicity and type 2 diabetes)

    Play Episode Listen Later Aug 1, 2022 1:05


                                      အမျိုးအစား (၂) သွေးချိုဆီးချိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လူမျိုးနွယ်စု နဲ့ ဆီးချိုမျိုးရိုးရှိခြင်း စတဲ့ အချက်တွေက အဓိက ပါဝင်နေပါတယ်။ အချို့ လူမျိုးစုတွေဟာ ‌အမျိုးအစား(၂) သွေးချိုဆီးချို ဖြစ်နိုင်ချေ ရာခိုင်နှုန်းမြင့်မားနေတာကတော့ ထူးဆန်းပါတယ်။ Black African, African Caribbean နဲ့ အရှေ့ အာရှရှိ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်နဲ့ ပါကစ်စတန် လူမျိုးတွေမှာ အသက်၂၅လောက်မှစ၍ အမျိုးအစား(၂) သွေးချိုဆီးချို ဖြစ်နိုင်ချေ များပါတယ်။                               South Asian အနွယ်ဝင်တွေဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ယဥ်ပါးခြင်း (insulin resistance) ကိုလည်း အသက်ငယ်ရွယ်စဥ်မှာပင် ခံစားရနိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။ ဒီအရာက စားသောက်နေထိုင်ပုံတွေနဲ့လည်း ဆိုင်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အဆီသိုလှောင်ပုံနဲ့လည်း ဆိုင်ပါတယ်။ ဒီလူမျိုးစုတွေဟာ ကိုယ်တွင်းကလီစာအဆီ (visceral fat) ကို အသည်းနဲ့ မုန့်ချိုအိတ် (pancreas) တို့မှာ သိုလှောင်ကြပြီးတော့ အဲ့ဒီကတစ်ဆင့် အမျိုးအစား(၂)သွေးချိုဆီးချို ဖြစ်ပွားနိုင်ချေတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

    သွေးချိုဆီးချိုနှင့်ကင်ဆာရောဂါ(Diabetes and cancer)

    Play Episode Listen Later Aug 1, 2022 3:05


     အမျိုးအစား၁ သွေးချိုဆီးချိုသမားများ ဖြစ်နိုင်ချေရှိသော ကင်ဆာများ သားအိမ်ခေါင်းကင်ဆာ အစာအိမ်ကင်ဆာ အမျိုးအစား၂ သွေးချိုဆီးချိုသမားများ ဖြစ်နိုင်ချေရှိသော ကင်ဆာများ  အူမကြီးကင်ဆာ အစာဟောင်းအိမ်ကင်ဆာ ဆီးအိမ်ကင်ဆာ ရင်သားကင်ဆာ အသည်းကင်ဆာ မုန့်ချိုအိတ်ကင်ဆာ  ကင်ဆာရောဂါဖြစ်နိုင်ချေလျှော့ချနိုင်မည့်နည်းလမ်းများမှာ     1. ညီညွှတ်မျှတသော စားသောက်မှုပုံစံ     2. ကိုယ်လက်လှုပ်ရှားမှုရှိခြင်း     3. ကျန်းမာသော ကိုယ်အလေးချိန်ရှိခြင်း     4. လုံလောက်သောအိပ်စက်မှု     5. ဆေးလိပ်ဖြတ်ခြင်း

    Claim WeCare - The Health@Home Podcast

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel