AskAlex

Follow AskAlex
Share on
Copy link to clipboard

Everything about business development, marketing, communication, blogging, vlogging and other stuffs.

Alex Khine


    • May 5, 2023 LATEST EPISODE
    • monthly NEW EPISODES
    • 7m AVG DURATION
    • 260 EPISODES


    Search for episodes from AskAlex with a specific topic:

    Latest episodes from AskAlex

    Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? (Ko Alex အမြင်)

    Play Episode Listen Later May 5, 2023 2:38


    Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။ (Ko Alex အမြင်) A: (ကို alex) ကျွန်တော်တစ်ခုပြောချင်တာ ကတော့ သူ့ချည်းပဲမသုံးဘဲနဲ့ CBO နဲ့သုံးစေချင်ပါတယ်။ ပြီးတော့ custom audience က result မကောင်းဘူး၊ ကောင်းတယ်ဆိုတဲ့စကားလုံးက ဘယ်လိုမျိုး objective ပြောလဲတော့ ကျွန်တော်လည်း မသိဘူး။ အရင်တုန်းကလို video view ကိုအခြေခံပြီးတော့ message ကိုသွားထားတာမျိုးလား။ ဒါမှမဟုတ် page engage တစ်ခုလုံးကို custom audience ဆောက်၊ look a like ဆောက်ပြီးတော့မှ get message ကိုသွားထားတဲ့ဟာမျိုးလားပေါ့နော်။ ကျွန်တော်တို့လည်းဒီမှာမရေးထားဘူးဆိုတော့ ပြောလို့ မရဘူး။ ဘာတစ်ခုအကြံပေးချင်လဲဆိုတော့ CBO နဲ့သာ run။ အဲ့တော့ကျွန်တော်တို့လည်း CBO နဲ့ run တယ်။ CBO ထဲမှာ ads set နှစ်ခုသုံးခုလောက်ထည့်လို့ရတယ်။ ကျွန်တော်တို့က နည်းနည်းလေးကျယ်တဲ့ narrow audience မလုပ်ထားတဲ့ ads set တစ်ခုဆောက်လိုက်။ အဲ့တာကို ads နဲ့ run ချလိုက်။ ပြီးလို့ရှိရင် အဲ့ဒီ narrow ထည့်ပြီးတော့မှ ass set ဆောက်ပြီးတော့ run ကြည့်။ နောက်ဆုံး custom audience နဲ့ look a like ကိုပဲ run ကြည့်ပေါ့နော်။ ဘယ် ads set က cost per result အနည်းဆုံးလဲဆိုတဲ့ဟာကို သိလာပြီဆိုရင် Facebook ကအဲ့တာကိုပိုပြီး boost လုပ်ပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့တာဝန်ကဒါပဲ။ ပြောမယ်ဆိုရင် ကျွန်တော်တို့က lowest engage fruit ကိုရအောင်ယူရမှာဖြစ်တဲ့အလျောက် အရမ်းကြီး နည်းနေတဲ့ custom audience ဆိုရင် look a like audience ကလည်းနည်းတယ်။ look a like audience က ၁၀၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ဘယ်လောက်လောက်ရာခိုင်နှုန်းတူလဲဆိုတာ ပေါ်မှာမူတည်ပြီးတော့ cost တွေကတက်လာနိုင်တာဆိုတော့ ဖြစ်စေချင်တာကတော့ CBO နဲ့ run ပြီး တော့အကုန်လုံးကို Facebook ကိုပုံအပ်ထားတာက ပိုပြီးတော့သင့်တော်မယ်လို့တော့ မြင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? Ko Thant Htet Aung

    Play Episode Listen Later May 4, 2023 2:36


    Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။ A: ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က narrow audience ကိုအရင်ပြောလိုက်မယ်ပေါ့နော်။ ကျွန်တော် တို့ထည့်လိုက်တဲ့ narrow audience မှာ၊ ကျွန်တော်တို့ target မှာ၊ audience size ကဘယ်လောက်ကျန် လဲဆိုတာ ကျွန်တော်တို့ကအမြဲတမ်းကြည့်ရတယ်။ audience size နည်းနည်းလေးပဲကျန်တော့တဲ့ချိန်မှာ ဥပမာ-တစ်သိန်းနှစ်သိန်းကတော့ နည်းတယ်ပေါ့နော်။ ၁ million ကနေ 3 million ကတော့အဆင်ပြေတဲ့ အထဲမှာပါတယ်။ အဲ့တော့ 1 million ပြည့်ခါနီး number တွေအရ တစ်သိန်းနှစ်သိန်းပဲပြတဲ့အချိန်မှာတော့ ကျွန်တော်တို့က စျေးကတော့ကြီးနေမှာပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ custom audience တွေ၊ look a like တွေထည့်သုံးတဲ့အချိန်မှာ ကျန်တဲ့ဟာတွေလောက် result မကောင်းဘူးဆိုတာက ဘယ်လိုမျိုး ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ custom audience တွေ၊ look a like တွေပြန်စောင့်လိုက်တဲ့အချိန် တိုင်းမှာ Facebook ဘက်ကနေပြီးတော့ learning phase တစ်ခုလိုတယ်ပေါ့နော်။ သတ်မှတ်လိုက်တဲ့ audience ကဘယ်လောက်ရှိတာလဲ။ အဲ့ဟာကိုပြန်တွက်ရတယ်ပေါ့နော်။ ပထမဆုံး run တဲ့ ads တွေက တော့ စျေးကြီးမှာပဲ။ ဒါပေမဲ့ အဲ့ဒီ audience နဲ့ပဲ၊ look a like နဲ့ပဲ run လာတဲ့ဟာက တစ်လလောက် ရှိလာပြီဆိုရင်တော့ သူ့ရဲ့ audience ကတဖြည်းဖြည်းသိသာလာပြီးတော့ result တွေကကောင်းလာပါ လိမ့်မယ်။ စလုပ်တဲ့အချိန်တွေမှာတော့ စျေးကြီးမှာပေါ့နော်။ သူ recommend ပေးတဲ့ Budget ပဲသုံးသုံး စျေးကြီးမှာပဲ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားရမလဲ?

    Play Episode Listen Later May 3, 2023 2:17


    Q: မင်္ဂလာပါ ကို Alex ခင်ဗျား Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားလို့ရပါသလဲ၊ ကိုယ့် account hack ခံရရင်တောင် page ပါမသွားအောင် လုပ်လို့ရပါလားခင်ဗျ။ A: Security အမြင့်ဆုံးဆိုတဲ့ဟာက ကျွန်တောိထင်တယ် two-factor authentication လို့ခေါ်တဲ့ two-factor ခံထားတယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ် ဒါသည်အမြင့်ဆုံးသုံးလို့ရတဲ့ဟာ အဲ့ဟာလည်း hack ခံရပါတယ်၊ ကိုယ့်ရဲ့ account hack ခံရရင်တောင် page ပါမသွားအောင်ကျတော့ ကျွန်တော်တို့ page ကို business manager နဲ့ ချိတ်ထားတယ်ဆိုလို့ကတော့ account ကို hack ရင်တောင်မှ business manager ကို hack တာမဟုတ်တဲ့အတွက်ကြောင့် ကျန်ခဲ့နိုင်ပါတယ်၊ business manager မှာလည်း တခြားသော admin တွေပေးထားလို့ရတဲ့အတွက်ကြောင့် အများကြီးပိုပြီးတော့ အဆင်ပြေလာနိုင်ပါတယ်၊ အဲ့တော့ business manager နဲ့ ချိတ်ထားစေချင်တယ်၊ နောက်တစ်ခုက ဘာလုပ်စေချင်လဲဆိုတော့ account hack သွားရင် ပြန် claim လုပ်တဲ့ process က Facebook တွေအဲ့account ကို ကျွန်တော်တို့ကပိုင်ပါတယ်ဆိုတဲ့ အဲ့ business ကို ပိုင်ပါတယ်ဆိုတဲ့ဟာမျိုးပြရတယ်၊ အဲ့လိုပြတယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုရင် ပြောရရင် government document လိုတယ် အဲ့တော့ government registration လိုတယ် ဥပမာ DICA ရဲ့ registrationဘဲဖြစ်ဖြစ်ပေါ့နော် အဲ့လို registration တွေလိုပါတယ် အဲ့လိုမျိုးသေချာလေး လုပ်ချင်တယ်ဆိုလို့ရှိရင် ကျွန်တော်ကတော့ အမြဲအကြံပေးချင်တာကတော့ လုပ်ငန်း လိုင်စင်ဘဲ ဖြစ်ဖြစ် အသေးအလတ်စား လုပ်ငန်း လိုင်စင်ဘဲဖြစ်ဖြစ် company မှတ်ပုံတင်ဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ လုပ်ထားစေချင်ပါတယ်၊ အဲ့တာမှသာလျှင် ပိုပြီးတော့ အဆင်ပြေမယ် ဥပမာ ကျွန်တော့ရဲ့ personal page alex khine ဆိုတဲ့ page ပါသွားတယ်ဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ကျွန်တော့ရဲ့ government ထဲမှာရှိနေတဲ့ passport ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မှတ်ပုံတင်ဘဲဖြစ်ဖြစ် diving လိုင်စင်ဘဲဖြစ်ဖြစ် ပြနိုင်တယ်ဆိုရင်က Facebook က ပြန်ပြီးပေးလေ့ရှိပါတယ် အဲ့နည်းနဲ့ ပြန်ပြီး claim ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို Train သင့်လဲ?

    Play Episode Listen Later May 2, 2023 2:20


    Q: Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို train သင့်လဲ ကို Alex..။ A: ဘယ်လို Train သင့်လဲဆိုတော့ (1)အချက် များများရေးပါ၊ (၂)အချက် များများရေးပါ (၃)အချက် များများရေးပါ၊ များများရေး ပြန်ကြည့်၊ ကျွန်တော်တို့ များများရေးဆိုတာ content ဘဲများများရေးဖို့မဟုတ်ဘူး content အနေအထားများများရေးပါ content topic ကိုလည်းများများရေးပါ content ဝေါဟာရတွေကိုလည်း များများရေးပါ၊ အဲ့လိုများများရေးခြင်း အားဖြင့် ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ ကိုယ့်ရဲ့ ဘယ်လို content မျိုးတွေက ဘယ်အခြေအနေမျိုးမှာ ဘယ်သူ တွေကစိတ်ဝင်စားလဲဆိုတဲ့ date ကအကုန်လုံး ပြန်မြင်ရတယ် ဆိုတော့ များများသာရေးပါ။ ကျွန်တော်ကတော့ များများရေးဖို့အတွက်ကိုဘဲ အကြံပေးချင်ပါတယ်။ နောက်တစ်ခုက content marketing Hub ဆိုတဲ့ ဟာလေးတစ်ခုရှိတယ် content marketing institute ဆိုတဲ့ website လေးတစ်ခုရှိတယ် အဲ့ထဲမှာကျွန်တော်တို့ content ရေးတာနဲ့ပတ်သတ်ပြီး သွားဖတ်လို့ရတယ်၊ FYI မှာလည်း အလျင်းသင့်သလိုကျွန်တော်ပြောပေးပါ့မယ်၊ FYI မှာလည်းပြန်ပြီးတော့ credit လုပ်ပေးနေပါတယ် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာကနေ cooperate လုပ်ပေးနိုင်တာပေါ့ များများရေး မတူညီတဲ့ topic တွေ မတူညီတဲ့ journey တွေကို အခြေခံပြီးများများရေးပါ။ အဲ့တာဆိုရင်ပိုပြီးတော့ effective ဖြစ်နိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Cost per Result က Post တစ်ခုနဲ့ တစ်ခု မတူတာဘာလို့လဲ?

    Play Episode Listen Later May 1, 2023 4:39


    Q: ဆရာ cost per result က post တစ်ခုနဲ့ တစ်ခု မတူဘူးနော် ဆရာ ဘာလို့မတူတာလဲဗျ တစ်ချက်လောက်ဖြေပေးပါနော်။ ဥပမာ အနေနဲ့ မက်ဆေ့တစ်စောင် s 0.58 ဒေါ်လာ ဖျတ်ပြီး နောက်တစ်ခုကျ အဲ့ထက်ပိုဖျတ်နေတယ်ဆရာ ဘာဖစ်လို့လဲအကို တစ်ချက်လောက် ဖြေပေးပါဗျ။ A: ကျွန်တော်တို့ Facebook ရဲ့ algorithms အရကော ပြီးတော့ ပထမဦးဆုံးကတော့ delivery system ဆိုတဲ့ဟာ ရှိတယ် ကျွန်တော်တို့ကတော့ Facebook မှာ ads run တယ်ဆိုလို့ရှိရင် အနောက်မှာ option house လိုမျိုးရှိတယ် လေလံတင်ရတဲ့ဟာ biding လုပ်ရတဲ့ဟာရှိတယ်၊ bid လုပ်ရတဲ့ ဟာမှာကျွန်တော်တို့အပြင်က လေလံတင်ရတဲ့ဟာတွေနဲ့မတူတဲ့ဟာက အပြင်မှာဆိုရင် ပိုက်ဆံပိုများတဲ့ သူကိုပစ္စည်းကိုရောင်းတာပေါ့ အခုဒီမှာကကျတော့ပိုက်ဆံ များများပေးရတဲ့ သူကို ရောင်းတာမဟုတ်ဘူး ကျွန်တော်တို့ create လုပ်ထားတဲ့ content မှာ copy ရော စာရော ပုံရော ဒါမှမဟုတ် video ရောပေါ့လေ အဲ့ဟာကျွန်တော်တို့ target နဲ့ ဘယ်လောက် relevant ဖြစ်လဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ delivery score တွေ သူတို့ဘာသူတို့အနောက်မှာ သတ်မှတ်ထားတဲ့အရာတွေရှိတယ် အဲ့တော့ အဲ့ score တွေကနည်းနေလို့ရှိရင် result က ဈေးလည်းပိုများနိုင်မယ် reach လည်းပိုနည်းနိုင်မယ် အဲ့တော့ ads မ run ခင်မှာ လုပ်ရမယ့် ဟာက content create လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ audience နဲ့ကိုက်မဲ့ပုံစံမျိုး အပေါ်မူတည်ပြီးတော့ ဦးစားပေး လုပ်ရမှာပေါ့ တကယ်လို့ 0.58 နဲ့ မက်ဆေ့ဖျက်နေတဲ့ဟာ ဘယ်လိုမျိုးစာသားရေးထားလဲ content idea သုံးထားလဲ ဘယ်လိုမျိုး virtual သုံးထားတာလဲ နောက်တစ်ခု 0.58 ထက်ပိုများသွားတဲ့ဟာမှာကျတော့လည်း အကိုဘယ်လိုမျိုးဟာ သုံးထား တာလဲ အကိုရဲ့ audience တွေက targeting မှာ မပြောင်းဘူးဆိုရင်တောင် အကို audience က ဘယ်လိုမျိုးပုံစံကို ပိုကြိုက်လဲဆိုတဲ့ဟာကို အကိုအဲ့မှာ မြင်ရမှာပေါ့ မြင်ရတော့ ပိုပြီးတော့ create လုပ်ပေးရမှာပေါ့လေ အဲ့တာဆိုရင်တော့ 0.58 ဝန်းကျင်လောက်ရပါလိမ့်မယ် အဲ့ဟာအမြဲတမ်းကြီးတော့ ဒီဝန်းကျင်ဘဲသွားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ Facebook ကလည်း အမြဲသူတို့ရဲ့ algorithms တွေကလည်း အမြဲတမ်းချိန်းနေတာဆိုတော့ အပြောင်းအလဲတော့ရှိမှာ အမြဲတမ်းကြီးတော့ ဒီနားမှာဘဲသွားနေမှာမဟုတ်ဘူး ကျွန်တော် additional အနေနဲ့ ထပ်ပြီးတော့ ဖြည့်ရရင် ဒီအောက်မှာ ကိုသန်းထက်အောင် ပြောသွားတဲ့ relevant ရောဘယ်လိုတွက်လဲဆိုတဲ့ဟာမျိုး link လေးချပေးထားတယ် တစ်ချက်လေးကြည့်ကြည့်ပေးပါ။ additional ဖြည့်ရရင်ဆိုတော့ကာ ဥပမာ ကျွန်တော်တို့ cost per message ကဘယ်လိုမျိုးတွက်လဲဆိုတော့ ကျွန်တော်တို့ရဲ့ content တစ်ခုစီမှာမူတည်ပြီးတော့မှနည်းနည်းလေး ပြန်ချုပ်ပေးရရင် content တစ်ခုစီမှာ မူတည်ပြီးတော့ အဲ့content ပေါ်မှာစိတ်ဝင်စားပြီးတော့ ကျွန်တော်တို့ မက်ဆေ့ဝင်လာတဲ့ နှုန်းပေါ်မူတည်ပြီးတွက်ကြတာဆိုတော့ content တစ်ခုထဲကိုဘဲ ကျွန်တော် တို့ boost ရင်တောင်မှ ads တစ်ခုထဲကိုဘဲ boost ရင်တောင်မှ အချိန်ပေါ်မှာမူတည်ပြီးကွာနိုင်တဲ့ ဟာမျိုးတွေ ဖြစ်နိုင်တယ် ဥပမာ ကျွန်တော် world cup အချိန်မှာ ဘောလုံးနဲ့ပတ်သက်တဲ့ ကြော်ငြာတစ်ခုကို အဲ့အချိန်မှာ boost လိုက်တယ်ဆိုလို့ရှိရင် relevant ဖြစ်လို့ဘောလုံးကန်တဲ့ အချိန် relevant ဖစ်လို့ အဲ့လိုအချိန်မျိုးမှာ cost နည်းနေနိုင်ပေမဲ့ world cup ပြီးသွားတဲ့ အချိန်မှာ boost တဲ့အချိန်မှာ relevant မဖြစ်တော့တဲ့အချိန်မှာ ဆက်စပ်မှုမရှိတော့တဲ့အချိန်မှာ cost များတဲ့ဟာမျိုးဖြစ်နိုင်တာပေါ့ အဲ့တာတွေသည် ပြောရမယ် ဆိုရင် world cup ကတော့ အခုပြီးသွားတာဆိုတော့ အလွယ်ဆုံး အမြန်ဆုံး ဆက်စပ်မှုရှိနိုင်ဆုံး ဟာကို ပြောပြတာ တခြားသောအများကြီးဖြစ်နိုင်ပါသေးတယ် ခုနက ကိုသန်းထက်အောင် ပြောသလိုဘဲ ဘာလုပ်ရလဲဆိုတော့ test လုပ်ရတယ် ads တွေရွေးပြီး testလုပ်တယ်၊ CPO နဲ့ content တွေကို test လုပ်ကြတယ် အဲ့လိုမျိုးတွေသွားတယ်ဆိုအများကြီး ဈေးသက်သာပါလိမ့်မယ်။ ကျွန်တော်တို့ time ရော placement တွေရောနဲ့ အများကြီးဆိုင်တယ်ပေါ့ #marketing #digitalmarketing #market #career #askalex #askalexmm

    Analytics နဲ့ Insight ဘယ်လိုကွာခြားလဲ?

    Play Episode Listen Later Mar 27, 2023 2:32


    Q: analytics နဲ့ insight ဘယ်လိုကွာခြားလဲခင်ဗျ။ A: နောက်ဆုံးမေးခွန်းဖြစ်တဲ့ analytics နဲ့ insight နဲ့ ဘယ်လိုကွာခြားလဲဆိုတော့ analytics က ကျွန်တော်လက်ခံထားတဲ့ဟာနဲ့ သူများတွေလက်ခံထားတဲ့ဟာနဲ့တော့ ကွာနိုင်တယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ ကျွန်‌တော်လက်ခံထားတာက data ကိုစုတယ်၊ ပြီးရင် data ကိုကြည့်တယ်။ data ကို analyze လုပ်တယ်။ ကျွန်တော်တို့သုံးတဲ့စကားအရဆိုရင် data ကိုဖတ်တယ်။ အဲ့တော့ data ဆိုတဲ့အခြေအနေမျိုးမှာပဲရှိသေးတယ်။ insight ကကျ‌တော့ အဲ့ဒီ data ကိုပြောမယ်ဆိုရင် သီတင်းကျွတ်မှာဘာလုပ်ကြမှာလဲဆိုတဲ့ data မျိုးလေးတွေဖတ်ကြတယ်။ အဲ့တာဆိုရင် ကျွန်တော်တို့က data ကို analyze လုပ်ပြီးတော့မှ data analytics ဆိုတဲ့ organize လုပ်တယ် ဆိုတဲ့ဟာထွက်လာတာ။ insight ကကျတော့ fandom လေးတွေမြင်ရနိုင်တယ်။ သီတင်းကျွတ် တိုင်းမှာ Coca Cola နဲ့ကန်တော့လေ့ရှိတယ်ဆိုတာကျတော့ insight ဖြစ်သွားပြီ။ analytics မဟုတ်တော့ဘူး။ analytics ကသီတင်းကျွတ်မှာဘာလုပ်ကြမှာလဲဆိုတဲ့ ပုံစံမျိုးလေးဖတ်တာ ကိုက data analyzing လို့ခေါ်တယ်။ ကျွန်တော်တို့ခေါ်တာနော်။ သူများတော့မသိဘူး။ insight ကကျတော့ fandom တွေကိုပြောပြရတာ။ ဥပမာ-ကျွန်တော်တို့သီတင်းကျွတ်တိုင်းမှာ မုန့်ပုံးနဲ့ ကန်တော့တယ်။ ဒါသည် fandom ။ သီတင်းကျွတ်တိုင်းမှာကို မုန့်ပုံးနဲ့ကန်တော့ခဲ့ကြတာ။ သီတင်းကျွတ်တွေမှာ အိမ်ပြန်ဖို့အခက်အခဲရှိကြတယ်။ ဒါသည် insight ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကားလမ်းမရဘူးတို့၊ ဘာတို့ညာတို့ အခုလိုမျိုး political issue ဖြစ်နေတယ်တို့ပေါ့။ ဒါသည် insight တစ်ခုဖြစ်သွားတယ်။ ဆိုတော့ကျွန်တော်တို့သုံးသပ်တာက အဲ့နှစ်ခုကအဲ့လို ကွာပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    TikTok platform ရဲ့ data တွေကိုကြည့်လို့ရတဲ့ tool တွေရှိလား?

    Play Episode Listen Later Mar 26, 2023 3:42


    Q: TikTok platform ရဲ့ data တွေကိုကြည့်လို့ရတဲ့ tool တွေရှိလားဗျ။ ဥပမာ-ဘယ်သူက follower အများဆုံး၊ view အများဆုံး။ A: နောက်မေးခွန်းဖြစ်တဲ့ TikTok platform ရဲ့ data တွေကိုကြည့်လို့ရတဲ့ tool တွေရှိလား၊ ဘယ်သူက follower အများဆုံး၊ view အများဆုံးလဲဆိုတော့ ကျွန်တော်တို့ level up မှာတော့ track ထားတဲ့ TikTok data တွေတော့ရှိတယ်။ ကိုယ်ကိုတိုင် track လုပ်ချင်တယ်ဆိုရင် လုပ်လို့ရတယ်။ ကိုယ်တိုင်လုပ်ချင်တာမဟုတ်ဘဲနဲ့ သူများရဲ့ဟာကို ကြည့်ချင်တာဆိုရင်လည်း ကြည့်လို့ရနိုင်တယ်။ ကျွန်တော်တို့ကျတော့ ဘယ်လို track လဲဆိုတော့ SEC ပေါ့နော်။ ကျွန်တော် တို့ကတော့ ကိုယ့်ရဲ့ definition ကို TikToker တွေကို track လုပ်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ် ကနေ data track လုပ်မထားဘူး။ ဒီတိုင်းပဲသွားကြည့်ချင်တယ်ဆိုရင်လည်း သွားကြည့်လို့ ရတယ်။ ဒါဆိုရင်သူက like per video ဘယ်လောက်ရှိတယ်ဆိုတာကအစ ပြပေးလေ့ရှိပါတယ်။ top TikToker in Myanmar ဆိုပြီးသွားရှာလို့ရတယ်။ အများကြီးပါပဲ။ ကျွန်တော်တို့ကတော့ agency service လုပ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲကိုယ်ပိုင် track နေတဲ့ လူတွေရှိတာပေါ့လေ။ Fanpage karma ကကျွန်တော်တို့သုံးတဲ့ package ကတစ်လကိုဒေါ်လာနှစ်ရာပေးရတယ်။ ဆိုတော့ကျတော့ စျေးကြီးပြီး SME တွေအတွက်က သိပ်အဆင်မပြေဘူး။ အဲ့လိုမျိုးကြည့်ချင် တယ်ဆိုရင်တော့ Google မှာပဲသွားပြီးရိုက်ရှာလိုက်ပေါ့နော်။ အဲ့တာကပိုအဆင်ပြေနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    TikTok မှာ normal user အနေနဲ့မဟုတ်ဘဲ insight ကြည့်လို့ရတဲ့ business suite ပုံစံမျိုးရှိလား

    Play Episode Listen Later Mar 25, 2023 2:50


    Q: TT မှာ normal user အနေနဲ့မဟုတ်ဘဲ insight ကြည့်လို့ရတဲ့ business suite ပုံစံမျိုးရှိလားဗျ။ A: နောက်ထပ်မေးခွန်းတစ်ခုမေးထားတာက TikTok ကို normal user အနေနဲ့မဟုတ်ဘဲနဲ့ insight ကြည့်လို့ရတဲ့ business suite ပုံစံမျိုးရှိလားဆိုတော့ ရှိပါတယ်။ ကျွန်တော်တို့က ဘယ်လိုမျိုး ကြည့်လဲဆိုတော့ အဲ့ဒီ insight ကို setting ရှိတယ်။ ကျွန်တော့်အကောင့်ကတော့ creator account ဖြစ်ပြီးသွားပြီပေါ့နော်။ အဲ့ထဲမှာ business suite ဆိုတာရှိတယ်။ အဲ့ထဲမှာ ကျွန်တော် တို့ရဲ့ data တွေမြင်ရပါလိမ့်မယ်။ ဒီထဲမှာမှကျွန်တော်တို့က reach တွေ၊ engagement တွေစတဲ့ data တွေအကုန်လုံးကိုမြင်ရတယ်ပေါ့နော်။ အဲ့ပုံစံမျိုးနဲ့သွားကြည့်လို့ရတယ်။ conversion ဆိုတဲ့ ဟာတောင် TikTok ထဲမှာပါလာတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာမရှိသေးတာကြောင့် ပေါ်မှာတော့ မဟုတ်သေးဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm

    TikTok မှာ စ run မဲ့ Brand တွေအတွက် ဘယ်လို Strategy နဲ့သွားသင့်လဲ?

    Play Episode Listen Later Mar 21, 2023 7:47


    Q: ကိုယ့်ရဲ့ brand ကို TikTok မှာစ run မယ်ဆိုရင်ရှိရမဲ့ process လေးသိချင်ပါတယ်။ ပြီးတော့ ဘယ်လို strategy နဲ့သွားသင့်လဲဗျ။ TT ကိုတချို့ customer တွေကမကြိုက်တော့။ A: ဆိုတော့ပထမဆုံးမေးထားတဲ့မေးခွန်း TikTok မှာစ run တဲ့ process လေးတွေသိချင်ပါတယ်။ ဘယ်လို strategy မျိုးနဲ့သွားသင့်လဲ။ ဘာလို့လဲဆိုတော့ အခုထိ TikTok က grey area မှာရှိနေ သေးတာဆိုတော့ ဘယ်လို process နဲ့ run လဲဆိုတော့ ကျွန်တော့်အမြင်တော့ TikTok ကနှစ်ပိုင်း နဲ့သွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ TikTok သည်ကျွန်တော်တို့ marketing မှာ game changing ပုံစံ တစ်ခုနဲ့တော့မြင်တယ်။ ဘာလို့လဲဆိုတော့ အဓိကပုံနဲ့စာနဲ့တင်မရတာ။ အဲ့တာ main issue ပေါ့ လေ။ အဲ့တော့အရင်တုန်းက ကျွန်တော်တို့က Facebook မှာပုံနဲ့စာတင်တဲ့ပုံစံမျိုးသွားတာဆို တော့ အဆင်ပြေတယ်။ designer တွေအလုပ်ရတယ်။ အခုဟာကကျတော့ TikTok က very video based တွေဖြစ်သွားတဲ့အချိန်မှာ ပုံနဲ့စာမဟုတ်တော့ဘူး။ အဲ့တော့ video ရိုက်ကိုရိုက်ရ မယ်ဆိုတဲ့အထာတွေဖြစ်လာတယ်။ ကျွန်တော် Instagram, Facebook နဲ့ TikTok သွားပြီး ကြည့်တဲ့အချိန်မှာ ကျွန်တော်က local business တွေ‌ရော international business တွေရော ကြည့်တာပေါ့နော်။ ဆိုတော့မြင်ရတာက sure fix ဆိုတဲ့ မြန်မာပြည်က I Sure ကလုပ်ထားတဲ့ TikTok channel link တစ်ခုရှိတယ်။ လက်ရှိမှာကြည့်မိသလောက်က မြန်မာနိုင်ငံရဲ့ TikTok follower အများဆုံးဖြစ်မယ်နဲ့တူတယ်။ followers သိန်းနဲ့ချီနေပြီ။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ own content အနေနဲ့က TikTok သည်လုံးဝကြီး မြန်မာနိုင်ငံမှာတော့ စျေးရောင်းတယ်ဆိုတဲ့ ဟာထက်ကို ကိုယ့်ရဲ့ product ကိုဘယ်လိုမျိုးသုံးမလဲဆိုတဲ့ဟာမျိုးလေးတွေ ဥပမာ-ကျွန်တော့် မှာ market pen ရှိတယ်ဗျာ။ ဒီ marker pen ကိုရောင်းမယ်ဆိုရင် ဘယ်လိုကောင်းတယ်ဘာညာ ကို video ပြပြီးရောင်းနေမယ့်အစား ပုံလေးဆွဲပြတာမျိုး၊ ကိုယ့်ရဲ့ target audience စိတ်ဝင်စား မယ့် ဒီ marker pen ကိုသုံးနေကျပုံစံမျိုးတစ်ခုခုကိုလုပ်ပြတာက ပိုပြီးတော့အဆင်ပြေနိုင်မယ် လို့တော့ မြင်တယ်။ ကတ်ကြေးရောင်းမယ်ဆိုရင်လည်း ဒီကတ်ကြေးကိုစက္ကူညှပ်ပြတဲ့ပုံစံမျိုးနဲ့ ရောင်းမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်မယ်လို့တော့ မြင်တယ်။ နောက်တစ်ပိုင်းအရေးကြီး တာက creator market ဖြစ်သွားတယ်။ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့က challenge တစ်ခု အနေနဲ့စလိုက်တယ်။ အဲ့တာကိုလူတွေကဝိုင်းပြီးတော့မှ သူတို့ရဲ့လုပ်တတ်တဲ့ လုပ်နေကျပုံစံမျိုး လေးတွေကို သွားလိုက်တဲ့ပုံစံမြင်ရတယ်ပေါ့နော်။ ဆိုတော့ TikTok မှာအ‌ရေးကြီးတာသည် ကျွန်တော်တို့ influence marketing လိုပဲသုံးသပ်ရမလား၊ creator marketing လို့ပဲသုံးသပ် ရမလား။ creator marketing ပုံစံမျိုးတွေက ပိုပြီးတော့များတယ်ဆိုတော့ Facebook ကအရင် တုန်းကလုပ်ခဲ့ဖူးတဲ့ content မျိုးလေးတွေက TikTok မှာလည်းအလုပ်ဖြစ်တယ်။ video ပြောင်း သွားတာပဲရှိတယ်ပေါ့လေ။ အဲ့ဟာတစ်ခုရနိုင်တယ်။ ပြီးတော့ TikTok မှာအရေးကြီးတာသည် hashtag ပါ။ TikTok ရဲ့ပေါက်တဲ့ viral ဖြစ်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့မြင်တာသည် သီချင်း ပါတယ်၊ hashtag ပါတယ်။ အဲ့နှစ်ခုကတော်တော်ကြီးကို content တစ်ပုဒ် viral ဖြစ်သွားဖို့ကို အများကြီး support ပေးတယ်ပေါ့နော်။ TikTok တစ်ခုတည်းမှမဟုတ်ဘူး။ ပြောမယ်ဆိုရင် Instagram reels တို့၊ Facebook story တို့၊ Facebook reels တို့၊ YouTube shorts တို့လည်း အဲ့တိုင်းပဲ။ background music ရယ်၊ hashtag ရယ် အဲ့နှစ်ခုကတော်တော်အရေးကြီးတယ်။ ပြီးတော့မှကိုယ်ပြောမယ့် topic ကိုဆက်တိုက်ဆက်တိုက်ပြောသွားတယ်ဆိုရင်က ဒါသည် လူတွေကတစ်ချိန်ချိန်မှာ ကျွန်တော်တို့ရဲ့ content တွေကိုဝင်ကြည့်ဖို့ chance ကပိုများတယ် ပေါ့။ ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်တဲ့ဟာ။ အဲ့တော့ထိုင်းမှာဆိုရင် သူတို့ကဘာလုပ်လဲ ဆိုတော့ ထိုင်းက TikToker တွေက live ရနေပြီ။ မြန်မာပြည်မှာပဲ live မရသေးတာပေါ့နော်။ ထိုင်းကရနေပြီဆိုတော့ ဟိုမှာက live sale ကပေါက်တယ်။ ထိုင်းမှာသွားတုန်းက ဘာတွေခဲ့ဖူးလဲ ဆိုတော့ သူတို့အိမ်ပွဲစားတွေပေါ့။ estate agent တွေကဘာလုပ်လဲဆိုတော့ အိမ်ကိုလိုက်ပြတယ် ဆိုရင် TikTok မှာသူတို့အိမ်ကိုပြတဲ့ process လေးတွေ run ကြတယ်။ အဲ့တာသည် actually တော်တော်လေးကောင်းတဲ့ ပုံစံပေါ့နော်။ ဆိုတော့ TikTok က very video based ကိုအခြေခံ ထားတယ်။ ပြီးရင် very value based ။ hashtag link ကထိုင်းမှာဆိုရင် live နဲ့ပဲလုပ်ကြတယ် ဆိုတဲ့ပုံစံမျိုး ပိုပြီးတော့များလာတယ်။ value based သွားတဲ့ပုံစံမျိုးလေးတွေ ပိုပြီးတော့ များတယ်။ value based ဆိုတာ entertainment value ပဲဖြစ်ဖြစ်၊ knowledge value ပဲဖြစ်ဖြစ် ပေါ့နော်။ short form စက္ကန့်သုံးဆယ်ကနေ စက္ကန့်ခြောက်ဆယ်အထိသွားတာပဲ ပိုကောင်းပါ တယ်။ ကျွန်တော်တို့ကတော့ သုံးမိနစ်၊ နှစ်မိနစ်လောက်တော့သွားတယ်။ ဆိုတော့အဲ့လိုပုံစံမျိုး လေးနဲ့ ပြီးရင် hashtag, background music အရေးကြီးတယ်ပေါ့နော်။ ပြီးတော့သည် TikTok သည် sale in great area ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်ကတော့ဘာမဖြစ်စေချင်ဘူးလဲ ဆိုတော့ TikTok က video ကြီးကို Facebook မှာတို့၊ တခြားသော channel တွေမှာတို့တင်တာ မျိုးတော့ မလုပ်စေချင်သေးပါဘူး။ ဘာလို့လဲဆို‌တော့ အန္တရာယ်များလို့ပါ။ TikTok ကတချို့သော customer တွေကမကြိုက်ဘူးဆိုတော့ Facebook ကိုမသွားသေးဘဲနဲ့ TikTok platform ပေါ်မှာ ပဲအဲ့ video ကိုတင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ တဖြည်းဖြည်းနဲ့တော့ TikTok လည်းများလာနိုင်ချေတော့ ရှိပါတယ်။ သုံးတဲ့သူတွေကတော့ အများကြီးသုံးနေကြပြီပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Content Writer အနေနဲ့ design တွေကို ဘယ်လို inspiration ယူလို့ရမလဲ?

    Play Episode Listen Later Mar 17, 2023 3:52


    Q: content writer တစ်ယောက်အနေနဲ့ designer ကို design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုတွေလေ့လာပြီး လုပ်ရမလဲခင်ဗျ။ သူများဆွဲထားတဲ့ design တွေကိုကြည့်ပြီး inspiration ယူရမယ်ဆိုတာတော့ သိပါတယ်။ Pinterest က design တွေကိုကြည့်ပြီး လှတယ်ဆိုတာလောက်ထိပဲ သိတယ်။ ပြန်ပြီးဘယ်လိုဆွဲပါဆိုတာတော့ မပြောတတ်ဘူးရယ်။ ပြန်ပြောဖို့ creative idea လဲ မျက်လုံးထဲ မပေါ်ဘူး။ အဲ့ဒါအတွက် နည်းလမ်းလေးသိချင်ပါတယ်အစ်ကို။ A: brain map လုပ်ပြီးသွားတဲ့အချိန်မှာ တခါတလေကျရင် ဘယ်လိုမျိုး element တွေကိုပုံဖော်ရမလဲဆိုတာကို မသိတော့ဘူး။ တခါတလေကျရင် ခေါင်းထဲမှာချက်ချင်းပေါ် မလာတာတွေရှိတယ်။ အဲ့လိုဆိုရင် ဘာလုပ်လဲဆိုတော့ ကိုထက်အောင်သွေးပြောထားသလိုပဲ။ ကျွန်တော် တို့လည်း Pinterest ကိုသွားကြည့်တယ်။ ကျွန်တော်တို့ရဲ့ keyword ကိုအပြင်ဘက်လှမ်းကြည့်လိုက်တာ။ အဲ့တော့ Pinterest မှာရိုက်ထည့်လိုက်တယ်ဆိုရင် ဘာကိုကြည့်လဲဆိုရင် ပုံလှတာမလှတာထက်စာရင် အဲ့ထဲမှာသုံးထားတဲ့ element တွေလိုက်ကြည့်တာ။ ဥပမာ- glue ဆိုလို့ရှိရင်၊ ကျွန်တော် glue ဆိုတဲ့ပုံစံမျိုးနဲ့ Pinterest ကိုရိုက်ရှာပြမယ်။ ဒီမှာဆိုရင်သူက heavy weight ဆိုတဲ့ဟာမျိုးကိုပြတယ်။ super glue နဲ့ဆိုရင် ဒါမျိုးလုပ်လို့ရတယ်ပေါ့ဗျာ။ နောက်တစ်ခုက super glue နဲ့အရုပ်တွေကို ဆက်လို့ရတယ်ပေါ့ဗျာ။ ခုနကမစဉ်းစားမိတာတစ်ခုပေါ့။ ကျွန်တော်တို့က စာကိုစဉ်းစားတာ။ အခုဆိုရင် အရုပ်ကိုစဉ်းစားပြထားတယ်။ အရုပ်ကိုပြန်ဆက်လို့ရတယ်ဆိုတဲ့ concept ကိုတည်ထားတာ။ ကျွန်တော်တို့ကလေ လှတယ်ဆိုတဲ့ဟာထက်စာရင် ဘာအကြံပေးချင်လဲဆိုတော့ ဘယ်လိုမျိုး element တွေကို ဒီပုံတွေထဲမှာယူသုံးထားလဲဆိုတဲ့ ပုံစံမျိုးလေးတော့ မြင်အောင်ကြည့်စေချင်ပါတယ်။ အဲ့တာ ဆိုရင်တော့ creative brief ကိုပေးတဲ့အချိန်မှာ အထောက်အကူပြုနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    pinterest content writer design inspiration
    Content Writer အနေနဲ့ design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုလေ့လာရမလဲ? (Brain Map Part-1)

    Play Episode Listen Later Mar 15, 2023 7:25


    Q: content writer တစ်ယောက်အနေနဲ့ designer ကို design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုတွေလေ့လာပြီး လုပ်ရမလဲခင်ဗျ။ သူများဆွဲထားတဲ့ design တွေကိုကြည့်ပြီး inspiration ယူရ မယ်ဆိုတာတော့ သိပါတယ်။ Pinterest က design တွေကိုကြည့်ပြီး လှတယ်ဆိုတာလောက်ထိပဲ သိတယ်။ ပြန်ပြီးဘယ်လိုဆွဲပါဆိုတာတော့ မပြောတတ်ဘူးရယ်။ ပြန်ပြောဖို့ creative idea လဲ မျက်လုံးထဲ မပေါ်ဘူး။ အဲ့ဒါအတွက် နည်းလမ်းလေးသိချင်ပါတယ်အစ်ကို။ A: ကျွန်တော်သည်လည်း creative သမားမဟုတ်တဲ့အချိန်မှာတော့ creative ဘက်ကဖြေတဲ့ပုံစံမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ level up marketing group မှာ ကျွန်တော်ပေးနေတဲ့ creative art direction ပုံစံမျိုးလေးတော့ရှိတယ်။ မနေ့ကမှ content writer ညီမတစ်ယောက်ကို ကျွန်တော်ရှင်းပြ နေတာပေါ့နော်။ ကျွန်‌တော်ကဘယ်လိုတွေးလေ့ရှိလဲဆိုတော့ အမြဲတမ်း brain mapping လုပ်တယ်။ brain mapping ဆိုတာလေ နှစ်မျိုးရှိတယ်။ ပထမဆုံးတစ်မျိုးကို အခြေခံတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ key word ပေါ့လေ။ ကျွန်တော်တို့က ဘာပြောချင်တာလဲ။ content တောင်မစဉ်းစား သေးဘူး။ ကျွန်တော်တို့ရုံးက content writer ညီမလေးဆိုရင် အမြဲတမ်းစစချင်းစဉ်းစားတဲ့ ပုံစံကကျတော့ content ကိုဘယ်လိုစရေးကြမှာလဲဆိုတဲ့ပုံစံက စဉ်းစားကြတယ်။ content ကိုမစဉ်းစားဘဲနဲ့ topic ကို အရင်ဆုံးစဉ်းစားကြည့်တယ်ပေါ့နော်။ content ကဘာအကြောင်းရေးမှာလဲ။ ဥပမာ- Deli ကော်ဘူး ပေါ့နော်၊ ပုံမှန်စဉ်းစားတာဆိုရင် ဘယ်လိုကပ်တယ်ဆိုတဲ့ဟာမျိုးကို စဉ်းစားကြတာများတယ်။ ဆက်စပ် နေတဲ့ unique selling point တွေစဉ်းစားကြည့်တယ်၊ ဒါကို content ထဲမှာပြချင်တာကိုး။ အမြဲတမ်း ကပ်တယ်တို့၊ easiest ဖြစ်တယ်တို့၊ တော်ရုံနဲ့မကွာဘူး၊ စျေးသက်သာတယ် ဘာဖြစ်တယ်ညာဖြစ်တယ် ပေါ့နော်။ အဲ့တာနဲ့ပတ်သက်ပြီး USPA ထိုင်ကြည့်တယ်။ အဲ့ဒီ USPA လဲဆိုတော့ ဘယ်လိုမျိုး life style မှာ သုံးသင့်လဲဆိုတာကို တွေးကြည့်တယ်။ ကျွန်တော် content တစ်ပုဒ်စဉ်းစားပြမယ်။ ကျွန်တော်ရဲ့ page မှာ ရေးလေ့ရှိတယ်။ red strategy ချခဲ့တာရှိတယ်။ အဲ့‌တော့ ကော်ဘူးတစ်ဘူးက အရင်တုန်းကလူဆိုရင် ခရီးသွားရင်ဖြစ်ဖြစ်၊ တခြားနိုင်ငံကဆွေမျိုးသားချင်းတွေကိုဖြစ်ဖြစ် စာရေးပေးလေ့ရှိတယ်။ အခုမှသာ စာရေးတဲ့အလေ့အကျင့်က တော်တော်လေးနည်းလာတာပေါ့လေ။ စာ‌ရေးတာက personal text ပါတယ် ဆိုတော့ လူတွေကသဘောကျတယ်။ ဒီကော်ဘူးကို လက်ရေးစာရေးတာမှာ အသုံးပြုလို့ရတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ စာအိတ်ပိတ်တယ်ဆိုရင် ကော်ဘူးက လိုကိုလိုတယ်။ ကော်ဘူးသည် ကျွန်တော်တို့ content ရဲ့ hero element တော့ဖြစ်မှာမဟုတ်ဘူး။ support element တစ်ခုပဲဖြစ်မှာ။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့စဉ်းစားတယ်ဆိုရင်က life style activity တစ်ခုတည်းကို အမြဲတမ်းထည့်ပြီးစဉ်းစာ တာမို့လို့။ ထပ်ပြီးစဉ်းစားကြည့်ရအောင်။ ကော်ဘူးရဲ့ ကော်ကပ်တယ်ဆိုတဲ့ဟာကို စဉ်းစားကြည့်တဲ့ အချိန်မှာ တစ်ခုသည်ဖြစ်သွားနိုင်တာက USB ကိုစဉ်းစားတယ်။ နောက်တစ်ခုက life style ကိုစဉ်းစား တယ်။ life style ထဲမှာပဲ တစ်ခုစဉ်းစားတာက ကိုယ်ချစ်ရတဲ့သူကို စာပို့တယ်ဆိုတဲ့ဟာမျိုးကို စဉ်းစား ကြည့်တယ်ပေါ့။ ဒါမှမဟုတ် life style မှာပဲ ဒီကော်ဘူးကို ဘယ်လိုသုံးရမလဲဆိုတာမျိုးကို ထပ်စဉ်းစား တယ်ပေါ့လေ။ ကိုယ်ချစ်ရတဲ့သူကို life style မှာသွားစဉ်းစားလိုက်ပြီဆိုရင် စာပို့ရင် ဘယ်လိုမျိုး ပို့လေ့ရှိတာလဲ။ တချို့ဆိုရင်ဗျာ စာထဲကိုမျက်ရည်ပေါက်ပုံစံမျိုးလေးတွေနဲ့ ထည့်ပြီးပို့လေ့ရှိတယ်။ တချို့ တွေကကျတော့ စာရေးတဲ့အနားနားမှာ ပန်းခြောက်လေးတွေ၊ ပန်းခူးပေးတဲ့ဟာလေးပြလေ့ရှိတယ်။ အဲ့ဒီလူတစ်ယောက်ရဲ့ life style ကိုလုပ်နေတဲ့အချိန်မှာ ကိစ္စတွေအကုန်လုံးကို ခေါင်းထဲမှာတွေးကြည့်တာ။ ဒါသည်ဘယ်သူမဆို လုပ်လို့ရနိုင်ပါတယ်။ အဲ့တော့ life style ရှိမယ်။ အဲ့ life style ကိုမှ စာရေး ကြမယ်။ စာရေးတာသည် နိုင်ငံခြားမှာရောက်နေတဲ့ ကိုယ့်အမျိုးသားကို၊ ကိုယ့်အမျိုးသမီးကိုရေးကြ မယ်ဆိုရင် ကျွန်တော်တို့ အနားမှာပန်းပွင့်လေးတွေရှိမယ်၊ ဘောပင်တစ်ချောင်းရှိမယ်၊ ကော်ဘူးတစ်ဘူး ရှိမယ်ဆိုတဲ့ဟာမျိုးတွေးလိုက်တယ်။ ဆိုတော့အဲ့ဒီ brain map လုပ်လိုက်တဲ့ element တွေသည် ကျွန်တော်တို့က ဒီ element တွေကိုပါချင်ပါတယ်ဆိုရင် content direction ထဲမှာ copy writer, content writer ကထည့်ပြီးတော့ရေးပေးရတယ်။ ဒါမှ art director ကနေ ငါတို့ကတော့ content က‌တော့ ဒါမျိုးတွေလာဖို့ရှိတယ်။ သူ့အနေနဲ့ဘယ်လိုမျိုးပုံဖော်မှာလဲဆိုတဲ့ဟာမျိုး ဆက်ပြီးတော့စဉ်းစားတာ။ ဆိုတော့အဲ့တာသည် art director ဘက်ကနေ art direction ပေးတဲ့ပုံစံမျိုး။ content writer ဘက် က‌တော့ အဲ့ဒီ visual ထဲမှာ ဘယ်လိုမျိုး element တွေပါချင်တယ်ဆိုတဲ့ပုံစံမျိုးကို စဉ်းစားတာက များတယ်။ ဒါက content writer ဘက်ကတွေးတဲ့ပုံ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Audience Insight ကို ဘယ်လိုကြည့်ရမလဲ?

    Play Episode Listen Later Mar 13, 2023 2:32


    Q: ကျနော် SFUX ကကျောင်းသားပါ ဆရာ Audience Insight Part2 Lecture Video ထဲမှာတော့ 1. Pacific Time Zone 2. When your fans are online 3. Fan/Non-Fan 4. Organic Reach 5. Like 6. Over View Graph ကြည့်လို့ရတယ်လို့ ပြသွားပါတယ်။အခုကျနော်က အပေါ်က ဟာတွေကြည့်တာ မပေါ်ဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲ Update ဖြစ်သွားလို့လား။ အဲ့ ၆ခုကိုဘယ်မှာကြည့်လို့ရမလဲ ဆရာ။တချက် ကူညီပြီး ဖြေပေးပါဦး ဆရာ။ ကျေးဇူးတင်ပါတယ်။ A: ကျွန်တော်တို့ကြည့်ထားတဲ့အခြေအနေတွေမှာတော့ အဲ့ဒီ ၆ခုက အပေါ်ဆုံးက ပြောရမယ်ဆိုရင် Pacific Time Zone နဲ့ When your fans are online ဆိုတဲ့ဟာ ၂ခုကတော့ ပျောက်သွားပြီ Fan/ Non Fan ရယ် Organic Reach ရယ်က ကျွန်တော်တို့က creator studio ကနေသွားကြည့်လို့ရတယ် Like ဆိုတာက post တစ်ခုချင်းစီရဲ့ like ကိုပြောနေမယ် အဲ့တာ ကလည်း creator studio ထဲကမှ ဒါမှမဟုတ် Business suite ရဲ့ insights ထဲကနေပြီးတော့မှ link လေးချပေးမယ် အဲ့တာဆိုမြင်ရလိမ့်မယ်။ Overview graph လည်း Business suite ထဲမှာ ကျွန်တော်တို့ မြင်ရပါတယ် ကျွန်တော် link လေးချပေးပါမယ်။ ကျွန်တော်တို့က ဘာနဲ့ကြည့်လဲဆိုတော့ ကျွန်တော်တို့ Agency မှာ level up မှာ ကြည့်တာက Fanpage karma ဆိုတဲ့ tool တစ်ခုဝယ်သုံးပါတယ်။ Fanpage karma နဲ့ကြည့်တယ်ဆိုရင် အကုန်လုံးကိုမြင်ရပါတယ်။ အဲ့တာက ကျွန်တော်အတွက် Fanpage karma နဲ့ဘဲကြည့်နေကြတာဆိုတော့ Facebook က ပြောင်းနေတဲ့ဟာတွေကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် သတိမထားမိလိုက်ဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm

    Lookalike audience ကို ဘယ်လိုတည်ဆောက်ရမလဲ?

    Play Episode Listen Later Mar 12, 2023 3:22


    Q: lookalike audience နဲ့ ပတ်သတ်ပြီး မေးချင်လို့ပါ ဥပမာ ၃ရက်နေ့ကနေ စပြီး ကိုယ့်ရဲ့ page ကို engagement လုပ်တဲ့ audience တွေက (၁)ရက်နေ့မှာ ဆောက်ခဲ့တဲ့ lookalike audience မှာ auto သွား update ဖြစ်လားဗျာ၊ ဒါမှမဟုတ် (၃)ရက်နေ့နောက်ပိုင်း lookalike လိုချင်ရင် သပ်သပ်ပြန်ဆောက် ရလားဗျာ A: ဒီမှာမေးထားတဲ့ မေးခွန်းအရ ၁ရက်နေ့မှာဆောက်ထားတာကို ၃ရက်နေ့မှာဆိုရင် ၂ရက်နေ့ကဟာပါမှာလားလို့ မေးတာလို့တော့မြင်တယ် ၃ရက်နေ့မှာ ၂ရက်နေ့ data ကိုသွားပြီး update လုပ်ဖြစ်မှာလား ဖြစ်တယ် အဲ့တာဖြစ်တယ် အခုဒီမှာမေးထားတဲ့ မေးခွန်းက အဲ့တာဟုတ်တယ်၊ ၁ရက်နေ့မှာ ဆောက်ထားတဲ့ဟာနဲ့ lookalike ကသူ့ဘာသူ သပ်သပ်ရှိပြီးသား ဥပမာလွန်ခဲ့တဲ့ ၃လဟာကိုလိုချင်တယ်ဆိုရင် လွန်ခဲ့တဲ့ ၃လဟာဘဲယူလိုက်တာလေ update ဖြစ်တယ်ဆိုတာ lookalike audience က custom audience မှာသွားပြီးတော့ ကစားတာ custom audience က lookalike audience ကိုယူတာ အဲ့တာ update ဖြစ်တယ် customer audience update ဖြစ်တယ်ဆိုရင် lookalike audience လည်း update ဖြစ်တယ် အခုကမေးတာ lookalike ဘဲမေးတာ lookalike က custom audience အပေါ်ကနေယူရတာဖြစ်တဲ့အတွက် ကြောင့် custom audience အပေါ်မှာ update ဖြစ်နေတယ် ကာလပတ်လုံးမှာ lookalike သည်လည်း update ဖြစ်နေတယ်။ (၃)ရက်နေ့နောက်ပိုင်း lookalike လိုချင်ရင် သပ်သပ်ပြန်ဆောက် စရာမလိုဘူးပေါ့လေ တစ်ခုရှိတာက ကျွန်တော်တို့က ဘာကိုပြောချင်လဲဆိုတော့ ရက် ၃၀ ရက် ၆၀ ရက် ၉၀ ရက် ၃၆၅ ရက်အထိ ရနိုင်တယ်ကျွန်တော်တို့က moving running average ဖြစ်သွားတာပေါ့ running calculation ဖြစ်သွားတာပေါ့ ဆိုလိုချင်တာက ၁ရက်နေ့ အောက်တိုဘာကနေ ဒီဇင်ဘာ ၃၁ရက်နေ့အထိ ကို ဇန်နဝါရီ(၁)ရက်နေ့မှာ ဆောက်လို့ရတယ်ဆိုပေမဲ့ ဇန်နဝါရီ ၁၂ ရက်ဖြစ်သွားတယ်ဆိုရင် သူ့ရဲ့ calculation ပုံစံက အောက်တိုဘာ ၁၂ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ရက်နေ့ကို ဒီလိုရွေ့သွားတာ အဲ့ထဲမှာရှိနေတဲ့ custom audience ရဲ့ lookalike ကို သူကပြန်ပြီးတော့ယူထားတာ ဖြစ်တဲ့အတွက် running calculation ဖြစ်တယ်။ အဲ့အချိန်မှာ ကိုယ်က အရင်တုန်းက ထားပါတော့ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်နေ့အထိ lookalike ကိုပြန်ရမှာ မဟုတ်ဘူး။ လိုချင်ရင်တော့ ၃လမလုပ်ဘဲ ၄လ လုပ်ရင်လုပ် ၅လ လုပ်ရင်လုပ် ၆လ လုပ်ရင်လုပ်ဒါပေမဲ့ လူတွေရဲ့သဘောက ကြာလို့ရှိရင် မေ့တတ်တဲ့အကျင့်ရှိတာဆိုတော့ ၆လကြာသွားတယ် အဲ့ brand ကြီးက ပြန်ပေါ်လာပြီးတော့ ဒါလေးဝယ်အုန်းမလားဆိုတဲ့အချိန်မှာ find out ဖြစ်သွားတာမျိုးလည်းရှိတယ် ကျွန်တော်တို့ရဲ့ engagement အနီးဆုံးဟာက ဝယ်ဖို့ intention အများဆုံးဖြစ်နိုင်တဲ့ အလျောက်ကတော့ ကျွန်တော်တို့က 30 days 90 days လောက်ကိုဘဲ target ထားတာပိုပြီးများတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Lookalike audience အကြောင်း (Ko Alex နဲ့ Ko Thant Htet Aung ဆွေးနွေး)

    Play Episode Listen Later Mar 11, 2023 4:18


    Q: lookalike audience နဲ့ ပတ်သတ်ပြီး မေးချင်လို့ပါ ဥပမာ ၃ရက်နေ့ကနေ စပြီး ကိုယ့်ရဲ့ page ကို engagement လုပ်တဲ့ audience တွေက (၁)ရက်နေ့မှာ ဆောက်ခဲ့တဲ့ lookalike audience မှာ auto သွား update ဖြစ်လားဗျာ၊ ဒါမှမဟုတ် (၃)ရက်နေ့နောက်ပိုင်း lookalike လိုချင်ရင် သပ်သပ်ပြန်ဆောက် ရလားဗျာ A: ပြန်ဆောက်ရမှာပေါ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၁ရက်နေ့တုန်းက ဆောက်ခဲ့တဲ့ အချိန်မှာ အဲ့နေ့မှာ ဆောက်ခဲ့တဲ့လူတွေအထိဘဲပါအုန်းမှာပေါ့။ သူ့ဘာသူတော့ auto update မဖြစ်ဘူး သိသလောက်က အရင်လ previous ဘယ်နှစ်ရက် ဆိုတဲ့ဟာမျိုးကို ထည့်ရတယ် last day last day အများဆုံး တစ်နှစ်စာအထိပေးတယ် အဲ့နေ့က နေပြီး last ဘယ်နှစ်ရက်ထိ ဆိုတဲ့ဟာမျိုး ကျွန်တော်ပြောချင်တာက ၁ရက်နေ့မှာ ဆောက်ခဲ့တဲ့ audience ကို ၃ရက်နေ့မှာ ဆောက်ခဲ့တဲ့ audience မပါဘူးလေ ဒီမှာက ၃ရက်နေ့ကဆောက်ခဲ့တဲ့ engagement audience တွေက ၃ရက်နေ့မှာ ဆောက်ခဲ့တဲ့ lookalike audience active ဖြစ်သွားလားဆိုတော့ ဒီလိုမျိုးမြင်တာကွာ ငါပြောပြ မယ် ၁ရက်နေ့မှာ lookalike audience သွားဆောက်တယ် customer တွေကဆောက် လိုက် တယ် lookalike audience သည် customer audience ပေါ်မှာအခြေခံတာ audience audience က last ဘယ်နှစ်ရက် ဆိုတဲ့ ရက်နဲ့ဘဲ သက်ဆိုင်တာ ၁ရက်နေ့မှာ ဆောက် တယ်ဆို last 19 day ဆိုရင် လွန်ခဲ့တဲ့ ၃လ ဥပမာ ဇန်န၀ါရီလ ၁ရက် ဆိုလို့ရှိရင် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ၊ အောက်တိုဘာ (၁)ရက်နေ့ကနေ ဒီဇင်ဘာ (၃၁)ရက်နေ့ အထိ ဇန်နဝါရီ(၁)ရက်နေ့မှာအကျုံးဝင်တယ်၊ အဲ့ဒီဟာသည် ၃ရက်နေ့ ရောက်သွားတဲ့ အချိန်မှ ာနားလည် သလောက်က အောက်တိုဘာ ၁ရက်နေ့မှာ မဟုတ်တော့ဘဲ ၃၁ ရက်နေ့မှာစပြီးတော့ ဇန်နဝါရီလ ၃ရက်နေ့ အထိကို ပြန်ပြီးတော့ update လုပ်တာ။ ဟုတ်တယ်။ ဒါပေမဲ့ ပထမတစ်ခါ ဆောက်ထားတဲ့ audience ထဲမှာ auto တော့ သွားမပေါင်းဘူး။ ဥပမာ ပေါင်းတယ်ဆိုတာ ၃ရက်နေ့မှာ စထားတဲ့ audience မှာတော့ အရှေ့က ရက်တွေအကုန်ပါမယ်လေ 365 နဲ့ဘဲ ဆောက်ဆောက် 90 နဲ့ဘဲ ဆောက်ဆောက် ၁ရက်နေ့မှာဆောက်ထားတဲ့ audienceက သူကအနောက်ကဟာကို ဆောက်ထားတာကို ဖြစ်တဲ့အတွက် ၁ရက်နေ့အရှေ့က ၂ရက်နေ့တို့ ၃ရက်နေ့တို့ကဟာတွေမပါဘူးလေ၊ running calculation လုပ်တာလား ဥပမာ ငါထင်ထားတဲ့ပုံစံမျိုးက ဥပမာ ၃လ ဆိုရင် ရက်၉၀ ဆိုလိုရှိရင် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ အောက်တိုဘာ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဆိုတဲ့ ဟာကြီးရှိတယ် ရက်ရွှေ့သွားတာနဲ့အမျှ ဒီလိုမျိုးရွေ့ သွားတာလားပေါ့။ ရက်ရွှေ့သွားတယ်ဆိုတာ အောက်တိုဘာ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ရက် အထိ က ၁ရက်နေ့မှာဆောက်ထားတဲ့ဟာ ဒါပေမဲ့ ၁ရက်နေ့ကနေ ၅ရက်နေ့ ဖြစ်သွား တယ်ဆိုလို့ရှိရင် အဲ့ဒေတာက ရွေ့သွားပြီး အောက်တိုဘာ ၅ရက်နေ့ကနေ ဇန်နဝါရီ ၅ရက်နေ့အထိ ဖြစ်သွားမှာလား ဖြစ်သွားမှာလေ ဥပမာ ကျွန်တော်တို့ ဆောက်တဲ့ဟာက ဇန်နဝါရီ ၁ရက်နေ့ကနေ 365 day ယူပြီးတော့ ဆောက်ထားတယ်ဆိုလို့ရှိရင် ၂၀၂၂ တစ်နှစ်လုံးပါမယ်ထားပါတော့ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၄ အစမှာ ဆောက်လိုက်လို့ ရှိရင် 365 day ထဲမှာမှ ၂၀၂၃ ဟာဘဲပါမှာ ၂၀၂၂ ဟာတွေမပါတော့ဘူးလေ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Content Writing ကို Competitor တွေရေးတာနဲ့မတူအောင် ဘယ်လိုရေးသင့်လဲ?

    Play Episode Listen Later Mar 8, 2023 0:50


    Q: Competitors တွေရေးတာကို ကြည့်ပြီး ဘယ်လိုကွဲထွက်အောင် လုပ်သင့်လဲ အကြံပေးပါဦးဗျ။ ဟိုးအရင့် အရင်က live တွေမှာတော့ အကို ပြောခဲ့ တယ်၊ compilator တွေရဲ့ content တွေကို အုပ်စုတွေခွဲပြီး လုပ်တာလိုမျိုးလေ။ အဲ့တာလေးပြန်ရှာမတွေ့ တော့လို့ပါ။ ဖြေပေးပါဦး ကို Alex A: အခြားသော compilator တွေရဲ့ content တွေအုပ်စုခွဲတဲ့အခါမှာ ခုနကပြော သလို topic ခွဲတာပါ၊ 7 P နဲ့ ခွဲလေ့ရှိတယ်၊ ဒါမှမဟုတ် product နဲ့ခွဲလေ့ရှိတယ်၊ ခုနကပြောတဲ့ culture relevant နဲ့ခွဲလေ့ရှိပါတယ်၊ အသေးစိတ်ပြန်ကြည့်ချင်တယ်ဆိုရင် ကျွန်တော့်ရဲ့youtube link လည်းရှိ တယ်ပြီးရင် ကျွန်တော်ရဲ့ tiktok link လည်းရှိပါတယ်။ tiktok မှာလည်း Alex khine ဆိုပြီးရှာရင် တွေ့လာ နိုင်ပါတယ်။ သွားကြည့်ကြည့်ပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Content Writing Skill ပိုကောင်းလာအောင် ဘယ်လိုလေ့ကျင့်ပြီး ဘယ်လိုတွေ research လုပ်ရမလဲ?

    Play Episode Listen Later Mar 7, 2023 5:37


    Q: Content writer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ content writing skill ပိုကောင်းလာအောင် ဘယ်လိုတွေ လေ့ကျင့်သင့်လဲ၊ ဘယ်လိုတွေ research လုပ်သင့်လဲ အကို၊ A: ကျွန်တော်ရဲ့ youtube နဲ့ tiktok channel တွေမှာ post by post လေး video question by question လည်း ပြန်ပြီးတော့ ခွဲပေးလေ့ရှိပါတယ် ကျွန်တော်ရဲ့ အဲ့၂ခုကို သွားပြီးတော့ ကြည့်လို့ရတယ်ပေါ့။ ကျွန်တော် link လေးပေးပါမယ်၊ အဲ့ link လေးမှာသွားပြီးတော့ ကျွန်တော်အရင်တုန်းကဖြေခဲ့တဲ့ မေးခွန်းတွေကိုကြည့်ချင်တယ် ဆိုလို့ရှိရင် အဲ့မှာသွားပြီးကြည့်လို့ရပါတယ်၊ ကျွန်တော် link လေး တစ်ချက် ချပေးချင်လို့၊ ဒါက youtube channel ပါ youtube ကနေကြည့်နေတဲ့သူတွေ ရှိနေတာပေါ့ အဲ့တာ ကျွန်တော်ရဲ့ youtube channel ပါ၊ youtube ထဲမှာလည်း ကျွန်တော်တို့က ဘယ်လိုလုပ်ပေးလဲဆိုတော့ တစ်ချက်လေး screen share ပေးပါ့မယ်၊ youtube channel ရဲ့ပုံစံလေးတွေပေါ့လေ၊ အဲ့တာ ကျွန်တော်တို့ video အောက်ထဲမှာ တစ်ခုချင်းစီ video အသေးတွေ တစ်ခုချင်းစီကိုပြန်ပြီးခွဲပေးပါတယ်။ ကျွန်တော်ရဲ့ ကူပေးနေတဲ့ volunteer ညီမ Myat Wuit Yee ကိုကျေးဇူးအများကြီးတင်ပါတယ်၊ သူလုပ်ပေးလို့ပါ ဒီဟာတွေအကုန်က အဲ့တော့ တစ်ခုချင်းစီအတွက်ကိုပြန်ပြီးတော့ ခွဲပေးထားတဲ့ပုံစံမျိုးလေးတွေပါ၊ ပြီးတော့ ကျွန်တော်ဒီဟာကို ပြန်ပြီးတော့ စာအုပ်ထုတ်မယ်ပေါ့၊ စာအုပ်လည်းရေးပြီးသလောက်တော့ ဖြစ်နေပါပြီ။ အဲ့ဟာလည်းထပ်ပြီးတော့ ကြော်ငြာဝင်တာပါ။ ဘယ်လိုမျိုး content writing skill ပိုကောင်းလာအောင် လေ့ကျင့်သင့်လဲ၊ research လုပ်သင့်လဲဆိုတော့ ကျွန်တော်တို့က ဘာလုပ်လဲဆို တော့ ကျွန်တော်တို့က content writing skill ကတော့လေ စကားလုံးတွေ ဝေါဟာရတွေကို လိုက်ဖတ်တယ် အဲ့ဒီတော့ ဝေါဟာရကတော့ content writer တစ်ယောက်မှာရှိသင့်တယ်၊ ဝေါဟာရသည် very base line, very foundational thing ပါ။ အဲ့ဟာရဲ့ next level မှာဘာရှိလဲဆိုတော့ story telling approach ကိုဘယ်လောက်ထိ လုပ်နိုင်မှာလဲဆိုတဲ့ ဟာမျိုးလေးရှိတယ်၊ content writing skill မှာ frame work တွေရှိတယ်၊ ဥပမာ Pain, Agitate, Solution ဆိုတဲ့ PAS frame work ရှိတယ်၊ AIDA ဆိုတဲ့ content writing frame work ရှိတယ်၊ စတဲ့ဟာတွေပေါ့ ကျွန်တော်က အဲ့ဟာကို သိပ်မကြည့်ဘူး ဘာကို ဦးစားပေးပြီးလုပ်လဲဆိုတော့ ကျွန်တော်တစ်ဦးထဲပြောတာနော် နောက်တစ်ခု ကျွန်တော်သည်လည်း content creative မဟုတ်ဘူး။ အဲ့တော့ တစ်ဦးတစ်ယောက်အတွက်က ကျွန်တော်က ဘာကိုကြည့်တာများလဲဆိုတော့ big idea ဒီ topic ကိုအရင်ဆုံး လိုက်ရှာတာ topicကို ဒီ ပစ္စည်းတစ်ခု ဒီ brand တစ်ခုအတွက် ရေးတော့မယ်ဆိုလို့ရှိရင် အဲ့ Audiences ကစိတ်ဝင်စားနေတာဘာရှိလဲ အဲ့တာလိုက်ကြည့်တယ် အဲ့တာကိုသိပြီးရင်က လူတွေရဲ့ culture relevant ဒီအချိန်မှာလူတွေစိတ်ဝင်စားနေတာဘာလဲဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ရဲ့ functional relevant ကျွန်တော်တို့ ဘယ်လိုမျိုး unit selling point တွေ ရောင်းချင်တဲ့ brand တစ်ခုဘဲပေးနိုင်တဲ့ feature တွေအကုန်လုံး အဲ့ဟာကိုရောပြီးတော့ရေးပါတယ်၊ ထားပါတော့ ဥပမာ နှစ်သစ်ဆိုတဲ့ဟာမှာ Gym တွေ အနေနဲ့ new year new you လို့ရေးလို့ရတယ်ဆိုပေမဲ့ ထားပါတော့ အစားအသောက် brand တွေဆိုရင် new year new you လို့ ရေးဖို့ခက်တယ် new year new you လို့မရေးဘဲ အစားအသောက် brand တစ်ခုက နှစ်သစ် သည်ဘယ်လိုမျိုး အဓိပ္ပာယ်ဖော်ဆောင်နေတာလဲ အဓိပ္ပာယ်ရှိနေတာလဲဆိုတဲ့ပုံစံမျိုး celebration တစ်ခုအနေနဲ့ သွားမယ် စတဲ့ customer centric approach ကို ဦးစားပေးပြီးလုပ်မယ်၊ အဲ့ဟာတွေအကုန်လုံးကို ကျွန်တော်တို့က content မှာရေးကြည့်တာ၊ ရေးကြည့်တယ်၊ ချုံ့ကြည့်တယ်၊ ပိုပြီး excited ဖြစ်စေတဲ့ approach တွေနဲ့ ရေးကြည့်မှာလား၊ story telling approach နဲ့ ရေးကြည့်မှာလား၊ ဘယ်လိုမျိုး emotion မျိုးပေးမှာလဲဆိုတဲ့ ပုံစံမျိုးကို အမျိုးမျိုးခွဲပြီးတော့ ပုံစံအမျိုးမျိုးနဲ့ content topic တစ်ခုထဲကို ပုံစံအမျိုးမျိုးနဲ့ရေးကြည့်တယ် အဲ့ပေါ်မှာမှ ဘယ်ဟာသည် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ သုံးသပ်ပြီးတဲ့အချိန်ကျတော့မှဘဲ post တွေတင်တာများပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Summarize)

    Play Episode Listen Later Mar 5, 2023 2:13


    Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Summarize) A: ကျွန်တော်မြင်တာ များများစားစားတော့မရှိဘူး ဒါပေမဲ့ အဲ့၂ခုပြီးသွားပြီဆိုလို့ရှိရင် ကိုယ့်ရဲ့ platform ကလူတွေအနေနဲ့ ဘာကြောင့်ဘယ်လိုသုံးနေလဲဆိုတဲ့ ဟာမျိုးတော့ သိသင့်တယ်လို့တော့မြင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ Media Buyer တွေတော်တော်များများက ဘာကိုဘဲ ဦးစားပေးကြည့်ကြလဲဆို တော့ very technical သိတယ်မလား? media planner တွေ media buyer တွေအကုန်လုံးက number game ကို ကစားကြတာ များတယ်။ ဥပမာကျွန်တော်တို့ရဲ့ Facebook မှာ boost လုပ်မယ်ဆိုလို့ရှိရင် boost လုပ်ပြီးတော့မှ အဲ့ဒီဟာကို automize လုပ်ကြတယ်။ အဲ့အခါကျရင် ကျွန်တော်တို့ရဲ့ cost per result တွေကျလာတယ်၊ တက်သွား တယ်၊ပြီးရင် ကျွန်တော်တို့က Media Buyer တွေကို media planner တွေကိုဘာကိုပါနားလည်စေချင် လဲဆိုတော့ကျတော့ content marketing ကိုပါ နားလည်စေချင်တာပေါ့ အဲ့တာမှဘဲ content က ကိုယ် target ထားတဲ့သူက စိတ်ဝင်စားနိုင်၏ မစားနိုင်၏ ပြီးရင် ကိုယ်အရင်တုန်းက boost ခဲ့တဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လိုမျိုး content မျိုးတွေက လူတွေပိုပြီးတော့ စိတ်ဝင်စားနိုင်မှာလဲ ဘယ်လိုမျိုး content မျိုးတွေက cost per result ကျနိုင်မှာလဲ ဆိုတဲ့ ပုံစံမျိုး historical data တွေရှိတယ် performance marketing ဘက်ကနေပြီးတော့မှ insert တွေရှိတယ်ဆိုရင်က ဒါသည်ကျွန်တော်တို့က နောက်ပိုင်း future မှာ content and creative team ဘက်ကနေ အလုပ်လုပ်မယ်ဆိုရင် ပြီးတော့ ကိုယ့်ရဲ့ ရောက်ချင်တဲ့ target မြင်ချင်တဲ့ contentတွေကို စျေးနှုန်းသက်သက်သာသာနဲ့ မြင်ရဖို့အတွက် ပိုပြီးတော့ ဖြစ်နိုင်ပါလိမ့်မယ်။ နည်းနည်းလေး summarize လုပ်ပေးတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Objective)

    Play Episode Listen Later Mar 4, 2023 0:57


    Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Objective) A: ကိုယ့်ရဲ့ objective ကို သိရမယ် ခုနကပြောသလိုဘာနဲ့တိုင်းမှာလဲ reach နဲ့တိုင်းမှာလား၊ digital စကားနဲ့ပြောမယ်ဆို reach နဲ့တိုင်းမှာလား၊ engagement နဲ့တိုင်းမှာလား၊ message နဲ့ ပြန်တိုင်းမှာလား စတဲ့ဟာတွေရှိတယ်၊ ကျွန်တော်တို့ online မှာဆိုရင်လည်း commercial၊ MRTV4 တို့ Skynet တို့ဘာတို့ညာတို့ commercial ထည့်တယ်ဆိုလို့ရှိရင် အဲ့ဒီ channel အဲ့ဒီဟာရဲ့ rating ကဘယ်လောက်ရှိလဲ၊ ဘယ်လောက်ကြည့်နေလဲ ဆိုတဲ့ data တွေရှိမယ် ကိုယ့်ရဲ့ objective ရအောင် ဘာလုပ်ချင်ဟာမျိုးတော့ ကိုယ့်အနေနဲ့ သိဖို့လိုတယ်။ အဲ့ဟာ ဒုတိယအချက်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Target Audiences)

    Play Episode Listen Later Mar 3, 2023 0:45


    Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Target Audiences) A: ကျွန်တော်မြင်တာ ကတော့ summarize လုပ်ပြရရင် (၃)ခုပေါ့နော် ကိုယ့်ရဲ့ target Audiences ကိုသိရမယ်၊ ဒါမှ digital မှာဆိုလို့ ရှိရင် onlineမှာဆိုလို့ရှိရင် ဘယ်ကို target ထားကြမလဲ အသက်အရွယ်တွေဘာတွေ ‌ရွေးပြီးတော့မှ ဘယ်လို့ interest တွေကိုမူတည်ပြီးတော့မှ ဘာတွေလုပ်ကြမယ် ညာတွေလုပ်ကြမယ်၊ ကိုယ့်ရဲ့ target Audiences ကမဖြစ်မနေသိကိုသိရမယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    audiences media buying target audiences
    Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Thant Htet Aung အမြင်)

    Play Episode Listen Later Mar 2, 2023 2:10


    Q: Media Buying လုပ်ဖို့အတွက်ကျ ဘယ်လိုမျိုးအချက်အလက်တွေလိုအပ်တာပါလဲဗျ အခုမှ လေ့လာနေ တုန်းမို့လို့ပါဗျ။ (Ko Thant Htet Aung အမြင်) A: ဘယ်လိုမျိုးအချက်အလက်တွေ လိုတာလဲဆိုတော့ ပထမဆုံးက Media Buying လုပ်မယ်ဆိုရင် အဲ့တာက ဘာကြီးလဲဆိုတာသိရမှာပေါ့ media ပိုင်းဆိုတာ ဘယ်ဟာလဲ Media Buying ဆိုတာ တစ်ကယ်တော့ Facebook ပေါ်မှာ boost လုပ်တဲ့ဟာ တစ်ခုထဲကို ခေါ်တာမဟုတ်ဘူး၊ ကျွန်တော်တို့ တခြား channel တွေမှာ brand အတွက် နေရာယူဖို့အတွက် ကျန်တဲ့သူတွေ ပိုပြီးတော့မြင်ရဖို့အတွက် ကျွန်တော်တို့ နေရာယူထားတဲ့ ပိုက်ဆံပေးထားတဲ့ နေရာတွေအကုန်လုံး အတွက်ကိုပါ Media Buying စုံတာပေါ့နော်၊ ကျွန်တော်တို့ ပြောရမယ်ဆိုရင် online နဲ့ offline နဲ့လည်းကွဲတယ်ပေါ့လေ Media Buying မှာအကုန်ပါ တယ် online ရော offline ရော offline ဆိုရင်ဗျာ billboard တို့ဘာတို့ရှိမယ်ဗျာ၊ ပြီးလို့ရှိရင် TV channel တွေမှာ လုပ်တဲ့ဟာလည်း Media Buying ဘဲဗျ၊ ကျွန်တော်တို့ digital platform တွေမှာ run တဲ့ဟာလည်း Media Buying ဘဲပေါ့၊ ကျွန်တော်တို့ ပထမဦးဆုံးက ဘယ် platform ဘဲဖြစ်ဖြစ် သူတို့တိုင်းတဲ့ matrix တွေကရှိတယ်။ digital မှာဆိုလို့ရှိရင် offline ကတော့ footfall တို့ billboard တို့ဘာတို့ဆိုရင် trafficတို့ Footfall တို့နဲ့တိုင်းတယ်၊ supermarket တို့ဘာလို့ရှိရင် Footfallတွေဘာတွေနဲ့ တိုင်းတယ်။ ကျွန်တော် တို့ digital မှာဆိုလို့ရှိရင် သိထားရမယ့် ဂဏန်းတွေရှိတယ်ပေါ့နော် ဥပမာ reach ကဘာကိုပြောချင်တာလဲ။ impression က ဘာကိုပြောချင်တာလဲ။ link click ကဘာကိုပြောချင်တာလဲ၊ ဥပမာ engagement ဆို ရင် engagement အောက်မှာဘာတွေရှိနေရမလဲ အဲ့ဒီဟာတွေကို အရင်ဆုံးတော့ ကိုယ်က အရင်သိ အောင် လုပ်ရမှာပေါ့ လုပ်ပြီးသွားတော့မှ နောက်တစ်ခုကကျတော့ marketing funnel နဲ့ ပြန်ချိတ်ပြီးတော့မှ ဘယ်နေရာမျိုးမှာ ဘယ်လိုမျိုး objective နဲ့သွားမယ်ဆိုတဲ့ဟာမျိုးပြောရမှာပေါ့လေ။ #marketing #digitalmarketing #market #career #askalex #askalexmm

    tv media buying aung footfall thant
    Corporate တွေအတွက် အကိုသင်တဲ့ Private Class ရှိလား?

    Play Episode Listen Later Mar 1, 2023 0:44


    Q: Private class လေးရှိရင် လုပ်ပေးပါအုန်းနော် ရုံးအတွက် အတန်းပေးရမှာပါရှင့် A: level up ကနေပြီးတော့ corporate တွေအတွက် Consulting တွေ corporate training တွေ အဲ့တာတွေ ကျွန်တော်ပေးနေတာရှိတယ် သိချင်တယ် ဆိုလို့ရှိရင် agency page မှာ သွားပြီးတော့ မေးလို့ရတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Campaign run တဲ့အခါ Get more message ရအောင် ဘယ်လို run ရမလဲ?

    Play Episode Listen Later Feb 28, 2023 2:59


    Q: campaign မှာ ad run တာ အရင်က post တစ်ခုကို boost ပြီး get more message ရပြီး ခုကျ engagement ပဲရတော့တယ်၊ campaign မှာ post တစ်ခုရဲ့ get more message ရအောင် ဘယ်လိုrun ရမလဲ သိချင်ပါတယ် A: အရင်တုန်းက campaign message နဲ့ boost ပြီးသားနဲ့တူတယ်၊ campaign မှာ ads run တဲ့ အရင်က ads တစ်ခုကို run တဲ့ boost ပြီးတော့ get more message ရတယ် အခုကျတော့ engagement ပဲရတော့တယ် ကျွန်တော်ထင်တာကတော့ objective များမှားနေလို့လားပေါ့ ကျွန်တော် screen share ပေးမယ် ကျွန်တော်တို့ အရှေ့မှာ UI ပြောင်းသွားတဲ့ဟာတော့ အကုန်လုံးသိမယ်နဲ့တူတယ် အကုန်လုံးတော်တော်များများ ဒီလို UI နဲ့ ဖြစ်သွားပြီ အရင်တုန်းက run နေကျ UI မဟုတ်တော့ဘူး အရင်တုန်းက message ဆိုပြီးတော့ ရှိတဲ့ဟာက မရှိတော့ဘူး အရင်တုန်းက get message တို့ရနေတဲ့ဟာတွေ send message လို့ပေါ်ပြီး run နေတဲ့ဟာတွေအကုန်လုံးက engagement အောက်ထဲရောက်သွားတဲ့ အချိန်မှာ နေရာ conversion location ဆိုပြီးရှိတယ် ကျွန်တော်တို့က နေရာပြန်ပြီး‌ ရွေးပေးရတာပေါ့ on your ad ရွေးထားလို့ရှိရင် ကျွန်တော်တို့က video view တို့ post ရဲ့ engagement တို့ ပြီးရင် event ရဲ့ event ဆိုတာ ဘယ်နေ့မှ ပွဲလုပ်မယ် လာမလား မလာဘူးလား ဆိုတဲ့ဟာက event respond က ဒီအောက်ထဲရောက်သွားမှာ ကျွန်တော်တို့ ပြန်ရွေးပေးရမှာ အရင်ကလိုမျိုး message နဲ့ run ချင်တယ်ဆိုရင် ဒီက messaging Apps ကို‌ရွေးပေးရတယ် ‌အောက်မှာ click to message ဆိုတဲ့ဟာလေးရှိတယ် အဲ့ဟာ အရင်တုန်းက အတိုင်းဘဲဖြစ်လိမ့်မယ်၊ အဲ့အချိန် အနောက်မှာ Ads ကိုသွားရွေးတယ်ဆိုလို့ရှိရင် မဖြစ်မနေ call to action မှာ send message ထည့်ကို ထည့်ခိုင်းတယ် အဲ့တော့ ဒီနေရာလေးမှာတော့ ရွေးရတာပေါ့ ဒုတိယတစ်ခု engagement ပဲရတော့တယ် ဆိုတဲ့ဟာကကျ ဒီနေရာမှာ မပြောင်းမိဘဲနဲ့ on your ad ထဲကနေပြီးတော့ post engagement ဖြစ်တဲ့ ဟာကို ဒီဟာကို မပြောင်းမိဘဲနဲ့ run လိုက်မိလို့လားပေါ့၊ ဒီဟာ run လိုက်မိရင်တော့ ကျွန်တော်တို့ ထွက် လာတဲ့ result တွေကတော့ engagement တွေဘဲထွက်လာမှာပေါ့လေ ကျွန်တော်တို့ message နဲ့ လိုချင်ရင် အပေါ်က messaging Apps လေးကိုရွေးပြီး run ရမှာပေါ့နော်၊ အဲ့တာဆို နားလည်ဖို့မျှော်လင့် ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Engagement မရတဲ့ Page တစ်ခုကို ဘယ်လိုပုံစံနဲ့ ဆက် run ရမလဲ?

    Play Episode Listen Later Feb 27, 2023 3:34


    Q: Boosting Budget တွေသုံးသင့်သလောက်လည်းသုံး၊ အမျိုးမျိုးသော content idea တွေနဲ့လည်းတင်ပေမဲ့ ဘယ်လိုမှ engagement မရတဲ့ page တစ်ခုကို ဘယ်လိုလုပ်ရမလဲရှင့် ၊ သူတို့ကဘဲ ကိုယ့် product ကိုနားမလည်တာလား interested မဖြစ်လို့လား ဘယ်လိုပုံစံနဲ့ ဆက်သွားရမလဲ ဖြေပေးပါအုံးရှင့်။ A: သုံးသင့်သလောက်သုံးတယ်ဆိုတာ ဘယ်လောက် သုံးတယ်ဆိုတဲ့ဟာ မူတည်တာပေါ့ boost တယ်ဆိုရင်တော့ အနည်းဆုံးတော့ တစ်ဒေါ်လာဖိုး boost တယ်ဆိုရင်တောင်မှ ဆယ်ဂဏန်းလောက်တော့ ရတယ်ဟုတ်၊ engagement နဲ့ ဒီမှာဆိုရင်တော့ 1K လောက် ရတယ်။ အဲ့တော့ ဘယ်လိုမြင်လဲ? ကိုသန့်ထိုက်အောင်− engagement မရဘူးဆိုတဲ့ဟာကိုမှ comment မရတာကို ပြောချင်တာလား။ Engagement တွေကတော့ အခု 1K ဆိုလို့ရှိရင် engagement တွေချည်းဘဲပေါ့လေ။ Ko Alex - ကျွန်တော်မြင်တာကတော့ very much content နဲ့ဆိုင်တဲ့ဟာတွေ ဘာလို့လဲဆိုတော့ buying က ပြချင်တဲ့ သူဆီကို အဲ့ content ရောက်သွားတယ်ဆိုရင် buying က တာဝန်ကျေသွားပြီ၊ အဲ့တော့ objective က အကယ်လို့သာ engagement လိုချင်တယ် comment လိုချင်တယ် ဆိုလို့ရှိရင် အဲ့ဒီ content ထဲမှာ call to action ပုံစံမျိုးတွေ၊ ပြီးလို့ရှိရင် အဲ့ဒီ content ရဲ့ story telling approach တွေကတော့ အများကြီးပါသင့်တယ်လို့ထင်တယ် အခုဟာတော့ အဲ့ page ကိုကြည့်ကြည့်တာတော့ ကျွန်တော်တို့သတိထားမိတာ နံပတ်(၁) ရေးထားတဲ့ အရေး အသား content ထက်စာလို့ရှိရင် content တွေ topic တွေက နည်းနည်းရှုပ်တယ် ဆိုတော့ အဲ့ဟာတွေသည် customer စိတ်ဝင်စားတဲ့ဟာမျိုးဖြစ်နိုင်လားဆိုတဲ့ဟာမျိုး အရင်ကြည့်စေချင်ပါတယ်၊ ဒုတိယအချက်ကကျတော့ စာအရှည်ကြီးကို အပေါ်မှာရေးတာထက်စာလို့ရှိရင် ကျွန်တော် page မှ ကျွန်တော်ဘာနဲ့ရေးလေ့ရှိလဲဆို ကျွန်တော် ပုံတွေနဲ့ခွဲချလိုက်ပြီးတော့မှ ပုံ(၁)မှာ ဘာရှိတယ်၊ ပုံ (၂)မှာဘာရှိတယ်၊ ပုံ (၃)မှာ ဘာရှိတယ် သွားလိုက်တဲ့အချိန်မှာ နည်းနည်းလေးပိုပြီးတော့ ဖတ်ရတာ သက်တောင့်သက်သာရှိတာပေါ့၊ မဟုတ်ရင်ကစာအရှည်ကြီးရေးရတဲ့ဟာကို ဘယ်သူမှ မဖတ်ချင်ဘူးပေါ့၊ ကျွန်တော့ အနေနဲ့ မြင်တာက content marketing ကို အဓိက လုပ်စေချင်ပါတယ်။ content idea တွေအမျိုးမျိုးနဲ့ တင်တယ်ဆိုရင်တောင်မှ အလုပ်မဖြစ်ဘူးဆိုရင် ဘာကိုဆက်ပြီးအကြံပေးချင်လဲ ဆိုတော့ အလုပ်ဖြစ်တဲ့ page တွေကို သွားကြည့်ပြီးတော့မှဘဲ အလုပ်ဖြစ်တဲ့ page တွေရဲ့ ပုံစံမျိုးနဲ့ ၃၊၄၊၅၊ လလောက်ကို သွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။ ဒါမှမဟုတ်လဲ ကျွန်တော်တို့ဆီက ကူညီပေးလို့ရတယ် ဝင်ပြီးစျေးရောင်းတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    မြန်မာပြည်က အသေးစား အလတ်စား လုပ်ငန်းတွေအနေနဲ့ Facebook အပြင် ဘယ် platform တွေမှာ နေရာယူထားသင့်လဲ?

    Play Episode Listen Later Feb 26, 2023 1:50


    Q: မြန်မာပြည်က အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအနေနဲ့ social media marketing အတွက် fbအပြင် နောက်ထပ် နေရာယူထားသင့်တဲ့ platform ကဘာလည်းဆရာ A: Facebook အပြင်ဆိုရင်တော့ ကျွန်တော်တို့က customer ကို အရင်ဆုံးကြည့်စေချင်ပါတယ်။ ဘာလို့ ကြည့်စေချင်လဲဆိုတော့ ကိုယ့်ရဲ့ customer တွေထဲက ဘယ်လိုမျိုး target ကို ဘယ်လိုမျိုး customer base ကိုသွားမှာလဲပေါ့၊ ဥပမာ အိမ်မှာ Wi-fi ရှိတယ်ဆိုရင် လူတွေက YouTube ကိုသွားကြတယ် အခုနောက်ပိုင်းသတိထားမိတာ၊ အိမ်မှာ Wi-fi မရှိဘူးဆိုရင် နယ်က segment တွေဆို TikTok ကိုသွားကြတဲ့ ဟာတွေရှိတယ် ၊ အဲ့လိုမှ နည်းနည်းလေးပိုပြီးတော့ management level ရောက်သွားတယ်၊ C3 တို့ဘာတို့ target သွားတယ် ဥပမာ golf ရိုက်တဲ့ club တွေဘာတွေ ရောင်းမယ်ဆိုရင်က LinkedIn တို့ website တို့သွားတဲ့ဟာတွေရှိတာဆိုတော့ကျတော့ Facebook ကကျော်သွားတယ်ဆိုရင်တော့ အမျိုးမျိုးသော နေရာမျိုးတွေရောက်နိုင်တယ်၊ အဲ့အခါကျတော့ ကိုယ့်ရဲ့ customer တွေဘယ်လိုမျိုးနေရာမျိုးမှာ ရှိနေချင်လဲဆိုတာမျိုးလေးကို ဘာလုပ်စေချင်လဲဆိုတော့ research လေးလုပ်လိုက်ပါ။ ဥပမာဗျာ message မှာ chat လုပ်လိုက်ပေါ့ ကျွန်တော်တို့ customer အယောက် ၂၀၊ ၃၀ လောက်ကို ကျွန်တော်တို့ research လေးလုပ်ချင်လို့ပါ Facebook အပြင် အခြားသော ဘယ်လိုမျိုး promote platformတွေကို အသုံးအများဆုံး platformတွေ ၂ခုလောက်ဘဲ ပြောပြပေးပါဆိုရင် သူတို့ဘက်က ပြောပြပေးလေ့ရှိပါတယ်။ ကျွန်တော်ကို မေးတာထက်စာရင် ကိုယ့် customer တွေကို ပြန်မေးတာက အများကြီးအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Promotion post တွေကို boost သုံးရင် ထင်သလောက် sale ကမရတာ ဘာလို့လဲ?

    Play Episode Listen Later Feb 25, 2023 0:38


    Q: Promotion post တွေကို boost သုံးရင်လည်းထင်သလောက် sale ကမရဘူးဖြစ်နေလို့ပါ။ အကြံလေး ပေးပါအုံးခင်ဗျ။ A: အဲ့တော့ promotional post ကို boost ရင်ထင်သလောက် sale မရဘူးဆိုတော့ promotional post ကို boost မလုပ်ဘဲ့နဲ့ value post ကိုပဲ boost လုပ်ပြီးစျေးရောင်းပါတယ်။ အဲ့တာကပို effective ဖြစ်မယ်လို့ထင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    3D ပုံနဲ့ men underwear ပုံကို boost ထိုးရင် Facebook က ads ပိတ်လောက်လား?

    Play Episode Listen Later Feb 24, 2023 0:59


    Q: 3D ပုံနဲ့ men underwear ပုံကို boost ထိုးရင် Facebook က ads ပိတ်လောက်လားခင်ဗျ။ A: 3d ပုံနဲ့ men underwear ပုံကို boost တင်ရင် ads ပိတ်လောက်လားဆိုတော့ ကျွန်တော်တို့ရဲ့ cropping factor နဲ့ပဲမူတည်ပါလိမ့်မယ်။ cropping factor ဆိုတာ private park တွေနေရာမှာပဲ ကျွန်တော်တို့က crop လုပ်ထားတယ်ပေါ့နော်။ ကျွန်တော်တို့ underwear ဝတ်ထားတဲ့နေရာလေးကိုပဲ ပုံထဲမှာအကြီးကြီး ပြထားတယ်ဆိုရင်တော့ Facebook က ads ပိတ်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ တစ်ကိုယ်လုံးပြတယ် ဆိုရင်တော့ မပိတ်ပါဘူး။ ဒါက Facebook ads policy မှာရေးထားတဲ့ဟာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Product Service ကို စလုပ်တော့မယ်ဆိုရင် Ads ဘယ်လို run သင့်လဲ?

    Play Episode Listen Later Feb 22, 2023 2:10


    Q: product service ကိုစ run တော့မယ်ဆိုရင် ads ဘယ်လိုပစ်သင့်လဲဗျာ။ awareness 2 campaign, engagement 1 campaign, lead 1 campaign အာ့လိုမျိုးတစ်ပြိုင်နက်ပစ်သင့်လားဗျာ။ ဒါမှမဟုတ် awareness ကို ၂ ရက်အရင်ပစ်ပြီးမှ ကျန်တာဆက်ပစ်ရမှာလားဗျာ။ A: အရင်ဆုံးလူသိအောင်လုပ်ရပါတယ်။ သိပြီးမှပဲလူတွေကစဉ်းစားတာပါ။ စဉ်းစားပြီးတော့မှဝယ်တာဖြစ်တဲ့ အလျောက် ကျွန်တော်တို့ရဲ့ time line တွေအကုန်လုံးကလည်း အဲ့ပုံစံမျိုးနဲ့သွားသင့်ပါတယ်။ ဒါပေမဲ့ လူသိတယ်ဆိုတဲ့ဟာကလေ အဲ့ brand ကဘယ်လောက်လောက် legacy ရှိလဲပေါ့နော်။ ဥပမာဗျာ ကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်ခဲ့ဖူးတဲ့ ကျွန်တော့်အရင် consulting လုပ်ခဲ့ဖူးတဲ့ Giorando ဆိုလို့ရှိရင်က ကျွန်တော်ချာတိတ်ဘဝတည်းကရှိနေတာ။ နှစ်အစိတ်လားရှိနေပြီဆိုတော့ သူတို့ကတစ်ခါတည်း sale ကို run လို့ရတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အခုမှ Zara ဝင်လာမယ်ဆိုရင်က Zara သည်နိုင်ငံခြားရောက်ဖူးတဲ့သူနဲ့ နိုင်ငံခြားကို exposure ရှိတဲ့သူလောက်ပဲ Zara ကိုသိတာ။ အဲ့တော့အရင်ဆုံး branding campaign ကို run ရမှာ။ ကျွန်တော်တို့ရဲ့ commercial video တွေရိုက်ရမယ်။ KOL marketing တွေလုပ်ရမယ်။ ပြီးတော့မှ sale campaign ကိုလုပ်မယ်ဆိုရင်က ပိုပြီး effective ဖြစ်ပါတယ်။ ကျွန်တော်တို့ level up agency မှာလည်းသွားနေတာက ခုနကပြောတဲ့ brand ပေါ်မှာမူတည်ပြီးတော့မှ အဲ့ brand ကို လူဘယ်နှစ် ယောက်သိနေပြီလဲ။ ဘယ်နှစ်ယောက်က trust ဖြစ်နေပြီလဲဆိုတာမှာမူတည်ပြီးတော့မှ ကျွန်တော်တို့ရဲ့ campaign ကိုပြန်ပြီးတော့တည်ဆောက်ပါတယ်။ ဒါကကျွန်တော်တို့လုပ်နေတဲ့ပုံစံပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Career နဲ့ အလုပ်လုပ်တဲ့အခါ ဘယ်လိုနယ်ပယ်မျိုးတွေမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ?

    Play Episode Listen Later Feb 21, 2023 3:03


    Q: career နဲ့ဘယ်လိုလုပ်ငန်းတွေမှာ ရာထူးဘယ်နှစ်ခုလောက်လုပ်ခဲ့ရလဲသိချင်လို့ပါဗျ။ တကယ်အားကျ ရတဲ့ ပုဂ္ဂိုလ်မို့ပါ။ ဘယ်လိုနယ်ပယ်မျိုးတွေမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကျင်လည်ခဲ့ရလဲသိချင်ပါတယ် အစ်ကို။ A: ကျွန်တော်အရင်တုန်းက KFC မှာ marketing associate အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ Samsung မှာ digital marketing manager လည်းလုပ်ခဲ့ဖူးတယ်။ city mark group မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ ပြီးတော့ YOMA bank မှာ digital marketing head အနေနဲ့လုပ်ခဲ့ဖူးတယ်။ အခု Level up marketing group မှာကျွန်တော် founded လုပ်ပြီးတော့ chairman အနေနဲ့လုပ်နေတာပါ။ ပြီးတော့ဘယ်လိုခေါ်မလဲ Burmese stream တို့၊ Uncle တို့၊ ကနုတ် တို့ဆီကိုလည်း ကျွန်တော် SME တွေ အတွက်ကိုလည်း consulting အနေနဲ့လုပ်ပေးတယ်။ ပြီးတော့ဆရာကိုအောင်ချစ်ခင်ရဲ့ Strategy first က ဆင်းတာပါ။ proud strategy first ကျောင်းသားပါ။ ဆိုတော့ strategy first မှာလည်း digital marketing training ပြန်ပြီးတော့လုပ်ပေးနေတာတွေရှိပါတယ်။ အခက်အခဲတွေဘယ်လိုကြုံတွေ့ရလဲဆိုတော့ နေ့ တိုင်းကတော့ fire fighting ပဲ။ အခုချိန်ထိနေ့တိုင်းမီးသတ်နေရတာ။ အဲ့တော့အခု marketing မှာ ဆယ့်နှစ်နှစ်လောက်ရှိပြီပေါ့နော်။ ဆယ့်နှစ်နှစ်လုံးလုံး မီးမသတ်ရတဲ့နေ့မရှိဘူး။ အခက်အခဲတွေကတော့ ပြောရရင်အများကြီး။ နောက်မှပဲပြောပြပါမယ်။ တွေ့ချင်တယ်ဆိုရင် စျေးရောင်းပါမယ်။ ကျွန်တော်တို့ FYI marketing ဆိုတဲ့ marketing media တစ်ခုရှိပါတယ်။ အဲ့မှာ Christmas အနေနဲ့ FYI media ကဝယ်တဲ့ လူတွေကို ကျွန်တော်တွေ့ဖို့ရှိပါတယ်။ ကျွန်တော့်ရုံးမှာတွေ့ဖို့ရှိပါတယ်။ တွေ့ချင်တယ်ဆိုရင်‌တော့ FYI media က package ကို subscribe လုပ်ဖို့အတွက်ကို ဖိတ်ခေါ်ပါတယ်။ အဲ့တော့လာတွေ့မယ်လို့လည်း ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Professional marketing strategy frame ကောင်းတစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ?

    Play Episode Listen Later Feb 20, 2023 1:10


    Q: Professional marketing strategy frame ကောင်းတစ်ခုကို ဘယ်လိုလုပ်ရလဲသိချင်ပါတယ်ဗျ။ sample ပြလို့ရရင်လည်း ပြပေးပါလာအစ်ကိုကျေးဇူးပါဗျ။ A: Professional marketing strategy frame တစ်ခုက ကျွန်တော်တို့ဘယ်လိုခေါ်မလဲ brand ဘက်က လုပ်တဲ့ပုံစံလည်းရှိတယ်။ ကျွန်တော်တို့ level up marketing agency ဘက်ကနေ client တွေအတွက်ကို လုပ်တဲ့ပုံစံလည်းရှိတာပေါ့နော်။ ကျွန်တော်တို့က နှစ်မျိုးလုံးလုပ်ခဲ့ရတဲ့ပုံစံမျိုးဆိုတော့ နှစ်ခုအနေနဲ့သွားမှ တော့ဖြစ်မှာ။ ဒါပေမဲ့ အဲ့တာပြောရရင်တစ်နာရီကြာနိုင်တာဆိုတော့ နောက်မှပဲပြောပါရစေ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Branding and Marketing Budget ကို လုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လိုတွက်လဲ?

    Play Episode Listen Later Feb 19, 2023 3:05


    Q: branding and marketing budget ကိုလုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လိုတွက်လဲသိချင်ပါတယ်ဗျ။ A: ကျွန်တော်တို့ကဘယ်လိုတွက်လဲဆိုတော့ အရင်ဆုံးတော့ sale budget ကိုတွက်သလိုပဲပေါ့နော်။ business objective ကိုအရင်ချတယ်။ ဆိုလိုချင်တာက နောက်နှစ်မှာဘယ်လိုမျိုး business ကိုတိုးမှာလဲ။ sale 20 percent increase ဖြစ်ချင်တယ်။ ဒါမှမဟုတ်ရင် ဘယ်မြို့ကိုချဲ့ချင်တယ်။ ဘယ်နိုင်ငံကိုချဲ့ချင် တယ်။ ဘယ်နှစ်ဆိုင်ချဲ့ချင်တယ်ဆိုတဲ့ business objective တစ်ခုကိုအရင်ဆုံးတည်တယ်။ တည်ပြီးတဲ့ အချိန်မှာ အဲ့လုပ်ငန်းစုတစ်ခုအနေနဲ့က လူတွေသိနေပြီးသား brand လား။ လူမသိသေးဘူး။ အခုမှစတည် တဲ့ brand လား။ စတဲ့ဟာတွေအကုန်လုံးချလိုက်ပြီးတဲ့အချိန်မှ sale ကိုဒီဘက် business ကနေပြီးတော့မှ marketing ဘက်ကနေပြီးတော့မှ ဘယ်လိုမျိုး contribute လုပ်ကြမလဲဆိုတဲ့ပုံစံမျိုးကို အရင်ဆုံး တည်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ sale က ten percent increase ဖြစ်ချင်တယ်။ ဥပမာပြောတာနော်။ ဘယ်မြို့ဘယ်မြို့တွေမှာ ဘယ်လိုဆိုင်တွေချဲ့မယ်ဆိုတဲ့ဟာတွေဖြစ်ချင်တယ်။ အဲ့အချိန်မှာဘာလုပ်လဲ ဆိုတော့ sale ကို 10% increase ဖြစ်တယ်ဆိုရင် marketing ကို fifty percent increase လုပ်မှာလားဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့သွားတယ်။ အဲ့တော့ကျွန်တော်တို့က marketing ကို fifty percent increase လုပ်မယ်ဆိုရင် မနှစ်က marketing budget သိန်းတစ်ရာရှိတယ်။ ဒီနှစ်တစ်ရာ့ဆယ့် ငါးသိန်းကို စဉ်းစားလိုက်ပြီထားပါတော့။ sale ten percent increase ဖြစ်ဖို့အတွက်က ဘယ်လတွေမှာ ဘယ်လောက်သုံးမယ်ဆိုတဲ့ဟာကို အရင်နှစ်၊ သုံး၊ လေး၊ ငါးနှစ်ရဲ့ data တွေကိုပြန်ပြီးတော့ သုံးသပ်ပါ တယ်။ အဲ့အချိန်မှာ ကျွန်တော်တို့ seasonal sale တွေလည်းရှိနိုင်တာပေါ့နော်။ သင်္ကြန်မှာ promotion က တော့ ဘယ်သူကဘယ်လောက်ဝယ်သွားတယ်။ သီတင်းကျွတ်မှာ ဘယ်လို promotion ကတော့ ဘယ်လောက်ရောင်းလိုက်ရတယ်ဆိုတာမှာမူတည်ပြီးတော့ ကျွန်တော်တို့ကဘယ်ကာလမှာတော့ ဘယ် လောက်ထိ market demand ရှိတယ်။ လူတွေအဝယ်လိုက်နေတယ်။ အဝယ်များနေတယ်ဆိုတာမှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ကအဲ့အချိန်မှာ marketing monthly budget projection ကိုဆွဲတာပါ။ အဲ့တော့အဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကအကြမ်းဖျဉ်းတွက်ပါတယ်။ ပြီးတော့မှဘာထပ်တွက်လဲဆိုတော့ အဲ့ဒီ marketing budget ကိုဘယ် platform တွေမှာ ဘယ်လောက်သုံးမှာလဲပေါ့နော်။ ကျွန်တော်တို့ Facebook မှာဆိုရင်ဘယ်လောက်သုံးမှာလဲ၊ ပြီးတော့ boosting ကိုဘယ်လောက်သုံးမှာလဲ၊ creative ကိုဘယ်လောက်သုံးမှာလဲ၊ video ရိုက်မယ်၊ ကြော်ညာရိုက်မယ်ဆိုရင်လည်း ဘယ်လောက်သုံးမှာလဲဆိုတဲ့ ပုံစံမျိုးနဲ့လုပ်လေ့ရှိပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Marketer တစ်ယောက်အနေနဲ့ Personal brand တည်ဆောက်ဖို့ ပိုထိရောက်စေမယ့်နည်းလမ်းလေးအကြံပေးပါဗျ။

    Play Episode Listen Later Feb 17, 2023 1:49


    Q: Marketer တစ်ယောက်အနေနဲ့ လူတွေသိစေချင်တယ်ဆိုရင်၊ Personal brand တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်နဲ့ acc နဲ့ page မှာ ကိုယ်သိတာတွေ share သင့်တယ်လို့ ထင်လား။ ကိုAlexကကျတော့ ၂၀၁၆-၁၇ လောက်ကတည်းကဒီလိုလုပ်လာတာဆိုတော့ ဘယ်လို မျိုး လုပ်ရင် ပိုကောင်းမယ် ပိုထိရောက်မယ်ဆိုတဲ့ နည်းလမ်းလေးတွေအကြံပေးပါဦးဗျ။ A: Yes, ၁၀၀%-1000% share ပါ ပြောရမယ်ဆိုလိုရှိရင် junior တစ်ယောက်အနေနဲ့ အဲ့တာကို share လို့ရတယ် ကိုယ်က expert မဟုတ်သေးဘူးဆိုရင်တောင်မှ ဘယ်လို share လို့ရလဲဆိုရင် ဒီနေ့ ကျွန်တော်သိတဲ့တာက ဒါရှိတယ် အဲ့တော့ကျွန်တော်က ဒါကိုသိပြီး ဒီလိုမျိုးတွေးလိုက်တယ် ခင်ဗျားတို့ ဘယ်လိုမြင်လဲ ဆိုတဲ့ပုံစံမျိုးတွေ share လို့ရတယ်၊ ဒါသည် thought leadership အနေနဲ့ shareတာမဟုတ် ကျွန်တော်သည် ဒါကိုသိလိုက်တယ် ဒါကိုမြင်လိုက်တယ်၊ ဒါကိုကြားလိုက် တယ် ကျွန်တော်က ဒါကို ဒီလိုထင်တယ် ခင်ဗျားတို့‌ရောဘယ်လိုမြင်လဲဆိုတဲ့ ပုံစံမျိုးတွေ share တယ်ဆိုရင် အဓိက sharing sharing sharing post လုပ်ဖို့ပါဘဲ အဲ့ဒီတော့ Facebook မှာ မှမဟုတ်ဘူး Facebook၊ TikTok၊ YouTube၊ Linkedin၊ Spotify၊ google podcast, apple podcast၊ channel ၇ခုလုံးမှာတင်နေတာ ကျွန်တော့်ရဲ့ volunteer ညီမရဲ့ အကူအညီနဲ့ပေါ့ share ပါ sharing လုပ်တဲ့ဟာကို 100% အားပေးပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Marketing အကြောင်းအရာတွေကို ဘယ်လို mindset မျိုးနဲ့ Sharing လုပ်ပေးဖြစ်ခဲ့ူတာလဲ?

    Play Episode Listen Later Feb 16, 2023 2:39


    Q: ကို Alex Marketing အကြောင်းတွေ Page နဲ့ acc မှာစ share တုန်းက ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့လဲဗျ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ၊ ကိုယ့်ထက်‌ဂေါ်နေတဲ့ Senior တွေနဲ့ဆိုတော့ သိမ်ငယ်တာမျိုးမဖြစ်ဘူးလား၊ A: ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့တာလဲဆိုတော့ ကျွန်တော့ mindset ကတော့ရှင်းပါတယ်၊ တစ်ခုထဲဘဲ ကျွန်တော့ mindsetက ကျွန်တော်အရင်တုန်းက ၂၀၁၃ လောက်မှာ digital marketing ကိုကောင်းကောင်းလေးစခဲ့တယ်။ KFC နဲ့ကျွန်တော်စတယ်။ digital marketing လုပ်တယ်ဆိုတဲ့ဟာက Facebook မှာ post တင်တဲ့ဟာလောက်ဘဲရှိတာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုရှာရ မလဲဆိုတာ မြန်မာပြည်မှာ ပြောတဲ့ဟာ တစ်ခုမှမရှိဘူး အဲ့တော့ အသားကုန်းလိုက်ရှာရတယ်၊ YouTube ကနေရှာတယ် Website ကနေရှာတယ် Google ကနေရှာတယ် အကုန်လိုက်ဖတ်နဲ့ သွားတာဆိုတော့ မြန်မာပြည်မှာ ငါမေးချင်တာ မေးလို့ရတဲ့လူရှိရင် ကောင်းမှာဘဲဆိုတဲ့ စိတ်တစ်ခုဘဲရှိတယ်၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ marketing နဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့မေးသမျှကိုသိသလောက်တတ်သလောက်လေးဖြေပေးမယ်၊ လုပ်ပေးမယ် ဆိုတဲ့ ဟာမျိုးနဲ့လုပ်ပေးမယ်ဆိုတဲ့အဲ့စိတ်တစ်ခုဘဲရှိတာအခုထိလည်းအဲ့စိတ်တစ်ခုဘဲရှိတာ ကျန်တဲ့ဟာသည်ဘာမှလိုချင်တဲ့ expect တွေဘာတွေဘာမှရှိမနေဘူးအဲ့တော့ ကိုယ့်ထက်ဂေါ်နေတဲ့Senior တွေနဲ့ဆိုသိမ်ငယ်တာမျိုးမဖြစ်ဘူးလားဆိုတော့အဲ့စီနီယာတွေကဘာမှမရေးလို့ ကျွန်တော်လိုက်တွန်းနေတာ အကိုတွေအစ်မတွေက ဘာမှမရေးဘူးဆိုတာ သူတို့အလုပ်တွေအရမ်းရှုပ်တာဖြစ်တဲ့လျောက် သူတို့ရဲ့ အရမ်းကြီးနည်းတဲ့ personal time က အချိန်မပေးနိုင်တာလဲပါတာပေါ့ သိမ်ငယ်တာ မျိုးတော့ မရှိဘူးရယ် insecurity မရှိဘူး ကျွန်တော့ကို criticize လုပ်ခဲ့တဲ့သူတွေလည်း အများကြီးမြင်ခဲ့ဖူးပါတယ် ဒဲ့ကြီးဖဲ့တာကအစ ကောင်းစေချင်လို့ ပြင်စေချင်လို့ အကိုတွေအမတွေ ညီတွေ ညီမတွေနဲ့လည်း စကားပြောခဲ့ဖူးတယ်ဆိုတော့ သိမ်ငယ်တယ်ဆိုတာထက် ကျွန်တော့ရဲ့ positive feedback ကိုပေးတယ်ဆိုရင် ကျွန်တော်အဲ့အတိုင်းကို ကျွန်တော်စဉ်းစားတဲ့ပုံစံကို ဘယ်လိုမျိုးဖြစ်အောင်လုပ်လို့ရမလဲ စဉ်းစားပြီးလုပ်ကြည့်တယ် အသားလွတ်ကြီးကျုံးတယ် ဆိုရင်တော့ ကျွန်တော်ကဖတ်ပြီးတော့ အော်ငါ့ကိုကျုံးဖို့အတွက်က ငါ့ video ကိုလာပြီး ကြည့်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျေးဇူးတောင် တင်ပါသေးတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    ဘန်ကောက်မှာ Ads run လိုက်တာ region ပြောင်းပြီး Tax တောင်းတာ ဘယ်လိုလုပ်ရမလဲ?

    Play Episode Listen Later Feb 15, 2023 0:44


    Q: ဘန်ကောက်ရောက်ပြီး computer နဲ့ ads run လိုက်တာ auto region ပြောင်းပြီး tax ပါတောင်း တာ ဘယ်လိုလုပ်လို့ရမလည်းရှင့်။ A: ဘန်ကောက်ရောက်ပြီး computer နဲ့ ads run လိုက်တာ auto region ပြောင်းပြီး tax ပါတောင်း တာ ဘယ်လိုလုပ်လို့ရမလည်းဆိုတော့ကြည့်ရတာ မြန်မာပြည် VPN နဲ့ပြန်ပြီး Boost လုပ်ရမဲ့ပုံဘဲ၊ ကျွန်တော့်အနေနဲ့ အကြံပေးလို့ရတာ မြန်မာပြည်ကသူကို boost ခိုင်းပေါ့။ #marketing #digitalmarketing #market #career #askalex #askalexmm

    Ads account အကြွေးတင်နေတာ မပေးရင် Page ပျက်တက်လား?

    Play Episode Listen Later Feb 14, 2023 0:50


    Q: Ads account အကြွေးတင်နေတာ မပေးရင် Page ဖျက်တတ်တယ်လို့ ဖတ်မိပါတယ်။ A: Ads account အကြွေးတင်နေတာ မပေးရင် Page ဖျက်တတ်တယ်ဆိုတာ ကျွန်တော်တော့ မကြားဖူးသေးဘူး ဒါပေမဲ့ Business Manager ရဲ့ scroll ကတော့ထိပါတယ် Ads account တွေဘာတွေပျက်တာကတော့ရှိနိုင်တယ် ဒါပေမဲ့ ရေးထားတာမျိုးကတော့ ဘာမှမရှိဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm

    Creative Team က အမြဲ deadline ကျော်ရင် ဘယ်လို react လုပ်သင့်လဲ?

    Play Episode Listen Later Feb 11, 2023 5:20


    Q: creative team (graphic designer) က deadline အမြဲကျော်တယ်။ management ကို report ထားလည်း ထိရောက်တဲ့အထိ ပြောင်းလဲမထားဘူး။ အဲ့ဒါမျိုးဆို ဘယ်လိုလုပ် ရမလဲ။ A: creative team က dead line အမြဲကျော်တယ် ဆိုတော့၊ management ကို report ထားလည်း ထိရောက်တဲ့အထိပြောင်းလဲမလာဘူးဆိုရင်တော့ အကြံ ပေးချင်တာကတော့ ဒီမှာလည်းကိုယ်က middle management ပေါ့နော်။ အကယ်လို့သာ higher management team ပေါ့နော်။ BOD တွေအနေနဲ့ ကိုယ့်ရဲ့ feedback ကိုဥပေက္ခာပြုထားတယ်ဆိုရင်က လုပ်လို့ရတာနှစ်ခုပဲရှိတယ်။ တစ်ခုကထွက်။ မြှောက်ပေးတာတော့မဟုတ်ပါဘူး။ ဘယ်လောက်ထိ serious ဖြစ်လဲပေါ်မှာမူတည်တယ်ပေါ့နော်။ ကိုယ့်ရဲ့ suggestion တွေ၊ ကိုယ့်ရဲ့ documentation တွေကို အမြဲတမ်းချောင်ထိုးတယ်ဆိုရင်တော့ ဘာလို့လုပ်နေမလဲ။ ကျွန်တော်ကတော့ အဲ့လိုလုပ်တတ်တဲ့ management style ကိုမကြိုက်ဘူး။ ဆိုတော့ကျွန်တော်ဆိုရင် ထွက်မှာပေါ့လေ။ အဲ့လိုမဟုတ်ဘူး။ management team ရဲ့အခက်အခဲကလည်း graphic designer ရဲ့ role အတွက်ကို substitute လုပ်ဖို့ ရှာမရတာပဲဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်ရဲ့ SOB တွေကိုကောင်းကောင်းလုပ်လို့မရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အဲ့ဒီ management team မှာ creative team ရဲ့ head ကသေချာမကြပ်မတ်နိုင်တာပဲဖြစ်ဖြစ် ပေါ့နော် ဖြစ်နိုင်တယ်။ ဆိုတော့ကျတော့ နောက်ထပ်တစ်ခု option ကဘာလဲဆိုတော့ အဲ့ဒီရဲ့ feedback တွေအကုန်လုံးကို deadline ကျော်သွားတိုင်းမှာ ဆိုင်ရာ management team ကို report လုပ်ဖို့ လိုအပ်တယ်။ mail နဲ့။ Viber လောက်၊ Messenger လောက်မလုပ်ဘဲနဲ့ mail နဲ့ report လုပ်ဖို့လိုအပ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က middle management level ယူထားတဲ့အချိန်မှာ ကိုယ့်ရဲ့ ဖင်ကိုလုံအောင်ကာဖို့လိုတယ်။ account သမားကအဆင်ပြေနိုင်ပေမဲ့ ကိုယ့်ရဲ့တခြားသော brander တွေ ကြောင့် ပြဿနာဖြစ်နေတယ်ဆိုရင် အဲ့ဒီ account သမားရဲ့တာဝန်ဖြစ်မလာအောင် ထားပါတော့ကိုယ်က client site မှာဆိုရင် post တင်တာတွေနောက်ကျတယ်တို့၊ agency site ဆိုရင်လည်း client ကကိုယ့်ကို ကြိတ်နေပြီဆိုရင် ကိုယ့်ရဲ့ management team ကကိုယ့်ကိုလာပြီးထောင်းတယ်ဆိုရင်က ငါဘယ်နေ့ ဘယ်နေ့က designing process ရဲ့ designing SOB နဲ့ပတ်သက်ပြီးတော့မှ complain လုပ်ထားတဲ့ ဟာတွေရှိတယ်။ ဒီဟာတွေကြောင့် ငါဒီလိုမျိုးပြဿနာတွေကို ကြုံရတာဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဖင်ကိုလုံအောင်ကာရပါတယ်။ အဲ့လိုမျိုးကာနိုင်တော့မှပဲလည်း ပြောရရင်အကြိတ်ခံရတဲ့ ရန်ကဝေးတာပေါ့နော်။ ဆိုတော့အဲ့ဒီနှစ်ခုကိုတော့လုပ်ပါ။ report အမြဲတမ်းတင်ပါ။ feedback အမြဲတမ်းတင်ပါ။ management က take care လုပ်သော်ရှိ၊ မလုပ်သော်ရှိ။ ကျွန်တော်လည်းဒီမှာအမြဲတမ်းမှာတယ်။ team ကလာတဲ့ feedback အကုန်လုံးကို take care လုပ်ဖို့က HOD တွေရဲ့တာဝန်ရှိတယ်ဗျာ။ ဒါပေမဲ့ HOD တွေကလည်း ပြောမယ်ဆို ကိုယ့်ဟာကို pack ဖြစ်နေတာဆိုတော့ တခါတလေလွတ်သွားတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာတွေဖြစ်မသွားအောင်ဆိုပြီးတော့ ထူးခြားဖြစ်စဉ်ဖြစ်တိုင်းမှာ report တွေတင်ခိုင်းတယ်။ ထူးခြား ဖြစ်စဉ်ဖြစ်ပြီးတော့ report တင်တယ်ဆိုရင် အဲ့တာတွေအကုန်လုံးကို file နဲ့တွဲထားပြီးတော့မှ ကျွန်တော် တို့ရဲ့ management meeting မှာပြန်ပြီးတော့ဆွေးနွေးကြတာပေါ့လေ။ ကျွန်တော်ကတော့ middle management လူတွေအကုန်လုံးကို တစ်ခုလေးပြောချင်တာက နှစ်ဖက်ပေါ့နော်။ တစ်ဖက်က management ကိုလည်းတင်။ နောက်တစ်ဖက်ကကျတော့ ကိုယ့်ရဲ့ designer ကိုဘယ်လိုကူပေးနိုင်မလဲပေါ့နော်။ ဘာလို့လဲဆိုတော့ designer ရဲ့ designing process ကြာတယ်ဆိုတာက တစ်ခုဖြစ်နိုင်တာသည် ကိုယ့်ရဲ့ပေးတဲ့ brief က ရှင်းရှင်းလင်းလင်းမဟုတ်လို့လားပေါ့။ အဲ့တော့သူ့ကို ရှင်းရှင်းလင်းလင်း brief ‌ပေးနိုင်အောင်ကိုယ်ကရော ဘာကူညီပေးနိုင်မလဲပေါ့လေ။ ဥပမာ-ကိုယ်က reference photo သုံးခု၊ ငါးခုလောက်ကို ကိုယ့်ဘက်ကနေပေးရမလား။ ပြီးရင်ကိုယ်လိုချင်တဲ့ USB ကိုကိုယ့်ဘက်ကနေ ပေးရမှာ လား။ သူတို့ရဲ့ process အလွယ်ကူဆုံးဖြစ်အောင် ကိုယ်က middle management ကနေပြီးတော့မှ ဘာလုပ်ပေးနိုင်လဲဆိုတဲ့ ပုံစံမျိုးလေးစဉ်းစားပြီးတော့မှ အဲ့ဒီ designer သော်လည်းကောင်း၊ creative head သော်လည်းကောင်း သွားပြီးတော့ညှိနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးကိုယ့်အတွက်ကို နှစ်ဖက် လုံးနဲ့ management နဲ့ရော၊ creative head နဲ့ရောသွားပြီးတော့ စကားပြောနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးတော့ ကိုယ့်အတွက်ကိုအဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Digital Team က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ?

    Play Episode Listen Later Feb 10, 2023 3:07


    Q: Digital team junior တစ်ယောက် or team member တစ်ယောက်က client page မှာအမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လို react လုပ်သင့်လဲ။ ဥပမာ- page ၂ ခု မှားတင်မိတာမျိုး။ A: ကြည့်ရတာတော့ မမေဘရဏီက account manager ဖြစ်ဖို့များမယ်နဲ့တူတယ်။ ပထမမေးခွန်းက team မှာကိုယ့်ရဲ့ junior တစ်ယောက်က၊ ဒါမှမဟုတ်ကိုယ့်ရဲ့ team member တစ်ယောက်က client page မှာ အမှားတစ်ခုခုလုပ်မိတာမျိုးဆို ဘယ်လိုမျိုး react လုပ်သင့်လဲဆိုတော့။ နှစ်ခုပေါ့လေ။ ဒီထဲမှာရေးထားတဲ့ သူများ page ပေါ်မှာ၊ မဆိုင်တဲ့ page တစ်ခုပေါ်မှာ post သွားတင်တယ်ဆိုရင်တော့ warning process နဲ့ သွားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းအမှားလုပ်လေ့ရှိတာပဲဆိုတော့ first or second time က တော့ သိပ်ပြီးတော့ကြီးလေးတဲ့အမှားမဟုတ်တဲ့အတွက်ကြောင့် warning လောက်ပဲပေးပြီးတော့ သွား မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့တော့မြင်တယ်။ ကျွန်တော်တို့ဆို ဘယ်လိုလုပ်လေ့ရှိလဲဆိုတော့ ဟိုတစ်နေ့ကမှ မှားတင်ထားတာပေါ့နော်။ ဘယ်လိုမျိုး check ရလဲဆိုတော့ မှားတင်တဲ့ post တွေအများစု ကကျတော့ သူကဘယ်နေရာမှာသွားပြီးတော့ အားနည်းတာလဲဆိုရင် agency ပဲပြောပြော၊ client site ပဲ ပြောပြောပေါ့နော်။ နှစ်ပိုင်းလုံးပြောြပပါမယ်။ ကျွန်တော်တို့ပုံမှန် post တင်တာက team ထဲမှာရှိတဲ့ အငယ်တွေ လုပ်တာများတယ်။ အဲ့တော့ team ထဲမှာရှိတဲ့ အကြီးတွေက cross check လုပ်ပေးသင့် ပါတယ်။ cross check မလုပ်ဘူးဆိုရင် မှားတာတွေလည်း အများကြီးရှိလာနိုင်တာဆိုတော့ ကျွန်တော် တို့က AE တို့က post တင်တဲ့ဟာတွေကို AM တွေရဲ့တာဝန်အနေနဲ့ပေးထားပါတယ်။ အငယ်တွေကတော့ မှားမှာပဲ။ အဲ့တော့အငယ်တွေမမှားအောင် အကြီးတွေကနေဝိုင်းကြီးကြပ်ရမှာပဲ။ အဲ့တော့ကျွန်တော်တို့ ကိုယ်တိုင်လည်း account manager တွေအကုန်လုံးကို ကျွန်တော်တို့ team ဘက်က CO ကနေတာဝန် ခံတယ်။ နောက်ဆုံးကျွန်တော် chairman ကနေတာဝန်ယူပေးရတယ်ပေါ့လေ။ ဆိုတော့အဲ့ဒီ culture တစ်ခုကိုဝင်စေချင်တယ်။ ပြောရမယ်ဆိုရင် ကိုယ့် team ကိုကိုယ့်အနေနဲ့ အမြဲတမ်းကာကွယ်ပေးသင့် တယ်လို့ ခံယူထားတာဆိုတော့။ #marketing #digitalmarketing #market #career #askalex #askalexmm

    clients react ae digital team
    Instagram ရဲ့ CPR အခြေအနေဘယ်လိုရှိလဲ?

    Play Episode Listen Later Feb 9, 2023 0:48


    Q: Instagram ရဲ့ CPR အခြေအနေဘယ်လိုရှိလဲ? A: ကျွန်တော်တို့က Instagram မှာ boost မလုပ်ပါဘူး။ လက်ရှိအထိပါ။ ဘာလို့လဲဆိုတော့ Instagram က မြန်မာပြည်မှာ ၁.၇ သန်းပဲရှိနေသေးတာဆိုတော့ ကျွန်တော်တို့ကတော့ အဲ့လောက်ကြီးမမြင်ဘူးပေါ့နော်။ ROI အဲ့လောက်ကြီးမမြင်ဘူး။ ဆိုတော့ကျတော့ boost မလုပ်ပါဘူး။ #marketing #digitalmarketing #market #career #askalex #askalexmm

    Marketing Budget strategy ဘယ်လိုဆွဲရမလဲ?

    Play Episode Listen Later Feb 7, 2023 5:17


    Q: ၂၀၂၂ မှာ Facebook ကနေ တလ သိန်း ၁၀၀၀-၁၅၀၀ ဝန်ကျင်း အရောင်းရရင် ၂၀၂၃ budget ဘယ်လောက်သုံးသင့်ပါသလဲ။ A: အရင်ရတဲ့ Benchmark ထက် နောက်ထပ် ၂၀၂၃မှာ ဘယ်လောက်တက်ချင်လဲဆိုတဲ့ ဟာမျိုးတော့ သိဖို့လိုမယ်၊ ဥပမာ သိန်း ၁၀၀၀၊ ၁၅၀၀ ရနေပြီးသား နောက်နှစ်ထဲမှာ သိန်း ၁၂၀၀ ကနေ ၁၈၀၀ ကြားလိုချင်တယ် ထားပါတော့ အဲ့တာဆိုရင် ဘယ်လောက်ထိတတ်သွားလဲဆိုတော့ ၂၀% တတ်သွားတယ်ဆိုရင် marketing budget ကိုလည်း ၂၀% -၃၀% ဥပမာ ထားပါတော့ ကျွန်တော်က သိန်း ၁၀၀၀ ရောင်းရဖို့ marketing budget ၁၀% သုံးနေရတယ် ၁၀၀ ကနေ ၁၅၀ သုံးနေရတယ်ဆိုရင် ၁၂၀ ကနေ ၁၃၀၊ ၁၄၀, ကနေ သိန်း ၂၀၀ ကြားလောက်ကို သုံးနိုင်မယ်ဆိုရင်တော့ ပိုပြီးဖြစ်နိုင်တယ်၊ ဒါပေမဲ့ နောက်တစ်ခုက ဘာကိုစဉ်းစားရလဲဆိုတော့ အဲ့ဒီ brand တစ်ခုရဲ့ဘယ်လောက်ထိ ကြာနေပီးလဲ ဥပမာ မြန်မာပြည်မှာ ၁၀နှစ် အနှစ်၂၀လောက်ရှိနေပြီးသား brand ဆိုရင်တော့ marketing budget အရမ်းမလိုဘူး သူတို့ကို လူတွေက သိနေပြီးသား အဲ့တော့ ကျွန်တော်တို့က campaign run နေရုံနဲ့တင် effective ဖြစ်နိုင်တယ်၊ အဲ့လိုမဟုတ်ဘဲ မနှစ်ကမှဝင်လာတယ် လူတွေအရမ်းကြိုက်လို့ အရမ်းကြီးပေါက်သွားတယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုပေမဲ့ အဲ့ဒီအရှိန်ကုန်သွားရင် ပြန်ကျမှားစိုးရိမ်ရတယ်၊ အရှိန်မကုန်အောင် ပြန်ပြီးတော့ ဆွဲဆွဲတင်နေရတယ် campaign တွေကို run ရတာပေါ့ ဆိုတော့ Business ရဲ့ သက်တမ်းက ဘယ်လောက်ထိဖြစ်နေပြီလဲ လူတွေကြားထဲမှာဘယ်လောက်ထိလက်ခံနေပြီလဲ ဆိုတာမျိုးကို အခြေခံပြီးတော့မှ ကိုယ့်ရဲ့ Revenue Goal ရဲ့ ၂-၃ % လောက်မှ ၁၀-၁၅%လောက်ထိ marketing budget သုံးရပါတယ် အဲ့တာကတော့ ကျွန်တော်ရဲ့ consultation ဘက်က ရလာတဲ့ experience တွေရော ကျွန်တော် ဒီဘက် corporate ဘက်ကနေ ရတဲ့ experience တွေရော ပြောပြပေးတာပါ၊ နောက်တစ်ခု အရေးကြီးတာလည်း ကိုယ့်ရဲ့ market ကလည်း competitive ဖြစ်နေလည်းဆိုတဲ့ဟာမျိုးက အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ competitive အရမ်းမဖြစ်တဲ့ market မှာဆိုရင်က ပိုက်ဆံနည်းနည်းသုံးရုံနဲ့ ကိုယ့်ရဲ့ brand ကိုလူမြင်တယ်ဆိုရင်က ကိုယ့်ဆီကဝယ်လာနိုင်တယ် အဲ့လိုမဟုတ်ဘဲနဲ့ telecom တွေဗျာ အခုဆို Atom၊ Ooredoo၊ Mytel ၊ MPT (၄)ခုရှိတယ်၊ (၄)ခုမှာ သိန်းကို ထားပါတော့ ၁၀၀၀၀-၂၀၀၀၀ပြနေလို့ ၁% ဘဲသုံးမယ်ဆိုရင် MPT က တစ်လကို သိန်း ၂၀၀ ဘဲသုံးမယ်၊ Ooredoo မှ တစ်လ သိန်း ၃ထောင် သုံးနေတယ်ဆိုရင် Ooredoo ရဲ့ branding သည် တစ်နိုင်ငံလုံးပြည့်နေတာဖြစ်တဲ့ အလျောက် လူတွေက စဉ်းစားတာရှိရင် Ooredoo ကိုစပြီး မြင်နိုင်တယ်ဆိုတော့ ကိုယ်ရဲ့ market competitive က ဘယ်လောက်ထိကြီးနေလဲ ဆိုတဲ့ဟာမျိုး သိသင့်တယ် ဒါတွေအကုန်လုံးကAgency ဘက်က လုပ်ပေးလေ့ရှိပါတယ်။ ကျတော် အရင်တုန်းက လုပ်ခဲ့တဲ့ Agency တွေရော ကျွန်တော်တို့ အခု develop မှာရော market analysis အရင်ဆုံးလုပ်တယ် တစ်လကိုဘယ်လောက်သုံးသင့်တယ် တစ်နှစ်ကို ဘယ်လိုမျိုး campaign တွေ run သင့်လဲ အဲ့ campaign တစ်ခုချင်းစီကိုလည်း ဘယ်လောက်သုံးသင့်လဲဆိုတဲ့ဟာမျိုး strategy အနေနဲ့ပြန်ချပေးပြီးတော့မှ proposal တင်ပေးတာပါ။ အဲ့ပုံစံမျိုးတွေနဲ့ run လေ့ရှိပါတယ် တခြားသော agency တွေလည်း ကိုယ့်ဘက်က ခေါ်တယ်ဆိုရင် ဒီ marketမှာဘာတွေဖြစ်နေလဲဆိုတဲ့ industry analysis လေးယူလာခိုင်းလိုက်ပါ အဲ့တာဆိုရင် မဟုတ်ရင်က ကိုယ့်ရဲ့ branding strategy ကဘယ်ကလာမယ်မှန်မသိတဲ့အချိန်မှာ ကိုယ်အတွက်က အများကြီးအခက်အခဲရှိတယ်လေ အဲ့တာက ကျွန်တော်အနေနဲ့ အကြံပေးလို့ရတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Outsource က Company data privacy အတွက်ရော တာဝန်ယူပေးလား?

    Play Episode Listen Later Feb 1, 2023 1:00


    Q: Company ဘက်က data privacy အတွက်ရော တာဝန်ယူပေးပါလား။ A: ကျွန်တော်တို့ဘက်က team လိုက်ကိုသွားတာဖြစ်တဲ့အတွက် privacy ကိုတာဝန်ယူပါတယ်၊ Herballines တို့ One plus mobile တို့တွေက client တွေနဲ့ manage လုပ်နေရတာဆိုတော့ ကျွန်တော်တို့ လုပ်ပေးပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Digital Marketing ကို budget ချပေးပြီး outsource နဲ့တွဲလုပ်နိုင်ဖို့ ဘာတွေလေ့လာရမလဲ? (Report)

    Play Episode Listen Later Jan 31, 2023 1:35


    Q: Digital Marketing ကို budget ချပေးရုံ outsource နဲ့တွဲပြီး သေသေချာချာ အလုပ်လုပ်နိုင်ရုံဆို ဘာတွေ လေ့လာရပါမလဲ အချိန်မရှိလို့ outsourceဘဲ သုံးဖို့ရည်ရွယ်ပါတယ်။ A: တတိယအဆင့် အနေနဲ့ကတော့ Report ဖတ်တဲ့ဟာ report team က agency တွေ ပုံမှန်အတိုင်းကတော့ standard report template ကတော့agency တော်တော်များများမှာရှိတယ် ဒါပေမဲ့ ကိုယ်ကဘယ်လိုမျိုး report မျိုးကိုလိုချင်တာလဲ ဘာမြင်ချင်တာလဲဆိုတာ သိရမယ်ဆိုပိုပြီး ကောင်းနိုင်မယ်လို့တော့ယူဆပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ ကို့အနေနဲ့အများကြီး learning လုပ်ဖို့အချိန်အင်အားနဲ့ budget ရှိလား ပေါ့‌နော် မရှိဘူးဆိုရင်က တစ်ခုလေးအကြံပေးလို့ရတာက inhouse မှာ ၁ယောက်ကို marketing သမားခန့်လိုက် သူ့ကို ကျွန်တော်တို့က ဘာလုပ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာ ကိုယ် brand ရဲ့representative ပေါ့ agency တွေကို အများကြီး management လုပ်လို့ရတယ်ဆိုရင်က အချိန်တွေ၊ ငွေတွေ၊ လူအင်းအားတွေ save ဖြစ်နိုင်ပါတယ်လို့ မြင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Digital Marketing ကို budget ချပေးပြီး outsource နဲ့တွဲလုပ်နိုင်ဖို့ ဘာတွေလေ့လာရမလဲ? (Branding)

    Play Episode Listen Later Jan 30, 2023 1:25


    Q: Digital Marketing ကို budget ချပေးရုံ outsource နဲ့တွဲပြီး သေသေချာချာ အလုပ်လုပ်နိုင်ရုံဆို ဘာတွေ လေ့လာရပါမလဲ အချိန်မရှိလို့ outsourceဘဲ သုံးဖို့ရည်ရွယ်ပါတယ်။ A: နောက်တစ်ခုအရးကြီးတာက ကိုယ့်ရဲ့ brand ပါ branding ကိုသေချာလေးလုပ်စေချင်တယ်၊ branding ကိုဘာလို့ပြောရလဲဆိုတော့ outsource ခွဲလိုက်တယ်ဆိုရင် ဖြစ်သွားနိုင်တာက Agency ၃ခုပြောင်းတယ်ဆိုရင် content ပုံစံက(၃ခု)ပြောင်း သွားတယ် သိသာတယ် အဲ့လိုမဟုတ်ဘဲနဲ့ ကိုက branding ကိုလေ့လာထားတယ်ဆို ဒီ brand အတိုင်းဘဲ ဒီပုံစံအတိုင်းဘဲ သွားချင်တာကို ပြောပြပေးနိုင်တယ်ဆိုရင်က ကိုယ့်ရဲ့ brandရဲ့ပုံစံသည် ကွဲထွက်မှာ မဟုတ်တော့ဘူး မဟုတ်ရင်ကပထမ ၃(လ)မှ ပုံစံတစ်ခုနဲ့သွားတယ် နောက်၃(လ)မှာ ပုံစံ(၁)ခုနဲ့သွားတယ် တတိယ၃(လ) ပုံစံတစ်ခုနဲ့သွားတယ်ဆိုရင် ကိုယ့်ရဲ့ branded ကိုလည်း အဆင်ပြေမှာမဟုတ်ဘူးလေနော်၊ ကျွန်တော်က branding ကိုတော့ ဒုတိယအဆင့်အနေတဲ့ လိုက်လုပ်စေချင်တယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Digital Marketing ကို budget ချပေးပြီး outsource နဲ့တွဲလုပ်နိုင်ဖို့ ဘာတွေလေ့လာရမလဲ? (objective)

    Play Episode Listen Later Jan 29, 2023 1:42


    Q: Digital Marketing ကို budget ချပေးရုံ outsource နဲ့တွဲပြီး သေသေချာချာ အလုပ်လုပ်နိုင်ရုံဆို ဘာတွေ လေ့လာရပါမလဲ အချိန်မရှိလို့ outsourceဘဲ သုံးဖို့ရည်ရွယ်ပါတယ်။ A: ဘာတွေလေ့လာရမလဲဆိုရင်က ဘယ်လိုမျိုး client ဖြစ်မလဲဆိုတာလေ့လာရမယ်တူတယ်၊ အဓိကက client တွေတော်တော်များများက ကျွန်တော်က marketing ဘဲလုပ်တာမဟုတ်ဘဲနဲ့ consultant လည်းလုပ်တာဆိုတော့ကျတော့ တချို့အချိန်တွေမှာ objective မရှိဘူး ဘယ်လိုပြောမလဲဆို ကျွန်တော်တို့ လုပ်ငန်းတစ်ခုလုံးရဲ့ ဘယ်လိုမျိုးဆက်ပြီး grow ကြမယ်ဆိုတဲ့ objective ရှိတယ် ဒါပေမဲ့ အဲ့ဟာကို marketing ဘက်က ဘယ်လို contribute လုပ်မှာလည်းဆိုတဲ့ objective မရှိဘူး ကျွန်တော်တို့ ဆီမှာရှိတာက Sale objective ဘဲရှိတာပေါ့ ဆိုတော့ client ဘက်က brief ပေးတယ်ဆိုရင်က ဘယ်လိုမျိုး brief ပေးသင့်တယ်ဆိုတဲ့ how to brief client ပေါ့နော် အဲ့ဒီဘက်အပိုင်းလေးကို ကျွန်တော်ကလေ့လာစေချင်ပါတယ် ဒါမှဘဲလည်း Agency တွေသည်ဘယ်လိုမျိုး အလုပ်လုပ်လေ့ရှိပြီးတော့မှ ကိုယ်နဲ့Agency တွေနဲ့ ကောင်းကောင်း close ဖြစ်ဖြစ်အလုပ်လုပ်လို့ ရလာ နိုင်မယ့်ပုံစံမျိုးလေးကို ကျွန်တော်တို့က သွားသင့်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Social Media platform တွေရဲ့ ကွာခြားချက်နဲ့ Behavior (Strategy)

    Play Episode Listen Later Jan 27, 2023 1:50


    Q: အကိုရေတစ်ခုလောက်မေးချင်လို့ ညီမက clothing ပိုင်းလုပ်တာပါ social media platform Fb, IG, LinkedIn စတာတွေမှာပါ ထိုးဖောက်ချင်လို့ အဲ့ platform တွေက ဘာကွာခြားမှုတွေရှိလဲ..? LinkedIn, IG မှာ page လိုမျိုးဖွင့်ရင် ဘယ်လိုလုပ်လို့ရလဲ Boost လုပ်တာရောပြပေးလို့ရနိုင်မလားအကို website ပိုင်းဆိုရင်ရော အကို တစ်ချက်ပြောပြပေးပါလားအကို behavior strategy ပိုင်းတွေ ဆိုရင်ရော ဘာတွေကွာသွားမလဲအကို တစ်ချက်ပြပေးလို့ရရင် ပြပြီးပြောပြပေးစေချင် ပါတယ်..။ A: ဒီ Instagram တွေ Tiktok တွေ ဒီ LinkedIn တွေ facebookတွေက lifestyle တွေ professional တွေ community တွေ entertainment တွေစတဲ့ဘက်ကိုပိုပြီးသွားတာဖြစ်တဲ့အတွက် သူတို့ platform ရဲ့ native content ကိုသွားကြည့်ပြီးတော့မှ ကိုယ့်ရဲ့ဒီဘက်မှာ content creative လုပ်တာပိုပြီးတော့ကောင်းတယ် သွားပြီး ဖတ်နေပြီးတော့မှ ၄,၅,၆, လလောက် ကြည့်နေတယ်ဆိုရင်က ဘာမှမထူးဘူး အရင်ဆုံး content တွေသာ ဆက်တိုက်လုပ်ပြီးမှ အဲ့ဒီ platform တွေပေါ်မှာ တင်ပါ ပြီးတော့မှ ပြန်ပီး learn လုပ်ပါ ကျွန်တော်က အဲ့ process နဲ့ ပိုပြီး သွားတယ် ကျွန်တော်ကအရင်ဆုံး ကိုယ့်မာရှိတဲ့ content တွေသွားပြီးတင်ကြည့်လိုက်တယ် လူတွေက ဘယ်လို contentကိုကြိုက်ကြလဲဆိုတဲ့ testing လုပ်တယ် အဲ့တာမျိုးလုပ်ပြီးသွားမှဘဲ ဘယ်လို content တွေလူတွေကြိုက်တယ် ဘယ်လိုဆိုမကြိုက်ဘူး အဲ့တာမျိုး analyze လုပ်ပီးတော့မှဘဲ ဆက်ပြီးတော့ ဘယ်လိုမျိုး content လေးတွေပြန်ပြင်ကြမှာလဲဆိုတဲ့ strategy ကိုပြန်ချပါတယ် ။ #marketing #digitalmarketing #market #career #askalex #askalexmm

    Social Media platform တွေရဲ့ ကွာခြားချက်နဲ့ Behavior (Website)

    Play Episode Listen Later Jan 26, 2023 2:32


    Q: အကိုရေတစ်ခုလောက်မေးချင်လို့ ညီမက clothing ပိုင်းလုပ်တာပါ social media platform Fb, IG, LinkedIn စတာတွေမှာပါ ထိုးဖောက်ချင်လို့ အဲ့ platform တွေက ဘာကွာခြားမှုတွေရှိလဲ..? LinkedIn, IG မှာ page လိုမျိုးဖွင့်ရင် ဘယ်လိုလုပ်လို့ရလဲ Boost လုပ်တာရောပြပေးလို့ရနိုင်မလားအကို website ပိုင်းဆိုရင်ရော အကို တစ်ချက်ပြောပြပေးပါလားအကို behavior strategy ပိုင်းတွေ ဆိုရင်ရော ဘာတွေကွာသွားမလဲအကို တစ်ချက်ပြပေးလို့ရရင် ပြပြီးပြောပြပေးစေချင် ပါတယ်..။ A: website ပိုင်းဆိုရင်ရောဆို ကျွန်တော်မြင်တာက ကိုယ်ဒါကိုသွားရင်ကောင်းမှာဘဲဆိုတဲ့ဟာထက် customer တွေက အဲ့မှာရှိနေပြီးသား ရောက်စပြုနေပြီးသားဆိုတဲ့ပုံစံမျိုးလေးကိုအရင်ဆုံး survey လုပ်ပါ ကိုယ့်ရဲ့ဆိုင်မှာ လာဝယ်နေတဲ့ အနည်းဆုံး customer 4,5,10 ယောက်ကနေ အယောက် ၃၀လောက်ထိ survey လုပ်ကြည့် ပြီးတော့မှ သူတို့သည် website ကိုသွား ဖတ်လေ့ရှိတဲ့ သူတွေဆိုရင်တော့ website ကိုစပြီးခြေလှမ်းဦးတည် ထားတာ ကောင်းမယ်လို့တော့ယူဆတယ် ဒါမှမဟုတ်လို့ရှိရင်တော့ ဒါမှမဟုတ် marketing budget အပိုရှိတယ် ဆိုရင်တော့ website ကိုသွားတာပိုအဆင်ပြေမယ်လို့တော့ယူဆပါတယ်၊ ပြီးတော့ behavior ဆိုတာ behavior ဆိုတာက ခုနကပြောတဲ့ အတိုင်းဘဲ Facebook သည် communityကိုသွားတာ Instagram သည် lifestyle ကိုသွားတာ LinkedIn သည် professional carrierဘက်ကိုသွားတာဖြစ်တဲ့အလျောက် ကျွန်တော်တစ်ယောက် ထဲတောင်မှ ပြောမယ်ဆို Instagram မှာကြောင်လေးတွေရယ် ကောင်မလေးတွေရယ် ကြောင််လေးတွေရယ် ဆိုတဲ့ဘက် ကျွန်တော်ဆီမှာလာပြီးပေါ်တယ်၊ TikTok ဆိုရင် marketing ဟာတွေကျွန်တော်ဆီမှာလာပြီးတော့ ပေါ်တာများတယ်၊ ဘာလို့ဆို TikTok ရဲ့ marketing ပြောတဲ့ short t တွေတော်တော်လေးသဘောကျလို့ like follow လုပ်တယ် LinkedIn ဆိုလို့ရှိရင်လည်း ကျွန်တော်ကဘာတွေ follow လုပ်လဲဆိုတော့ thought leadership ဥပမာ CEO ပေါ့ သူတို့တွေ ဒါမှမဟုတ် Gary Vee တို့ ဒါမှမဟုတ် created နဲ့ ပတ်သက်တဲ့ဟာ follow လုပ်ထားတယ် LinkedIn မှာ Facebook မှာကျတော့ ကျွန်တော်သူငယ်ချင်းတွေဘဲရှိတာ ကျွန်တော်စိတ်ဝင်စားတဲ့ဟာတွေ photography နဲ့ ပတ်သက်တဲ့ဟာတွေ စတာတွေကြည့်လေ့ရှိတယ် ကျွန်တော်ကိုယ်တိုင်တောင်မှ ဒီ platform တစ်ခုနဲ့တစ်ခုမှာ ကျွန်တော်ဝင်ကြည့်တဲ့ဟာလေးက မတူဘူးပေါ့ #marketing #digitalmarketing #market #career #askalex #askalexmm

    Social Media platform တွေရဲ့ ကွာခြားချက်နဲ့ Behavior (Facebook, IG, LinkedIn)

    Play Episode Listen Later Jan 25, 2023 3:20


    Q: အကိုရေတစ်ခုလောက်မေးချင်လို့ ညီမက clothing ပိုင်းလုပ်တာပါ social media platform Fb, IG, LinkedIn စတာတွေမှာပါ ထိုးဖောက်ချင်လို့ အဲ့ platform တွေက ဘာကွာခြားမှုတွေရှိလဲ..?LinkedIn, IG မှာ page လိုမျိုးဖွင့်ရင် ဘယ်လိုလုပ်လို့ရလဲ Boost လုပ်တာရောပြပေးလို့ရနိုင်မလားအကို website ပိုင်းဆိုရင်ရော အကို တစ်ချက်ပြောပြပေးပါလားအကို behavior strategy ပိုင်းတွေ ဆိုရင်ရော ဘာတွေကွာသွားမလဲအကို တစ်ချက်ပြပေးလို့ရရင် ပြပြီးပြောပြပေးစေချင် ပါတယ်..။ A: ကျွန်တော်ဘာပြရမှာလဲဟင်၊ ကျွန်တော်ပြောတော့ ပြောမယ်ပေါ့ ဒီဟာတွေပြဖို့အတွက်က ပထမဆုံး မေးခွန်း အဲ့ platform တွေက ဘာကွာခြားမှုရှိလဲဆိုတော့ လေ့လာမိသလောက် Facebook ဆိုရင်က conversation ဖြစ်ချင်တဲ့ ပုံစံမျိုးကို ပိုသွားတယ် သူငယ်ချင်းအချင်းချင်းစကားပြောတဲ့ဟာတွေ သူများ post တွေအောက်မှာ comment ပေးလို့ရတဲ့ဟာတွေ conversation ဘက်ကို ဉီးတည်ပြီးတော့သွားတယ် Instagram ကကျတော့ photo gallery ဘက်ကို ပိုပြီးတော့သွားတယ် ဓါတ်ပုံလှလှလေးတွေကို like လုပ်တယ် အဲ့ဒီဘက်ကိုပိုသွားတယ် ဒါပေမဲ့ fb ရဲ့ algorithms ကကျတော့ ကိုယ်နဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့ သူငယ်ချင်းတွေ ကိုယ် like လုပ်ထားတဲ့ page တွေ ကိုယ်နေတဲ့မြို့ နိုင်ငံရဲ့ ဆိုင်ရာဆိုင်ရာ ဆိုလိုချင်တာက relevant ကို ပိုပြီးတော့ အား‌ပေးတယ်၊ Instagramမှာကျတော့ အဲ့လိုမဟုတ်ဘူး သူရဲ့ discover ဆိုတဲ့နေရာက တစ်ကမ္ဘာလုံးရဲ့ဟာကို စိတ်ဝင်စားနိုင်တဲ့ content မျိုးတွေအကုန်လုံးကို ဦးစားပေးထားတာ follow မလုပ်ထားဘူးဆိုလို့ရှိရင် တစ်ကမ္ဘာလုံးရဲ့ content မျိုးကို မြင်ရနိုင်တယ် အဲ့လိုမျိုးလေး သွားတယ် LinkedIn ကကျတော့ သိပြီးသားဖြစ်မှာပါ Linkedinကျတော့ carrier development ဘက်ကို ပိုပြီးတော့သွားတယ် business ဘက်ကို ပိုပြီးတော့သွားတယ် Thought Leadership ဘက်ကို ပိုပြီးတော့သွားတယ်၊ သူသည်း professional လိုင်း Instagram က lifestyle လိုင်း Facebook ကကျတော့ community ဘက်ကိုပိုပြီးတော့သွားတဲ့လိုင်း လိုင်း(၃)လိုင်းမတူဘူး လိုင်းပူးရင် လိုင်းကြောင်ပါတယ် အဲ့တော့ LinkedIn နဲ့ Instagram မှာ page ဖွင့်တယ်ဆိုတာက ကျွန်တော်ဒီအောက်မှာဘဲ How to တွေ link တွေချပေးပါ့မယ် မဟုတ်ရင်က How to ပြနေရမှာဆိုတော့ အချိန်သိပ်အဆင်မပြေတော့၊ ပြီးတော့ Boost လုပ်တာလည်း အတူတူပါဘဲ Instagram မှာ boost လုပ်တာသည် Facebook Add Manager ထဲကနေပြီးတော့ placement ထဲမှာ Instagram ကို‌ရွေးလို့ရတယ် အဲ့တာက သိပ်မခက်ဘူး Instagram မှာလည်း Boost လုပ်လို့ရတယ် အဲ့ဟာသည်လည်း သိပ်မခက်ပါဘူး YouTube ကနေရှာပြီးတော့ link ထည့်ပေးပါမယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Page Represent ဖြစ်စေတဲ့ Content ကို ဘယ်လို Create လုပ်ရမလဲ...? (Part:2 -Branding)

    Play Episode Listen Later Jan 23, 2023 3:44


    Q: Hello Ko Alex ပုံမှန် post boost ဘဲလုပ်ဖူးတာမို့လို့ page promote လုပ်တဲ့အခါ ဘယ်လို content မျိုးကိုလုပ်သင့်လဲ၊ ပုံတစ်ပုံဘဲသုံးလို့ရပြီး content က page ကို represent ဖြစ်နေရမှာဆိုတော့ Thank! A: ကျွန်တော်က brand က ပြောမယ်ပေါ့ brand ဘက်ကတော့ ကျွန်တော်မြင်တာ အရမ်းကြီး push ဖြစ်တဲ့ content တွေထက်စာလို့ရှိရင် pull ဖြစ်တဲ့ contentကတော့ ပိုပြီးတော့အရေးကြီးမယ်နဲ့ တူတယ် ဥပမာဗျာ page like ဆိုတဲ့နေရာမှာ ဒီ page ကိုဘာကြောင့် like လုပ်သင့်လဲဆိုတဲ့ အရာက functional အနေနဲ့ဘဲပြလို့မရဘူး၊ ဥပမာ ကျွန်တော့်နာရီပေါ့လေ ဒီနာရီမှာအချိန်မှန်တယ်၊ ရှေးဟောင်း F နာရီပုံစံမျိုးနဲ့ ကြိုက်တဲ့သူတွေက ကျွန်တော်တို့ရဲ့ page ကို like လုပ်ထားပါတယ်ဆိုတဲ့ ပြောတယ်ဆိုတာထက် အဲ့ထက်ကိုပိုပြီး ကျွန်တော်တို့ရဲ့ culture Benefit ကို ဘယ်လိုမျိုး ချိတ်လို့ရမလဲပေါ့နော် ဥပမာ ဒီလိုနာရီမျိုးက ကျွန်တော်တို့ရဲ့ ရှေးဟောင်းပစ္စည်းပုံစံမျိုးတွေကို ကြိုက်တဲ့ End Date ပုံစံမျိုးတွေကြိုက်တဲ့သူတွေဆို ဒါသည် ဘယ်နှစ်ခုနှစ် ကနေပြီးတော့မှ ရှိတဲ့ပုံစံမျိုးနဲ့ စတဲ့စတဲ့ပုံစံမျိုးနဲ့ တူတယ်တို့ အဲ့‌တော့functionalတစ်ခုထဲကို သွားပြီးတော့ content create လုပ်တာထက်စာလို့ရှိရင် ကျွန်တော်တို့က cultural မှာလည်း ကျွန်တော်တို့ရဲ့ vintage , end date ဆိုတဲ့ဟာမျိုးကို ဘယ်လိုမျိုးပုံဖော်မှာလည်းဆိုတဲ့ ပုံစံမျိုးကို သိစေချင်တယ် ဆိုလိုချင်တာတော့ brand သည်ဘာလဲဆိုတာ သိဖို့အရေးကြီးတယ်,ဒီအချိန်မှာ product ကသိပ်အရေးမကြီးဘူးဥပမာ ကျွန်တော် တို့ရဲ့ level up ဆိုတဲ့ agency ကို မသိတဲ့သူ တစ်ယောက်အတွက်မှာ content marketing ကိုဘယ်လိုရောင်းသင့်ပါတယ်ဆိုတာကို သွားပြရင်ဘာမှမတိုးတက်သလိုမျိုးဘဲ level up ရဲ့လက်ခံ ထားတဲ့ culture တွေ သွားလေ့ရှိတဲ့ concert တွေ ကျွန်တော်တို့က ဒီ community ကို ဘယ်လိုမျိုး up လုပ်နေမလဲဆိုတဲ့ ပုံစံမျိုးတွေနဲ့ ချပြမယ်ဆိုရင်က သူတို့အနေနဲ့ကလည်း ကျွန်တော်တို့ pageကို မသိ‌သေးတဲ့သူတွေကလည်း page ကို like ချင်တဲ့စိတ်ရှိတယ်၊ ဒါတစ်ပိုင်း နောက်စ်ပိုင်းကကျတော့ ဘာပြောချင်လဲဆိုတော့ အဓိက post ကို boost လုပ်ဖူးတယ်ဆိုရင်က ကျွန်တော်တို CTO ထဲမှာဘာထည့်လို့ရလဲဆိုရင်က ကျွန်တော်တို့ရဲ့ best performance post တွေရှိမှာဘဲ လွန်ခဲ့တဲ့ (၁)နှစ် (၂)နှစ် (၃)နှစ် ကဟာတွေပြန်ကြည့်လိုက် ပြန်ကြည့်လိုက်တဲ့ အချိန်မှာ product post မဟုတ်ဘဲ best performance post တွေကို အဲ့ CPO ထဲထည့်တယ်ဆိုရင်က ဒီဘက် page promote အနေနဲ့ page like ကိုတိုးအောင် လုပ်တဲ့နေရာမှာလဲအသုံးဝင်ပါတယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ human nature မှာကိုက လူသားတွေက engage လုပ်နေပြီဆိုရင် အနည်းနဲ့အများတော့ ဒီ page လေးကဘာ page လဲမသိဘူး ဆိုပြီးအထဲကိုဝင်ကြည့်တတ်တဲ့ ပုံစံမျိုးတွေရှိတာဆိုတော့ကျတော့ ကိုယ့်ဆီမှာ reaction comment တွေအရမ်းများတဲ့ post တွေရှိရင် အဲ့post တွေကို page promote ထဲမှာပြန်ပြီးတော့ သုံးလို့ရနိုင်မယ် အဲ့လိုမျိုးလည်းကျွန်တော်အနေနဲ့ သုံးခဲ့ဖူးပါတယ် effective လည်းဖြစ်ခဲ့ဖူးပါတယ် အဲ့ဒီတော့ ၂ခုကို brand ဘက်ကနေပြောပေးတာပါ၊ #marketing #digitalmarketing #market #career #askalex #askalexmm

    Page Represent ဖြစ်စေတဲ့ Content ကို ဘယ်လို Create လုပ်ရမလဲ...? (Part:1 -Media Buying)

    Play Episode Listen Later Jan 22, 2023 2:13


    Q: Hello Ko Alex ပုံမှန် post boost ဘဲလုပ်ဖူးတာမို့လို့ page promote လုပ်တဲ့အခါ ဘယ်လို content မျိုးကိုလုပ်သင့်လဲ၊ ပုံတစ်ပုံဘဲသုံးလို့ရပြီး content က page ကို represent ဖြစ်နေရမှာဆိုတော့ Thank! A: နှစ်ခု လုပ်လို့ရတယ် တစ်ခုကတော့ call to action ရေးမဲ့စာကြောင်း၊ page ကိုဘာဖြစ်လို့ like ရမှာလဲ၊ follow လုပ်ရမှာလဲ ဆိုတဲ့အကြောင်းအရာတစ်ခုခု အဲ့ဟာနဲ့ စာကြောင်းအရှည်ကြီးမဟုတ်ဘဲနဲ့ အတိုလေးလည်းရတယ် ပြီးတော့ ပေးချင်တဲ့ ကျွန်တော်တို့ products ရဲ့ USB ဘာတွေရှိလဲ ဒါမှမဟုတ် emotion နဲ့ ချိတ်ထားတဲ့ဟာဘဲဖြစ်ဖြစ် တစ်ခုခုဘာရှိလဲ အဲ့တာကို virtual နဲ့ content ပေါ်မှာရေးပေါ့နော်၊ page live ကို run မယ်ဆိုလို့ရှိရင် ပုံကတော့ square နဲ့ တစ်ပုံဘဲ သုံးလို့ရတယ် ကျွန်တော်တို့က cb ကိုဖွင့်ပြီးတော့ campaign budget organization ဖွင့်ပီးတော့ ads set တွေအများကြီး ခွဲလိုက်လို့ရတယ် ကျွန်တော်တို့ဆီ ဥပမာ page like အတွက် အသစ် creative လုပ်ထားတာတော့ မဟုတ်ဘူး ကျွန်တော်တို့engagement ကောင်းနေပြီးသား post လေးတွေရှိတယ် အဲ့ဟာကို ကျွန်တော်တို့က page like အတွက်ပိုပြီးတော့ page like နဲ့ call to action စာသားလေးတွေပြောင်းပြီး very virtual နဲ့သုံးလို့ရတယ် တစ်ခုထဲသုံးစရာမလိုဘူး ကျွန်တော်တို့ CPO နဲ့ဖွင့်ပြီးလို့ရှိရင် content အကောင့်နဲ့ ၄ ၅ ၆ ခုနဲ့ဖွင့် ပြီးရင် CPU နဲ့ run လိုက် ပြီးရင် ၁,၂ ရက်ကို စောင့်ကြည့်လိုက် ဘယ်ဟာတွေက cost တွေများနေလဲ ပြီးတော့ ဘယ်ဟာတွေက cost တွေနည်းနေလဲ အဲ့တော့ cost တွေများတဲ့ဟာတွေကိုပိတ်လိုက် ပြီးတော့ ထပ်ပြီးတော့ content အသစ်တွေစမ်းချင်ရင် အဲ့မှာထပ်ထည့်ပြီးတော့စမ်းသွားလို့ ရတယ်ပေါ့၊ ကိုသန်းထက်အောင် က Media ပိုင်းကို ပြောတာ..။ #marketing #digitalmarketing #market #career #askalex #askalexmm

    Level Up Marketing မှာ Internship ထပ်ခေါ်ဖို့ရှိသေးလား..?

    Play Episode Listen Later Jan 21, 2023 3:43


    Q: level up marketing မှာ internship တွေကို online ကနေဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ထပ်‌ခေါ်ဖို့ရှိသေးလားရှင့်။ ညီမကနယ်ဘက် ကပေမဲ့ ခေါ်ရင် try ချင်လို့ပါ။ အခုတော့ SFU မှာ marketing diploma တက်နေပါတယ်။ အချိန်ရရင် မေးခွန်းလေးကို ဖြေပေးပါဦးနော်။ A: ကျွန်တော်တို့ဆီမှာ internship တွေကို online ကဖြစ်ဖြစ်၊ အပြင်က ဖြစ်ဖြစ်ခေါ်ဖို့ရှိလားဆိုတော့ ခေါ်ဖို့ရှိပါတယ်။ အခု project luminous အနေနဲ့ batch-1 ကိုစခေါ်ထားတာ ရှိတယ်။ ညီ ၂ ယောက်နဲ့ ညီမ ၂ ယောက်ဆိုတော့ ကျွန်တော်တို့လေးလလာပြီးတော့ internship ဆင်းရ တယ်။ သူတို့ကို agency လုပ်သမျှအကုန်လုံးကို training ပေးတယ်။ department ပြောင်းဆင်းရတာ ပေါ့လေ။ creative team တစ်ခုတည်းမဟုတ်ဘဲ creative ရော၊ account ရော၊ နောက်ဆုံး finance အစပေါ့။ ကျွန်တော်တို့ဆီက product luminous က intern ဆင်းနေတဲ့ ညီမတစ်ယောက်ဆိုရင် finance မှာဆင်းနေတယ်ပေါ့နော်။ ဆိုတော့ဒါမျိုးပုံစံမျိုးလေးတွေ ကျွန်တော်တို့ဘက်ကနေ စီစဉ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ ညီတွေ၊ ညီမတွေအနေနဲလည်း agency တစ်ခုဘယ်လိုအလုပ်လုပ်လဲဆိုတာကို နည်းနည်းလေးသိသွားအောင်ပေါ့လေ။ ဆိုတော့ခေါ်ဖို့ရှိလားဆိုတော့ ရှိတယ်။ ကျွန်တော်တို့က ဇန်နဝါရီ ကနေဧပြီအထိ လေးလစာလုပ်ထားဖြစ်တဲ့အလျောက်တော့ မတ်လမှာ second batch internship ကို ပြန်ခေါ်ပါမယ်။ ဘယ်အချိန်ကနေစတက်ရမလဲဆိုတော့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်ပေါ့နော်။ ၇ လပိုင်းအထိ တက်ရပါမယ်။ ဘယ်လိုမျိုးရွေးလဲဆိုတော့ အဓိကအသက်ပါ။ internship ဖြစ်တဲ့အလျောက်က‌တော့ ကျွန်တော်တို့ရွေးတာသည် အသက်နှစ်ဆယ့်နှစ်နှစ်အောက်ကို ရွေးပေးပါတယ်။ ၁၆ ကနေ ၂၂။ ဆယ်တန်း ပြီးပေါ့နော်။ ကိုယ့်ကိုကိုယ်ထိန်းနိုင်အောင်ပေါ့နော်။ လက်မှတ်တွေဘာတွေ သိပ်မကြည့်ပါဘူး။ အဲ့ ၇ နှစ်အတွင်းက ညီတွေ၊ ညီမတွေဆိုရင် ဦးစား‌ပေးပါတယ်။ နယ်ဘက်ကလာတဲ့လူဆိုရင် ဦးစားပေးခေါ်ပေး ပါတယ်။ ကျွန်တော်တို့ဆီကညီမတစ်ယောက်ဆိုရင် မန္တလေးကနေ ရန်ကုန်ပြောင်းလာပြီးတော့ internship ဆင်းနေတဲ့တစ်ယောက်ရှိပါတယ်။ internship ကလည်း ကျွန်တော်တို့တစ်ဖွဲ့တည်း ခေါ်တာ တော့မဟုတ်ပါဘူး။ တခြားသော marketing agency တွေကလည်း internship ခေါ်နေတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့အဖွဲ့ကိုစောင့်နေမဲ့အစား တချို့ညီတွေ၊ ညီမတွေကျတော့ လည်းတကယ် run ချင်တဲ့လူတွေရှိတာကိုး။ အဲ့တာကြောင့် တခြားသော agency တွေမှာလည်း internship ဆင်းလို့ရပါတယ်။ ဒါပေမဲ့ ဆင်းခါနီးကျရင်တော့ ခုနကပြောတဲ့ ဘယ်လိုမျိုးနေရာမျိုးတွေကို စိတ်ဝင်စားတယ်ပေါ့နော်၊ marketing strategy ကိုစိတ်ဝင်စားတယ်၊ out of marketing campaign တွေ ကိုစိတ်ဝင်စားတယ်၊ KOL ကိုစိတ်ဝင်စားတယ်ဆိုတဲ့ဟာလေးတွေ ပြောသင့်တယ်။ အဲ့တာထဲကမှ သူတို့ရဲ့ internship program ထဲက agenda မှာရော ဒါတွေပါလားဆိုတာမေးပြီးတော့ လျှောက်မယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းမယ်လို့မြင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Content Writer က​နေ Strategist ပိုင်းကို ဘယ်လိုပြောင်းရမလဲ..?

    Play Episode Listen Later Jan 20, 2023 3:08


    Q: မင်္ဂလာပါကို Alex။ ညီမအခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင် ပါတယ်။ အဲ့ဒါဘယ်လိုလမ်းကြောင်းနဲ့သွားလို့ရမလဲဆိုတာလေးရယ်၊ A: နှစ်ပိုင်းမေးထားပါတယ်။ ပထမတစ်ပိုင်းက အခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့ လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင်ပါတယ်ဆိုတာက အဲ့တာက content writing ဆိုတာထက် ကျွန်တော်မြင်တာက account manager ၊ account team ဘက်ကိုပြောင်းမယ်ဆိုရင်တော့ အဲ့တာတွေကအကုန်လုံး၊ ကိုယ်တိုင် marketing strategy မချရဘူးဆိုရင်တောင်မှ ဝိုင်းကူရမှာပေါ့လေ။ ဆိုတော့ content writer ကိုလုပ်တာ မျိုးမဟုတ်ဘဲနဲ့ account management team ဘက်ကိုကူးလိုက်ပါ။ အဲ့တာဆိုရင် ဒီပြောလိုက်တာ အကုန်လုံးသည် လုပ်ရနိုင်ချေများပါတယ်။ ပြီးတော့ outdoor marketing campaign တွေ run တာနဲ့ KOL ချိတ်ဆက်တဲ့အပိုင်းတွေကျတော့ ကိုယ့်ရဲ့ client တွေနဲ့လည်းဆိုင်သေးတယ်ဗျ။ ကိုယ့်ရဲ့ client တွေ က ဒီ agency ကိုထားပါတော့၊ digital marketing ထဲက၊ social media marketing ထဲက၊ content marketing ထဲကပဲလာအပ်၊ ဥပမာ post တင်ဖို့လောက်ပဲအလုပ်လာအပ်တယ်ဆိုရင်တော့ ဒီ agency သည် post တင်ဖို့လောက်ပဲလုပ်ရတာများတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ဥပမာ- Mango တို့၊ river orchid တို့၊ blade တို့ဘာညာတို့ဆိုရင်က 360 ‌agency လို့‌ခေါ်တယ်။ integrated marketing ကိုသွားတဲ့ဟာမျိုး တွေ။ နောက်ဆုံးကြော်ငြာဝင်ရရင် ကျွန်တော်တို့ level up ပဲ 360 marketing သွားတယ်ပေါ့နော်။ ၃၆၀ သွားနေတဲ့ agency အကြီးကြီးတွေရှိတယ်။ အဲ့တော့ သူတို့ကတော့ digital တစ်ခုတည်းအပြင်ကိုမှ တခြားသော billboard တွေ၊ radio တွေ၊ production တွေ၊ KOL တွေ၊ brand ambassador တွေ၊ PR တွေစတဲ့ဟာတွေအကုန်လုံးကို ထည့်ပြီးတော့လုပ်ရလေ့ရှိတယ်။ အဲ့တာတွေကိုစိတ်ဝင်စားတယ်ဆို ရင်တော့ အဲ့တာကိုခေါ်နေတဲ့ agency တွေကိုသွားလျှောက်ပေါ့နော်။ ကြော်ငြာထပ်ပြီးဝင်ရရင် ကျွန်တော် တို့လည်း 360 လုပ်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Singapore ကို Content Writer အနေနဲ့သွားချင်တာ ဘာတွေလိုအပ်မလဲ..?

    Play Episode Listen Later Jan 19, 2023 3:27


    Q: Singapore ကို content writer position နဲ့သွားချင်တယ်ဗျာ။ Education background က related field diploma holder ဆိုအဆင်ပြေပြီထင်ပါတယ်။ ဘာတွေပြင်ဆင်သွားသင့်လဲ။ အခု Magazine တွေ blog တွေ case study တွေဖတ်ပြီး outside of local ကိုလေ့လာနေတယ်ဗျ။ SEO copywriting ဆိုတာရော ဘာလဲအစ်ကို။ A: ဘာတွေပြင်ဆင်သွားသင့်လဲဆိုတော့ သူတို့ရဲ့ behavior ကိုနားလည်တဲ့အဆင့်အထိတော့ သွားသင့်တယ် မြင်တယ်။ Singapore's line တွေရှိတယ်။ Singalish နဲ့ပြောကြတဲ့ဟာတွေရှိတယ်။ sold shop တို့ပြီးရင် တခြားသောဟာလေးတွေရှိတယ်။ ကျွန်တော်လည်း Singapore မှာမလုပ်ဘူးကျတော့ အတိအကျတော့ မသိဘူး။ senior တစ်ယောက်အနေနဲ့ အကြံ‌ပေးချင်တာကတော့ သူတို့ရဲ့ behavior ကိုသင်ပါ။ Singapore တွေသည် ဘယ်လိုမျိုးစကားပြောလေ့ရှိတာလဲ။ ဘယ်လိုမျိုး platform ကိုလိုက်ဖတ်လေ့ရှိတာလဲ။ သူတို့ရဲ့ buying journey တွေကဘယ်လိုမျိုးရှိတာလဲဆိုတဲ့ ပုံစံမျိုးလေးကိုတော့ အရင်ဆုံး learning လုပ်ပါ။ အဲ့တာဆိုရင်တော့ ပထမဆုံးအဆင်ပြေတယ်။ SEO copywriting ဆိုတာဘာလဲကျတော့ ကျွန်တော်သိသလောက်ပေါ့နော်။ သူတို့ရဲ့ keyword လေးတွေကို။ ဆိုလိုချင်တာက marketing အ ကြောင်းရေးတော့မယ်။ digital marketing အကြောင်းရေးတော့မယ်ဆိုလို့ရှိရင် လူတွေက digital marketing ဆိုပြီးတော့ ရှာလေ့ရှိတာလား။ မြန်မာပြည်မှာ Facebook marketing ဆိုပြီးရှာလေ့ရှိ တာလား။ Facebook marketing ဆိုပြီးရှာလေ့ရှိရင်တောင် Facebook ရဲ့အကြောင်းအရာတွေကို detail ဖြစ်နိုင်သလောက်ဖြစ်အောင်၊ ကိုယ့်ရဲ့ခေါင်းစဉ်နဲ့လိုက်အောင် Facebook လိုမှမဟုတ်ဘဲနဲ့၊ ဥပမာ-How to do Facebook marketing in Myanmar ဆိုတဲ့‌ long tail keywords ကိုလူတွေကရှာလေ့ရှိတယ်ဆိုရင် အဲ့ဒီရှာလေ့ရှိတဲ့ keyword တွေကို ကျွန်တော်တို့ရဲ့ SEO ကိုထဲကိုထည့်မြုပ်ပြီးတော့ ရေးတဲ့ပုံစံမျိုးကို SEO copywriting လို့ခေါ်ပါတယ်။ အဲ့ keyword တွေကဘယ်ကရလဲဆိုရင် SEM brush တို့ဘာတို့ကနေ သွားပြီး‌တော့ keyword တွေကိုစစ်ထုတ်ရတယ်။ ပြီးတော့မှဒီဘက်ကနေ keyword တွေပေါ်မှာမှ မူတည်ပြီးတော့ စာဘယ်လိုရေးရမလဲဆိုတာလေးကို ပြန်ပြီးတော့သုံးသပ်တာပါ။ သူတို့ဆီက behavior တွေကိုလေ့လာပါ။ သူတို့ရဲ့ Singalish တွေရဲ့ပုံစံမျိုးတွေကို သိတယ်ဆိုရင်တော့ ကိုယ့်အနေနဲ့သွားလုပ်ဖို့ ကတော့ ပိုပြီးတော့လွယ်မယ်လို့တော့မြင်တယ်။ နောက်တစ်ခုက ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ Singalish တွေရှိရင် သွားပြီးတော့စကားပြောကြည့်ပါ။ မင်းတို့ marketing ဘယ်လိုလုပ်လေ့ရှိတာလဲ။ ငါသွားချင်လို့ဘာတွေလုပ်ရမှာလဲဆိုတဲ့ အကြံတောင်းတယ်ဆိုရင် Singapore native ကတော့ ကျွန်တော့် ထက်စာရင် အများကြီးပိုပြီးကူညီပေးနိုင်မယ်လို့တော့ ယုံကြည်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

    Real Estate Page အတွက် Creative ဖြစ်အောင် Idea ဘယ်လိုထုတ်ရမလဲ..?

    Play Episode Listen Later Jan 18, 2023 2:36


    Q: Real Estate page တစ်ခုအတွက် တနေ့ကို ၁လကို post 30 လောက် Content idea ထုတ်ရပါတယ်ရှင့် post 30 ထဲမှ Sale, Branding, Knowledge post တွေပါ ပါတယ်အကို။ ၄လကျော်လောက် နေ့တိုင်း အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ content တွေကို နေ့စဉ်လုပ်နေတော့ idea တွေထပ်လာလို့ ဘယ်လိုမျိုး creative ဖြစ်အောင်လုပ်ရမလဲ မသိဘူးအကို page ownerက လူကြီးပိုင်းဖြစ်တော့ လူငယ်ဘက်သွားတဲ့ content တွေလည်းမကြိုက်ပါဘူး Post တိုင်းကိုလဲ Headline တွေထုတ်ပြီး Design နဲ့တကွ Frame နဲ့လုပ်ပေးရတာဆိုတော့ Designer ရော Content Writer ပါ တော်တော်လေး အခက်တွေ့ရပါတယ်။ A: အကြံပေးချင်တာက တခြားသော page တွေကို အမြဲတမ်းစောင့်ကြည့်စေချင်တယ်၊ မြန်မာနိုင်ငံက မဟုတ်ဘဲနဲ့ တခြားသောနိုင်ငံက Real Estate website တွေ Real Estate page တွေ အဲ့ဟာမျိုးကို သွားကြည့်သင့်ပါတယ် သူတို့ရဲ့ idea တွေကို ကျွန်တော်တို့က absorb လုပ်ပြီးတော့မှ သွားသင့်တဲ့ ဟာမျိုးက ပိုပြီးတော့များတယ်၊ ညီမ သင်းမြတ်နိုးပိုပြီးသိမယ် ထင်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့အကြံပေးလေ့ရှိတာက campaign လုပ်ဖို့ပါ ပုံမှန်လေးတင်တာက လူကြိုက်တာ ကျွန်တော်တို့ သိတယ် ပုံမှန်လေးတင်တာက ဒါသည် ပုံမှန်လေးဘဲ ဖြစ်သွားမှာ ကျွန်တော်တို့က အမြဲတမ်း (၁)နှစ်မှာ campaign (၃)(၄)ခုလောက် ကွာတာ တစ်ခုကို campaign တစ်ခုလောက် လုပ်ဖို့က အကြံပေးလေ့ရှိတယ်၊ campaign အသေးနဲ့ အကြီးက ကွာမှာပေါ့လေ ကျွန်တော်တို့ seasonal campaign တွေ real မှာ ကျွန်တော်တို့ အများဆုံးဘယ်အချိန်မှာ ဝယ်လေ့ရှိတာလဲ ဥပမာ January February မှာ ဝယ်လေ့ရှိတယ်ဆိုရင် January February မှာ campaign အကြီးကြီး လုပ်ချလိုက် ကျွန်တော်တို့ ဓါတ်ပုံတွေ ရိုက်တာတို့ မင်းသားနဲ့ မင်းသမီး ဓါတ်ပုံရိုက်တာတို့ Marketing လုပ်တာတို့ KOL marketing လုပ်တာတို့ ဘာတို့ညာတို့ သွားတဲ့ဟာမျိုး အဲ့တာဆိုရင် လူတွေရဲ့ ပုံမှန်ဆိုလို့ရှိရင်က လူတွေက attention ကလည်း အင့် အင့် နဲ့ ဖြစ်သွားတယ် အဲ့လိုမဟုတ်ဘဲ ဒုန်းဆိုပြီး campaign တစ်ခုလုပ်လိုက်တဲ့အချိန်မှာ ပိုပြီးတော့ မြင်လွယ် သိလွယ်ဖြစ်သွားတယ်ပေါ့ ဆိုတော့ကျတော့ ကျွန်တော်တို့ဘက်က အကြံပေး လေ့ရှိတာက campaign လုပ်စေချင်ပါတယ်..။ အဲ့လိုဆိုရင်တော့ နည်းနည်းလေးအဆင်ပြေမယ်ထင်ပါတယ်..။ #marketing #digitalmarketing #market #career #askalex #askalexmm

    Claim AskAlex

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel